Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

Monday, 15 June 2009

Near or Far ?


ကျွန်မရဲ့ ရောဂါက ဓါတ်ပုံဆိုရင် မပြင်ဘဲ တင်ရတာကိုကြိုက်ပါတယ်။ ဒါလေးက ဖုန်းကင်မရာလေးနဲ့ ရိုက်ထားတဲ့ ပုံလေးပါ။ အမှတ်တရအနေနဲ့ တင်လိုက်တာပါ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဒါပေမယ့် ခေါင်းထဲမှာ ပေါ်လာတာလေး တစ်ခုက ကောင်ကင်ကြီးက မြက်ပင်တွေအတွက် တကယ့်ကိုဝေးပေမယ့် ဒီလို လေးကျတော့ နီးနီးလေးလိုပါဘဲ။ အမြင်လေးတစ်ခုကြောင့် အကွာအဝေးတွေကနေ နီးသွားသလို ဖြစ်သွား ပေမယ့် ကတယ်တော့လည်း ဝေးနေတုန်းပါဘဲလို့ ဆိုတဲ့ မတူတဲ့ အတွေးနှစ်ခု ခေါင်းထဲ ရောက်လာပါတယ်။


Friday, 5 December 2008

Singapore, Singapore, Singapore

စင်္ကာပူ တစ်ပတ်တာပေါ့။ ဒီတပတ်မှာစားဖြစ်တာတွေ သွားဖြစ်တာတွေ တင်ဖြစ်မယ်ထင်တယ်။


တော်မီနဲ့သွားရင် စားဖြစ်တာတော့ Donut တို့ Pizza တို့စားဖြစ်တာများတယ်။ အခုနောက်ပိုင်း Donut စားတာ များပြီး Donut Factory က ၀ယ်ဖြစ်တယ်။ Donut တွေထဲမှာ Almond Donut ကို ပိုကြိုက်တယ်။ ဒါက အရင်ရိုက်ထားတဲ့ပုံကို တင်လိုက်တာ။ လာဖတ်တဲ့လူတွေ သရေကျအောင်လို့။


စီးတီးဟော မြေအောက်ထပ်မှာရှိတဲ့ ရနံ့သစ်က ကြေးအိုး ဆီချက်ပါ။ စားလို့ ကောင်းတယ်။ အသားများတယ်။ ကြာဇံတော့နည်းတယ်။ ဈေးကတော့ ၅ ကျပ်တဲ့။

Last for one
ဒီအဖွဲ့ ဒီမှာလာပြီးပွဲတွေလုပ်နေတာ ၁ လလောက်ရှိပြီထင်တယ်။ မထင်မှတ်ဘဲ တော်မီခေါ်လိုက် သွားကြည့် မိတယ်။ ကြည့်ပြီး သဘောကျသွားတယ်။ ဟီး ဒီတပတ် နောက်ဆုံးလို့ ပြောသံကြားတယ်။ ၀င်ကြေးတွေ ဘာတွေမရှိပါဘူး။ ဒီလိုဘဲ သွားကြည့်လိုက်တာ။ ဒါပေမယ့် အမြဲအားပေးတဲ့လူတွေ ရှိနေတော့ ၂ ခါ သွားကြည့် တာ ၁ ခါဘဲ ထိုင်ခုံရတယ်။ ဒါတောင် နောက်ဆုံးမှာရတာ။ မနေ့ကလည်း သွားကြည့်ဖြစ်တယ်။ အဲ့ဒီ အကအဖွဲ့လူတွေက ရုပ်သိပ်ပြီးမချောပေမယ့် သူတို့ဝါသနာကို အောင်မြင်အောင် ကြိုးစားတာတော့ သဘောကျတယ်။ ပြီးတော့ တော်တော်လည်း ကြံ့ခိုင်ကြတယ်။ အဲ့ဒါကို သဘောကျတာ ပါမယ် ထင်တယ်။ မနေ့ကတော့ Stone နဲ့ လက်ဆွဲနှုတ်ဆတ်လိုက်တယ်။ ဟီးး ကလေးတွေကြားမှာ ပျော်နေတာ။

Bugis
ကွမ်ရင်ကျောင်းသွားတဲ့နေကရိုက်လာတာ ခရစ်စမတ်သစ်ပင်။

Changi Airport Terminal 3 ကိုမရောက်ဖူးလို့ သွားကြည့်ခဲ့တာ။ ဒါလည်း တော်မီနဲ့သွားတာဘဲ။ ဟိုမှာအ လှဆင်ထားတာတွေ လှလို့ဓါတ်ပုံရိုက်ခဲ့တာ။ အထဲအထိတော့ ၀င်လို့မရပေမယ့် လေယာဉ်ကွင်းနားအထိ မြင်ရအောင်ကို သူတို့လုပ်ထားတာ အရမ်းမိုက်တယ်။ တော်တော်လည်း လှတယ်။ ပြင်ဆင်ထားတာတွေ ခမ်းနားတယ်။ ဖုန်းကင်မရာနဲ့ ရိုက်ခဲ့တာဆိုတော့ ပုံတွေသိပ်မလှဘူးဖြစ်နေတယ်။


Eunos MRT
ဘာမှတော့မဟုတ်ပါဘူး။ ဟိုဟိုဒီဒီ လျှောက်သွားရင်းက ရိုက်လာခဲ့တာလေးတွေ တင်ထားတာ။ မြန်မာပြည်လို အမှိုက်မပစ်ရလို့ ရေးထားတဲ့နေရာမှာ ပစ်ထားသလိုဘဲ။
စင်္ကာပူ တစ်ပတ်တာပေါ့။ အမှတ်တရပါ။

Thursday, 20 November 2008

မြို့ပြနေ၀င်ချိန်



ဒီကြားထဲ ဓါတ်ပုံလေးဘာလေးရိုက်ဖြစ်တယ်။ ဒါကတော့ ဒီနေ့ နေ၀င်ချိန်မှာ အိမ်ပေါ်ကနေ လှမ်းပြီး ရိုက်ထားတာ။ ဘာမှမဟုတ်ပေမယ့် အမှတ်တရ ရိုက်ထားတာ။

Friday, 2 November 2007

ဓါတ်ပုံအကြွေးဆပ်ပါသည်။


ယုဇနပန်းပွင့်လေးတွေ။
ကျွန်မ ယုဇနပန်းပင်အကြောင်းရေးတုန်းက မီးလေးလား၊ နှင်းပွင့်လားမသိ ယုဇနပန်းမမြင်ဖူးလို့ ဆိုပြီးဆီဗုံးထဲမှာ လာအော်ဖူးလို့။ တနေ့ကမြို့ထဲသွားရင်း ယုဇနပန်းပင်တွေလို့ ဓါတ်ပုံရိုက်ပြီးယူ
လာခဲ့တယ် အခုတင်ပေးလိုက်ပါတယ်။ တခြားဓါတ်ပုံလေးတွေလည်း ဒီမှာစုပြီးတင်လိုက်တယ်။ နောက်ထပ်ခေါင်းစဉ် အသစ်အခုမလုပ်ချင်တော့လို့။ အပျင်းကြီးတာခွင့်လွှတ်ပေးကြပါ။



ဒါလေးက Sandakan မြေပုံလေး။


Memorial Stone at POW Camp. သုံးနိုင်ငံကိုယ်စားပြု(နေကြာပန်း၊ နှင်းဆီပန်း၊ ခေါင်းလားပန်း။)


POW Camp မှာရှိတဲ့ မြေတူးတဲ့စက်ကြီးပါ။


တောင်ပေါ်စခန်ကနေ Kinabalu တောင်ကိုရိုက်ထားတာပါ။


Kinabalu တောင်ပုံပါ။ (Professional တွေရိုက်ထားတဲ့ဓါတ်ပုံ)

စစ်အတွင်းကအသုံးပြုခဲ့တဲ့ ရေနွေးငွေ့သုံးမီးစက်။

Orangutan ဆိုတာသူပါဘဲ။ လှတယ်ဟုတ်?
ကဲပြီးသလောက်လေးတင်ပေးလိုက်တယ်။ နောက်ထပ်ဖြည့်ပြီးရင် တင်ထားလိုက်ပါဦးမယ်။