Sunday 13 April 2008

သင်္ကြန်

သင်္ကြန်ရောက်တော့ ပျော်သလိုလို မပျော်သလိုလိုနဲ့။ စာတွေလည်းမရေးကြာပေါ့။ နှစ်သစ်မှာတော့ အားလုံးအဆင်ပြေချင်တယ်။ ဒါပါဘဲ
ဒီနေ့ သင်္ကြန်အကျနေ့ပေါ့။ သင်္ကြန်သီချင်တွေကြားတော့ သတိရမိတယ် သင်္ကြန်ကို။ သင်္ကြန်ဆို သူများတွေလို မရူးတက်ပေမယ့် သိပ်ပျော်တက်တဲ့ ဖေဖေကို ကြည့်ပြီးပျော်ရတာက ဘယ်အရာနဲ့မှ မတူတဲ့ ပျော်ရွှင်မှုပါ။ သင်္ကြန်ရောက်ရင် ကိုယ်က ပြောစရာမလိုဘဲ သင်္ကြန်လည်မယ်စပြောတက်တဲ့ ဖေဖေကို သင်္ကြန်ရောက်တိုင်း သတိရတယ်။
မှတ်မှတ်ရရ ၂၀၀၁ သင်္ကြန်ထင်ပါတယ်။ မန္တလေးက ဘကြီးလူပျိုကြီးတစ်ယောက်ဆုံးတာ သင်္ကြန်တွင်မို့ နေ့မကူခင် အသုဘချရတယ်။ မနက်ပိုင်း ကိစ်စတွေပြီးတော့ တစ်အိမ်လုံး လှုပ်လှုပ်ရွရွနဲ့ ဖြစ်နေကြတယ်။ သင်္ကြန်မလည်ရလို့လေ။ အဲ့ဒီဒါနဲ့ အကြီးဆုံး ဖြစ်တဲ့ဖေဖေက ကဲကဲ ကားသွားငှားချည် လည်ကြမယ်လည်းပြော ရော အားလုံးက ဝေးးဆိုပြီး ပျော်သွားကြတယ်။ ဘကြီးက လူပျိုကြီးဆိုတော့ ငိုမယ့်သူလဲမရှိဘူးလေ။ ဗိုက်ကြီး သည်အမကလည်း သူလည်းလိုက်မယ်အတင်းပြောနေတာ။ သူကနှစ်တိုင်းကဲနေကျဆိုတော့ မကဲရရင်မနေနိုင် ဘူးတဲ့လေ။ ဟီးး။ အဲ့ဒါနဲ့ဘဲ ဘကြီးအသုဘမှာ တပျော်ကြီးလည်လိုက်ကြတာ။ ရပ်ကွက်ကတောင် အောချယူ ကြတယ်။