Saturday, 7 August 2010

Life and Me

ဟဲလိုလို့ အရင်ဆုံး နှုတ်ဆက်ရမယ်ထင်တယ်....

ဘာပဲဖြစ်ဖြစ်ပျော်နေမိတယ်..ဟုတ်တယ်လေ ဒီထက်ပျော်စရာကောင်းတာ ဘယ်ရှိပါတော့မလဲ.. ကျွန်မ မျှော်လင့် ခဲ့တဲ့ အချိန်ကို မြင်နေရတယ်လို့ ခံစားမိတယ်..ပျောက်နေတဲ့ ကျွန်မကိုယ်တိုင်ကို ပြန်ရနေပြီ လို့ခံစားရတယ်.. အရင် ဘာမဆို မကြောက်တက် နောက်မတွန့်တက်တဲ့ ကျွန်မကို ကျွန်မ ပြန်ရနေပြီလို့ ခံစားမိတယ်.... တစ်ခါတလေ အချိန်ဆိုတာလိုအပ်သလို တစ်ခါတလေလည်း ကူညီမယ့်လူ ယုံကြည်မယ့်လူ လိုအပ်ပြန်တယ် ကျွန်မကျောင်းတက်ဖို့လာခါနီးမှာ ကျွန်မဖေဖေက ပြောခဲ့ဖူးတယ် ငါ့သမီး ယုံကြည်ချက်တွေ သိပ်ပြီးပြင်းထန် လွန်းအားကြီးတယ် လျှော့တဲ့.... ပုံမှန်ကျွန်မ သူများပြောရင် ကိုယ်တိုင်က မလုပ်ချင်ရင် လိုက်လုပ်ဖို့ ဘယ်လိုမှ လုပ်လို့မရတက်ပေမယ့် မိဘစကားတော့ ခေါင်းမညိမ့်ပေမယ့် မသိမသာ နားထောင်တက်တဲ့အလေ့တော့ ရှိတယ်..လျှော့ကြည့်မိတယ် ကျတာပဲအဆင်ပြေဘူး..ကျွန်မအသက်ရှင်နေခြင်း ဟာ ကျွန်မယုံကြည်မှုကြောင့်ဆိုတာ ဒီနှစ်တွေအတွင်းမှာ သိလိုက်ရတယ်....အရင်အခြေအနေတွေ ပြန်ရဖို့ ကျွန်မ အတော်လေးကြိုးစားခဲ့ပါတယ် အရင်အခြေအနေတွေဆိုတာက စိတ်နေ စိတ်ထားကို ပြောတာပါ။။

ဒီနှစ်ပိုင်းတွေထဲမှာ ကျွန်မဟာထိခိုက်လွယ်တဲ့ လူတစ်ယောက်အဖြစ် ရပ်နေခဲ့မိတယ်.. ဟုတ်တယ် ကျွန်မ ဘာကြောင်းကြောင့်မှ အထိခိုက်မခံနိုင်တဲ့လူဖြစ်ခဲ့တယ်....လေတိုက်တာကို နာနေတဲ့အသားမျိုးရှိတဲ့ လူတစ်ယောက်အဖြစ် ကျွန်မပတ်ဝန်းကျင်မှာနေထိုင်ခဲ့မိတယ်.. ပြီးတော့ တစ်ခုခုဆို အားငယ်နေတက်တယ် သူများမသိပေမယ့် ကိုယ့်ဘာသာ ၀မ်းနည်းနေတက်တယ်... တခြားလူတွေအတွက် အရေးမကြီးပေမယ့် ကျွန်မ အတွက် အရာတိုင်းဟာအရေးကြီးနေတယ်... နောက်ပြီး ကျွန်မသိပ်ပြီး အားငယ်တက်တဲ့ လူတစ်ယောက် ဖြစ်နေမှန်း ကိုယ်တိုင်းမသိအောင် နေထိုင်ခဲ့မိတယ်.. ဒါတွေကို အဆင်ပြေအောင် ပတ်ဝန်းကျင်က ကျင့်ပေးသလို ကျွန်မကို အားပေတဲ့ မိဘတွေလည်းရှိခဲ့သပေါ့....

အမြဲငါကြံရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ ကျွန်မ လောကကြီးက အပြောင်းအလဲတွေများတယ် အဆင်ပြေအောင် နေတက်ရမယ်ဆိုတဲ့ သဘောလေး နားလည်ခဲ့တယ် ကျွမ်းကျင်သွားတယ်ဆိုတာမျိုးမဟုတ်သေးပါဘူး နားလည် သွားတယ်ဆိုတဲ့အဆင့်လောက်တော့ ဒီနှစ်တွေမှာရခဲ့ပါတယ်...မအောင်မြင်သေးပါဘူး..အောင်မြင်ဖို့ အများကြီး လိုပါသေးတယ် အကောင်းဆုံးအတက်နိုင်ဆုံးကြိုးစား နေပေမယ့် အောင်မြင်အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကို မရာက်သေးဘူးပေါ့လေ.. ကျွန်မမှန်းထားတဲ့ အသက်သုံးဆယ် ၀င်တော့မယ့်အချိန်မှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်....အရမ်းလည်းကြောက်ခဲ့မိတယ်..

ဒါတွေ ကျွန်မဘာလို့ရေးနေလဲဆိုတော့ ပြန်ပြီးဖတ်ဖို့အတွက်ပါပဲ ဘယ်သူ့မှ ကောင်းကျိုးအတွက် မဟုတ်ပါဘူး ကျွန်မအတွက် ဒိုင်ယာရီ မှတ်တမ်းအနေနဲ့သာ အမှတ်တရရေးနေမိတာပါ..သြော် ဒီအချိန်တွေထဲမှာ ဘ၀ကို ကျွန်မတစ်ယောက်တည်း ရင်ဆိုင်မယ်ဆိုတဲ့ စိတ်လေးကနေ အကူလေးတော့လိုမယ်ဆိုတဲ့ စိတ်လေးဝင် လာခဲ့တယ်...ပြီးတော့ ငါ တစ်ယောက်တည်းရင်ဆိုင်ဖို့အတွက် အခြေခံတွေ မကောင်းခဲ့ဘူးလို့ မြင်လာမိတယ်.. ဟုတ်တယ် ၁၉ နှစ် ၂၀ လောက်ကတော့ ဘ၀ဆိုတာ ဂျိုနဲ့လား ငါတစ်ယောက်တည်း အဆင်ပြေတယ် ဘယ်သူမှ မလိုဘူးလို့အမြဲတွေးဖူးတယ်....နောက်တစ်ယောက်ပါတာဟာ အရှုပ်ပဲလို့လဲ မြင်ခဲ့တယ် ယုံလည်း ယုံကြည် ခဲ့တယ်...ယုံကြည်ခဲ့သလိုလဲ နေထိုင်ခဲ့မိတယ်.

ဒါပေမယ့် အခုနောက်ပိုင်းအတွေ့အကြုံတွေအရ ငါတစ်ယောက်တည်းတော့ မဖြစ်ခြေဘူးဆိုတဲ့ အတွေးမျိုး ၀င်လာတယ်...ငါတစ်ယောက်တည်း ရပ်တည်နိုင်ပါ့မလားဆိုတာမျိုးတွေးမိတယ် အရင်က မတွေးဖူးတဲ့ အရာတွေပေါ့...ဒါပေမယ့် ကိုယ့်ဘေးမှာ ထားရှိမယ့်အဖေါ်ဆိုတာမျိုးကို ရွေးဖို့ခက်နေမိတယ်...ဒီအသက်ဒီအရွယ် ဒီအချိန်ကျမှ ကိုယ့်နဲ့အဆင်ပြေတဲ့လူ ရှိနိုင်ပါ့မလားလို့လည်း တွေးပူမိတယ်... ကျန်တာတွေအတွက်မပူပဲ ကိုယ့်အနားမှာရိမယ့်လူကို စိတ်တိုင်းမကျတဲ့လူ ဖြစ်မှာအတော်ပူမိတယ် ဒါဟာ ၂၀ နောက်ပိုင်းတွေရင်ဆိုင်ရ တဲ့ ပြသနာတွေလို့လည် နားလည်ခဲ့တယ်..

ဆယ်ကျော်သက်မှာ ဒီကိစ္စတွေကိုခေါင်းထဲ ထည့်စရာမလိုသလို ထည့်လည်း မထည့်ထားခဲ့ပါဘူး..ပျော်စရာတွေ အပြည်နဲ့ လောကကြီးအဖြစ်သာ မြင်ခဲ့တယ်..အခုနောက်ပိုင်းနားလည်လာတာက အသက်ကြီးရင် ကိုယ့်ဘသ ကိုယ့်ပတ်ဝန်းကျင် ကိုယ်တိုင်ရင်ဆိုင်ရမယ့်ဘ၀ ဒါတွေဟာ ရင်မဆိုင်ချင်လို့ ရှောင်တိမ်းလို့ရမယ့်အရာတွေ မဟုတ်ဘူးလို့သိလာခဲ့တယ်.. ကျွန်မကိုယ်တိုင်း ရီလေးရှင်းရှစ် တွေကို မကိုင်တွယ်တက်လို့ မပါချင်လို့ ရှောင်နေ မသိချင်ယောင်ဆောင်နေခဲ့ပေမယ့် အချိန် အတိုင်းအတာ တစ်ခုအထိပဲရခဲ့ပါတယ်..တကယ်ကြီး ရင်ဆိုင် ရတော့မယ်ဆိုရင်တော့ တကယ်ကြီးရှောင်လို့ မရတော့ဘူး ဆိုတာ သိလာခဲ့တယ်.. ကျွန်မလူကြီး တစ်ယောက်ဖြစ်ဖို့ ရင့်ကျတ်ဖို့ရှောင်နေလို့ မရတော့ဘူးလို့မြင်မိတယ် ...အဲ့ဒီအတွက်တော့ ကျွန်မရင်းသင့် တာတွေ ကျွန်မရင်နိုင်ဖို့ စိတ်ကို ပြင်ဆင်ထားရတော့မယ်လို့ နားလည်မိခဲ့တယ်...အသွားရှိရင် ပြန်ရှိရမယ့်၊ အယူရှိရင် အပေးလည်းရှိရမယ့်လို့ မြင်မိတယ်တယ် လက်လည်း လက်ခံမိပါတယ်.