လေတိုက်တိုင်း ရယ်နေတက်တဲ့
ကုက္ကိုယ်ရယ်သံတွေကို လွမ်းတယ်။
နွေလမ်းတွေပေါ်မှာ တိုက်တက်တဲ့
လေပွေလေရူးတွေကို လွမ်းတယ်။
လုပြီး ကောက်ခဲ့ဖူးတဲ့
လက်ပံပွင့်တွေကို လွမ်းတယ်။
တနွေလုံး စိမ်းနေတက်တဲ့
ထနှောင်းပင်တွေကို လွမ်းတယ်။
ငါကောက်ခဲ့ဖူးတဲ့ စကားပင်ခြေက
စကားပွင့်တွေကို လွမ်းတယ်။
ငါ့အိမ်ရှေ့က ဖြတ်ပြေးတက်တဲ့
ယုန်လေးကို လွမ်းတာဘဲ။
ငါ့အိမ်က သြဇာသီးတွေ လာစားတက်တဲ့
မုန်းခဲ့ဖူးတဲ့ရှဥ့်တွေကို လွမ်းတယ်။
ငါ လျှောက်ခဲ့ဖူးတဲ့
ဖုန်ထူထူလမ်းကို လွမ်းတယ်။
ငါတက်ခဲ့ဖူးတဲ့
ငါ့မွေးရပ်ကကျောင်းကို လွမ်းတယ်။
ဆောင်းတွင်းရောက်တိုင်း ပြေးပြီးလုခဲ့တဲ့
ထုတ်ဆီးတိုးကွင်းကြီးကို လွမ်းတယ်။
ဆောင်းမနက်ခင်းတိုင်း မြူတွေကျတက်တဲ့
ငါ့မြို့လေးကို လွမ်းတယ်။
မုန့်ဝယ်စားပါဦးလို့ ပြောတက်တဲ့
ကျောင်းဈေးက ဒေါ်ကြီးကို လွမ်းတယ်။
ဒီကောင်မလေး ငယ်ငယ်က သိပ်ဆိုးတာဘဲလို့ ပြောတဲ့
မုန့်ပစ်သလက်သည် ကိုလွမ်းတယ်။
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးရယ်မောခဲ့တဲ့
အတိတ်က ရယ်သံတွေကို ပြန်လွမ်းတယ်။
ငါ့မွေးရပ်မြေကိုလွမ်းတယ်
ငါ့အတိတ်ကိုလွမ်းတယ်
အခုငါ့က အရင်က ငါ့ကိုပြန်ပြီးလွမ်းတယ်ဟာ....
နှင်းဆီနီနီ