Tuesday, 3 February 2009

Wish for Valentine!


အရင်တုန်းကဆို ဖေဖေါ်ဝါရီကို သိပ်ပြီး သဘောကျတာ စာမေးပွဲတွေပြီးခါနီးပြီး နွေရာသီလွတ်လပ်ရေး တွေရတော့မယ်အချိန်မို့ ဒီလကိုရောက်ရင် အမြဲစိတ်ထဲမယ်ပျော်နေတက်ပါတယ်။ အခုနောက်ပိုင်တော့ ဖေဖေါ်ဝါရီကို တော်တော်မုန်းမိတယ်။ ဒီလရောက်ရင် တက်ကြွနေတဲ့လူငယ်တွေ၊ သိပ်ပြီးကြည့်နူးနေကြတဲ့ လူတွေဆို ကြည့်မရချင်တော့ဘူး။ ကိုယ့်အတွင်းစိတ်နဲ့ကိုယ်ပေါ့လေ။ သူများတွေက ပျော်နိုင်ကြတာကို။ ချောကလတ် သိပ်ကြိုက်ပေမယ့် ဒီလထဲမှာဆို ချောကလတ်ဆိုတဲ့အသံကြားတောင်မကြားချင်မိဘူး။ တစ်ခါတလေတော့လည်း ကိုယ့်ပိုက်ဆံနဲ့ကို အ၀၀ယ်စားပစ်လိုက်တယ်။ တကယ်တော့ အကောင်းစား ချောကလတ်ဝယ်စားတာတောင် ချောကလတ်ကအရသာ မရှိသလိုဖြစ်နေတက်တာမျိုးတွေရယ် ။ ဖေဖေါ်ဝါရီ ၁၄ရဲ့ တကယ့်သဘောကိုသိလိုက်တဲ့အချိန်မှာ နဲနဲလေးသက်သာရာရသွားတယ်။ သူ့သဘောက ချစ်တက်တဲ့ လူတွေ တစ်ယောက်နဲ့တစ်ယောက် အထိမ်းအမှတ်နေ့၊ ချစ်ခင်မှုအတွက် လက်ဆောင်ပေးကြတဲ့နေ့၊ ချစ်တက်သူတွေအတွက် သတ်မှတ်ထားတဲ့နေ့လို့ သိလိုက်မှ နဲနဲတော်သွားတယ်။ မဟုတ်ရင် ရစရာမရှိသလို ပေးစရာလူလည်း မရှိတော့ခက်နေတာ။ ကိုယ့်ကို ချစ်တဲ့ခင်တဲ့၊ ကိုယ်က ချစ်တဲ့ခင်တဲ့ သူငယ်ချင်းတွေကို လက်ဆောင်လေးဘာလေး ပေးစရာရသွားတာပေါ့။ ပေးရမယ့်လူမရှိလောက်အောင်လားဆိုတော့ မဟုတ်ပါဘူး။ ဟိုလိုမျိုးဆို ကိုယ်ကပေးရင်ပြန်လိုချင်တဲ့ အတ္တလေးရှိတော့ ပြန်မရမယ့်အတူတူ မပေးတော့ဘူး စိတ်ကူးခဲ့တာများပါတယ်။ ဖေဖေါ်ဝါရီ ၁၄ကို စပြီးသိတာ ၉ တန်း ၁၉၉၇ လောက်ကပေါ့။အခုဆို ၁၀ နှစ်တောင်ကျော်နေပေါ့။

အဲ့ဒီထဲမှာ အမှတ်တရဆိုလို့ ကျွန်မအတွက်ကတော့ ၂၀၀၆ ဖေဖေါ်ဝါရီ ၁၄ တစ်ခုဘဲ ရှိနေမယ်ထင်တယ်။ မှတ်မှတ်ရရ ၂၀၀၆ ဖေဖေါ်ဝါရီ ၁၄ တုန်းက လက်ဆောင်ပေးစရာမရှိတာနဲ့ ကိုယ့်ကိုယ်ကို လက်ဆောင် ပြန်ပေးတဲ့နေနဲ့ အဲ့ဒီနေ့မှာ နှင်းဆီပွင့်ပါတဲ့ ပန်းရောင်အကျီတစ်ထည်ဝယ်ဖြစ်ခဲ့ပါတယ်။ ချစ်သူများနေ့ အမှတ်တရဆိုပြီး ပန်းရောင်ဝယ်ဖြစ်တာပါ။ ပထမဆုံးဝယ်ဖူးတဲ့ ပန်းရောင်အကျီဆိုလည်း မမှားခဲ့ပါဘူး။ ကျွန်မ အနီရောင်ကြိုက်ပေမယ့် ပန်းရောင်ကို ဘယ်တော့မှမ၀တ်ခဲ့ဘူး။ မထင်ဘဲ အဲ့ဒီနေ့မှာဘဲ စိုင်းစိုင်းရဲ့ ရှိုးပွဲသွားကြည့်ဖြစ်တော့ အဲ့ဒီအကျီလေးကို ၀တ်သွားဖြစ်တယ်။ အမှတ်တရဖြစ်သွားအောင်ဆိုပြီး အဲ့ဒီအကျီမှာ စိုင်းစိုင်းကိုလက်မှတ်ထိုးခိုင်းလိုက်တယ်။ ကျွန်မအတွက်တော့ တသက်နဲ့တကိုယ် အမှတ်အရဆုံးကတော့၂၀၀၆ ဖေဖေါ်ဝါရီ ၁၄ ပါဘဲ။ အခု အဲ့ဒီအကျီလေးတောင် ခဏခဏ၀တ်လို့ တော်တော်ဟာင်းနေပြီ။ ဒါပေမယ့် မပစ်ရက်ဘူးဖြစ်နေတယ်။ ပစ်လည်း ပစ်ဖြစ်မှာမဟုတ်ပါဘူး။ ဟောင်းသွားတောင် အမှတ်တရအနေနဲ့ သိမ်းထားဖြစ်မယ်ထင်ပါတယ်။ ဒီတသက်မှာ ဖေဖေါ်ဝါရီ ၁၄ နဲ့ ပက်သက်ပြီး အမှတ်တရဆိုလို့ အဲ့ဒါတစ်ခုဘဲ ရှိတယ်ထင်တယ်။ ဖြစ်နိုင်ရင် ဖေဖေါ်ဝါရီ ၁၄ကို ကျော်ထားလိုက်ချင်တယ်။ ဒါပေမယ့်လည်း ဒီလောက် စိတ်ပုပ်နေလို့ မဖြစ်ဘူးဆိုပြီး ဆုတောင်းလိုက်ပါတယ်။ လာမယ့် ၁၄ ရက်မှာ ချစ်နိုင်တဲ့လူတွေ ချစ်နိုင်ကြပါစေ။ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။


About This Blog

ဘာမှမထူးခြားပေမယ့် ကျွန်မရဲ့အတွေးနဲ့ လက်ရှိကြုံတွေ့နေရတာတွေကို
အမှတ်တရအနေနဲ့ ရေးတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတစ်ခုပါ။

  © Blogger template Valentine by Ourblogtemplates.com 2008

Back to TOP