Saturday, 21 March 2009

Current Activity

(တစ်ပင်လုံးညွတ်နေအောင်ပွင့်တဲ့ ကံ့ကော်ပွင့်တွေ။)

ဘယ်လိုပြောမလဲ ဒီတပတ်ထဲမှာ လုပ်ဖြစ်တာလေးတွေ လျှောက်ရေးမယ်ပေါ့။ ဘလော့ကိုအတည် အတံ့ရေးထာ ထက်စာရင် အပျော်လေးသက်သက်ရေးချင်စိတ်ပိုများနေတယ်။ ဒီတပတ်မှာ ထူးခြားတာ တော့မရှိပါဘူး။ ဒီကြားထဲ အားကစားလုပ်မယ်ဘာမယ်ဆိုပြီး လုပ်ထားတာတစ်ခုဘဲ လုပ်ဖြစ်တယ်။ မနက်တိုင်း မဟုတ်ပေမယ့် တပတ်ကို ၃ ရက်လောက်တော့ လမ်းလျှောက်ဖြစ်နေတယ်။ မနေ့က လမ်းလျှောက်တဲ့ လမ်းဘေးမှာ ကံ့ကော်တွေပွင့်နေလို့ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ပြီးတော့ ကံ့ကော်ဝတ်ဆံအကြွေတွေကို ကောက်ပြီးသိမ်းထားတယ်။ ၀တ်ဆံ တွေကို ခြွေပြီး အိတ်လေးနဲ့ထည့်ထားရင် မွှေးလို့ပါ။

ပြီးတော့ မနေ့က အလုပ်ပြပွဲဘက်ကိုရောက်တော့ ပြပွဲထဲလျှောက်ကြည့်မိတယ်။ ပြပွဲမှာ အလုပ်အတွက်အပြင် ကျောင်းတွေနဲ့ အလှပြင်ဆိုင်ကြော်ငြာတွေပါပါနေတယ်။ အဲ့ဒီထဲက အလှပြင်ဆိုင်တစ်ခုက နှင်းဆီပန်းတွေ ပေးပြီး ဆာဗေးကောက်တယ်။ သူတို့အတွက်ဆာဗေးဖြည့်ပေးတဲ့လူတွေကို နှင်းဆီပန်းတစ်ပွင့်ပေးတဲ့အပြင် လက်ကိုလည်း ဖယောင်းနဲ့ပြုပြင်ပေးတာကို ဖရီးလုပ်ပေးပါ့မယ်ဆိုပြီး ခေါ်တာနဲ့ နှင်းဆီပန်းမျက်နှာနဲ့ ခဏလောက် သွားထိုင်လိုက်တယ်။ စလုံးမှာ နှင်းဆီအစိုဆိုတာ ရှားတာကို။ နှင်းဆီကလည်း မွှေးလိုက်တာ။ သူငယ်ချင်းနဲ့သွားတာ။ တစ်ယောက်ကို နှင်းဆီပန်းတစ်ပွင့်စီနဲ့ အပြန်လမ်းမှာ ဟိုလူကြည့်ဒီလူကြည့်နဲ့။ မသိရင် ဘာလိုလို ညာလိုလို။ အခုတော့ အိပ်ရာဘေးမှာ ဖန်ခွက်လေးနဲ့ထိုးထားတယ်။ နှင်းဆီပန်းကြိုက်တဲ့ ကျွန်မအတွက်တော့ အဆင်ကိုပြေလို့။

(ဖယောင်းတွေစိမ်ထားတဲ့လက်နဲ့ နှင်းဆီပန်းပေါ့။)

မနေ့က အရူးထပြီး ၀ိတ်ချတယ်ဆိုပြီး တနေကုန် ထမင်းမစားဘဲနေတယ်။ မနက်ကလမ်းလျှောက်ပြန်လာပြီး တော့လည်း ကော်ဖီသောက်တယ်။ နေ့လည်စာကိုကျတော့ မစားချင်တာနဲ့ လက်ဖက်သုတ်နည်းနည်းစား လိုက်တာနဲ့ ဗိုက်ပြည့်သွားလို့။ ပြီးတော့ ညနေကျတော့်လည်း အလုပ်ပြပွဲကပြန်လာတော့ လမ်းမှာ အစားအသောက်ပြပွဲသွားတာ ဟိုငမ်းဒီငမ်းနဲ့ ဟိုမြည်းဒီမြည်းနဲ့ သူများတွေ ထမင်းစားချိန်ကျတော့ မစာပြန်ဘူး။
အဲ့ဒါနဲ့ ဒိုးနတ်တစ်ခု လက်ဖက်ရည်တစ်ခွက်နဲ့ ပြီးသွားတယ်။ ညဘက်ရောက်မှ ဗိုက်ကတော်တော်စာလာတယ်။ ဒီမနက်လည်း ဗိုက်ဆာလို့ထင်တယ်အစောကြီးနိုးနေတယ်။ ဟီးး

(Hort Park Bridge)
ဒီနေ့မနက်ကိုလည်း အစ်မကိုကျောင်းသွားပို့ရင်းနဲ့ Hort Park မှာ လမ်းလျှောက်ထွက်ဖြစ်တယ်။ အဲ့ဒီ Hort Park မှာ မြန်မာနိုင်ငံမှာမတွေ့ဖူးတဲ့ ပန်းတွေ တော်တော်များများ တွေ့လိုက်ရတယ်။ ပြီးတော့ ပန်းခြံထဲဝင်တာနဲ့ မွှေးနေအောင် ပါဘဲ။ ရေကန်သေးသေးလေးထဲမယ်လဲ ငါးရောင်စုံလေးတွေနဲ့ သိပ်သာယာတာဘဲ။ အမှန်က အဲ့ဒီက တံတားကို ဓါတ်ပုံမှာ မြင်ကတည်းကသွားချင်ပေမယ့် အခုမှ ရောက်ဖြစ်တယ်။ ပန်းတွေကို ပါလာတဲ့ ဖုန်းကင်မရာနဲ့ ပုံတွေ တော်တော်များများရိုက်ဖြစ်ခဲ့တယ်။


(ကတ်တလီယာနဲ့တူတယ် မြေစိုက်သစ်ခွပန်းပါ။)



(သူက လည်း အပွင့်ကြီးပြီး အရောင်လှလို့ ရိုက်ခဲ့တာပါ။)


(မြန်မာနိုင်ငံမှာရှိတဲ့ အုန်းသစ်ခွမျိုးပါ။ ဒီမှာက အရောင်စပ်လေးနဲ့မို့ ထူးခြားလို့။)

ဟိုရိုက်ဒီရိုက်ရိုက်နေတာ။ လျှောက်တဲ့အချိန်ကလည်း နေမွန်းတဲ့နေပြီဆိုတော့ ပူမှန်းမသိပူတာ။ ချွေးတွေလည်း ပြန်ပေါ့။ ချွေးပြန်တာကောင်းပေမယ့် မနေ့က အစားမစားထားတဲ့အရှိန်နဲ့ ခေါင်းတွေမူးလာရော။ အိမ်လဲရောက် ရော အစားနဲနဲစားပြီးတော့ ခဏနား လိုက်တယ်။ အခုတောင် စာတွေ၊ ဓါတ်ပုံတွေ တင်ဖို့ စိတ်ပါချိန်မို့ မုလေး မပျောက်ခင် အမြန်တင်လိုက်တာ။ အခုလောလောဆယ်တော့ ဖေ့ဘွတ်မှာ လယ်စိုက်ရတာလည်း Current Activity ဖြစ်နေတယ်။ လယ်စိုက်လိုက် ပိုက်ဆံရလိုက်၊ ထပ်ပြီးစိုက်လိုက်နဲ့ ပိုက်ဆံဝင်တာ အစစ် မဟုတ်ပေမယ့် ပျော်နေရတယ်။ စဉ်းစားနေပါတယ်။ ရာဘာပြန်စိုက်ရင်လည်း ဒီလောက်တော့ ချမ်းသာမယ် ထင်တယ်လို့။ :P
ဒါက Hort Park ကအပြန်လမ်းမှာတွေ့ခဲ့တာ။ မြောက် ၂ ကောင်။ ရိုက်တုန်းကတော့ မြောက်က ၂ ကောင်ဘဲ။ ဓါတ်ပုံထဲမှာ နောက်တစ်ကောင် ဘယ်ရောက်သွားလဲမသိဘူး။ ကျွန်မအတွက်ထူးဆန်းလို့ပါ။ စလုံးမှာ ခွေးလေ ခွေးလွင့်တောင် သိပ်ပြီးတွေ့ရတာမဟုတ်တော့ မြောက်တွေ သဘာဝအတိုင်းမြင်ရတော့ ထူးဆန်းနေမိတယ်။

About This Blog

ဘာမှမထူးခြားပေမယ့် ကျွန်မရဲ့အတွေးနဲ့ လက်ရှိကြုံတွေ့နေရတာတွေကို
အမှတ်တရအနေနဲ့ ရေးတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတစ်ခုပါ။

  © Blogger template Valentine by Ourblogtemplates.com 2008

Back to TOP