နွေလမ်းတွေပေါ်မှာ တိုက်တက်တဲ့
လုပြီး ကောက်ခဲ့ဖူးတဲ့
တနွေလုံး စိမ်းနေတက်တဲ့
ငါကောက်ခဲ့ဖူးတဲ့ စကားပင်ခြေက
ငါ့အိမ်ရှေ့က ဖြတ်ပြေးတက်တဲ့
ငါ့အိမ်က သြဇာသီးတွေ လာစားတက်တဲ့
ငါ လျှောက်ခဲ့ဖူးတဲ့
ငါတက်ခဲ့ဖူးတဲ့
ဆောင်းမနက်ခင်းတိုင်း မြူတွေကျတက်တဲ့
Just Dreams about Roses of Red.
မိုးချစ်သူရဲ့ခွင့်ပြုချက်နဲ့ဒီကဗျာလေးကို ကျွန်မဘလောဒ့်မှာတင်ထားတာပါ။
သူ့ရဲ့အရေးအသားလေးကိုကြိုက်တာလည်းပါတယ်။ ကဗျာလေးကို ခံစားလို့
ရတာလည်းပါတယ်။ ကျွန်မရဲ့ မှတ်စုလေးထဲသိမ်းထားချင်တာလည်းပါတယ်။
တသက်လုံးသာ
ဇိမ်ခံပစ္စည်းတွေနဲ့မှ ဘ၀အမောတွေ ပြေမယ်ဆိုရင်
တသက်လုံးသာ မောပါစေတော့...........
ငါလိုချင်တာ နင့်အပြုံးတခုဘဲ....................
တီတီတာတာ ပလီပလာပြောမှ ချစ်သူဖြစ်ကြေးဆိုရင်
တသက်လုံးသာ အဖော်မဲ့ပါစေတော့..........
ငါလိုချင်တာ စကားလုံးမဲ့ အချစ်စစ်တခုဘဲ............
ဖုန်းတွေအမြဲဆက် မေးလ်တွေ အမြဲပို့မှ အချစ်တွေနွေးမယ်ဆိုရင်
တသက်လုံးသာ အချစ်တွေအေးပါစေတော့.........
ငါလိုချင်တာ ဘယ်လောက်ဝေးဝေး ထပ်တူကျမယ့် နှလုံးသားတစ်စုံဘဲ........
နင့်အချစ်တွေ မရိုးအီဖို့ ပုံရိပ်တွေ ပြောင်းလဲမှ ရမယ်ဆိုရင်
တသက်လုံးသာ အချစ်တွေ ရိုးအီပါစေတော့........
ငါလိုချင်တာ ပြောင်းလဲစရာ မလိုတဲ့ ငါ့ပုံရိပ်အဟောင်းဘဲ.........
ငါနဲ့လမ်းခွဲမှ အချစ်စစ်ဆိုတာ နင်နားလည်မယ်ဆိုရင်
တသက်လုံးသာ လမ်းခွဲလိုက်ပါရစေတော့........
ငါလိုချင်တာ အချစ်စစ်ကို နင်နားလည်မယ့်နေ့ဘဲ...................
ရေးချင်တာတွေများနေလို့ ခေါင်းထဲမှာစဉ်စားနေတာခေါင်းကိုပူနေတာပါဘဲ။ ရေးဖို့ဝင်လာတိုင်း စဉ်းစားထားတာ တွေ ထဲကဘာရေးရမှန်းမသိလို့ ဒီအတိုင်းပြန်ထွက်သွားတာလည်း ခဏခဏပါဘဲ။ ဒီနေ့ ကျွန်မကြိုက်ခဲ့ဖူးတဲ့
ကျွန်မသူငယ်ချင်းတစ်ယောက်ကျွန်မကို မဂ္ဂဇင်းမှာထည့်ခိုင်းတဲ့ ကဗျာတစ်ပုဒ်တင်လိုက်ပါတယ်။ သူ့ကောင်လေး
နဲ့ပက်သက်ပြီးရေးထားတာပါ။ ကျွန်မဇာတ်လမ်းအစအဆုံးသိနေလို့ ခံစားလို့ရသလို၊ ကျွန်မသူငယ်ချင်းတွေကို
ပေးပြီးဖတ်တော့လည်း ကောင်းတယ်လို့ပြောကြပါတယ်။ အစကကဗျာကို ကြိုက်လို့အလွတ်ကျက်ထားပေမယ့် အခုတော့ အချို့တ၀က်မေ့သွားပြီး။ ကဗျာလေးကဒီမှာ..
သူမရဲ့အချစ်
ကောင်းကင်တွေတောင်အလွန့်လွန့်လူးတဲ့
ရင်အုံတစ်ခုပေါ် ခဏခဏ။
အိပ်မက်တွေနဲ့ ကျစ်လစ်ခဲ့လက်တွေထဲမှာ
သူမလေ အစစ်အမှန်ရင်ခုန်ခဲ့တာ
ခဏခဏ။
ခဏလေးတောင်မှ မလွတ်လပ်ချင်တော့တဲ့အထိ
ခဏခဏ။
ညီမလေး သွား/ဆေး(မန်း)
ကဗျာဆရာက သူ့ကဗျာလေးကို အလှဆုံးရေးခဲ့တာပါ။ ကျွန်မက ကျွန်မရွတ်ဆိုတက်သလို ပြန်ရေးထားလို့ ကာရန်မညီခဲ့ရင်ခွင့်လွတ်ပေးပါ။