Wednesday 9 January 2008

၂၀၀၈ အတွက် ၂၀၀၇ ရဲ့လက်ဆောင်

ကင်ဆာရေးရင်နဲ့ ဆက်ရေးဖို့ ကျန်သေးပေမယ့် အလုပ်တွေရှိနေလို့ အဆင်ပြေရင်တော့ တင်ဖြစ်မှာပါ။ ဒီကြားထဲမှာ ကျွန်မအီးမေးလ်အဖေါက်ခံလိုက်ရလို့ အတော်အလုပ်ရှုပ်သွားပါတယ်။ လျှောက်ထားတဲ့ ကျောင်းက စာတွေကျွန်မဆီကိုမရောက်ဘဲ ဖြစ်နေလို့။ အတော်ကို ရှင်းယူလိုက်ရပါတယ်။ ကျောင်းကကျောင်းသားနေထိုင်ခွင့်တွေဘာတွေ လုပ်နေပြီဖြစ်လို့ ချင်ကာပူတော့ သွားဖို့သေချာနေပါပြီ။ ဒီရက်ပိုင်းမှာ ချင်ကာပူ သွားဖို့ နဲနဲအလုပ်ရှုပ်မှာဖြစ်လို့( သွားဖို့ကလည်း ၅ ရက်လောက်ဘဲလိုတော့တာကို) ဘလောဂ့်ကို နေ့တိုင်း အပ်ထိပ်မလုပ်ဖြစ်နိုင်ကြောင်ကို အသိပေးတာပါ။

ကျောင်းတက်ရမှာဖြစ်လို့ ဘလောဂ့်ကို ပြင်လိုက်တာပီးဘို ပျောက်သွားပါတယ်။ ကျွန်မဘလောဂ့်မှာ မျက်စိထဲ
နောက်နေတာတွေ၊ အခုပြင်လိုက်တဲ့ တင်းပလိပ်နဲ့ အဆင်မပြေတဲ့ အပြင်အဆင်တွေကို နဲနဲပြန်ပြင်ထားပါတယ်။ အဲ့ဒါတွေအတွက် အချိန် ၁ရက်ကြီးများတောင် ဘာမှလုပ်ဘဲ ပေးထားတာတောင် ဘလောဂ့်က စိတ်ကြိုက်မဖြစ်သေးပါဘူး။ အင်းလေ ဒီလို ခဏခဏ ပြင်နေသမျှတော့ စိတ်ကြိုက်က ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မဘလောဂ့်ကို သိပ်ပြီးကလိဖြစ်မှာ မဟုတ်တော့ပါဘူး။ စာတွေကိုတော့ ရေးဖြစ်နေမှာပါ။

သြော် ကျွန်မ Welcome 2008 တုန်းက နှစ်သစ်မှာ ကျောင်းက ခေါ်စာလာရင် ကောင်းမှာဘဲလို့ ရေးဖူးတာ။ ဒီနှစ် နှစ်သစ်မှာ ကျွန်မတောင်းတဲ့ဆုတွေထဲက ၁ခုတိတိ ပြည့်တယ်လို့ ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကို ကံကြမ္မာက ကြိုးစားဖို့ အခွင့်အရေးတစ်ခုပေးလိုက် ပြန်ပြီလို့မြင်ပါတယ်။ အဆင်ပြေအောင်၊ အောင်မြင်အောင် ကြိုးစားဖို့က ကျွန်မတာဝန်ကို။ အဆင်ပြေအောင် အောင်မြင်အောင် ကြိုးစားမယ်လို့တော့ အားတင်းထားပါရဲ့။

ဒီနှစ်မကူးမီ မှာ စိတ်ထဲမှာတော် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်မကဘဲ ကံမကောင်းလို့လား၊ အလှည့်ကျလို့လား မသိပါဘူး။ ကျွန်မမေးလ်ကို အဖေါက်ခံလိုက်ရပြီး အရေးကြီးတဲ့ စာတခုဘဲ အဖျက်ခံရ တာပါ။ ကျန်တာတော့ ဘာမှအဖျတ်ထားတော့ ကျွန်မကလည်း သတိမထားမိဘူးပေါ့။ ၀မ်းနည်းမိတာက ငါကို မုန်းတဲ့သူတွေ ဘယ်လောက်များများ များရှိနေကြသလဲဆိုပြီးတော့။ ဟိုတလောကလည်း ဆီဗုံးထဲမှာလာ ပြီးဆဲသွားပါတယ်။ သူများတွေလည်း အဆဲခံနေရတာဘဲ ဆိုပြီး ဖြေကြည့်ပေမယ့်။ သူများတွေက ပါဆင်နယ် သိပ်မပါဘူးထင်ပါတယ်။ ကျွန်မကတော့ ဘာမှလည်း သိပ်ပြီးမရေးဘဲ လာဆဲတာဆိုတော့ လူကိုမုန်းလို့ လို့ဘဲ ထင်ပါတယ်။ လူကလည်း ချစ်စရာလေးကို။ ဆဲချင်စရာ။ စကားပြောရင်ရိုက်ပေါက်ချည်းဘဲ။ အဲ့ဒါကြောင့် ဘဲလာဆဲတာထင်ပါရဲ့။ ဒါပေမယ့်လည်း လောကမှာ မုန်းတဲ့သူများတာက မကောင်းဘူးလေနော်။ ကိုယ့်ကို ချစ်တဲ့၊ ခင်တဲ့သူများမှ ကောင်းတာဆိုတော့ ကျွန်မတွေးပြီး ၀မ်းနည်းရပါတယ်။ (အဲ့ဒီအကြောင်းကျွန်မ ရေးပြီးပလား မရေးရသေးဘူးလား ဆိုတာတောင်မသိတော့ပါဘူး။)

ကျွန်မဘလောဂ့်ရေးတာ သိပ်ပြီး တက်လွန်းတော်လွန်း၊ လူတွင်ကျယ်ဖြစ်ချင်လွန်းလို့( ဘလောဂ့်ရေတာ လူတွင်ကျယ် ဖြစ်ချင်လို့ ရေးကြတာလို့ ပြောချင်တာမဟုတ်ပါဘူး။ ကျွန်မကို ရင်နှီးတဲ့သူ အတော်များများက ကျွန်မကို လူတွင်ကျယ် သိပ်လုပ်တာဘဲလို့ အတော်များများက မြင်နေကြလို့ပါ။)ရေးတာမဟုတ်ပါဘူး။ အမှန်တကယ် စိတ်ညစ်လို့ စိတ်ထွက်ပေါက်အနေနဲ့၊ အချိန်အားတွေကို ဒီအတိုင်းမကုန်လွန်ချင်လို့ပါ။ ရှင်းရှင်းပြောရရင် ဦးနှောက်ကို ဒီအတိုင်းမထားဘဲ တခုခုကို စဉ်းစားခိုင်းထားတာပါ။ စာရေးတယ်ဆိုတာ စဉ်းစားရပါတယ်။ စဉ်းစားတော့ ဦးနှောက်အလုပ်လုပ်ရပါတယ်။ စာတွေ လိုက်ဖတ်ရပါတယ်။ အဲ့ဒါကြောင့် ဘလောဂ့်ရေးတာပါ။

ဘယ်သူ့ဘလောဂ့်မှာလဲ ဖတ်လိုက်ရပါတယ်။ စာတွေလိုက်ဖတ်ပြီး ဘ၀အတွက် ၀မ်းစာဖြည့်တာပါ။ ကိုယ့်သိတာကို သူများတွေကို ပြောပြတာကို သူများကို ၀မ်းစာဖြည့်ပေးတာပါ။ နှစ်ခုလုံး မင်္ဂလာရှိတဲ့လုပ်၊ ကုသိုလ်ရတဲ့အလုပ်ချည်းဘဲမို့ ကျွန်မ အချိန်တွေ၊ လူတွေ အပင်ပန်းခံပြီး ဘလောဂ့်ရေးပါတယ်။ တကယ်လို့ ကျွန်မဘလောဂ့်က လူတစ်ဦးတစ်ယောက်ကို အကျိုးယုတ်စေတယ်၊ နစ်နာစေတယ်၊ စိတ်ဓါတ်တွေ ယို့ယွင်း အောင် ပြုလုပ်သလိုဖြစ်သွားတယ်ဆိုရင် ကျွန်မ အနုအညွတ်တောင်ပန်ပါတယ်။ ကျွန်မဘယ်သူ၊ ဘယ်သူ့ကိုမှ ထိခိုက်အောင် မရေးဖူးပါဘူး၊ မရည်ရွယ်ပါဘူး။ ကျွန်မဘလောဂ့်ကို ကျွန်မရဲ့ စိတ်ထွက်ပေါက်တခု၊ မှတ်တမ်းတခု၊ ကျွန်မရဲ့ပျော်စရာပတ်ဝန်းကျင်တခု အနေနဲ့သာ ရည်ရွယ်ပြီး စတင်ခဲ့ပေမယ့်။ နောက်ပိုင်းမှာ ဘလောဂ့်ဂါကြီးတွေရဲ့ ရည်ရွယ်ချက်တွေလိုဘဲ အလည်လာတဲ့သူတွေကို တခုခု ရသွားစေချင်ပါတယ်။ ကျွန်မတက်နိုင်သလောက်၊ ပါရမီ ရှိသလောက်ကြိုးစားပြီး ရေးသွားဖို့ စဉ်းစားထာပါတယ်။ ကျွန်မကိုယ်တိုင်က စကားပြောမညက်တာ၊ သိပ်ပြီး နုညံ့သိမ်မွေ့မှုမရှိတာကြောင့် ကျွန်မရေးတဲ့ စာတွေ အတော်များများ ဖက်ရတာ တမျိုးဖြစ်နေတက်ပါတယ်။ ကျွန်မကြိုးစားပြီး ပြင်သွားမှာပါ။

နိုဝင်ဘာလောက်ကစပြီး အဲ အောက်တိုဘာလကုန်ကတည်းက ထင်ပါရဲ့ သိပ်ပြီးနေမကောင်းလို့တာရော အိမ်က နဲနဲဆူတာရောနဲ့ သူများဘလောဂ့်တွေကို သိပ်ပြီးမလည်ဖြစ်တာ ကြာပါပြီ။ ကိုယ့်ဆီကို အလည်လာ တဲ့သူတွေနဲ့ အချိန်ရှိရင် ရှိသလောက် လက်လှမ်းမှီရာ ဘလောဂ့်မျးကို အလည်သွားဖြစ်ခဲ့ပါတယ်။ တစ်လ အနည်းဆုံး သုံးလေးခေါက်လောက်တော့ အလည်ရောက်ဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ အရင်ကနေ့တိုင်း ရောက်ဖြစ်တဲ့ ဘလောဂ့်သူငယ်ချင်းလေးတွေဆီကို မရောက်ဖြစ်တော့လို့ မခင်ဘူး၊ သူတို့ ရေးတဲ့စာတွေကို ကောင်းလို့၊ မနှစ်သက်လို့ လို့ မလည်မလာတာလို့ မထင်စေချင်ပါဘူး။ ကျွန်မ တကယ်ဘဲ အချိန်မရလို့ အလည်မလာရတာကို ခွင့်လွှတ်ပေးစေချင်ပါတယ်။ ဘလောဂ့်က ကျွန်မရဲ့ ပတ်ဝန်းကျင်လေး၊ အစိတ်အပိုင်းလေး တစ်ခုလို့ ပြောချင်ပါတယ်။

အခု ဘလောဂ့်ရေးတဲ့အကျိုးကြောင့် ကျွန်မရဲ့ မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေ အတော်တိုးတက်ပြီး အမှားနည်းလာပါတယ်။ ကျွန်မကိုယ်တိုင် အများမြင်နိုင် ဖတ်နိုင်တဲ့စာတွေ ရေးတဲ့အတွက်ကြောင့် စိတ်ထားကို အတော်သိမ်မွေ့အောင်ထား ရလို့စိတ်လည်းအရင်ကထက် အများကြီး ပြောင်းလဲသွားပါတယ်။ ကျွန်မဖတ်ဖူး တဲ့စာတွေ၊ လူမှုဘ၀တွေ၊ အတွေးတွေ လူအများနဲ့အတူ ဝေမျှခံစားရအောင် ကျွန်မဘလောဂ့် ရေးခြင်းဖြစ်ပါတယ်။ ဘလောဂ့်တွေရေးလို့ ဖတ်လို့ ကျွန်မကိုယ်တိုင် ကျွန်မဘ၀အတွက်အရေးကြီးသော သင်ခန်းစာတွေအများကြီး ရလိုက်ပါတယ်။ ကျွန်မကို ဘလောဂ့်တွေနဲ့ ရင်နှီးအောင် ဖိတ်ခေါ်ခဲ့တဲ့ မောင်လေးမျှားပြာကိုလည်း သိပ်ပြီးကျေးဇူးတင်ပါတယ်။ သူလည်း ကုသိုလ်တွေများကြီးရမယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မကောင်းတာ၊ မှန်တာ၊ တခုလုပ်တိုင်း၊ ဖြစ်တိုင်း သူကုသိုလ် တစ်ခါ ရတယ်လို့ မြင်မိပါတယ်။ ၂၀၀၈ မှာ ကျွန်မမျှော်လင့်ချက်တွေ၊ အားအင်းတွေ၊ အကြံတွေ၊ စိတ်ဓါတ်တွေထားတက်အောင် ဘလောဂ့်က ၂၀၀၇ မှာ အပြည့်အ၀ ကူညီပေးလိုက်ပါတယ်။

ကျွန်မရဲ့မတောက်တခါက်၊ အဆင်မချောတဲ့ စကားလုံးကြမ်းကြမ်းတွေကို အမြဲလာပြီးအားပေးကြတဲ့ သူငယ်ချင်းများကို သိပ်ပြီးကျေးဇူးတင်ပါတယ်။ သူတို့ကြောင့် ဒီဘလောဂ့်လေး အသက်ဆက်နေရတာပါ။ ကျွန်မစိတ်ဓါတ်တွေ ရခဲ့ရတာပါ။ အမှားတွေအများကြီးနဲ့ ကျွန်မကို ခွင့်လွှတ်ပေးကြပါ။ ၂၀၀၈မှာ ၂၀၀၇ ကအမှားတွေကို ပြင်ဆင်ပြီး (ဟဲဟဲ တသက်လုံးလုပ်လာတဲ့ အမှားတွေလို့ပြောလို့ရပါတယ်။) စိတ်သစ်နဲ့ ဘလောဂ့်ရေးဖို့ ကြိုးစားသွားပါ့မယ်။
အားလုံးဘဲ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ။
အားလုံးကို ချစ်သော
နှင်းဆီနီနီ။။