Thursday 22 May 2008

Justine Henin


ကျွန်မ တင်းနစ်ကို မရိုက်တက်ပေမယ့် တင်းနစ်ပွဲတွေကို မလွတ်တမ်းကြည့်တက်သလို။ တက်နိုင်သလောက် တင်းနစ်သတင်းတွေဖတ်တက်ပါတယ်။ အရင်တုန်းက တင်းနစ်အကျော်အမော်တွေကို နာမည်တွေနဲ့ လူတွေ တွဲပြီး သိပ်မမှတ်မိတက်ပေမယ့် အခုနောက်ပိုင်းလူတွေကိုတော့ သတိထားမိတက်ပါတယ်။ အခုနောက်ပိုင်း ကမ္ဘာ နံပါတ်တစ် အမျိုးသမီးတင်းနစ်မယ် တင်းနစ်လောက ကစွန့်သွားတဲ့သတင်းကို သိပြီး စိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တော့ ဟင်နင်က အတော်ကို ကစားနိုင်ပြီး၊ ကိုယ်ကိုယ်တိုင် ကိုယ့်အီမိုရှင်ကိုလည်း အတော်လေး ထိန်နိုင်တဲ့ ကစားသမားတစ်ယောက်မို့ နှမျောမိပါတယ်။ ပြီးတော တင်းနစ်ကစားတဲ့ ကျွန်မသူငယ်ချင်း တစ်ယောက်နဲ့ လည်း အတော်တူ၊ ကျွန်မနဲ့လည်း အသက်အတူတူမို့ ပိုပြီး သဘောကျတာလည်းဖြစ်နိုင်ပါတယ်။ အရပ် ၅ ပေ ၆လက်မ ဆိုပေမယ့် တင်းနစ်ပွဲတွေမှာ သူ့ကို ကြည့်ရတာ ပုနေသလိုပါဘဲ။ ရုရှားက တင်းနစ်ကစားတဲ့ ကစားသမားတွေကတော့ ၆ပေနီးပါဆိုတော့ ဟင်နင်က ပုနေတာပေါ့။ ဒါပေမယ့် သူက အကောင်းကြီးကြီး ပိုင်ဘက် ကစားသမားတွေကို အတော်ဘဲ ခုခံပြီး ကစားနိုင်တဲ့ ကစားသမားတစ်ဦးပါ။ သူ့ကိုကြည့်ရတာ တကယ့်အားကစားသမားနဲ့တူပါတယ်။ ဘာလို့လဲဆိုတော့ အတော်များများ တင်းနစ်ကစားသမားတွေက မော်ဒယ်တွေနီးပါး ပဲများကြလို့။ တခါတလေ သူတို့ကိုကြည့်ရတာ မော်ဒယ်ရှိုးကြည့်နေရသလိုပါဘဲ။ ဒါပေမယ့် ဟင်နင်ကစားတဲ့ပွဲတွေမှာ ဆိုရင်တော့ တကယ့် တင်းနစ်ပွဲကို ကြည့်နေရလိုဘဲ ရင်မောရလို့ သူကစားတဲ့ပွဲတွေကို အလွန်းဘဲသဘောကျမိပါတယ်။သူ့အကြောင်းကို ဒီမှာ ရေးထားပါတယ်။

သူနှုတ်ထွက်ရတဲ့အကြောင်းကို ဒီမှာရေးထားတာတွေ့ရလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ သူ ကစားမယ်ဆိုရင် ကစားလို့ရတဲ့အနေအထားမှာ ရှိရဲ့နဲ့ နှုတ်ထွက်ခဲ့တာပါ။ တခါတလေတော့လည်း လူတွေက အောင်မြင်အောင် ကြိုးစားကြတယ်။ အောင်မြင်လာတော့ အနားယူချင်ကြတယ်။ ဘာလို့များ ဒီလိုလုပ်ကြတာလဲဆိုတာကို စဉ်းစား လို့မရနိုင်အောင်ပါဘဲ။ ဒီနှစ် ပြင်သစ်အိုပင်းမှတော့ အမျိုးသမီးဖလားအတွက် ခုခံမယ့်လူမရှိဘူးဖြစ်နေတော့။ ဘယ်သူတွေ ဖလားလုကြဦးမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရဦးမှာပါ။