Monday, 23 August 2010

Dream Vs Cockroach

မနေ့က
မနေ့က သူငယ်ချင်းတွေနဲ့ တွေ့ပြီးမုန့်လုပ်စားဖြစ်တယ်... အစကတည်းက ကတိပေးထားလို့ လုပ်ကျွေးဖြစ်တယ်..အရင်က သူငယ်ချင်းအဟောင်းတွေဆိုတော့ ဟိုပြောဒီပြောပြောဖြစ်ကြပါတယ် ပြီးတော့ အခုမှစလုံကို နောက်ထပ် ထပ်ရောက်လာတဲ့ တစ်ယောက်ကို လိုတာတွေလိုက်ဝယ်ပေး တာမျိုးတွေလုပ်ဖြစ်တယ်... အစကတည်းက နဲနဲပင်ပန်းနေတာရော... ရာသီဥတုကအရမ်းပူတာရော လုပ်ထားကိုင်ထားတာရောကြောင့် လူက အတော်ကြီးကို ပင်ပန်းနေတယ်.. ပြီးတော့ ချိန်းထားတာနောက်ကျနေလို့ ဘာမှမစစ်တော့ပဲ လိုတာတွေထည့်ပြီး အိတ်အဟောင်းဆွဲပြီး ထွက်ခဲ့တာမို့။ အိတ်ထဲမှာ ကျောင်းသွားရင် ထည့်တာတွေအကုန်အပြင် အသစ်ထပ် ထည့်တာတွေရော ပါနေပြန်တော့ အကြာကြီး လမ်းလျှောက်တဲ့ အချိန်မှာ စစချင်းမသိသာပေမယ့် နဲနဲကြာတော့ ဆရာက လေးလာရော...ပြီးတော့ ရေကအမြဲသောက် နေရတော့ ရေဗူးပါ ပါနေတော့ ပိုပြီးလေးပါရော.... ဒီလိုနဲ့ တော်တော် နောက်ကျတဲ့အထိ အိတ်တစ်လုံးနဲ့ လည်တယ်လည်တယ်ဖြစ်နေပါတယ်.. အိမ်ပြန်ရောက်တော့ တော်တော် အဆင်မပြေတော့ဘူး အဲ့ဒါ ခဏလေး အိပ်လိုက်တာ အိမ်မက်ထဲမယ် ပိုးဟပ်တွေ့လို့ အော်ရသေးတယ်... ပင်ပန်းနေလို့ထင်တယ် ကြောက်ပါတယ်ဆိုတဲ့ အကောင်ကိုမှ မျက်နှာနားရောက်လာတယ်ဆိုပြီး မက်တာ အတော်လန့်အော်ပြီး မှနိုးလာရော.. ဖြစ်ချင်တော့ အဲ့ဒီလို.. အိပ်တာတောင် ကောင်းကောင်း အိပ်လို့ မရတဲ့ ဘ၀....

အဲ့ဒီအကောင်တွေက မုန်းပါတယ်ဆိုမှ စလုံးမှာလည်း အဲ့ဒီအကောင်တွေချည်းပဲရှိနေတယ်... စိတ်ပျက်တော့ ပျက်ပါတယ် ဒါပေမယ့် ရှောင်လို့မှမရတာ.. စိတ်ကုန်တယ် အဲ့ဒီအကောင်တွေမြင်ရင် ယားကျိယားကျိနဲ့ ဖြစ်နေတာကိုက အခုထိ အားတင်းပြီး ပြင်လို့မရသေးဘူး... ရီလည်းရီရတယ် အကောင်က ပိစိလေး ဒါပေမယ့် သေလောက်အောင် ရွံ့တယ်..တစ်ခါမှ မစဉ်းစားဖူးဘူး အိပ်မက်ထဲပါလိမ့်မယ်လို့ ဒုတ္ခ။