Tuesday, 5 October 2010

Autograph


ဒီဗွီဒီယိုလေးမြင်တော့ဟို့ဟို လောင်းလောင်းအဂိုးတုန်းက နိုင်နိုင်းကိုလက်မှတ်ထိုးခိုင်းတာ ပြန်ပြီးသတိရတယ်..

ဟုတ်တယ် မှတ်မှတ်ရရ ၂၀၀၄ ဒီဇင်ဘာထင်တယ်... MICT Park ထဲမှာ သင်တန်းတက်တုန်းက အတူတွဲတဲ့ သူငယ်ချင်းက နိုင်နိုင်းအရမ်းကြိုက်တာ.. တရက်ဝင်းထဲမှာ ရုပ်ရှင်အဖွဲ့တွေရှုပ်နေလို့ ဘယ်သူဖြစ်မလဲ ဆိုပြီး ကန်တင်းကနေ အပြန်လောင်းကြတာ... ပြီးတော့ ကျွန်မတို့တက်တဲ့ အခန်းနားမှာရိုက်နေတာဆိုတော့ အခန်းကို ပြန်တဲ့အချိန်မှာ9 10 11 ဆိုပြီး ပြောနေတဲ့အချိန်ကို နိုင်နိုင်းကတံခါးကနေ ဘွားကနဲ ပေါ်လာလို့ ရီလိုက်ရတာ.. အမှတ်တရရှိအာင်ဆိုပြီ ကျွန်မကိုင်တဲ့ ပိုက်ဆံအိတ်လေးမှာ လက်မှတ်ထိုးခိုင်းတော့ သူက ကျွန်မနာမည်ကို
မေးပြီး သေချာလက်မှတ်ထိုးပေးတယ် ပြီးတော့ ရက်စွဲလေးပဲထည့်ပေးပါဆိုပြီး ရက်စွဲထည့်ခိုင်းလိုက်တယ် ၁၀.၁၂.၂၀၀၄ထင်တာပဲ... အဲ့ဒီပိုက်ဆံ အိတ်လေး သိမ်းထားသေးတယ်.. အခုတစ်ခေါက်ပြန်တော့ ကြည့်တော့ မကောင်းတော့တာနဲ့ လွတ်ပစ်လိုက်တယ်...

အရင်က စိုင်းစိုင်းကို လက်မှတ်ထိုးခိုင်းပြီး လွယ်ခဲ့တဲ့ ကျောပိုးအိတ်လေးရောပဲမရှိတော့ဘူး ဆေးရောင်တွေ ပျယ်ကုန်လို့ ပစ်ခဲ့လိုက်တယ်.. အဲ့ဒီတုန်းက ၃၀.၈.၂၀၀၃ ...အမှန်က လက်မှတ်ထိုးထားပြီးရင် မသုံးပဲ သိမ်းထားမှကြာရှည်ခံတာ.. သုံးလိုက် ရင်ဆေးတွေပျယ်ကုန်ရော....နောက်ထပ်ကြုံခဲ့ရင် လက်မှတ်ထိုးခိုင်းဖို့ ၀ယ်ပြီးသုံးဖြစ်လိုက်တဲ့ ပိုက်ဆံအိတ် လေးတောင် အတော်ဟောင်းနေလို့ သိမ်းထားတာကြာခဲ့ပြီ...