ဒီရက်တွေမှာ သီချင်းတော်တော်လေး နားထောင်ဖြစ်တယ်.. အရင် ရုပ်ရှင်ကြည့်ဖြစ်ပေမယ့် အခုနောက်ပိုင်း သီချင်းတွေပိုပြီး နားထောင်ဖြစ်တယ်.. နားကျပ်တပ်ပြီး နာထောင်တာများတော့ ကြာရင် နားပြသနာတက်မှာ
တောင်ကိုစိုးရိမ်မိတယ်... နေ့ခင်းဘက်ကို စက်နဲ့ သီချင်းနားထောင်သလို ညဘက်တွေမှာလဲ ဖုန်းနဲ့ ရေဒီယို
နားထောင်ဖြစ်ပါတယ်..
ဒါက ရောခ့်သီချင်းဆိုဒ် တခြားဆိုဒ်တွေကတော့ တခြားလူတွေသိပြီးသာလို့ထင်တာပါပဲ..စလုံးမှာဆိုတော့
Class95 ပိုပြီးနားထောင်ဖြစ်ကြမယ်ထင်ပါတယ်... အွန်လိုင်းရေဒီယိုတွေဆို အပေါ်ကဆိုဒ်လေးကမဆိုးဘူး သူငယ်ချင်းတစ်ယောက်ကလင့်ပေးတာနဲ့ တချိန်လုံးဖွင့်ပြီး နားထောင်ဖြစ်တယ်..
အရင်က ယူကျူ့သိပ်ပြီးမကြည့်ဖြစ်ပေမယ့် အခုနောက်ပိုင်းကို မြန်မာသီချင်းတွေက သူ့ဆီကနေပဲ နားထောင်
ဖြစ်တာများတယ်.. တစ်ခါတလေ သီချင်းနားထောင်နေရရင် အကုန်မေ့နေတက်ရော.. အကုန်မေ့နေဖို့ သီချင်းတွေ လိုအပ်နေတယ်..



