Sunday, 12 December 2010
၂၀၁၀
Posted by Red's Rose Dream at 00:43လောကမှာ ၀မ်းနည်းအစရာအကောင်းဆုံးက ကိုယ်ပေးလိုက်တာမရတာရယ်...ဘာမှအသုံးမ၀င်ဘူးပြောခံရ
တာရယ်...စိတ်အရင်းနဲ့မဟုတ်ပဲ မာယာပါလို့ ပြောခံလိုက်ရတာရယ်.. ၀မ်းနည်းဖို့အကောင်းဆုံးပဲ...
ကိုယ်တိုင်မခံစားဖူးရင် မသိဘူးဆိုတဲ့စကားသိပ်ပြီးမှန်တယ်..
ဘယ်အရာမှ လွယ်လွယ်ကူကူမရဘူး... ကိုယ်ကလည်းမပေးရဘူး ဆိုတဲ့စကားကလည်းသိပ်ပြီးမှန်တယ်...
လွယ်လွယ်ပေးရင် လွယ်လွယ်ပဲတန်ဖိုးဖြတ်ခံရတက်တယ်လို့ ပြောတာကြားဖူးတယ်.. ကိုယ်တိုင်ကြုံတော့...
နောက် မှန်ကန်ရင်ကွဲတယ်ဆိုတာလည်း သိပ်ပြီးမှန်တယ်... ဘယ်အရာမှပွင့်လင်းတာ မကောင်းဘူးတဲ့ ရှေးလူကြီးတွေ ဆုံးမကြတယ်... ကြားဖူးတယ်...
တကယ်တန်းကြတော့ လူတွေက ပွင့်ပွင့်လင်းလင်းပြောတက်တဲ့လူဆို ငပေါကြီးအဖြစ်မြင်တက်ကြတယ်... ကျန်တဲ့လူတွေ ဘယ်လောက်ပဲ ငပေါမြင်မြင်
ကိုယ်အလေးထားတဲ့ လူ တစ်ယောက်လောက်က အဲ့ဒီလို မြင်ရင် အတော်ကြီး ၀မ်းနည်းဖို့ကောင်းတယ်....
နောက်ဆုံးရလိုက်တာက
- ဘယ်တော့မှအမှန်မပြောနဲ့ မှန်တိုင်းလည်း လူတိုင်းကလက်မခံနိုင်ကြလို့ပဲ
- ကိုယ်စိတ်ထဲကနေ ဘယ်လောက် မုန်းမုန်း မုန်းတဲ့လူမသိစေနဲ့ ပညာရှိအမျတ်အပြင်မထွက်စေနဲ့ဆိုတဲ့ စကားအတိုင်း
- ပွင့်ပွင့်လင်းလင်းနေရင် လူအထင်သေးတက်တယ်.. အဓိက အရှိအသေတန်အောင်မနေနဲ့လို့ ပြောချင်တာ
- နောက်ပြီး စကားကို ချိုချိုသာသာပြော... နှုတ်ချိုလျှိုတစ်ပါးဆိုတဲ့ စကားပုံကို လုံးဝမမေ့နဲ့
ဘယ်လောက် ရင်းနှင်းခင်မင်တဲ့လူဖြစ်ပါစေ ရင်းရင်းနှီးနှီး ဘယ်တော့မှ စကားမပြောမိစေနဲ့
စည်းလေးနဲ့ပြော ဒါမှ လူရိုသေပြီး တန်ဖိုးရှိမှာ....ပြီးတော့လည်းအဲ့ဒါမှ ချစ်တဲ့ခင်တဲ့လူပေါမှာ
- နောက်ဆုံးက လောကမှာ ငါ သည်သာ ပထမ ဆိုတာ ဘယ်တော့မှမမေ့နဲ့
၂၀၁၀က သင်ပေးလိုက်တာက သတိထားပြီးချစ် အချစ်က ဆူးတက်သည်...တဲ့



