Friday, 22 May 2009

May 21

ဒီနေ့တွေမှာ ဘလောဂ့်ရေးဖို့ တော်တော်အားယူရတယ်။ စိတ်ထဲမှာပြောချင်တောတွေကို စိတ်ထဲမှာဘဲ ပြောမိတယ်။ ဘလောဂ့်ရေးဖြစ်လောက်အောင်ကို စိတ်က အားမပေးဘူးဖြစ်နေတယ်။ သိပ်ပြီး မအားတာလည်း ပါမယ်ထင်ပါတယ်။ မအားဆို ဂိမ်းကစားနေရတာကို။ ဖေ့ဘွတ်ခ်မှာရှိတဲ့ ဂိမ်းလေးတွေ ကစားတယ်။ သိပ်မများ ပါဘူး ၄ ခုလောက်ဘဲကစားတာ။ ၄ခုလောက် ကစားတာတောင် ညဆို ၁ နာရီလောက်မှ အိပ်ဖြစ်တယ်။ မနက်ဆို မထနိုင်ဘူးဖြစ်နေတယ်။ ဒီလို ဒီလိုလေးတွေဖြစ်နေတယ်။

အခုနောက်ပိုင်း စိတ်ကို တည်ငြိမ်အောင် ဘုရားမှန်မှန်ရှိခိုးပါတယ်။ ပုတီးစိပ်တယ်။ ဒါတောင် စိတ်က မငြိမ်တော့ ဂိမ်းဆော့တယ်။ ဂိမ်းဆော့ရင် စိတ်ငြိမ်တယ်လေ။ ဟီးး Pet Society မှာ ကြိုးများများခုန်တယ်။ များများ အပြေး ပြိုင်တယ်။ စိတ်ငြိမ်မှ ဂိမ်းကနိုင်တာမို့ တော်တော်လေး နိုင်တဲ့အချိန်မှာ စိတ်တွေ တော်တော်တည်ငြိမ်လာတယ်။ တရားတွေဘာတွေ ထိုင်ဖို့ကျတော့ မလုပ်ဖြစ်ဘူးလေ။ ဟီးး အကြံပေးတဲ့ အစ်မတွေ၊ သူငယ်ချင်းတွေ သိပ်ပြီး ကျေးဇူးတင်တယ်။

အခုဆို ဂိမ်းကို တစ်ယောက်တည်း မကစားတော့ဘူး။ အရင် စနေက လူစုပြီး ဖေ့ဘွက်ခ်က စားသောက်ဆိုင် ဂိမ်းကစားတယ်။ ရန်ကုန်က ဂိမ်းဆိုင်တွေကလို ကစားရလို့ အရမ်းမိုက်တယ်။ ရန်ကုန်မှာရော အခုအချိန်ထိ ဂိမ်းကောင်ကောင်း မကစားတက်ခဲ့ပါဘူး။ အသက်ကြီးမှ ဂိမ်းကစားနေရတယ်။ ကစားချင်လို့တော့ဟုတ်ပါဘူး။ စိတ်ငြိမ်အောင်ပါ။ သူများတွေလို ကြူကြူတွေလည်း မကြိုက်တော့ ဂိမ်းလေးဘဲ ငြိမ်ငြိမ်စိမ်စိမ် ကစားပါတယ်။ ဟီးး။ အခုတောင် ဘလောဂ့်မှာ ကြော်ငြာထားသေးတယ်။

အဲ ပြောချင်တာက ဒီကြားထဲမှာ ဘလောဂ့်မှာရေးမယ်ပေါ့။ အမေတို့ မင်္ဂလာဆောင်အကြောင်းရယ်။ မေလထဲ ရေးမယ် တေးထားတာ မနှစ်ကတည်းက အခုထိ စလုံးရေ မစရသေးဘူး။ နောက်တစ်ခုက မေလထဲမှာ ဖြစ်တက်တဲ့ ကံအကြောင်းလေးတွေ ရေးမယ်ပေါ့။ ကျွန်မ အလုပ်စရှာကတည်းက မေလဆိုရင် အလုပ်ရတာနဲ့ အင်တာဗျူးရတာနဲ့ဖြစ်တက်တယ်။ အဲ့ဒါနဲ့ ပထမဆုံးရတဲ့ အလုပ်လေး အကြောင်းရေးမယ်ပေါ့။ စိတ်ကူးထားတယ်။ အခုထိ မစရသေးဘူး။ နောက်ပြီး ... နောက်ပြီး အများကြီးဘဲ။ ရေးချင်တာတွေက များပါတယ်။ မရေးဖြစ်တာသာ။ အခု ဒီထဲက တစ်ခု အကြောင်းရေးမယ်ပေါ့။

မှတ်မှတ်ရရ ၂၀၀၁ မေလ ၂၁ ရက်နေ့ကပေါ့။ ၂၀၀၀၊ ၂၀၀၁ ဆိုတော့ ဟို အရင် ရှေးရှေးတုန်းကလို့ ပြောလို့ ရပါတယ်လေ။ အဲ့ဒီတုန်းက ခေတ်စားတာက ပြောင်အကျီ၊ လုံချည်တွေခေတ်စားတာကို။ အခုခေတ်လို စကတ်အတိုတွေဘာတွေမဟုတ်ဘူး။ ကျွန်မ တက္ကသိုလ် စတက်စအချိန်ပေါ့။ အဲ့ဒီတော့ ခေတ် သမီးပျိုလေး ကျွန်မမှာ ပြောင်လုံချည်တွေ၊ အကျီတွေရှိတယ်ပေါ့။ တရက်တော့ ဘာဓါတ်ကျတယ်မသိဘူး။ အဲ့ဒီတုန်းက ခေတ်စားတဲ့ မော်ဒန်စိမ်း ကို ၀မ်းဆက် ကျောင်းကို ၀တ်သွားမိတယ်။ မန်းလေးလို ပူတဲ့နေရာမှာ မေလိုအချိန်၊ မော်ဒန်စိမ်းဆိုတော့ နဲနဲအေးမယ်များတွေးမိသွားလားမသိဘူး။ အမှန်ဆို အဲဒီအကျီက ၀တ်ခဲတယ်။ အဲ့ဒီနေ့မှ ဘာစိတ်ကူးပေါက်လဲမသိဘူး ၀တ်သွားလိုက်မိတယ်။

စုရပ်ရောက်ကတည်းက သူငယ်ချင်းကောင်လေးတွေ စတာခံရတယ်။ ဘာစိတ်ကူးပေါက်ပြီး ၀တ်လာတာလဲ တဲ့ ။ ဖြစ်နိုင်ခြေကတော့ အ၀တ်တွေ မီးပူမတိုက်ရသေးလို့ ၀တ်ခဲတဲ့ အကျီထုတ်ဝတ် လာတာလည်း ဖြစ်နိုင်တယ်။ ဘာပြန်ပြောလိုက်မှန်းသေချာ မမှတ်မိတော့ဘူး။ ပြီးတော့အဖွဲ့ထဲက ကောင်လေးတစ်ယောက်၊ နောက်ထပ် ကောင်မလေးတစ်ယောက်ကလည်း အဲ့ဒီလို စိမ်းတွေဝတ်လာကြတယ်။ အတူသွားမယ့်လူတွေ ကြားထဲ ၃ ယောက်လောက် စိမ်းနေတော့ ကျောင်းမှာလည်း သိသာနေတယ်။ အတန်းထဲကနေ ကျောင်းကအပြန်အထိ လိုက်စကြတယ်။ ဘာလို့ ဒီကောင်တွေ ဒီလောက်အူမြူးနေမှန်းကို အဲ့ဒီအချိန်က တကယ်မသိခဲ့ဘူး။

နောက်ပိုင်း ကျွန်မသူငယ်ချင်းက နင် အဲ့ဒီအစိမ်းရောင် အကျီမ၀တ်တော့ဘူးလားလို့ လာမေးတယ်။ အေး အဲ့ဒီအကျီက နဲနဲပူတာရော။ ၀တ်ရတာ သိပ်ပြီး အဆင်မပြေတာရော မ၀တ်ဖြစ်တော့ဘူး။ ဘာလို့ လဲလို့ ပြန်မေးမိတယ်။ အဲ့ဒီတော့မှ သူက ပြောတာက။ နင် အဲ့ဒီအကျီဝတ်လာတဲ့နေ့က သူ ရောအစိမ်းရောင် ၀တ်လာတာ မှတ်မိလားတဲ့။ ပြီးတော့ နောက်ထပ် ကောင်လေး တစ်ယောက်ရော ၀တ်လာတာ မှတ်မိလားတဲ့။ အေးလေး မှတ်မိတယ်ပေါ့။ အဲ့ဒါ အမှန်က သူက သူ့ကောင်လေးကို အဖြေပေးတဲ့အနေနဲ့ အစိမ်းရောင်ဝမ်းဆက် ၀တ်ခဲ့တာတဲ့။ ကျွန်မ၀င်လာကတည်းက အစိမ်းရောင် ၀တ်လာလို့ သူက မေးနေတာ။ ကျွန်မကလည်း အထာပေါက် တဲ့လူဆိုတော့ လုံးဝမရိပ်မိဘူးရယ်။ ဟဲဟဲ။ အဲ့ဒါနဲ့ သူ့ကောင်လေးကိုတောင် စနေသေးတယ်တဲ့။ အဲ့ဒီနေ့က နင့်ကို အဖြေပေးတာ ငါတစ်ယောက်တည်း မဟုတ်ဘူး ဟို နှစ်ကောင်ပါ ပါတယ်ဆိုပြီးတော့တဲ့။ အဲ့ဒီတော့မှဘဲ အဲဒီကောင်တွေ အဲ့ဒီနေ့က အသားကုန်အူမြူးပြီး ရီလိုက်၊ စလိုက်လုပ်နေတာကို သဘောပေါက်တယ်။

အဲ့ဒါကြောင့် ဒီမေလ ၂၁ ရက်နေ့ကို မှတ်မိနေတာ အမှတ်ရနေတာ။ ပုံမှန်ဆို မှတ်မိဖို့ မလွယ်ဘူးလေ။ အဲ့ဒီလို တိုက်ဆိုင်တာတွေ၊ အမှတ်ရစရာတွေ ရှိရင် မှတ်ထားတတ်တဲ့ ကျွန်မအကျင့်ကိုတော့ အခုထိ သဘောကျနေတုန်း၊ ကျင့်သုံးနေတုန်ပါဘဲ။ အဲ့ဒီ သူငယ်ချင်းကိုအရမ်းချစ်တာရော၊ ခင်တာရော ပါမှာပေါ့လေ။ လတိုင်းရဲ့ ၂၁ ရက်နေ့က ချစ်သူတွေအတွက် ရက်ကောင်းပါတဲ့။ အဲ့ဒီနေ့မှာ အဖြေပေးတဲ့ တွဲတွေ မြဲတယ်လို့ ပြောစမတ်ရှိတာ ကြားဖူးပါတယ်။ ကျွန်မသူငယ်ချင်း အတွဲတွေ တော်တော်များများ။( အဲ့ဒီအချိန်ပိုင်း လေးတုန်းက ရည်းစားတွေအဖြေပေးရင် ၂၁ ရက်တွေချည်းဖြစ်နေလို့ မေးကြည့်တော့ သူငယ်ချင်း တစ်ယောက်က ပြောထားလို့ သိနေတာပါ။ ) ဟုတ်မဟုတ်တော့ မသိဘူး။ အခု ထိ အဲ့ဒီအတွဲတော့ မြဲနေတာဘဲ။
ပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က မေလ ၂၁ ရက်နေ့ဟာလည်း ကျွန်မအတွက် အမှတ်ရစရာနေလေးပါ။ ဘာနေ့လည်းလို့ သိချင်ရင်ပြောပြလိုက်ပါ့မယ်။ ဘွဲ့ယူတဲ့နေ့မို့ပါ။ ဟီးး

2 comments:

khin oo may 23 May 2009 07:47  

လာဖတ်သွားပါ၏ နစ်သက်နေဆဲပါ။

JulyDream 27 May 2009 14:55  

ကြိုးစားပေါ့ဟာ... အနည်းဆုံး တစ်ခုခုတော့ ဖြစ်လာမှာပါ။ ဘာဖြစ်လာမယ်တော့ မသိဘူးလေ။

About This Blog

ဘာမှမထူးခြားပေမယ့် ကျွန်မရဲ့အတွေးနဲ့ လက်ရှိကြုံတွေ့နေရတာတွေကို
အမှတ်တရအနေနဲ့ ရေးတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတစ်ခုပါ။

  © Blogger template Valentine by Ourblogtemplates.com 2008

Back to TOP