Thursday, 9 July 2009

MJ

Michael Jackson ရုတ်တရက်သေသွားတာ အနုပညာလောကကို တိုက်ရိုက် ရိုက်ခက်တာတင် မဟုတ်ဘဲ။ လူတွေရဲ့ စိတ်ဓါတ်တွေကိုပါ ရိုက်ခက်တယ်လို့ မြင်မိပါတယ်။ သူလုပ်ခဲ့တာတွေ တစ်ပုံတစ်ကြီးရှိပေမယ့် ကိုယ်တောင် သူ့လောက် အရာထင်အောင်မလုပ်နိုင်တဲ့လူတွေက ပစ်တင်ဝေဖန်ကြတယ်။ အပိုစာဒါးတွေ လို့ မြင်တဲ့လူက မြင်ကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူသေဆုံးသွားတာက အမှန်တကယ် လူအများကို ရိုက်ခက် လိုက်တယ်ဆိုတာကတော့ ဘယ်သူမှငြင်းလို့ မရပါဘူး။

ကျွန်မကိုယ်တိုင်က သူရဲ့ အမာခံပရိတ်ပတ်မဟုတ်ပေမယ့် သူ့အကတွေကို တော်တော်လေး ကြိုက်ခဲ့သူပါ။ ပြီးတော့ သူ့တရားရင်ဆိုင်ခဲ့တဲ့အမှုတွေအတွက်လည်း သူ့ကို တော်တော်လေး အထင်သေးခဲ့တယ်။ ဒီကောင် ဘာကောင်းလဲပေါ့လေ။ ကတာတော်တာကို သဘောကျပေမယ့် နဲနဲလေးမှ မလေးစားမိဘူး။ သူ လုပ်ခဲ့တဲ့ အလုပ် တွေအတွက် အပိုတွေလုပ်နေတယ်လို့ ဘာမှမသိဘဲ ထင်ထား၊ မြင်ထားခဲ့သူပါ။ ဒါပေမယ့် အခုနောက်ပိုင်း အသက်ရလာတော့ စဉ်းစားမိတာက လောကမှ အရာတစ်ခုထင်ဖို့ လူတွေ စိုက်ထုတ်ရတဲ့ အင်အားက မနည်းဘူးဆိုတာ သိလာခဲ့တယ်။ နောက်ပိုင်း အရာထင်အောင် လုပ်နိုင်တဲ့ လူတွေကို လေးစားမိတယ်။ ပိုက်ဆံအဓိကမဟုတ်ပေမယ့် လူကြားထဲ လူတွေ အသိအမှတ်ပြုခံရတယ်ဆိုတာ တော်တော့်ကို မလွယ်တဲ့ ကိစ်္စဆိုတာ လက်တွေ့ သိမြင်လက်ခံလာတဲ့ အချိန်မှာ MJ ကို တော်တောလေး လေးစားမိပါတယ်။

သူသေမှ သူ့အကြောင်းတွေပြန်ဖော်တော့ ငယ်ငယ်က ပိုက်ဆံအတွက် ငယ်ဘ၀ကိုစွန့်လွှတ်ခဲ့ရတဲ့ ကလေး တစ်ယောက်ရဲ့ ခံစားချက်ကို စာနာသနားမိပါတယ်။ ကျွန်မကိုယ်တိုင် ငယ်ဘ၀ကို လွတ်လွတ်လပ်လပ် အားပါးတရပျော်ခဲ့ရပေမယ့် အခုအချိန်ထိ ပြန်လိုချင်တုန်းပါဘဲ။ တန်ဖိုးထားတုန်းဘဲ။ သူလို အသက်ငါးနှစ် ကတည်းက ပိုက်ဆံရှာဖို့အတွက် လုံးပန်းနေရမယ့် ကလေးတစ်ယောက်ရဲ့ ဆုံးရှုံးမှုကို စာနာမိတယ်။

MJ ရဲ့ သေဆုံးမှုနဲ့ ပက်သက်ပြီး ကျွန်မအတွက် စဉ်းစားစရာတွေအများကြီး ရခဲ့ပါတယ်။ ငါ ဘာလုပ်ပြီးပြီလဲ၊ ဘာလုပ်ဖို့လိုသေးလဲ။ ပြီးတော့ အလုပ်တစ်ခုလုပ်ရင် ဘာလို စိတ်ထားနဲ့လုပ်ရမလဲ။ MJဟာ တကယ်တော့ ကျွန်မတို့အတွက် အတုယူစရာကောင်းတဲ့ လူတစ်ယောက်ပါ။ ကိုယ့်ဘဝကို အဖြစ်သင့်ဆုံးအခြေအနေကို ရောက်အောင် ဖန်တီးနိုင်တဲ့ လူတစ်ယောက်ပါ။ အဲ့ဒါကို အတော်လေး အားကျမိပါတယ်။ လေးစားမိပါတယ်။ အတုယူရမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးမိပါတယ်။

ရင်သပ်ရှုမောစရာ မြင်ကွင်းတွေရဲ့နောက်မှာ အနိတ်ထာရုံတွေရှိနေတက်တာ ဓမ္မတာပဲမို့ သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ နဲ့ ပက်သက်တဲ့ ကိစ္စလေးတွေရှိပေမယ့် သူလုပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး လို့ ခံစားပါတယ်။ နောက်တစ်ခုက တကယ်လို့များ ကျွန်မရဲ့ ဖေဖေ MJ လိုသာဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်လေး ၀င်လာပါတယ်။ ကျွန်မအသက်အရွယ်နဲ့ ကျွန်မဖေဖေကို အသက်ဆက်ပြီး ရှင်စေချင်ပါသေးမယ်။ ဒီ အတ္တလေး ပေါ်လာမိပါတယ်။ MJ သားသမီးတွေ ကြည့်ပြီး သနားမိတယ် ကိုယ်ချင်းစာမိပါတယ်။ မိဘသေလို့ ခံစားရတယ် ဆိုတာ ကိုယ်တိုင် မိဘသေဖူးမှသိတာပါ။ ကိုယ့်မိဘ မသေဖူးသေးဘဲနဲ့တော့ သူတို့နဲ့ထပ်တူ မခံစားရလောက်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် အသက်ရှင်နေတုန်းလေး ပိုပြီး တိုးချစ်မယ်လို့ ဆုံးဖြတ်မိပါတယ်။

2 comments:

khin oo may 09 July 2009 14:27  

ကောင်းတယ။် ရှိုံတုံးချစ်ပါ။

လင်းကြယ်ဖြူ 18 July 2009 03:31  

သေမှခင်တတ်တာ မကောင်းပါတဲ့..ကြားဖူးတယ်..
စိတ်ကူးကောင်းတယ်..

About This Blog

ဘာမှမထူးခြားပေမယ့် ကျွန်မရဲ့အတွေးနဲ့ လက်ရှိကြုံတွေ့နေရတာတွေကို
အမှတ်တရအနေနဲ့ ရေးတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတစ်ခုပါ။

  © Blogger template Valentine by Ourblogtemplates.com 2008

Back to TOP