ဘလောဂ့် ... အင်း ဘလောဂ့် ရေးချင်စိတ်ကို ကုန်နေတာပါဘဲ...
လူက ဘာမှအဆင်မပြေဘူး ပြီးတော့ လုပ်စရာတွေများပြီး တစ်ခုမှ လက်စမသတ်သေးလို့ စိတ်ညစ်နေတာရော ဘာရောနဲ့ မော်တီဗေးရှင်းတွေကျနေတယ်...
စာ စာမေးပွဲက ဖြေထားပြီး အောင်မအောင် မသေချာသလို ထပ်ဖြေဖို့အတွက်လည်း စိတ်မပါပြန်ဘူးဖြစ်နေတယ်
အားပေးမယ့်လူရှိပေမယ့် ဆက်လုပ်ဖို့ အတော်လေးစိတ်ညစ်နေတယ်... ဒီကြားထဲ အနှောက်အယှက်လေး တွေက၀င်ပြန်တော့ ပိုပြီး စိတ်ညစ်ရတယ်...
ကိုယ့်အကြောင်းနဲ့ကိုမှ အဆင်မပြေလို့ စိတ်ညစ်ရတဲ့အထဲမှာ ဟိုဟို ဒီဒီအဆင်မပြေတာတွေ လူမှု့ရေး အရှုပ်လေးတွေထပ်တိုးတော့ ပိုပြီး စိတ်ညစ်ရတယ်..
ဒီကြားထဲ အိမ်ပြန်တော့ ပျော်ရပေမယ့် ပြန်ခွဲရတော့ စိတ်ထဲ မကောင်းဖြစ်ပြန်ရော....
တစ်ခါတလေ ပျောက်သောသူရှာရင်တွေ့ဆိုပေမယ့် ကိုယ့်ဘာသာ ကိုယ်ပျောက်နေရင် ဘယ်လို ပြန်ရှာရမလဲ
တစ်ခါတလေ ကိုယ့်ဦးနှောက်ကို ကိုယ်မုန်းတယ်... မေ့စရာတွေအကုန်ထဲမှာ ကိုယ့်အကြောင်းကိုကိုယ် မေ့ပစ် လိုက်တာ အဆိုးဆုံးဘဲ....
ရင်ခုန်စရာလေးတွေ ရှိပေမယ့် ပြောဆို ဆက်ဆံရတာတွေ မုန်းလို့ အဆင်မပြေဖြစ်မှာကြောက်လို့နဲ့ နှလုံးသား ကိုဝှက်ထားပါတယ်....တစ်ခါတလေ ကိုယ်ဘာလိုချင်မှန်း မသိ၊ မေ့နေတက်တဲ့ ကိုယ့်အကျင့်ကိုပဲ ကိုယ် မုန်းမိပါတယ်....ပြန်ရောက်ရင် ပြောနော်ဆိုပေမယ့် ပြောဖို့ ခက်နေပြန်ရော... တစ်ခါတလေ ဘာမှမလုပ်ဘဲ အားလုံးအဆင်ပြေသွားရင် ကောင်းမယ်လို့ တွေးမိတယ်...



