Monday, 4 October 2010

Make A Big Mistake By Myself

တစ်ခါတလေ ကိုယ့်ကိုယ်ကို သိရဲ့နဲ့အမှားလုပ်တာ လူတွေရဲ့ဘ၀မှာအဆိုးဆုံးပဲထင်တယ်...တစ်ခါတလေ သီအိုရီချည်း သိနေလို့ အပိုပဲလို့ ခဏခဏအပြောခံရတာကို လက်တွေ့ ကိုယ်တိုင်တွေ့လိုက်မှ လက်ခံမိတယ်. ..တကယ်တော့ သီအိုရီဆိုတာ လက်တွေ့မပါနဲ့ မှန်ကြောင်း သက်သေပြဖို့ သိပ်ပြီးခက်တာပဲ....ဒါပေမယ့် သက်သေပြချက် မှန်နေရင်တော့ သီအိုရီကြီးမှားတယ်လို့ ပြောမရပြန်ဘူး။ ဒီလိုဒီလို သီအိုရီနဲ့ သက်သေပြချက်က ပက်သက်နေတယ်...

ဖတ်ဖူးတယ် တစ်ခါတလေ လောကကြီးမှာ သိနေပေမယ့် မပြောပဲနေရတယ်လို့... ဒါကို မထိန်းနိုင်ခဲ့ဘူး သိပ်ပြီး သိချင်နေတာ... သိတာများရင် သေလိမ့်မယ်လို့ ပေါင်ချိန်ကားထဲမှာလဲ ပြောထားရက်နဲ့ အပြောင်းအပျက် သဘောထားမိတဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလိုဖြစ်နေတယ်.. သိပ်ပြီး သိချင်လို့ကြိုးစားမိတဲ့ ကျွန်မ သေသင့်သူပါ... အကြိမ်ကြိမ်သတိတွေပေးထားရက်နဲ့လို့ ယူကြုံးမရဖြစ်မိတယ်... သတိဆိုတာ ပိုတယ်မရှိဘူးလို့ လူကြီးတွေ ပြောတုန်းက ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့မိတယ်.. တကယ်တော့ ကျွန်မက သူငယ်နှပ်စားလေး တစ်ယောက်ဖြစ်နေတာကို သိခွင့်ရလိုက်တဲ့အချိန်မှာ ကျွန်မကိုယ့်ကိုကိုယ် ပြန်ပြီးကယ်တင်ဖို့ အတော် ကြိုးစားရဦးမယ်လို့ သိလိုက်ပါတယ်.. သိသိချင်းပျာယာခတ်အောင် အပူတပြင်းကြိုးစားပြီးရှာဖွေခဲ့ပါတယ်.. သိုပေမယ့် ကျွန်မကိုယ်တိုင် ကြိုးစားရင်း အမြစ်တူးနေသလို အဖြစ်မျိုးရောက်သွားခဲ့တယ်...

လွန်ခဲ့တဲ့ ၇ နှစ်လောက်က စပြီး ကြားဖူးတဲ့ သီချင်းတစ်ပုဒ်က နားထောင်လို့ ကောင်းပေမယ့် တကယ်ခံစား ရတော့ ရင်ဘက်နာတယ်... တစ်ခါတလေ ပုံပြင်ဆိုတာ နားထောင်ကောင်းပေမယ့် တကယ်ကျတော့ ပင်ပန်း တယ်... ဇာတ်ပေါင်းခန်းမရောက်ခင် မောနေအောင်ကရတာ မလွယ်ဘူးဆိုတာ လက်ခံမိတယ်... အသက်ကြီးမှ ၀က်သက်ပေါက်တာက ငယ်တုန်းပေါက်တာထက်ပိုဆိုးတယ်လို့ ကြားဖူးပေမယ့် သိပ်ပြီး ခံရလိမ့် မယ်လို့ ဘယ်သူက သိမှာလဲနော်...

သူများကို လက်ညှိုးထိုးဖို့တော့ သိပ်ပြီးလွယ်ပေမယ့် ကိုယ့်ကျတော့ အထိုးမခံနိုင် စေ့စေ့ကြည့်တာတောင် ခံနိုင် တဲ့ ကျွန်မတော့ အပြစ်ကြီးကြီးတစ်ခုကို ဖန်တီးလိုက်မိတယ်... ၀ဋ်နာကံနာလို့ဆိုရအောင်လည်း မဟုတ်။ အမှန်ဆို ကံနာလို့ပြောရမယ့်... ဖြစ်ရမယ့်ကံပါနေရင် ဘယ်လိုမှမလွတ်ဘူးဆိုပြီး မရှောင်ပဲနေတာပိုဆိုး တာလား ရှောင်လိုက်လို့ ထိသွားတဲ့ တွတ်ပီလက်က သမင်လားတော့ အခုထိ မသိဘူး... ရေးသာေ ရးနေတယ် ပြန်ဖတ်ဖြစ်ပါ့မလား... အမှားးဆိုတာ ခဲတံနဲ့ ရေးလို့ခဲဖျတ်နဲ့ ဖျက်လို့ရရင်တောင် အရာလေးတော့ ကျန်ခဲ့တာပဲ အဲဒီအရာလေးက ကိုယ့်ဖိပြီးရေးထားခဲ့ရင် ရေးထားခဲ့သလောက် ကြာနေတက်တာဆိုတော့ ကျွန်မကိုယ် ကျွန်မ ဘယ်လောက်ထိ ဖိပြီးခဲဆွဲခဲ့သလဲဆိုတာ ပျောက်သွားတဲ့အချိန်ကိုကြည့်ပြီးမှ သိတော့မယ်ထင်ပါရဲ့...