Wednesday, 1 September 2010

LOVE

L.... Land of Sorrow
O....Ocean of Tear
V....Valley of Sad
E....End of Life..

မှတ်မှတ်ရရ တရားစခန်းတစ်ခု ၀င်တုန်းက ဆရာတော် တစ်ပါးဟောဖူးတာ နာမည် မမှတ်မိတဲ့ ကျွန်မ အကျင့်ကြောင့် ဆရာတော်ရဲ့ဘွဲ့ကို မမှတ်မိပါဘူး..မမှားခဲ့ဘူးဆိုရင် အဲ့ဒီတုန်းက တရားဟော ဆရာတော်က အခု နာမည်ကြီးနေတဲ့ ဆရာတောင် အရှင်ဆန္ဒာဓိက ဖြစ်ဖို့များပါတယ်..

ဘာအကြောင်းကို ဟောတယ်ဆိုတာ မသိပေမယ့် အဲ့ဒါလေးတော့ ဥပုပ်စောင့်ရင်း မရ ရအောင်ကို မှတ်ထား မိတယ်... သတိရတိုင်း ပြန်ရွတ်တယ် မေ့မှာစိုးလို့... အဲ့ဒီလို..

မီးမဆော့နဲ့ ပူမယ်လို့ အပြော ခံရပေမယ့် ပူမပူဆိုတာ ဆော့ကြည့်မှ သိတာကလား.. ဆော့ကြည့် ပူတယ်ဆိုတာ သိလည်း ထပ်ဆော့ ချင်နေတဲ့ လူသဘောကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာပဲ သိချင်တယ်...

ဘာမှမဖြစ်၊ ဘာမှမဟုတ်တဲ့ ဘ၀ကြီးမှာ အပူမီးတွေတိုးလို ဘ၀ကို ဘာမှမဖြစ်ပဲ ဆုံးသွားရင် အသက်ရှင်ရတာ အလကားကြီး ဖြစ်ခဲ့တာပေါ့နော်.. နှမြောစရာကြီး...