Thursday, 30 December 2010

2011

2008 အတွက် ဆုတောင်းလေး ရေးခဲ့သလို ၂၀၁၁ အတွက်လည်း ဆုတောင်းရေးချင်မိတယ်..
ဘ၀ဆိုတာ အနှိပ်အမြင့်ရှိပေမယ့် ဘယ်လောက်အခြေအနေတွင်းမှာ နိမ့်မှာလဲ မြင့်မှာလဲဆိုတာပဲ

၂၀၁၁ ထဲကိုတော့ ကျွန်မ ၁၀ နှစ်လောက်ထမ်းပိုးထားခဲ့ရတဲ့ ဒုက္ခတွေ သယ်မသွားချင်ဘူး... ကျွန်မက တန်ဖိုးထားပြီး သယ်ပိုးခဲ့လဲ ကျွန်မအတွက် တစက်လေးမှအကျိုးမရှိခဲ့ဘူး.... အရာအားလုံး လူသစ် စိတ်သစ် နဲ့ ပြန်စချင်တယ်.. .. ဒါပေမယ့် ခဏခဏ ပြန်စရတာမျိုးတွေ မုန်းလာတယ်..

အသက် ၂၀ တုန်းကလို အမှတ်တရတွေကို ရင်ထဲမှာ ထည့်ပြီး သိမ်းမထားချင်တော့ဘူး ကျွန်မမျှော်မှန်းထားတဲ့ အသက် သုံးဆယ်မှာ ကျွန်မလိုချင်တဲ့ တည်ငြိမ်မှု့တစ်ခုကိုရချင်တယ် .... ဒီထက်ပိုပြီး စိတ်ဆင်းရဲတယ်ဆိုတာ မျိးတွေမရှိနိုင်တော့ဘူးလို့ မှတ်ယူမထားပါဘူး... ဒါပေမယ့် ဘ၀ဆိုတာနဲ့ ပက်သက်တဲ့ စိတ်ဆင်းရဲမှု့တွေတော့ လူပီပီ ကြုံခဲံဖူးပြီပေါ့... သုံးဆယ်ဆိုတဲ့အသက်နဲ့ တန်တဲ့ အတွေ့အကြုံတွေတော့ ရှိနှင့်နေပါပြီ.. ၂၀၁၁ မကူးခင် ထိတော့ ငိုပါရစေ... အားရအောင် ငိုပါရစေ... အဲ့ဒီငိုကြွေးမှုအတွက်တော့ ၂၀၁၁ကစလို့ နောက်ထပ်တစ်ကြိမ်ဆိုတာ မရှိ ပါရစေနဲ့လို့ပဲ ဆုတောင်းပါတယ်..

သီချင်းတစ်ပုဒ်
စကားတစ်ခွန်း၊
အကြည့်ချက်က
ငါ့ အသက်ခြွေလုပြီ..
ငါလဲမောပြီ..
နောက်နှစ်များအတွက်
ငါ့ကို လွတ်မြောက်ခွင့်ပေးပါ သခင်..
နှင်းဆီနီနီ...