Sunday 27 July 2008

အိမ်မက်

ကိုယ့်ကိုကိုယ်ပြောင်းလဲဖို့
အိမ်မက်တွေကို ပစ်ချခဲ့တယ်။

အိမ်မက်တွေသာ ပြုတ်ကျသွားတယ်
လူက ပြောင်းမသွားခဲ့ဘူး။

တကယ်လို့သာ ဒီလိုဖြစ်မယ်မှန်း
အစကကြိုသိခဲ့ရင်.....

ငါ့အိမ်မက်တွေကို ငါပစ်မချလိုက်ပါဘူး။

တကယ်လို့သာ မဖြစ်မှာမှန်းသိရင်
ငါဒီလမ်းကို လျှောက်ခဲ့ပါဘူး။

တကယ်လို့သာ ငါစိတ်မခိုင်မှန်းသိခဲ့ရင်
ငါစပြီး မငိုခဲ့ဘူး။
လောကရယ် ငါက
ပန်းတွေကိုဘဲပွင့်စေချင်တာပါ။
နှင်းဆီနီနီ။