အခုနောက်ဆုံးပြောင်းဖြစ်တဲ့ အိမ်ခန်းကအရမ်းကျဉ်းတော့ ကျွန်မပစ္စည်းတွေအတွက် နေရာအဆင်မပြေ
ဖြစ်လာပါတယ်.. ကောင်တဲ့အကျင့်လို့ တစ်ခါတလေ ခေါ်နိုင်ပေမယ့် ဒီလိုနေစရာကျဉ်းတဲ့နေရာမှာတော့
ပစ္စည်းတွေကို ၀ယ်ပြီးသိမ်းထားတက်တဲ့အကျင့်က ကျွန်မကို အဆင်မပြေဖြစ်စေပါတော့တယ်..
ကျွန်မက လိုချင်တဲ့ပစ္စည်းတွေကို လိုချင်တဲ့အချိန်မှာ ရချင်တဲ့ စိတ်ကလေးတစ်ခုရှိတာကြောင့် ကျွန်မသုံး
တက်တဲ့ပစ္စည်းတော်တော်များများကို အပိုလေးဆောင်ထားတက်တဲ့အကျင့်ရှိပါတယ်.. မျက်နှာသုတ်ပုဝါက
အစ၊ ကလစ်သေးသေး၊ ခေါင်းစီးကြိုးအဆုံး အပိုလေးတွေဆောင်ထားတက်ပါတယ်.. ဒီလိုကလည်း အကြောင်း
ရှိတာလည်းပါ ပါတယ်.. ဘာအကြောင်းလဲဆိုတော့ ကျွန်မသုံးနေကျ ပစ္စည်းသာလျှင်ကျွန်မအတွက် အဆင်
ပြေပြီး တခြားပစ္စည်းပြောင်းသုံးရင် ငွေကုန်ပြီး အဆင်မပြေတာတွေ များလွန်းလို့ပါ...
မကြာခဏကြုံရတာတော့ သုံးနေကျပစ္စည်းပြတ်လပ်မှုပါပဲ ဒါကြောင့် အလျှင်းသင့်ရင်သင့်သလို လက်ထဲမှာ
အပိုငွေရှိရင် ရှိသလို ၀ယ်ပြီး တစ်ခု(သို့) နှစ်ခုဆောင်ထားတက်တဲ့အကျင့်လေးပါ.. ပြီးတော့ ကျွန်မက
တခြားမိန်းကလေးတွေကို အ၀တ်အစားတစ်ခု၊ ဒါမှမဟုတ် အလှကုန်တစ်ခုပဲ စိတ်ဝင်စားတာမဟုတ်ပဲ
ကျွန်မစိတ်ဝင်စားတဲ့ နယ်ပယ်ကအရမ်းများတော့ ကျွန်မစုဆောင်းတဲ့ ပစ္စည်းအမျိုးအစားက သူများထက်
ပိုနေတာကြောင့် ကျွန်မနောက်ဆုံးပြောင်းတဲ့အခန်းလေးက အသက်ရှုကျပ်လောက်အောင်ကို ကျဉ်းနေ
ပါတော့တယ်..
ဒီတော့.. ဒီတော့ ဘာဖြစ်လဲဆိုတော့ အသက်ရှုချောင်ဖို့ ရှင်းလင်းရေး စပြီးလုပ်ဖို့လိုအပ် လာပါတော့တယ်.
ဘာတွေရှင်းရမလဲဆိုတာကို တစ်လလောက်အချိန်ယူပြီးအတော် စဉ်းစားရပါတယ်. အခန်းထဲမှာနေကြည့်
မှ အသုံးလိုမယ့်ပစ္စည်းနဲ့ မလိုမယ့်ပစ္စည်းခွဲလို့ရမှာကို..ဒီတော့ အခန်းကို သူ့အနေအထားကျအောင်အရင်ချ
ပြီးတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းနဲ့ မလိုမယ့်ပစ္စည်းတွေမခွဲပဲ ဒီအတိုင်းရောထားလိုက်ပါတယ်.. ပြီးရင် သိလာ
မှာပဲဆိုပြီ..
တစ်လလောက်တော့ အခန်းက ခြေချစရာမရှိအောင်ကို ပြည့်ကျပ်နေတာပေါ့.. မတက်နိုင်ဘူးလေ ဒီမှာ
ခဏခဏကြုံရတဲ့ အကြောင်းကအိမ်ရွှေ့ရတဲ့ အကြောင်းနဲ့ အိမ်တစ်ခါပြောင်းပြီးတိုင်း အရင်အိမ်မှာအသုံး
လိုတဲ့ဟာက နောက်တစ်အိမ်မှာအသုံးမ၀င်တော့တဲ့အဖြစ်မျိုး.. အဲဒီတော့ ခဏခဏအိမ်ပြောင်းဖြစ်တဲ့
ကျွန်မကတော့ အပိုပစ္စည်းတွေအရမ်းကိုများနေပါရော...၀ဲ ပစ်လိုက်ရအောင်ကိုက ပိုက်ဆံတွေလို့ မြင်
နေမိတော့ မ၀ဲဖြစ်.. ဒီလိုနဲ့ အခုအခန်းကျဉ်းလေးက ပိုပြီးကျဉ်းသွားပါတယ်.. အဲ့ဒီလိုမှ ကျဉ်းတာကို
မထားလိုက်ရင့် ကျွန်မနောက်ထပ်အပိုတွေ ထပ်ပြီးဝယ်ဖြစ်မှာစိုးတာရော.. နှမြောပြီးမပစ်မှာစိုးတာရော
ကြောင့် ကျဉ်တာကိုလက်ခံမိအောင် ဒီအတိုင်းထားထားလိုက်တယ်..
ဒီလိုနဲ့ ကျွန်မပစ္စည်းတွေကို တတိတိနဲ့ လွှတ်ပစ်တာအခုဆိုတော်လေး နေရာလေးတွေရှိလာပြီလို့ ပြော
ရမယ်... ကျွန်မအတွက်အမြဲမသုံးတဲ့ပစ္စည်းလေးတွေကို တတိတိနဲ့ တစ်ပတ်တစ်ခါလောက် ၀ဲပါတယ်..
နှမြောလားဆိုတော့ နှမြောပါတယ်...သို့ပေသိ ကျွန်မအတွက် နေရာက ရွှေထက်တန်ဖိုးကြီးနေတော့
စိတ်ဖြတ်ပြီး ပစ်ပါတယ်.. အခုဆိုတော်လေး အောင်မြင်နေပြီ။ အခန်းထဲမှာ စားပွဲခုံတစ်လုံးအတွက်
နေရာနဲ့ ဘီရိုတစ်လုံးဝင်နေပြီ...
နောက်ထပ်ပစ်စရာကတော့ ၃ နှစ်လောက် သိမ်းထားတဲ့ စာအုပ်တွေ.. စာအုပ်တွေကအရမ်းများပါတယ်.
ကျွန်မပစ္စည်းတစ်ဝတ်က စာအုပ်တွေဖြစ်နေတာ..ဒါတောင် အိမ်ပြောင်းတိုင်း လွှတ်ပစ်နေတာ သုံးခါ
လောက်ပစ်ပြီးသွားပြီ.. အရင်က စာရွက်အတိုအစက အစ သိမ်းတက်တဲ့အကျင့်ကို ပြင်ပြီး အသုံးမလို
တော့တဲ့ နုတ်စ်အထိ အကုန်ပစ်ပါတယ်..အခုတစ်ခါတော့ သိမ်းထားတာ ကြာပြီဖြစ်တဲ့ ဖတ်စာ စာအုပ်
တွေပါ ပစ်ရတော့မယ်ထင်တယ်.. စာအုပ်တွေထဲက စာတွေကို ခေါင်းထဲရောက်အောင် အရင်သွင်းဖို့
ကျတော့ မလုပ်ပဲ စာအုပ်ချည်းသိမ်းထားတာ လွန်တယ်လို့ တွေးမိတယ်..
ဒီလောက်များတဲ့ စာတွေ ကျွန်မခေါင်းထဲကို ဘယ်လိုများထည့်ရပါ့မလဲ ဒါပေမယ့် ကျွန်မရှင်းပြစ်ရမယ့်
အလုပ်ကရှိနေတော့ တက်နိုင်သလောက်ထည့်ပြီး ကျန်တာကို ဒီနှစ်အကုန် ရှင်းပစ်မယ်စိတ်ကူးတယ်
နေရာ.. နေရာ.. သိပ်ပြီး စကားပြောတယ်.. အခန်းအကျပ်ကြီးကနေ အခန်းကျဉ်းလေးထဲမှာ နေရာ
လေးတစ်နေရာအတွက် ကျွန်မစုဆောင်းထားတာတွေ.. လူသေရင်တောင် အကုန်ထားခဲ့ရသေးတာ
ဆိုတဲ့အတွေးနဲ့ ကျွန်မစွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်... လူဘ၀မှာ နေရာက သိပ်ပြီးအရေးကြီးတယ်
လို့ ဆက်စပ်ပြီး တွေးတက်တဲ့ကျွန်မကတော့ တွေးမိပါတယ်.. ကျွန်မအတွက် ကျွန်မမိဘအိမ်ကလွဲ
ရင် ဘယ်မှာမှ နေရာမရှိသေးဘူးဆိုတာလဲ သတိထားမိတယ်.. နေရာတစ်နေရာရအောင် ကျွန်မ
ကြိုးစားဖို့လိုပါဦးမယ်.. အဲ့ဒီအတွက် ကျွန်မအတွက်မလိုအပ်တဲ့ အမှိုက်တွေ ကျွန်မဘ၀ထဲကနေ
ရှင်းထုတ်ဖို့ လိုပါလိမ့်ဦးမယ် အဲ့ဒီအတွက် ကျွန်မအချိန်အတိုင်းအတာတစ်ခုလည်း လိုပါလိမ့်ဦးမယ်
အမှိုက်ထဲကတော့ ရွှေတွေ စိန်တွေ ထွက်မလာလောက်ဘူးထင်ပါရဲ့



