Monday 15 June 2009

ကြာဇံချက်( Behon with Chicken soup)


ဒါလေးများ အရေးတယူလုပ်ပြီးတင်တယ်လို့ မထင်လိုက်ပါနဲ့။ ဒါက ကျွန်မရဲ့ ပထမဆုံးချက်ဖူးတဲ့ ကြာဆံချက်။ အိမ်မှာက မေမေဘဲချက်တာ။ ကိုယ်က ဘေးကနေ ကူယုံတင်ကူတာဆိုတော့ နည်းတော့ သိပါတယ်။ အစဆုံး ကိုယ်မလုပ်ဖူးတော့ ဒါက ပထမဆုံး ကြာဆံချက်ပေါ့။ မဆိုးဘူး စားလို့ ကောင်းတယ်။ ကိုယ့်ဘာသာချက်ပြီး ကျေနပ်နေတယ်။ စကားကောင်းလိမ့်မယ်လို့ မထင်ထားပေမယ့် စားကောင်းခဲ့တယ်။

ထူးခြားတာကတော့ ကြက်သားဆီသတ်တဲ့အချိန်မှာ ကြာဇံကို ထည့်ပြီး ဆီသတ်ခဲ့ပြီးတော့ ချက်တာ ကြာဇံသိပ်ပြီး မပွဘူး။ အဲ့ဒါလေး တစ်ခုပါဘဲ။ ပထမဆုံး ကြာဇံချက်ကတော့ အောင်မြင်သွားပါတယ်။ ကြာဇံချက်က ပစ္စည်းစုံပေမယ့် အဆာဗလာကတော့ မစုံဘူး။ ဒါပေမယ့် စားကောင်းတာဘဲ။ ကိုယ့်ဘာသာ ချက်ပြီး စားလို့ကောင်းပြီး ကျေနပ်တဲ့အထဲမှာလည်း ပါတာကြောင့် ဘလောဂ့်မှာတင်ဖြစ်ပါတယ်။