ဒီပုံပြင်လေးကို ကျွန်မငယ်ငယ်ကဖတ်ဖူးတဲ့ ပုံပြင်စာအုပ်မှ ကျွန်မမှတ်မိသလောက်ကို ပြန်ရေးထားတာဖြစ်ပါ တယ်။ မူလပုံပြင်စာအုပ်မှာ မရှိတော့တာကြောင့် စဉ်းစားပြီးတက်နိုင်သလောက်တူအောင်ပြန်ရေးထားတာ ကြောင့် လွဲမှားမှုများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါရန်နှင့်။ စာလုံးပေါင်း၊သတ်ပုံမှားယွင်းခဲ့ပါလျှင်ခွင့်လွှတ်ပေး ကြပါရန်တောင်ပန်တယ်။
တခါတုန်းက ငရဲပြည်မှာ ငရဲသားခြေကျိုးလေးတယောက်ရှိသတဲ့။ သူဟာငရဲပြည်ကိုဝင်တဲ့ အ၀င်တခါးကို စောင့်ရတဲ့ တာဝန်ကိုယူရတဲ့သူပါတဲ့။ သူစပြီးတာဝန်ယူစဉ်က ငရဲပြည်ကိုအမျိုးသားတွေသိပ်လာတာ မတွေ့ ရပေမယ့်၊ အခုနောက်ပိုင်းမှာတော့ ငရဲပြည်ကိုအမျိုးသားတွေ အလာများတာကို သတိထားမိပါသတဲ့။ အဲ ဒါနဲ့ တစ်နေ့မှာ ငရဲပြည်ကိုဝင်လာတဲ့လူ တစ်ယောက်ကိုသူက ဘာဖြစ်လို့ငရဲပြည်ကို အမျိုးသားတွေချည်း ငရဲပြည် ကိုအရောက်များတာလည်းလို့ မေးကြည့်တဲ့အခါမှာတော့ အမေးခံရတဲ့သူက၊အမျိုးသမီးတွေကြောင့်ပေါ့ဗျာလို့ မျက်နှာမသာမယာနဲ့ ပြန်ဖြေသတဲ့။ ဘာဖြစ်လို့ အမျိုးသမီးတွေကြောင့်လို့ ပြောရတာလည်းလို့မေးတဲ့အခါ မှာတော့ သိချင်ရင် တိုယ်တိုင်သာသွားကြည့်ပါလို့ ပြန်ဖြေသတဲ့။ ငရဲသားဟာသိပ်ပြီးသိခြင်နေတော့ သူ့ သူငယ်ချင်း ငရဲသားလေးတစ်ယောက်ကိုခေါ်ပြီး အမျိုးသားတွေဘာလို့ ငရဲပြည်ကို အလာများရတဲ့ အကြောင်း ကို သူလူ့ပြည်ကို အလည်သွားပြီးလေ့လာခြင်ကြာင်းဖွင့်ပြောပါသတဲ့။ သူ့သူငယ်ချင်းက၊ မင်းဒီလောက် ဆန်ဒ ပြင်းပြနေရင်လည်း မတားတော့ဘူးသွားပေါ့တဲ့။ ဒီက ကိစ်စတွေကိုတော့စိတ်မပူဘဲ စိတ်အေးအေးထားပါတဲ့။ ဒါပေမယ့် အပြန်ကျရင်တော့လူ့ပြည်မှာဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကိုသာသူ့ကိုအကုန်ပြောပြရမယ်လို့ ကတိ တောင်းပါသတဲ့။ အဲဒါနဲ့ ငရဲသားလေးကလည်း လွယ်လွယ်ကူကူပါဘဲ ကတိပေးလိုက်သတဲ့။
ငရဲသားလေးဟာ လူ့ပြည်ကိုလည်းရောက်ရော ၀တ်ကောင်းစလှတွေကို ၀တ်ပြီးလူစည်ကားရာ ဈေးနေရာ တွေမှာ လမ်းလျှောက်ထွက်ပါသတဲ့။ အဲဒီမှာဘဲ အိမ်တစ်အိမ်ရဲ့ ပြတင်းမှာအမျိုးသမီး တစ်ဦးရပ်နေတာကို တွေတော့ သဘောကျပြီး သူ့မိဘကို တောင်းရမ်းဖို့ပြင်ဆင်ပါသတဲ့။ ကလေးမရဲ့ မိဘတွေကလည်း သူတို့ရဲ့ သမီးကို လာပြီးတောင်းရမ်းတဲ့သူက မွန်မွန်ရည်ရည်လေး၊ ၀တ်ကောင်းစလှတွေကိုဝတ်ထားတာကြောင့် သူဆင်းရဲထဲကတော့မဖြစ်နိုင်ဘူးဆိုပြီး ဘာမှကိုမမေးနေတော့ဘဲ သဘောတူလိုက်ကြပါသတဲ့။ ငရဲသားလေးက သူယူမယ့် အမျိုးသမီးကိုမယူခင်မှာ မင်းလိုခြင်တာအားလုံးဘယ်လောက်ပဲဖြစ်ဖြစ်ဝယ်လို့ရတယ်၊ ၀ယ်းလည်းဝယ်ပေးမှာဖြစ်တယ်လို့ပြောပါသတဲ့။ ဒါပေမယ့် လက်ထပ်ပြီးတဲ့ အခါကြ ရင်တော့ သူ့ကို ဟိုဟာလိုခြင်တယ်၊ ဒီဟာလိုခြင်တယ်လို့မပူစာ ရဘူးနော်လို့ ပြောပြီးကတိတောာင်းပါသတဲ့။ သူ ယူမယ့်အမျိုးသမီးလေးက လည်းအော်.. ဒါလေးများ.. မောင်ရယ် ကတိပေးပါတယ်၊ သူ့ကိုသာ သူလိုခြင်တာတွေဝယ်ပေးသူဘယ်တော့မှ မပူစာ ဘူးလို့ ကတိပေးလိုက်သတဲ့။ ငရဲသားလေးလည်းဝမ်းသာ သွားပြီး ကောင်မလေးလိုခြင်သမျှကို မညို မညင် လိုက်ပြီးဝယ်ပေးပါသတဲ့။ ၀ယ်လိုက်တာများအိမ်တစ်လုံး ထဲမှာဘီရိုဝယ်ပြီး အဲ့ဒီဘီရိုတွေနဲ့အပြည့်ထည့် ထားပါသတဲ့။ အဲ..စိတ်ကြိုက်လည်းဝယ်ပြီးရော လက်ထပ်ကြရအောင်ပေါ့။
မင်္ဂလာဆောင်တဲ့ နေ့ရောက်တော့ ဧည့်ခံပွဲမှာ သူ့ရဲ့သတို့သမီးမျက်နှာ မကောင်းတာကိုငရဲသားလေးက သတိထားမိပါသတဲ့။ငရဲသားလေးက ဘာဖြစ်တာလည်းလို့ သတို့သမီးကိုမေးတော့ သတို့သမီးက ဘာမှမဟုတ် ပါဘူးလို့ ပြန်ဖြေသတဲ့။ အေး.. ဘာမှမဟုတ်ရင်လည်းမျက်နှာကို ပြုံးပြုံးလေးနေ ဧည့်သည်တွေရှိတယ်၊ ကိုယ့် မင်္ဂလာဆောင်မှာဒီလို မရွှင်မပြနဲ့ နေတော့လူတွေက တမျိုးမြင်ကြလိမ့်မယ်လို့ ပြောလိုက်ပါသတဲ့။ ဒါပေမယ့် သတို့သမီးက ဘယ်လိုမှကို မရယ်နိုင်တော့။ ကဲဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောစမ်းပါဦးလို့ထပ်မေးသတဲ့။ ကျွန်မ ကပြောတော့ပြောခြင်ပါတယ်၊ ဒါမေမယ့် ကျွန်မကပြောလိုက်ရင် ရှင်ကကျွန်မကိုဆူမှာစိုးလို့ လို့ပြန်ပြော သတဲ့။ ငရဲသားလေးကလည်း ကဲပြောမှာသာ ပြောစမ်းပါ၊ ငါ မင်းကိုမဆူပါဘူးလို့ ပြောလိုက်သတဲ့။ ကောင်မလေး ကလည်းမဆူရ ဘူးနော်လို့ ကတိတောင်းပြီး။ ဒီလိုပါတဲ့ ဟိုကမြို့စားကတော်ကြီး ဆောင်းလာတဲ့ ဦးထုပ်ကသှူှ့ဆီမှာမရှိသေးဘူးတဲ့၊သူကငရဲသားလေးကိုပေးထားတဲ့ကတိကြောင့် သူဘယ်တော့မှ အဲဒီ အုပ်ထုပ်ကို ဆောင်းရတော့မှာမဟုတ်ဘူးဆိုတာကို တွေမိပြီးစိတ်မကောင်းဖြစ်နေတာလို့ လည်းပြောလိုက် ရော။ ငရဲသားလေးဟာ..ဟိုက်...ဆိုပြီး...သူ့ရဲ့သတို့သမီး ကိုအသားကုန်ရိုက်ပြီးတော့ ဒီလိုငိုပါသတဲ့။ အောင်မလေး....အဲဒါကြောင့် ငရဲပြည်မှာ အမျိုးသားတွေ တနေ့တခြားများလာတာပါလို့..ပြောပြောပြီး ငိုကာ တခါတည်းငရဲပြည် ကိုပြန်ပြေးပါသတဲ့။
ငရဲပြည်ကိုလည်းရောက်ရော သူ့သူငယ်ချင်းက ဟေ့..ဘယ်လိုလည်း လူ့ပြည်မှာတော်တော်ပျော်ခဲ့ ရဲ့လားလိှု့ ဆီးပြီးမေးပါတဲ့။ ငရဲခြေကျိုးလေးလည်း သူ့ကတိနဲ့သူဆိုတော့အကုန်ပြန်ပြောရတာပေါ့။ ဇာတ်လမ်းလည်းဆုံး ရော သူ့ သူငယ်ချင်းက ဘာပြောသလဲဆိုတော့ အဲဒါမင်းညံ့လို့ဖြစ်တာတဲ့။ မင်းက သာမန်ကောင်မလေးကို သွားကြိုက်တာကို ငါသာဆိုရင်ဒီလို မလုပ်ဘူးလို့ပြောပါသတဲ့။ ပြီးတော့သူက ဒီတခါ ငါ့အလှည့် ငါသွားပြီး စမ်းကြည့်မယ်လို့ ပြောပါသတဲ့။ ငရဲသားခြေကျိုးလေးက ဟေ့ကောင် မလုပ်ပါနဲ့ကွာမသွားပါနဲ့လို့ တားပါသတဲ့။ ဒါပေမယ့် သူ့သူငယ်ချင်းက မရပါဘူး သူသွားပြီးစမ်းကြည့်မှာဘဲလို့ ပြောပါတယ်တဲ့။ ဒါပေမယ့် သူ့ကို ကူညီ ဖို့တော့ ပြောပါသတဲ့။ အဲ ဒါနဲ့ တားမရတဲ့အဆုံး မှာ ကူညီမယ်လို့ကတိပေးလိုက်ရပါသတဲ့။ ဒီတစ်ခါတော့ သူတို့က တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးရဲ့သမီးတော် တစ်ပါးဆီကိုသွားဖို့ ကြံစည်ကြသတဲ့။
ပထမဆုံး သူတို့က ဘုရင့်သမီးတော်လေးကို ဖျားနာအောင်ငရဲသားခြေကျိုးကိုဝင်ပြီးပူးခိုင်းပါသတဲ့။ ဘုရင့်သမီးတော်လေးဟာ နေမကောင်းဖြစ်ပြီး အိပ်ရာထည်းမှားလဲနေအောင်လုပ်ပါသတဲ့။ ဘုရင်ကြီးက သူ့ရဲ့သမီးတော်လေးကိုနေပြန်ကောင်းအောင်လုပ်နိုင်သူကို သမီးတော်လေးနဲ့ ပေးစားမယ်လို့ အတိုင်းတိုင်းအပြည်ပြည်ကိုကြေငြာပါသတဲ့။သမားကြော်အမော်တွေကဘယ်လိုပင် ကြိုးစားပြီးကုပါသော်လည်း ဘုရင့်သမီးတော်လေးရဲ့ကိုယ်မှာဝင်ပူနေတာက ငရဲသားခြေကျိုးဖြစ်နေတော့ မသက်သာဘဲ တနေ့တခြား ပိုလို့သာ ဆိုးရွားလာပါသတဲ့။ အဲ့ဒီမှာဘဲ ငရဲသားခြေကျိုးရဲ့သူငယ်ချင်းက သမားတော်အယောင်ဆောင်ကာ ဘုရင်ကြီးဆီကိုလာပြီး သူဟာ သမီးတော်လေးရဲ့ ရောဂါကိုသူတစ်ယောက်တည်းသာ ကုသနိုင်ကြောင်း၊ မကုသနိုင်ပါက သူကိုပါသက်နိုင်ကြောင်းပြောပါသတဲ့။ သူကပြောမှာပေါ့ ဘုရင့်သမီးတော်လေးကိုဝင်ပူနေတာ က သူ့သူငယ်ချင်းကို။
ဒါနဲ့သူက ဘုရင့်သမီးတော်လေးနားကိုကပ်ပြီးတော့
" ဟေ့သူငယ်ချင်း ငါပါကွ၊ ဟေ့ကောင်ငါရောက်လာပြီကွ၊ ငါဒီမှာ ဘုရင်ကြီးကို အမြှောက်(၃)ချက်ဖောက်ခိုင်းထားတယ် ဟ၊အဲဒီအမြှောက်(၃) ချက်ကြားရင် မင်း၊ သမီးတော်လေးရဲ့ ကိုယ်ထဲက ထွက်လိုက်တော့"
လို့ ပြောလိုက်ပါသတဲ့။ အဲဒီအခါမှာတော့ ငရဲသားခြေကျိုးကဘာပြန်ပြောသလဲ ဆိုတော့
"ဟေ့ သူငယ်ချင်း၊ မင်းခဏ လောက်စောင့် လို့မရဘူးလားကွ၊ ငါဒီမှာဇိမ်ကျနေပြီကွ၊ဖြစ်နိုင်ရင်ဒီအထဲက ထွက်တော်မထွက်ခြင်တော့ဘူး"
လို့ပြန်ပြောသတဲ့။
အဲဒီအခါမှာတော့ သမားတော်ယောင်ဆောင်ထားတဲ့ ငရဲသားက
"ဟေ့ ကောင်၊ မင်းမထွက်လို့တော့မရဘူးကွ၊ ဒီမှာ ငါကပြောပြီးနေပြီကွ" လို့ ပြန်ပြောသတဲ့။
ဒါပေမယ့် ဇိမ်ကျနေတဲ့ငရဲသားခြေကျိုးလေးက ဘယ်လိုပြောပြော၊ ဘယ်လိုမှမရဘူးလို့ ပြောနေတာ။
နောက်ဆုံးကြံရာ မရတဲ့ ဆေးဆရာငရဲသားလေးက ထပ်ပြီးတော့ပြောလိုက်သတဲ့
" ဟေး ဒီမှာ မင်းအရင်ကယူထားတဲ့ မိန်မက မင်းနဲ့တွေ့ခြင်လို့ ဒီမှာရောက်နေတယ်" လို့ပြောလိုက်ပါ သတဲ့။ အဲဒီမှာပဲ ဘုရင့်သမီးတော်လေးကိုဝင်ပူနေတဲ့ ငရဲသားခြေကျိုးလေးဟာတခါတည်းကို ငရဲပြည်ကို ပြန် ပြေးပါ သတဲ့။ ဘုရင့်သမီးတော်လေးလည်း ချက်ခြင်းကို နေကောင်းသွားပြီး၊ ဘုရင်ကြီးကလည်း သူ့သမီး တော်လေးကို ဆေးဆရာငရဲသားလေးနဲ့ ပေးစားလိုက်ပါသတဲ့။ ဆေးဆရာငရဲသားလေးရဲ့ ဒုက္ခကတော့ အဲဒီက စတော့တာပါဘဲ။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။ ။