Friday 31 August 2007

အနီရောင် ဒူးရင်းသီး





ဒီနေ့တော့ ရေးမယ်လို့ရည်ရွယ်တာတွေကများနေပေမယ့် တကယ်ရေးဖြစ်ခဲ့တော့ ဒူးရင်းသီ အကြောင်းပါဘဲ။
အကယ်တော့ အစားသောက်ဆိုသိပ်ကြိုက်တဲ့ ကျွန်မဟာ ငယ်ငယ်တုန်းက ဒူးရင်းသီးကိုတော့ဖြင့် အနံတောင် မခံနိုင်ခဲ့ပါ။ ဒါပေမယ့် တစ်ရက် ကျွန်မအဖေ တောင်ငူ၊ သံတောင်ကကျောက်ကြီးဒူးရင်းသီးတွေကိုဝယ်လာတာ၊
သမီးနည်းနည်းလောက်တော့ မြည်းကြည့်ပါဆိုတာနဲ့ မြည်းကြည့်ရင်း ဒူးရင်းသီးကြိုက်တဲ့သူ စားရင်းထဲမှာ ကျွန်မပါ ပါသွားပါတယ်။ အဲဒီလောက် ဒူးရင်းသီးကိုမုန်းတဲ့ ကျွန်မက ဒီတသက် ဒူးရင်းသီးကို ကြိုက်လာလိမ့် မယ်လို့ တစ်ခါမှမတွေးမိခဲ့ ပါဘူး။ ဒူးရင်းသီးကြိုက်တော့ ဘယ်နေရာရောက်ရောက် ဒူးရင်းသီးမြင်ရင် မနေနိုင်ဘဲ ၀ယ်စားတော့တာပါဘဲ။ ဈေးကြီးလည်း တစ်နှစ်တော့ အနည်းဆုံး တစ်ခါ၊နှစ်ခါ လောက်တော့ ၀ယ်စားဖြစ်ပါတယ်။ ကျွန်မအခုနေတာက မလေးရှားနိုင်ငံရဲ့ဘော်နီယိုကျွန်း ပေါ်က ဆာဘားပြည်နယ်မှာပါ။
ဒီမှာက ကျွန်းဖြစ်နေလို့လားမသိပါ အသီးအနှံအရမ်းပေါပါတယ်။ ကျွန်မပြောခြင်တာက အသီအနှံကိုပေါပေါများ
များတွေ့ရတယ်ကိုပြောခြင်တာပါ။ မြန်မာနိုင်ငံမှာ ရာသီစာသီးနှံတွေကို ဒီမှာ၁၂ရာသီ တွေ့ရပါတယ်။ ဒူးရင်းသီးကိုလည်း အမြဲတွေ့ရပါတယ်။ ဒီကိုရောက်ရောက်ချင်း ဒူးရင်းသီးမြင်တာနဲ့ ၀ယ်စားဖြစ်ပါတယ်။ တစ်လုံးကို ၅ ရင်းဂစ် ဆိုတော့ မြန်မာငွေ ၂၀၀၀နီးပါလောက်ကျနေပါပြီး သက်သာတယ်လို့မဆိုနိုင်သလို၊ ဈေးကြီးတယ်လို့လည်းပြောလို့မရပဘူး။ ဘာဖြစ်လို့လည်းဆိုတော့မြန်မာနိုင်ငံမှာလည်း ဒူးရင်းသီး ၀ယ်စားမယ်
ဆိုရင်ဒီလောက်တော့အနည်းဆုံးတော့ ပေးခဲ့ရဖူးပါတယ်။ ဒူးရင်းသီးကတော့ အမျိုးကိုစုံနေတာပါဘဲ မြန်မာ ပြည်မှာရွှေဒင်္ဂါးလို့ခေါ်တဲ့ ဒူးရင်းသီရော၊ ယိုးဒယားကလာတဲ့ ဒူးရင်းသီလိုအသီးတွေရော၊ ရိုးရိုးအသီးတွေရော စုံလို့ပါဘဲ။ ဒါပေမယ့် ဒူးရင်းသီ အနီရောင်ကိုတော့ ကျွန်ဒီကိုရောက်မှ ကြားဖူး၊မြင်ဖူးတာပါ။ ဒူးရင်းသီ အခွံကနီ နေတာမဟုတ်ပါဘူ၊ ဒူးရင်းသီရဲ့အသားက နီနေတာပါ။ နီတာမှတော်တော်ကိုနီနေတာပါ ခရမ်းချဉ်သီးနီသလိုနီ နေတာပါ။ ကျွန်မဘဲဗဟုသုတမရှိလို့လား မသိပါ ဒူးရင်းသီးအနီရောင်ကို မြင်းလည်းမမြင်ဖူး၊ ကြားလည်း မကြားဖူးပါဘူး။ ဒီကိုရောက်မှ ကျွန်မရဲ့ အိမ်ဘေးက အစ်မကြီးတစ်ယောက်က သူ့မိဘများ ခြံကထွက်တာ၊ မင်းတို့ ဒီအသီကိုစားလား ဆိုပြီးပေးတော့မှမြင်ဖူး၊ ကြားဖူးတာပါ။ ပြီးတော့ သူကပြောပါသေးတယ်သူတို့က ဒူးရင်းသီးအနီရောင်ကို ဟင်းချက်ပြီးစားပါသေးတယ်တဲ့။ ကျွန်မက တခါမှမစားဖူးကြောင်း ပြောတော့သူက စမ်းပြီးစားကြည့်မလား သူ့မှာချက်ပြီးသားရှိတယ်ဆိုပြီးပေးပါတယ်။ ဒူးရင်းသီအနီရောင်ချက်က ကျွန်မ တို့ အညာကခရမ်းချဉ်သီးချက်နဲ့ တူပါတယ်။ အရသာကတော့ ဒူးရင်းသီယိုရဲ့ အရသာနဲ့ နဲနဲဆင်ပြီး ချိုပါတယ်။ ကျွန်မကတော့ မကြိုက်ပါဘူး၊ အချိုကြိုက်တဲ့ ကျွန်မအဖေကတော့ စားလို့ကောင်းပါတယ်တဲ့။ ဒူးရင်းသီးအနီကို ဒီအတိုင်းစားကြည့်တော့ အပူတော်တော်ပြင်းပါတယ်၊လျှာပေါ်ကိုတင်လိုက်တာနဲ့ လျှာပေါ်မှာ ချက်ခြင်းအပူကို ခံစားလို့ရပါတယ်။ အနံကတော့ ရိုးရိုး ဒူးရင်းသီးတွေနဲ့မတူဘဲ မစူးပါဘူး အရသာကတော့ဆိမ့် ပါတယ်။ အပေါ်ဘက်မှာ ပုံလေးတွေတင်ပေးလိုက်ပါတယ်။

Thursday 30 August 2007

ကျွန်မကြိုက်တဲ့သီချင်းတွေထဲက Prince and Me ဇာတ်ကားထဲက ဇာတ်ဝင်သီချင်း တစ်ပုဒ်ပါ။
သီချင်းလေးက ဒီမှာပါ။
ကျွန်မ သူငယ်ချင်းတစ်ယောက်က သီချင်းကို ဖွင့်လို့မရဘူးပြောလို့ နောက်ထပ် လင့်တစ်ခုနဲ့
ထပ်တင်ပေးလိုက်ပါတယ်။ ကြိုးစားကြည့်ကြပါဦး။
ဒီမှာပါ။

Tuesday 28 August 2007

စိုင်းထီးဆိုင်

ဒီသီချင်းလေးကို တွေကိုလျှောက်ဝင်ကြည့်ရင်းနဲ့ Blogတစ်ခုမှာ အစ်ကိုတစ်ယောက်က သူ့ သူငယ်ချင်းအတွက် တင်ထားပေးတာပါ။ အစကဘာသီချင်းမှန်း မသိပါဘူး Blog ပိုင်ရှင်ရဲ့ အရေးအသားကို စိတ်ဝင်စားလို့ ဖွင့်ကြည့်
လိုက်တာပါ။ Download ပြီးတော့ သီချင်းစလာတော့မှ စိုင်းထီးဆိုင်မှန်းသိတာပါ။ သီချင်းသံကြားပြီး အရမ်းပျော် သွားလို့ Post တင်ဖြစ်လိုက်တာပါ။ မကြားရတာကြာပြီဖြစ်တဲ့ အရမ်းရင်းနီးတဲ့ ကျွန်မအရမ်းကြိုက်ခဲ့ဖူးတဲ့ အဆိုတော် ပါ။ ခင်မောင်ထူး၊ လွှမ်းမိုး၊ စိုင်းထီးဆိုင် တို့ဆိုတဲ့သီချင်းတွေနဲ့ ကြီးပြင်းခဲ့တာပါ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ သူတို့ သီချင်းတွေကို နားမထောင်ဖြစ်တာ အတော်လေးကို ကြာပါပြီ။ အခု ဒီသချင်းလေးကို ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ကူးချလိုက်ပါ တယ်။ အရမ်းကြိုက်၊ အရမ်းပျော်သွားလို့ပါ။ Blog ပိုင်ရှင်ခွင့်ပြုချက်မရဘဲ ကူယူလိုက်လို့ Blog ပိုင်ရှင် ကိုသီဟကျော်ဇော် ကိုပါ တစ်ခါတည်း တောင်းပန်လိုက်ပါတယ်။

သီချင်းလေးကဒီမှာပါ။

Monday 27 August 2007

ငရဲသားခြေကျိုး

ဒီပုံပြင်လေးကို ကျွန်မငယ်ငယ်ကဖတ်ဖူးတဲ့ ပုံပြင်စာအုပ်မှ ကျွန်မမှတ်မိသလောက်ကို ပြန်ရေးထားတာဖြစ်ပါ တယ်။ မူလပုံပြင်စာအုပ်မှာ မရှိတော့တာကြောင့် စဉ်းစားပြီးတက်နိုင်သလောက်တူအောင်ပြန်ရေးထားတာ ကြောင့် လွဲမှားမှုများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါရန်နှင့်။ စာလုံးပေါင်း၊သတ်ပုံမှားယွင်းခဲ့ပါလျှင်ခွင့်လွှတ်ပေး ကြပါရန်တောင်ပန်တယ်။

တခါတုန်းက ငရဲပြည်မှာ ငရဲသားခြေကျိုးလေးတယောက်ရှိသတဲ့။ သူဟာငရဲပြည်ကိုဝင်တဲ့ အ၀င်တခါးကို စောင့်ရတဲ့ တာဝန်ကိုယူရတဲ့သူပါတဲ့။ သူစပြီးတာဝန်ယူစဉ်က ငရဲပြည်ကိုအမျိုးသားတွေသိပ်လာတာ မတွေ့ ရပေမယ့်၊ အခုနောက်ပိုင်းမှာတော့ ငရဲပြည်ကိုအမျိုးသားတွေ အလာများတာကို သတိထားမိပါသတဲ့။ အဲ ဒါနဲ့ တစ်နေ့မှာ ငရဲပြည်ကိုဝင်လာတဲ့လူ တစ်ယောက်ကိုသူက ဘာဖြစ်လို့ငရဲပြည်ကို အမျိုးသားတွေချည်း ငရဲပြည် ကိုအရောက်များတာလည်းလို့ မေးကြည့်တဲ့အခါမှာတော့ အမေးခံရတဲ့သူက၊အမျိုးသမီးတွေကြောင့်ပေါ့ဗျာလို့ မျက်နှာမသာမယာနဲ့ ပြန်ဖြေသတဲ့။ ဘာဖြစ်လို့ အမျိုးသမီးတွေကြောင့်လို့ ပြောရတာလည်းလို့မေးတဲ့အခါ မှာတော့ သိချင်ရင် တိုယ်တိုင်သာသွားကြည့်ပါလို့ ပြန်ဖြေသတဲ့။ ငရဲသားဟာသိပ်ပြီးသိခြင်နေတော့ သူ့ သူငယ်ချင်း ငရဲသားလေးတစ်ယောက်ကိုခေါ်ပြီး အမျိုးသားတွေဘာလို့ ငရဲပြည်ကို အလာများရတဲ့ အကြောင်း ကို သူလူ့ပြည်ကို အလည်သွားပြီးလေ့လာခြင်ကြာင်းဖွင့်ပြောပါသတဲ့။ သူ့သူငယ်ချင်းက၊ မင်းဒီလောက် ဆန်ဒ ပြင်းပြနေရင်လည်း မတားတော့ဘူးသွားပေါ့တဲ့။ ဒီက ကိစ်စတွေကိုတော့စိတ်မပူဘဲ စိတ်အေးအေးထားပါတဲ့။ ဒါပေမယ့် အပြန်ကျရင်တော့လူ့ပြည်မှာဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကိုသာသူ့ကိုအကုန်ပြောပြရမယ်လို့ ကတိ တောင်းပါသတဲ့။ အဲဒါနဲ့ ငရဲသားလေးကလည်း လွယ်လွယ်ကူကူပါဘဲ ကတိပေးလိုက်သတဲ့။

ငရဲသားလေးဟာ လူ့ပြည်ကိုလည်းရောက်ရော ၀တ်ကောင်းစလှတွေကို ၀တ်ပြီးလူစည်ကားရာ ဈေးနေရာ တွေမှာ လမ်းလျှောက်ထွက်ပါသတဲ့။ အဲဒီမှာဘဲ အိမ်တစ်အိမ်ရဲ့ ပြတင်းမှာအမျိုးသမီး တစ်ဦးရပ်နေတာကို တွေတော့ သဘောကျပြီး သူ့မိဘကို တောင်းရမ်းဖို့ပြင်ဆင်ပါသတဲ့။ ကလေးမရဲ့ မိဘတွေကလည်း သူတို့ရဲ့ သမီးကို လာပြီးတောင်းရမ်းတဲ့သူက မွန်မွန်ရည်ရည်လေး၊ ၀တ်ကောင်းစလှတွေကိုဝတ်ထားတာကြောင့် သူဆင်းရဲထဲကတော့မဖြစ်နိုင်ဘူးဆိုပြီး ဘာမှကိုမမေးနေတော့ဘဲ သဘောတူလိုက်ကြပါသတဲ့။ ငရဲသားလေးက သူယူမယ့် အမျိုးသမီးကိုမယူခင်မှာ မင်းလိုခြင်တာအားလုံးဘယ်လောက်ပဲဖြစ်ဖြစ်ဝယ်လို့ရတယ်၊ ၀ယ်းလည်းဝယ်ပေးမှာဖြစ်တယ်လို့ပြောပါသတဲ့။ ဒါပေမယ့် လက်ထပ်ပြီးတဲ့ အခါကြ ရင်တော့ သူ့ကို ဟိုဟာလိုခြင်တယ်၊ ဒီဟာလိုခြင်တယ်လို့မပူစာ ရဘူးနော်လို့ ပြောပြီးကတိတောာင်းပါသတဲ့။ သူ ယူမယ့်အမျိုးသမီးလေးက လည်းအော်.. ဒါလေးများ.. မောင်ရယ် ကတိပေးပါတယ်၊ သူ့ကိုသာ သူလိုခြင်တာတွေဝယ်ပေးသူဘယ်တော့မှ မပူစာ ဘူးလို့ ကတိပေးလိုက်သတဲ့။ ငရဲသားလေးလည်းဝမ်းသာ သွားပြီး ကောင်မလေးလိုခြင်သမျှကို မညို မညင် လိုက်ပြီးဝယ်ပေးပါသတဲ့။ ၀ယ်လိုက်တာများအိမ်တစ်လုံး ထဲမှာဘီရိုဝယ်ပြီး အဲ့ဒီဘီရိုတွေနဲ့အပြည့်ထည့် ထားပါသတဲ့။ အဲ..စိတ်ကြိုက်လည်းဝယ်ပြီးရော လက်ထပ်ကြရအောင်ပေါ့။

မင်္ဂလာဆောင်တဲ့ နေ့ရောက်တော့ ဧည့်ခံပွဲမှာ သူ့ရဲ့သတို့သမီးမျက်နှာ မကောင်းတာကိုငရဲသားလေးက သတိထားမိပါသတဲ့။ငရဲသားလေးက ဘာဖြစ်တာလည်းလို့ သတို့သမီးကိုမေးတော့ သတို့သမီးက ဘာမှမဟုတ် ပါဘူးလို့ ပြန်ဖြေသတဲ့။ အေး.. ဘာမှမဟုတ်ရင်လည်းမျက်နှာကို ပြုံးပြုံးလေးနေ ဧည့်သည်တွေရှိတယ်၊ ကိုယ့် မင်္ဂလာဆောင်မှာဒီလို မရွှင်မပြနဲ့ နေတော့လူတွေက တမျိုးမြင်ကြလိမ့်မယ်လို့ ပြောလိုက်ပါသတဲ့။ ဒါပေမယ့် သတို့သမီးက ဘယ်လိုမှကို မရယ်နိုင်တော့။ ကဲဘယ်လိုဖြစ်တာလဲ ငါ့ကိုပြောစမ်းပါဦးလို့ထပ်မေးသတဲ့။ ကျွန်မ ကပြောတော့ပြောခြင်ပါတယ်၊ ဒါမေမယ့် ကျွန်မကပြောလိုက်ရင် ရှင်ကကျွန်မကိုဆူမှာစိုးလို့ လို့ပြန်ပြော သတဲ့။ ငရဲသားလေးကလည်း ကဲပြောမှာသာ ပြောစမ်းပါ၊ ငါ မင်းကိုမဆူပါဘူးလို့ ပြောလိုက်သတဲ့။ ကောင်မလေး ကလည်းမဆူရ ဘူးနော်လို့ ကတိတောင်းပြီး။ ဒီလိုပါတဲ့ ဟိုကမြို့စားကတော်ကြီး ဆောင်းလာတဲ့ ဦးထုပ်ကသှူှ့ဆီမှာမရှိသေးဘူးတဲ့၊သူကငရဲသားလေးကိုပေးထားတဲ့ကတိကြောင့် သူဘယ်တော့မှ အဲဒီ အုပ်ထုပ်ကို ဆောင်းရတော့မှာမဟုတ်ဘူးဆိုတာကို တွေမိပြီးစိတ်မကောင်းဖြစ်နေတာလို့ လည်းပြောလိုက် ရော။ ငရဲသားလေးဟာ..ဟိုက်...ဆိုပြီး...သူ့ရဲ့သတို့သမီး ကိုအသားကုန်ရိုက်ပြီးတော့ ဒီလိုငိုပါသတဲ့။ အောင်မလေး....အဲဒါကြောင့် ငရဲပြည်မှာ အမျိုးသားတွေ တနေ့တခြားများလာတာပါလို့..ပြောပြောပြီး ငိုကာ တခါတည်းငရဲပြည် ကိုပြန်ပြေးပါသတဲ့။

ငရဲပြည်ကိုလည်းရောက်ရော သူ့သူငယ်ချင်းက ဟေ့..ဘယ်လိုလည်း လူ့ပြည်မှာတော်တော်ပျော်ခဲ့ ရဲ့လားလိှု့ ဆီးပြီးမေးပါတဲ့။ ငရဲခြေကျိုးလေးလည်း သူ့ကတိနဲ့သူဆိုတော့အကုန်ပြန်ပြောရတာပေါ့။ ဇာတ်လမ်းလည်းဆုံး ရော သူ့ သူငယ်ချင်းက ဘာပြောသလဲဆိုတော့ အဲဒါမင်းညံ့လို့ဖြစ်တာတဲ့။ မင်းက သာမန်ကောင်မလေးကို သွားကြိုက်တာကို ငါသာဆိုရင်ဒီလို မလုပ်ဘူးလို့ပြောပါသတဲ့။ ပြီးတော့သူက ဒီတခါ ငါ့အလှည့် ငါသွားပြီး စမ်းကြည့်မယ်လို့ ပြောပါသတဲ့။ ငရဲသားခြေကျိုးလေးက ဟေ့ကောင် မလုပ်ပါနဲ့ကွာမသွားပါနဲ့လို့ တားပါသတဲ့။ ဒါပေမယ့် သူ့သူငယ်ချင်းက မရပါဘူး သူသွားပြီးစမ်းကြည့်မှာဘဲလို့ ပြောပါတယ်တဲ့။ ဒါပေမယ့် သူ့ကို ကူညီ ဖို့တော့ ပြောပါသတဲ့။ အဲ ဒါနဲ့ တားမရတဲ့အဆုံး မှာ ကူညီမယ်လို့ကတိပေးလိုက်ရပါသတဲ့။ ဒီတစ်ခါတော့ သူတို့က တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင်ကြီးရဲ့သမီးတော် တစ်ပါးဆီကိုသွားဖို့ ကြံစည်ကြသတဲ့။

ပထမဆုံး သူတို့က ဘုရင့်သမီးတော်လေးကို ဖျားနာအောင်ငရဲသားခြေကျိုးကိုဝင်ပြီးပူးခိုင်းပါသတဲ့။ ဘုရင့်သမီးတော်လေးဟာ နေမကောင်းဖြစ်ပြီး အိပ်ရာထည်းမှားလဲနေအောင်လုပ်ပါသတဲ့။ ဘုရင်ကြီးက သူ့ရဲ့သမီးတော်လေးကိုနေပြန်ကောင်းအောင်လုပ်နိုင်သူကို သမီးတော်လေးနဲ့ ပေးစားမယ်လို့ အတိုင်းတိုင်းအပြည်ပြည်ကိုကြေငြာပါသတဲ့။သမားကြော်အမော်တွေကဘယ်လိုပင် ကြိုးစားပြီးကုပါသော်လည်း ဘုရင့်သမီးတော်လေးရဲ့ကိုယ်မှာဝင်ပူနေတာက ငရဲသားခြေကျိုးဖြစ်နေတော့ မသက်သာဘဲ တနေ့တခြား ပိုလို့သာ ဆိုးရွားလာပါသတဲ့။ အဲ့ဒီမှာဘဲ ငရဲသားခြေကျိုးရဲ့သူငယ်ချင်းက သမားတော်အယောင်ဆောင်ကာ ဘုရင်ကြီးဆီကိုလာပြီး သူဟာ သမီးတော်လေးရဲ့ ရောဂါကိုသူတစ်ယောက်တည်းသာ ကုသနိုင်ကြောင်း၊ မကုသနိုင်ပါက သူကိုပါသက်နိုင်ကြောင်းပြောပါသတဲ့။ သူကပြောမှာပေါ့ ဘုရင့်သမီးတော်လေးကိုဝင်ပူနေတာ က သူ့သူငယ်ချင်းကို။

ဒါနဲ့သူက ဘုရင့်သမီးတော်လေးနားကိုကပ်ပြီးတော့
" ဟေ့သူငယ်ချင်း ငါပါကွ၊ ဟေ့ကောင်ငါရောက်လာပြီကွ၊ ငါဒီမှာ ဘုရင်ကြီးကို အမြှောက်(၃)ချက်ဖောက်ခိုင်းထားတယ် ဟ၊အဲဒီအမြှောက်(၃) ချက်ကြားရင် မင်း၊ သမီးတော်လေးရဲ့ ကိုယ်ထဲက ထွက်လိုက်တော့"

လို့ ပြောလိုက်ပါသတဲ့။ အဲဒီအခါမှာတော့ ငရဲသားခြေကျိုးကဘာပြန်ပြောသလဲ ဆိုတော့

"ဟေ့ သူငယ်ချင်း၊ မင်းခဏ လောက်စောင့် လို့မရဘူးလားကွ၊ ငါဒီမှာဇိမ်ကျနေပြီကွ၊ဖြစ်နိုင်ရင်ဒီအထဲက ထွက်တော်မထွက်ခြင်တော့ဘူး"

လို့ပြန်ပြောသတဲ့။
အဲဒီအခါမှာတော့ သမားတော်ယောင်ဆောင်ထားတဲ့ ငရဲသားက

"ဟေ့ ကောင်၊ မင်းမထွက်လို့တော့မရဘူးကွ၊ ဒီမှာ ငါကပြောပြီးနေပြီကွ" လို့ ပြန်ပြောသတဲ့။
ဒါပေမယ့် ဇိမ်ကျနေတဲ့ငရဲသားခြေကျိုးလေးက ဘယ်လိုပြောပြော၊ ဘယ်လိုမှမရဘူးလို့ ပြောနေတာ။

နောက်ဆုံးကြံရာ မရတဲ့ ဆေးဆရာငရဲသားလေးက ထပ်ပြီးတော့ပြောလိုက်သတဲ့

" ဟေး ဒီမှာ မင်းအရင်ကယူထားတဲ့ မိန်မက မင်းနဲ့တွေ့ခြင်လို့ ဒီမှာရောက်နေတယ်" လို့ပြောလိုက်ပါ သတဲ့။ အဲဒီမှာပဲ ဘုရင့်သမီးတော်လေးကိုဝင်ပူနေတဲ့ ငရဲသားခြေကျိုးလေးဟာတခါတည်းကို ငရဲပြည်ကို ပြန် ပြေးပါ သတဲ့။ ဘုရင့်သမီးတော်လေးလည်း ချက်ခြင်းကို နေကောင်းသွားပြီး၊ ဘုရင်ကြီးကလည်း သူ့သမီး တော်လေးကို ဆေးဆရာငရဲသားလေးနဲ့ ပေးစားလိုက်ပါသတဲ့။ ဆေးဆရာငရဲသားလေးရဲ့ ဒုက္ခကတော့ အဲဒီက စတော့တာပါဘဲ။ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။ ။

Sunday 26 August 2007

ဒီနေ့ (၂၆) သြဂုတ်လ ၂၀၀၇

ဒီနေ့တော့ ကျွန်မရဲ့ Blog လေးကို ကော်လံ( ၃ )ခုလုပ်ခြင်းပြီးဆုံးသွားပါပြီ။ ပြီးသွားတော့တော်တော်လေးစိတ် ချမ်းသာသွားပါတယ်။ ဒီကြားထဲမှာ သူများ Blog တွေကို ကြည့်ပြီး ကိုယ့်Blog ကို ဘယ်လိုပြင် ရမလည်းဆိုတာ ကိုလိုက်ကြည့်နေတာနဲ့ ကိုယ့်Blog မှာဘာမှ မရေးဖြစ်ပါဘူး။ ဟိုကြည့်ဒီကြည့်နဲ့ ကော်လံ( ၃ )ခုရေးနည်းတင် ထား တဲ့ Blogကို တွေ့လိုက်တာနဲ့စမ်းကြည့်ဖို့ စဉ်းစားပြီး လုပ်ကြည့်ခဲ့ပါတယ်။ အစမှာတော့တော်တော်အစဉ် ပြေသလိုနဲ့ (၂) ရက်လောက် ကိုပြင်လိုက်ရပါတယ်။ မျက်စိတွေလည်း ပြာ၊ ခေါင်းတွေလည်းမူး(သူများတွေလို ရေးကြည့်တာ )နဲ့ ပြီးလည်းပြီးရော ကျေနပ်သွားတာဘဲံ။ ဒါပေမယ့် သူများ Blog တွေလိုတော့ အင်္ဂါမစုံသေး ပါဘူး။သူများတွေလို ကိုယ့်Blog လေးကို စုံစုံလင်လင်ရှိစေခြင်ပါတယ်။ Blogကိုစရေးကတည်းက ကိုယ်ရေးခြင် တာတွေကိုရေးတွေ ရေးရဖို့ရည်ရွယ်ခဲ့ပေမယ့် အခုထိဘာမှမယ်မယ်ရရ မရေးရဖြစ်ခဲ့ပါဘူး။ ကိုယ့်အတွေ့ အကြုံနည်းနည်းပါးပါးနဲ့၊ ကြားဖူးနားဝ၊ ပုံပြင်လေးတွေကို ရေးမယ်လို့စိတ်ကူးထားပါတယ်။ ဒိုင်ယာရီဆန်ဆန် မဟုတ်ပေမယ့်၊ ကိုယ်ပိုင်မှတ်စုလေးဖြစ်ဖို့တော့ရည်ရွယ်ပါတယ်။

Sunday 19 August 2007

သီချင်းတစ်ပုဒ်

ကျွန်မ အရမ်းကြိုက်တဲ့ English သီချင်းတစ်ပုဒ် ရှိပါတယ် ကျွန်မအရမ်းစိတ်ညစ်ပြီးအားငယ်တိုင်း နားထောင် တက်တဲ့ သီချင်းပါ။ သီချင်းရဲ့ ဆိုလိုရင်းကို အတိအကျ မသိပေမယ့် အဆိုတော်ရဲ့ ကျေးဇူးကြောင့် နားထောင် ကောင်းရုံသာမက စိတ်ဓါတ်ကျတာကိုတော့ ဆက်ပြီးမကျအောင်တော့ အတန်အသင့်ထန်းထားနိုင်ခဲ့ပါတယ်။ အဲဒီ သီချင်းလေးရဲ့ စာသားကို website တစ်ခုကရလို့တင်ထားတာပါ။သီချင်းလေးရဲ့ နာမည်က HERO ပါ။
အဆိုတော်ကတော့ Mariah Carey ပါ။
(ညီမလေးတစ်ယောက် သီချင်းပါထည့်ပေးရင် ပိုပြီးကောင်းတယ်ပြောလို့ အခုသီချင်းပါထည့်ပေးထားပါတယ်။
အမှန်တော့ သီချင်းတွေကို ဘလောဒ့်ထဲမှာ ဘယ်လိုထည့်လို့မှန်း အစက မသိလို့ သီချင်းပါထည့်ခြင်ပေမည့်
မထည့်ဖြစ်ခဲ့ပါဘူး။ အကြံပေးတဲ့ ရတနာကို ကျေးဇူးတင်ပါတယ်။)
သီချင်းလေးက ဒီမှာ ပါ။


There's a hero
If you look inside your heart
You don't have to be afraid
Of what you are
There's an answer
If you reach into your soul
And the sorrow that you know
Will melt away

And then a hero comes along
With the strength to carry on
And you cast your fears aside
And you know you can survive
So when you feel like hope is gone
Look inside you and be strong
And you'll finally see the truth
That a hero lies in you

It's a long road
When you face the world alone
No one reaches out a hand
For you to hold
You can find love
If you search within yourself
And the emptiness you felt
Will disappear

And then a hero comes along
With the strength to carry on
And you cast your fears aside
And you know you can survive
So when you feel like hope is gone
Look inside you and be strong
And you'll finally see the truth
That a hero lies in you

Lord knows
Dreams are hard to follow
But don't let anyone
Tear them away
Hold on
There will be tomorrow
In time
You'll find the way

And then a hero comes along
With the strength to carry on
And you cast your fears aside
And you know you can survive
So when you feel like hope is gone
Look inside you and be strong
And you'll finally see the truth
That a hero lies in you