Sunday, 28 June 2009

Me and My Clothes

အခုတလော ၀လာတာရော၊ အကြိုက်ပြောင်းသွားတာ(trand)ပြောင်းသွားတာရောကြောင့်လားမသိပါဘူး ရှိသမျှအကျီတွေ တစ်ထည်မှ စိတ်တိုင်းကျတယ်ရယ်မရှိဘူးဖြစ်နေပါတယ်။ ဒါနဲ့ တစ်ခါပြီးတစ်ခါ ရှင်းလိုက်တာ အပြင်ဝတ်စရာဆိုလို ၁၁ ထည်သာကျန်တော့တဲ့အဆင့် ရောက်သွားပါတယ်။ အစကတည်းက ထမီနဲ့ အကျီနဲ့ဆို အကျီက ပိုများတာ များပါတယ်။ ထမီကိုလည်း စပြီးဝယ်ကတည်းက ဘာနဲ့ဖြစ်ဖြစ်ဝတ်လို့ရတဲ့ အဆင်မျိုး၊ အရောင်မျိုးရှာဝယ်ထားတာလည်း များ ပါတယ်။ မဟုတ်ရင် အပြင်သွားခါနီး ရွေးရတာ စိတ်မရှည်လို့ပါ။ အခုလည်း ဘောင်းဘီတွေ စကတ်တွေကို အမည်းရောင်နဲ့ ဂျင်းတွေဘဲဝယ်ထားတာ များပါတယ်။ ဘာနဲ့ ၀တ်ဝတ်အဆင်ပြေအောင်လို့ပါ။ ဟိုတလောက ရှင်းထုတ်တာများတော့ အကျီဝတ်စရာ လုံးဝမကျန်တော့သလောက် ဖြစ်သွားပါတယ်။ ၁၁ ထည်ဘဲ ရှိတော့တဲ့ အထဲမှာ အမြဲဝတ်တာဆိုလို့ ၃ ထည် လောက်ဘဲရှိပါတယ်။ အဲ့ဒီထဲကမှ အရမ်းကြိုက်လို့ မျက်စိမှိတ်ပြီး ၀ယ်ထားတဲ့ အကျီကို ပိုပြီး ၀တ်ဖြစ်ခဲ့တယ်။ စနေ၊ တနင်္ဂနွေ အပြင်ထွက်တိုင်းအဲ့ဒါဘဲ ၀တ်တော့ တွေ့နေကျ အစ်မတွေကတောင် နင် ဒါချည်း ၀တ်နေတာလား မေးယူရတဲ့အထိပါဘဲ။

ပြောချင်တာကတော့ အဲ့ဒီအကျီလေးပါဘဲ။ စလုံးငွေ ၂၈ ကျပ်ပေးရပါတယ် အရောင်ကတော့ ခရမ်းရောင် အဆန်းလေးပါ။ ပထမ တစ်ခေါက် တော်မီနဲ့ သွားကြည့်ကတည်းက အဲ့ဒီဆိုင်က အကျီတွေကို အရမ်း ကြိုက်ခဲ့တာ။ အ၀တ်ဝယ်ဖို့ ပိုက်ဆံလုံးဝမရှိခဲ့လို့ တိတ်တိတ်ကလေး ပြန်လာခဲ့တာ။ နောက်တစ်ခေါက် ထပ်ပြီး သွားကြည့်တော့လည်း ကြိုက်နေတုန်းဘဲ။ အဲ့ဒါနဲ့ တခြားဟာတွေလျှော့သုံးမယ်ဆိုပြီးမျက်စိမှိတ်ပြီး ၀ယ်ခဲ့တဲ့ အကျီလေး။ အရောင် ၄ မျိုး၊ ဒီဇိုင်း ၅ မျိုးရှိပါတယ်။ အရောင်တွေအကုန်ကြိုက်ပါတယ်။ အကုန်လိုချင်တာ။ အကျီထဲမှာက ဒီဇိုင်းတွေဘာတွေက သိပ်ပြီး အကြိုက်ကြီးမဟုတ်ပေမယ့် အကျီအသားကို ပိုကြိုက်တာပါ။ အဲ့ဒီဆိုင်မှာ တစ်ခြားဒီဇိုင်းတွေနဲ့ အခြားအရောင်တွေရှိပေမယ့် အသားက ပုံမှန်အသား မျိုးချည်းပါဘဲ။ ဒါပေမယ့် အဲ့ဒီ ဒီဇိုင်းနဲ့ အသားကတော့ တော်တော်လေး သဘောကျခဲ့မိတယ်။ အသားက အိပြီးဆွဲလို့ရတယ်။ ပြီးတော့ ရေလျှော်ခံတဲ့အသားမျိုးပါ။ ခါတိုင်း ကိုယ်ကြိုက်တဲ့ အကျီလေးတွေဆို လက်နဲ့ လျှောက်တာ များပေမယ့် အခုနောက်ပိုင်းတော့ စက်နဲ့ဘဲလျှောက်ဖြစ်တာများပါတယ်။ အဲ့ဒီ အကျီလေးဝယ်တာ ၄ လလောက်ရှိတဲ့ အတွင်းမှာ အခါ ၁၀၀ မက၀တ်ခဲ့ပြီးပြီထင်ပါတယ် ဒါပေမယ့် အခုထိ အရောင်မကျတာကို ပိုပြီး နှစ်သက် မိပါတယ်။ အဲ မီးပူတိုက်စရာမလိုဘဲ ပြန်နေတာလေးလည်း သဘောကျတဲ့အထဲမှာ ပါပါတယ်။

ဒီလိုနဲ့ Bugis ရောက်တိုင်း အဲ့ဒီအကျီဆိုင်တော့ ခဏခဏသွားပြီး ကြည့်ဖြစ်တယ်။ မ၀ယ်နိုင်သေးပေမယ့် ကိုယ်ကြိုက်တာလေးရှိသေးလားသွားကြည့်တဲ့သဘောပါ။ စိတ်မနိုင်ဘဲ ၀ယ်ဖြစ်လဲ ၀ယ်ဖြစ်သွားအောင်လည်း ပါပါတယ်။ ဟီးး အခုထိတော့ မ၀ယ်ဖြစ်သေးပါဘူး။ ဒါပေမယ့်ဒီတစ်ခေါက်ပြန်ရင်တော့ ၀ယ်ဖြစ်မယ် ထင်ပါတယ်။ ၀ယ်ဖြစ်အောင်လည်း ဘလောဂ့်ရေးနေမိတယ်။ ဟီးး ၂၈ ကျပ်ဆိုတာ များပေမယ့်လိုချင် နေမိတယ်။ အကျင့်ဆိုတာ ပြင်လို့မရတာသေချာတယ်။ ဒီဇိုင်းပြောင်းသွားတာပဲရှိမယ် အထဲအနှစ်ကတော့ မပြောင်းလဲဘူး ဖြစ်နေတယ်။ အမှန်ကတော့ ကိုယ်ကြိုက်တဲ့ဟာဆို ကြာကြာသုံးလို့ရတာမျိုး ကိုကြိုက်တက်တဲ့ အကျင့်ကြောင့်ဖြစ်မယ်ထင်ပါတယ်။ အခု ခဏလေး သုံးပြီး ပစ်လိုက်ရတာမျိုးကို လုံးဝမကြိုက်ခဲ့ဘူး။ ဈေးကြီး ပေမယ့် ကြာကြာသုံးလို့ရမယ့် ပစ္စည်းမျိုးကို ပိုလိုချင်ခဲ့တယ်။ တစ်ခါတစ်လေ မ၀ယ်နိုင်လည်း ဈေးချတဲ့အထိ စောင့်ပြီး ၀ယ်တာမျိုးရှိခဲ့တယ်။ ကိုယ်မသုံးရသေးတော့ ကိုယ့်အတွက်အသစ်ပါဘဲ။ ဒီဇိုင်းတွေဘာတွေက သိပ်ပြီး စိတ်မ၀င်စားခဲ့ပါဘူး။

ဒီလိုဘဲ အရမ်းကြိုက်တဲ့အကျီးတစ်ထည်ရှိခဲ့ဖူးတယ်။ တီရှပ်အဖြူရောင်းလေး၊ ကြောင်ရုပ်လေးနဲ့ အရမ်းခင်တဲ့ အန်တီတစ်ယောက်က ပေးတာပါ။ ၀တ်ပြီးသားဆိုပေမယ့် အသစ်လေးပါဘဲ။ ဆယ်တန်းတုန်းကရခဲ့တာ အဲ့ဒီအကျီလေးက သိပ်ကြိုက်ပြီး ခဏခဏ၀တ်ခဲ့တာ။ကျွန်မမှာ ကျောင်းအကျီကလွဲလို့ အဖြူရောင်အကျီတွေ ၀ယ်တာ အတော်ရှားပါတယ် အဖြူဆို အပေမခံလို့၊ပန်းရောင်ဆို နုလို့ကြိုက်ပေမယ့် ရှောင်ပြီးဝယ်တာများ ပါတယ်။ ဒီလိုနဲ့ အကျီလေးက ချည်သားဆိုတော့ အပေါက်လေး တွေဖြစ်လာရော။ ကြာလာတော့အကျီလေး ဆွေးလာပြီး အပြင်ဝတ်လို့ သိပ်ပြီးကောင်းတော့ဘူး။ ဒါနဲ့ အိမ်နေရင်းဝတ်ခဲ့တယ်။ နောက်ပိုင်း အပေါက်တွေ အရမ်းများနေလို့ အိမ်နေရင်းတောင် သိပ်ပြီးဝတ်လို့ မကောင်းတော့လို့ သိပ်ထားသေးတယ်။ အရမ်းပူတဲ့ အချိန်တွေမှာ ည၀တ်အကျီလုပ်ပြီး ၀တ်ခဲ့တယ်။ မေမေကတော့ အရမ်းပေါက်တွေများနေပြီး ၀တ်ချင်ရင်လည်း ချုပ်ပြီးဝတ်၊ မဟုတ်ရင်လည်း မ၀တ်နဲ့တော့တဲ့။ ရောဂါက ကျွန်မကြိုက်တဲ့ အ၀တ်တွေဆို ပျင်းလို့တော့ မဟုတ်ဘူး ချုပ်ပြီးဝတ်ရမှာ သိပ်ပြီးမကြိုက်လှဘူး။ ဒီအတိုင်လေး ထားပြီး ၀တ်ချင်တာ။ ဘာရောဂါမှန်းကို မသိဘူး။ ဆင်ရဲသားဇာတာပါတာလို့လည်း ပြောကြတာဘဲ။ ဘာပဲဖြစ်ဖြစ် ဒါမျိုးလေး ကြိုက်နေမိတယ်။ ဒါပေမယ့်လည်း ဆက်ပြီးဝတ်နေမိခဲ့တယ်။ အဲ့ဒီအကျီလေးဝတ်လိုက်ရရင် နုပျိုသွားသလိုခံစားရတယ်၊ နွေးထွေး သလိုမျိုး ခံစားရလို့လည်း ပါတာဖြစ်မှာပါ။

ဒီလိုနဲ့မနှစ်က ဒီဇင်ဘာရောက်မှ မျက်စိမှိတ်ပြီး ပစ်တဲ့အထဲထည့်လိုက်ခဲ့တယ်။ ဒါတောင် သိမ်းစရာနေရာမရှိလို့ စိတ်ပြတ်အောင် လုပ်တဲ့အနေနဲ့ လုပ်လိုက်တာလဲ ပါပါတယ်။ အဲ့ဒီ အကျီလေးက ကျွန်မအတွက် တစ်ထည် တည်းသော ကြောင်ရုပ်နဲ့ အကျီလေးပါ။ အခုလည်း ဒီ ခရမ်းရောင်အကျီလေးကို အတော့်ကိုသဘောကျတော့ နောက်ထပ်အထည်တွေ ၀ယ်ဖို့ကို လက်တွန့်နေတာလည်း အထည်များရင် မကြိုက်ဘဲနေတော့မှာ စိုးတာ လည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ၀ယ်သင့်မ၀ယ်သင့်ကိုတော့ စိတ်ထဲမှာလွန်ဆွဲနေမိပါတယ်။

နောက်တစ်ခုက ကျွန်မ ၆တန်းလောက်ကတည်းက အပေါ်က ကြောင်ရုပ်နဲ့အကျီပေးတဲ့ အန်တီကပဲပေးထားတဲ့ အ၀ါရောင်ဂါဝန်လေး တစ်ထည်ရှိပါတယ်။ အခုထိ ကျွန်မဆီမှာရှိနေတုန်းဘဲ။ မှတ်မှတ်ရရ အဲ့ဒီအကျီက သူနိုင်ငံခြားက ၀ယ်လာတာပေါ့။ အရောင်က နုပြီးအဆင်က ကျွန်မရွယ်နဲ့ မသင့်တောလို့ဆိုပြီး မေမေက ပေးမ၀တ်ဘဲ သိမ်းထားတာ အခုထိ ၂ ခါဘဲဝတ်ဖူးသေးတယ်။ ရီရတယ်နော်။နှစ်ပေါင်းမျာစွာ သိမ်းထားပြီး အပြင်ကို ၂ ခါဘဲဝတ်ရသေးတဲ့အကျီ။ အရမ်းကြိုက်ပါတယ် ၀တ်လည်း ၀တ်ခဲတယ်။ တစ်ခါက မြစ်ကြီးနားကနေ မန်းလေးကိုသွားတဲ့လမ်းမှာဝတ်တာ မှတ်မှတ်ရရ ၁၉၉၆ ခုနှစ်က။ လူတွေဝိုင်းကြည့်ကြလို့ဆိုပြီး သိပ်မကြာဘူး မေမေက လဲခိုင်းလို့ လဲလိုက်ရတယ်။ နောက်တစ်ခေါက်က စလုံးမှာ။ ကျောင်းရပ်နားခွင့်သွားယူတုန်းက အမှတ်တရ အနေနဲ့ ၀တ်သွားတာ။ ကျောင်းကလူတွေကတော့ထင်မှာဘဲ ဒီအချိန်ကြီး လှလှပပ ၀တ်လာ တယ်လို့။ ၂ ခါတိတိ အပြင်ကိုဝတ်ဖူးတယ်။ အိမ်ထဲမှာတော့ ခဏခဏ ၀တ်ကြည့်ဖြစ်တယ်။

နောက်ထပ်တစ်ထည်ကတော့ ကျွန်မမွေးခါစက၀တ်ခဲ့တဲ့ အကျီလေးပါ။ မေမေက အမှတ်တရအနေနဲ့ တခြားအကျီတွေ သူများတွေကိုပေးလိုက်ပေးမယ့် အဲ့ဒီအကျီလေးကိုချန်ထားပေးခဲ့တယ်။ ကျွန်မ ၆ တန်း လောက်က အဲ့ဒီအကျီလေး ကျွန်မဆီကို ပြန်ရောက်ခဲ့တယ်။ အခုလောလောဆယ်တော့ သူကိုရန်ကုန်က ကျွန်မရဲ့စာအုပ်သေတ္တာထဲမှာ သိမ်းထားခဲ့ပါတယ်။ အသက်ကြီးလာရင်တော့ ဒါငါမွေးစက အကျီဆိုပြီး ပြန်ကြည့်လို့ ရအောင် သိမ်းထားခဲ့တာ။ နောက်ထပ်တစ်ထည်ကတော့ အ၀ါရောင် စပန့်ဝမ်းဆက်ပါဘဲ။ စပန့်စတွေ ပေါ်ခါတုန်းက မေမေကိုယ်တိုင်ချုပ်ပေးထားတဲ့အကျီလေး အဖြူရောင်အကျီလိုဘဲ အပေါက်တွေ ဖြစ်နေလို့ သူ့ကို မြန်မာပြည်မှာသိမ်းထားခဲ့ရတယ်။ တစ်ခါတလေ ဒီလို အမှတ်တရလေးတွေ ရှိနေတာ ကောင်းလည်း ကောင်းပါတယ် သိပ်ပြီးတန်ဖိုးမရှိတဲ့ အရာတွေဆိုပေမယ့် ဒီလိုမျိုးလေး သိမ်းထားရတာ ပျော်နေမိပါတယ်။

5 comments:

Anonymous 28 June 2009 21:37  

ဘူးဂစ်က ၀ယ်တာဆိုတော့ ဘယ်ဆိုင်များပါလဲရှင်.....

Anonymous 28 June 2009 21:38  

ဘူးဂစ်က ဘယ်ဆိုင်မှာလဲ

khin oo may 29 June 2009 01:19  

ဖတ်လို့ကောင်းတယ်။

မီးလေး 04 July 2009 19:32  

နှင်းဆီရေ မရောက်တာကြာလို့ လာလည်သွားပါတယ်... မီးလေးလည်း ၀လာလို့ အင်္ကျီတွေ မတော်တော့ဘူးဟ... :D

Red Rose Dream 05 July 2009 00:41  

Bugis Juntion ထဲက ပါပဲ Milky Theory ဆိုတဲ့ တံဆိပ်ပါ. တခြား ဒီဇိုင်တွေတော့မသိဘူး အဲ့ဒီဒီဇိုင်ကတော့ ၀တ်လို့ ကောင်းတယ်။

About This Blog

ဘာမှမထူးခြားပေမယ့် ကျွန်မရဲ့အတွေးနဲ့ လက်ရှိကြုံတွေ့နေရတာတွေကို
အမှတ်တရအနေနဲ့ ရေးတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတစ်ခုပါ။

  © Blogger template Valentine by Ourblogtemplates.com 2008

Back to TOP