ကျွန်မဘ၀မှာ နံပါတ်တစ်မဟုတ်ပေမယ့် တစ်ခုတည်းဖြစ်နေတာတွေအများကြီး ရှိခဲ့ဖူးပါတယ်။
အသက်ကြီးလို့ မမှတ်မိတော့မှာ စိုးလို့ ချရေးကြည့်မိတယ်...
ပထမဆုံး ကျွန်မမွေးနေ့နဲ့ ပက်သက်ပြီးတော့
ကျွန်မငယ်ငယ်က မွေးနေ့တွေလုပ်ဖြစ်ခဲ့ပေမယ့် ကျွန်မတကယ့်မွေးနေ့မှာ လုပ်ဖြစ်တဲ့ မွေးနေ့ပွဲတွေ မမှတ်မိလောက်အောင်ကို ရှားပါတယ်...
အဲ့ဒီလိုဘဲ မွေးနေ့ကိတ်ဆိုတာ ကိုယ်ဘာသာဝယ်စားမှဘဲ စားလို့ရတဲ့ ကိတ်တစ်ခုပေါ့...ဒါပေမယ့်
ကျွန်မဘ၀မှာ သူများက ပေးတဲ့ မွေးနေ့ကိတ် တစ်ခုတိတိ ရဖူးပါတယ်..အခုအချိန်ထိပေါ့
ဒီလိုဘဲ ကျွန်မကသာ သူငယ်ချင်းတွေမွေးနေ့ကို ခေါင်းထဲအလွတ်ရလောက်အောင် မှတ်မိနေပေမယ့် ကျွန်မမွေးနေ့မှာ ကျွန်မမွေးနေ့ကို မှတ်မိတဲ့လူ အရမ်းရှားပါတယ်...ဒါပေမယ့် ကျွန်ကတော့ မျှော်လင့်
ချက်နဲ့ ၁၂နာရီ မထိုးခင်အထိ စောင့်ဖူးတယ်...စောင့်ခဲ့တယ်..နောက်ဆုံးတော့လည်း အိပ်ရာဝင်ခဲ့ရတာ
ပါဘဲ..နောက်ပိုင်း ကျွန်မမွေးနေ့တွေမှာ မွေးနေ့ ဆုတောင်းမမျှော်ဖြစ်တော့ပါဘူး ဒါပေမယ့် မွေးနေ့
ဆုတောင်းတစ်ခုတိတိတော့ ရခဲ့ဖူးတယ် အခုအချိန်ထိ..
အရင်က အမြဲမွေးနေ့လက်ဆောင်ပေးတဲ့ သူငယ်ချင်းမရှိတော့တဲ့နောက် ကျွန်မမွေးနေ့လက်ဆောင်ဆိုတာ ကိုယ်တိုင်မ၀ယ်ရင် မရတဲ့ ပစ္စည်းမျိုးဖြစ်ခဲ့တာ အတော်ကြာပြီ.. ကိုယ့်ဘာသာ မွေးနေ့နားနီးရင် ပိုက်ဆံ
စုပြီးမွေးနေ့လက်ဆောင်ပေးဖြစ်တယ်....
နောက် ကျွန်မက လူတစ်မျိုးလို့ခေါ်မလား၊ စိတ္တဇလို့ဘဲ ပြောမလားကိုယ့်အတွက် မွေးနေ့ လက်ဆောင်ကိုရွေးရမှာလောက် စိတ်ဆင်းရဲတာမရှိဘူး... မွေးနေ့လက်ဆောင်ဆိုတာ တန်ဖိုးကြီးတာ နည်းတာနဲ့မဆိုင်ဘဲ.. ကိုယ်ဘက်ကနေ ခင်မင်မှုကိုသက်သေပြတဲ့ သဘောမျိုးဆိုတော့ မွေးနေ့ရှင်က မွေးနေ့လက်ဆောင် ကိုယ်တိုင်ရွေးရတာ သဘောကျတဲ့လူတွေ ရှိပါလိမ့်မယ်ဒါပေမယ့် သိပ်ပြီး ရိုမက်တစ်မဖြစ်သလို ခံစားမိလို့... ကျွန်မအတွက်တော့ တန်ဖိုးမရှိတဲ့ သာမန်လက်ဆောင်
လက်ဆောင်တစ်ခု၊ အချိန်လေးတစ်ခု၊ စက္ကူလေးတစ်ရွက်ကတောင် တန်ဖိုးပေးပြီးဝယ်ရတာတွေထက်.
ပိုပြီး တန်ဖိုးရှိမယ်လို့ ခံယူမိပါတယ်...
ဒီလိုဘဲ ကျွန်မမွေးနေ့မှာ ကျွန်မလက်ဆောင် တစ်ခုတိတိရဖူးပါတယ်.. အဲ့ဒီအတွက် ကျွန်မအတွက် အခုချိန်
အထိ ရဖူးတဲ့လက်ဆောင်လို့ ပြောရရင် မမှားတဲ့ လက်ဆောင်ပေါ့... ဘာပဲဖြစ်ဖြစ် ကျွန်မအတွက် တန်ဖိုး
မဖြတ်နိုင်တဲ့ လက်ဆောင်ပါပဲ...
ကျွန်မက ဆံညှပ်လေးတွေကြိုက်လို့ ခေါင်းတွယ် ဆံညှပ်လေးတွေ ကြုံရင်ကြုံသလို ၀ယ်တဲ့အကျင့်ရှိပါတယ်..
တစ်ခုတည်းဝယ်ရတာတွေ သိပ်ပြီးမသိသာပေမယ့် အစုံလိုက်ဝယ်တဲ့ပစ္စည်းဆို အမြဲ တစ်ခုပဲကျန်ပြီး ကျန်တဲ့
တစ်ခုက ကျပျောက်တာ ကျိုးတာများလို့... ကျွန်မဆီမှာ ဘက်ပဲ့နေတဲ့ ဆံညှပ်လေးတွေ အများကြီးဘဲ
ပစ္စည်းတော်တော်များများကို အရမ်းကြိုက်မှ ၀ယ်တာများတော့ ဘက်ပဲ့နေလည်း လွှတ်မပစ်ရက်တော့
တစ်ခုတည်း ကျန်ခဲ့တဲ့ ဆံညှပ်လေးတွေ ကျွန်မဆီမှာပဲ သိမ်းထားလိုက်တာ များပါတယ်... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ၀ယ်ထားတဲ့ ကလစ်တွေတောင် ကျွန်မဆီမှာ အခုအချိန်ထိရှိနေတုန်းပါဘဲ..
နောက်တော့ အစုံလိုက်ဆို ၀ယ်ခဲတယ်ဆိုတာမျိုးဖြစ်သွားပါတယ်...
ဆံညှပ်က တစ်ခုပျောက်ရင် တစ်ခု တွယ်လို့ရပေမယ့် နားကပ်တစ်ဖက်ပျောက်ရင်တော့ တွယ်လို့မရတော့
တာမျိုးကြောင့် အရမ်းကြိုက်တဲ့ နားကပ်တစ်ဘက် ကျွန်မဆီမှာ သေချာသိမ်းထားတာရှိပါတယ်... နောက်
ထပ်အစားထိုးပြီး ၀ယ်ဖို့လည်း စိတ်ကူးမရှိတော့ဘူး.. ဒါပေမယ့် ကြုံရင်တော့ သူနဲ့ မျိုးတူရောင်းတဲ့ ဆိုင်မှာ
သွားသွားပြီးကြည့်တက်တယ်....
ဒီလိုဘဲ ကျွန်မ ခံစားလို့ရတဲ့လူ ရှားပါးလို့ ကျွန်မ မရနိုင်တော့ပေမယ့် အမြဲသိမ်းထားတဲ့ နေရာလေး တစ်ခု
ကျွန်မဆီမှာရှိတယ် အခုအချိန်ထိ လွတ်နေတုန်းပါဘဲ.... အစားထိုးဖို့ လုံးဝစိတ်ကူးမရှိခဲ့ပါဘူး... ဒီအတိုင်း
အဲ့ဒီနေရာလေးကို သိမ်းထားလိုက်ချင်ပါတော့မယ်...



