Tuesday, 11 September 2012

Drop the burden of past.

တစ်ခါတလေ အတိတ်ကို ထမ်းပိုးထားရတာက အသက်ရှင်ရတာထက်ကို ပိုပြီး ခက်ခဲပါတယ်.. အတိတ်က အတိတ်အတိုင်းပဲ ထားနိုင်ဖို့ အတော်ကြီးမလွယ်တဲ့ကိစ္စပေါ့... အတိတ်က အဲ့ဒီလောက်မဆိုးပေမယ့် ထမ်းပိုးထားရတဲ့ဒဏ်က အတော်လေးဆိုးပါတယ်... ထမ်းပိုးထားတဲ့ အချိန်က လူကိုပိုပြီး ပင်ပန်းစေပါတယ်...

ကျွန်မအကျင့်ဆိုးတွေထဲက တစ်ခုကတော့ အတိတ်ကို ထမ်းပိုးပြီး ကိုယ့်ကိုကိုယ် နားကျင်နေစေချင်းပါပဲ... ဒါမှလည်း ကျွန်မရဲ့ ရှုံးနိမ့်ခြင်းတွေကို အမှတ်ရနေစေမယ်လို့ ယုံကြည်ခဲ့တာကို... ဒါက ကျွန်မကို ပိုပြီး နာကျင် စေမယ်လို့ အရင်ကလုံးဝမတွေးခဲ့မိဘူး........အခုနောက်ပိုင်း နားလည်း လိုက်တာက အတိတ်ကို လွတ်ချလိုက်တာက ကျွန်မကိုကျွန်မ တုပ်နှောင်ထားတဲ့ ကြိုးတွေက ဖြေပေးလိုက်တာပဲလို့... ကျွန်မကိုယ်ကျွန်မ လွတ်မြောက်ခွင့်၊ လွတ်လပ်ခွင့်ပေးလိုက်တာပဲဆိုတာကိုပါ...

အတိတ်မှာ နာကျင်ကြေကွဲနေမယ့်အစား အနာဂါတ်အသစ်လေးကို ကျွန်မကြိုဆိုသင့်သပေါ့... ထမ်းပိုးထား ရတာကြာလို့ ကျွဲပခုံးထနေတဲ့ စိတ်ဓါတ်တွေ၊ နှလုံးသာတွေကို ပြန်လည်ကောင်းမွန်အောင် မွေးမြူသင့်သပေါ့နော်...

ပျော်ရွှင်မှုကလည်း ကျွန်မအတွက်ဖြစ်နိုင်ပါတယ်လို့...
ကျွန်မလည်း ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်လို့...

Reminding myself not locked in the past...
I should keep forward...
And I deserve Happy..,
And I am worth it !