ဒီနေ့ မနိုင်နိုင်းရဲ့ ဘလောဂ့်ကိုသွားဖတ်ပြီး ပထမဆုံးနဲ့ နောက်ဆုံးနေ့ကို ဖတ်မိတယ်....
ဒါနဲ့ ခေါင်းထဲမှာပေါ်လာတာလေးတွေ ရေးချင်စိတ်ပေါ်လာမိတယ်.. ကျွန်မအတွက် ပထမဆုံးက ဘာတွေ ဖြစ်မလဲ ပေါ့.. ကျွန်မမွေးနေ့က လတစ်လရဲ့ ဒုတိယမြောက်နေ့ဖြစ်သလို ကျွန်မအတွက်ဆို အမြဲပဲ အရာရာ နှစ်ခု နှစ်စုံ၊ နှစ်ကြိမ် ဒုတိယဆိုတာ ကျွန်မအတွက် မဆန်းဘူး... ဒါပေမယ့် ကျွန်မဘ၀မှာ ပထမဆုံးဆိုတာတွေ အများကြီး ဖြတ်ကျော်ခဲ့ဖူးတယ်... ဘယ်လောက် အဆင်ပြေနေပါစေ ပထမဆိုတာ ကျွန်မအတွက် မဟုတ်ခဲ့ဘူး..
ငယ်ငယ်က အပြေးပြိုင်တော့ ကျွန်မရခဲ့တယ် ဒုတိယဆု... အတန်းထဲမှာ စာမေးပွဲ ဖြေတိုင်း ပထမ ဘယ်တော့မှ မရဘူး.. နောက်ပြီး ကျွန်မ သူများတွေလို ပထမဆုရပြီး ပျော်ချင်တဲ့ စိတ်မျိုးလုံးဝမရှိခဲ့ဘူး အဲ့ဒီအတွက် ကျွန်မဟာ ဘယ်ပြိုင်ပွဲမှာမှ မနိုင်ခဲ့ဘူး...ဒါပေမယ့် ဒုတိယဆိုတာကြီးကို မမုန်းခဲ့ပါဘူး.. သို့ပေမယ့် ချစ်တော့ မချစ်ခဲ့ဘူး...
ဒုတိယထဲမှာ ဘာကောင်းလဲဆိုတော့ အခွင့်အရေးတစ်ခုကို နှစ်ကြိမ် နှစ်ခါ ရတာမျိုးဆို သိပ်ပြီး ကောင်းတယ် ကျွန်မဘ၀မှာ ကျွန်မလိုချင်တာတဲ့ အခွင့်အရေးသာ နှစ်ကြိမ် နှစ်ခါပေါ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့. ပြီးတော့
ကိုယ့်ကို ချစ်မယ့်လူ တကြိမ်ထဲမှာ ၂ ယောက်ရှိနေတက်တာမျိုး၊ ကိုယ်က သဘောကျတဲ့လူ တပြိုင်တည်း နှစ်ယောက်ဖြစ်နေတာမျိုးပေါ့ :P ဒါက ကျွန်မရဲ့ ကံဆိုရင် ကောင်းတာတွေလည်းရှိမယ် ဆိုးတာတွေလည်းရှိ မယ်ပေါ့နော်.... ကံဆိုခဲ့ရင်လည်း လက်ခံရမယ်ပေါ့နော်..
ကျွန်မဘ၀မှာ ကျွန်မအလိုချင်းဆုံး ပထမဆုံးတွေ ရှိနေခဲ့ ရှိနေဆဲပါ...ဥပမာ- ကျွန်မချစ်သူရဲ့ ပထမဆုံး ချစ်သူ ဖြစ်တာမျိုး...ကျွန်မအပြင် နောက်တစ်ယောက်ရှိမနေတာမျိုး...တစ်ခါတည်းချစ်ပြီး တစ်ဘ၀လုံး အတူရှိနေချင်တာမျိုး.. နောက် အင်တာဗျူး တစ်ခါတည်းဖြေပြီး တစ်ခါတည်းအောင်တာမျိုးလည်း လိုချင်မိတယ်.. ကျွန်မအိမ်အတွက်တော့ ကျွန်မက တစ်ဦးတည်းသော ချစ်စရာသမီးလေး ဖြစ်နေတုန်းပဲ ဒါလေး တစ်ခုတည်း နဲ့ ကျွန်မဘ၀ ပြည့်စုံနေလို့.. ကျန်တာတွေ မပြည့်လည်း နေနိုင်ခဲ့တယ်..
တကယ်လို့ ဒီနေ့ဟာ ကျွန်မရဲ့ နောက်ဆုံးနေ့လို့သာတွေးခဲ့ရင် ကျွန်မဟာ မေမေတို့နဲ့ အတူသာ ရှိချင်ပါတယ်...
ကျွန်မနောက်ဆုံးနေ့မတိုင်ခင်မှာ ကျွန်မဖြစ်ချင်တာတွေ ဘာမှမဖြစ်ခဲ့ရရင်တောင် ကျွန်မအတွက် ပြီးပြည့်စုံစေ ဖို့ မိဘနဲ့ တစ်ဦးတည်းသော မောင်လေးနဲ့ အတူရှိနေချင်မိတယ်... ဒီလို ပြောလို့ ဂေါက်တောက်တောက် ဖြစ်နေလား ထင်မိမယ်... ကျွန်မဘ၀မှာ သူတို့ မရှိလို့မှဖြစ်တာကို..ပြီးတော့ ကျွန်မမှာ ကျွန်မနောက်ဆုံးနေ့ အတွက် လုပ်ချင်တာတွေ လုပ်ခွင့်မှမရှိခဲ့တာ..