Wednesday, 13 October 2010

Day Dreaming or A Wish

အိမ်မှာ ဖေဖေက အပြာရောင်ကြိုက်တာမို့ ဖေဖေ၀ယ်တဲ့ ပစ္စည်းအတော်များများဟာ အပြာရောင်ဖြစ်နေတက် ပါတယ်.. မေမေကတော့ အစိမ်းရောင် ခရေဇီဖြစ်တာမို့ မေမေ၀ယ်သမျှလည်း အစိမ်ရောင်ဖြစ်နေ တက်ပါတယ်.. အိမ်မှာ ပစ္စည်းတော်တော်များများဟာ ဖေဖေ၀ယ်တာဖြစ်တာမို့ အပြာရောင်ပစ္စည်းလေးတွေ များပါတယ်.. ဥပမာ ခန်းစီးကအစ မီးဖိုချောင်သုံးတဲ့ ဇကာလေးတွေ စဉ်လေးတွေကအစပေါ့... ဒါကြောင့် ကျွန်မ ငယ်ငယ်က အပြာရောင်ကို မကြိုက်ဖြစ်ပါဘူး.. ဘာလို့လဲဆိုတော့ ဘာပစ္စည်းကိုင်ကိုင် ပြာနေတာ ဖြစ်လို့.. အဲဒီတော့ အစိမ်းရောင်ဘက်ကိုလိုက်ပြီး အစိမ်းရောင် ကြိုက်လိုက်ပါတယ်..၄ တန်းလောက်အထိပဲ..

တက်နိုင်ရင် ကျောင်းတွေက အသင်းတွေကို အစိမ်းအသင်းရအောင် ကြိုးစားပါတယ်.. ဒါပေမယ့် အ၀ါအသင်း
တော့လုံးဝမကျချင်ဘူး ဘာလို့လဲဆိုတော့ ငယ်ငယ်က ကျွန်မကို အနိုင်ကျင့်တဲ့ ကောင်လေးက အ၀ါအသင်း ခေါင်းဆောင်ဖြစ်ခဲ့ဖူးလို့...ဒီလိုနဲ့ အစိမ်းအသင်းမရရင် အနီသင်းမှာနေပါတယ်.. အပြာအသင်းကိုလည်း ဘယ်တော့မှမသွားခဲ့ဘူး ဆိုပါတော့ ဒီလိုနဲ့ ကျွန်မဟာ အနီရောင်ကိုစပြီး ကြိုက်နှစ်သက်မိပါတယ်....

မေမေ့အ၀တ်တွေအတော်များများဟာ အစိမ်းနဲ့ လွတ်တဲ့အ၀တ်ရှားပါတယ်...ဒီလိုနဲ့ အစိမ်းရှောင်တဲ့လူလည်း တစ်ခါဖြစ်ခဲ့ပြန်ပါရော ဒီတော့ ဘာလုပ်လဲဆိုတော့ စိတ်ထဲမှာဝင်လာရွေးချယ်မိတာက အနီရောင် ဒီလိုနဲ့ ကျွန်မ အကျီတွေတော်များများက အနီရောင်တွေဖြစ်လာပါရော.. ၀ယ်မယ်ဆိုလည်း အနီရောင်ရွေးပြီး ၀ယ်ဖြစ်လာ တော့တယ်.. အနီရောင်အ၀တ်အစားမ၀တ်ဖြစ်ရင်တောင် ကိုင်တဲ့ပစ္စည်းတစ်ခုခုတော့ နီနေတာမျိုး...

တက္ကသိုလ်စတ
က်တော့ ကျွန်မသူငယ်ချင်းတစ်ယောက်က သူ့ကောင်လေးနာမည်ကြောင့်ရော သူကတရုတ် လူမျိုးဖြစ်နေတာရောကြောင့် သူငယ်ချင်းတွေ ဆင်တူဝယ်ရင် အနီကိုသူကအမြဲယူသလို ကျွန်မတို့သူအတွက် အနီရောင်က သင့်တော်တယ်လို့ယူဆပြီး တစ်ခြားအရောင်တွေ ကျွန်မရွေးရပါတော့တယ်. အဲ့ဒီအချိန်မှာ ကျွန်မ အတွက်ရွေးချယ်တာ အသားရောင်...

ကျွန်မက အနီရောင် မသုံးဖြစ်ပေမယ့် ကျွန်မသူငယ်ချင်းက အနီရောင်တစ်ခုခုတော့သုံးနေတော့ ကျွန်မ အတွက်တော့အဆင်ပြေပါတယ်..ကိုယ်မသုံးလဲ မြင်နေရတာကို.. ဒီလိုနဲ့ ကျောင်းတွေပြောင်းတော့ ကျွန်မရန်ကုန်ရောက်သွားပါတယ်..၂ နှစ်လောက် ကြာမှ ကျွန်မရွေးတဲ့အရောင်တွေထဲမှာ အနီရောင် သိပ်ပြီးမပါဖြစ်ခဲ့ဘူး နောက်ပိုင်း ကျွန်မတစ်ယောက်တည်း ဈေးဝယ်တာများလာတော့မှ အနီရောင်တွေ ပစ္စည်း တွေ အတော်များလာတယ်...

မနေ့က စိတ်ကူးယဉ်မိတယ်. ဖေဖေက အပြာရောင်ကြိုက်တဲ့လူဆိုတော့ ကောင်းကင်ပြာကြီးပေါ့..ဒါဆို မေမေက အစိမ်းရောင် မြက်ခင်းစိမ်းစိမ်းလေး ကျွန်မက အနီရောင် နှင်းဆီပန်းတစ်ပွင့်.. ဒီလိုဆို သိပ်ပြီးလှတဲ့ ပန်းချီကား တစ်ခုတော့ဖြစ်သွားမယ်လို့.. စိတ်ကူးလေးရမိတယ်...နေ့လည်ခင်းစိတ်ကူးယဉ်ခြင်းပေါ့....

ကျွန်မက တကယ်ကြီးကို ကောင်းကင်ပြာနဲ့ မြက်ခင်းစိမ်းစိမ်း ကြားက ဆူးခက်တွေထက်ပြီးများတဲ့ နှင်းဆီတစ်ပွင့် ဖြစ်ချင်မိတယ်... နေသာနေတော့လေ နှင်းဆီရနံ့တွေကသိပ်ပြိး မွှေးနေမှာပဲလို့လေ.. သြော် မောင်လေး။ သူ့ကို
ချန်ထားခဲ့ရင် နှုတ်ခမ်းစူ မျက်မှောင်ကျုတ်ပြီး ကြည့်နေမှာ.. သူ့ကို ချန်ခဲ့လို့မဖြစ်ဘူး..် သူကအဖြူရောင်ကြိုက်တော့ မိုးသားပြာပြာကြားက တိမ်တိုက် ဖြူဖြူလေး ဒါဆို သူပိုပြီးသဘောကျ မယ်ထင်တယ်...

အရောင်မစုံပေမယ့် ကြည်လင်တဲ့ပန်းချီကားတစ်ချပ် မြင်ကွင်းတစ်ခုဖြစ်မယ်လို့ ကျွန်မယုံကြည်ပါတယ်..