Monday 18 August 2008

အမှတ်တရ သြဂုတ်လ

သြဂုတ်လ ဆိုတာ ကျွန်မအတွက် အမြဲအပြောင်းအလဲတွေ သယ်လာတဲ့လပေါ့။ ဒီလရောက်ရင် ကျွန်မအတွက်
အပြောင်းအလဲတစ်ခုတော့ မမြဲရှိတက်တယ်။ ဒါပေမယ့် အဲ့ဒီအပြောင်းအလဲဟာ ဘယ်တော့မှ ကျွန်မအတွက် ကောင်းသောပြောင်းလဲချင်းတွေ သယ်ဆောင်မလာတက်ဘူး။ ကြီးမားတဲ့ ပြောင်းလဲမှတွေဖြစ်ရင်တောင် ကျွန်မဖြစ်ချင်တာနဲ့ အမြဲဆန့်ကျင်တဲ့ ပြောင်းလဲမှုတွေသာ သယ်ဆောင်လာတက်တယ်။ ဒါပေမယ့် ဒီလကို ကျွန်မ မမုန်းမိပါဘူး။ ဒါပေမယ့် ချစ်တော့ မချစ်မိဘူး။

အခုလည်း သူ ယူလာပြန်ပြီ ပြောင်းလဲမှုပေါ့။ ဒီပြောင်းလဲမှုကတော့ နောက်နှစ် ဒီလမရောက်ခင်အထိ ဆက်လက်တည်ရှိနေမှာပါ။ နောက်နှစ် ဒီအချိန်မှာတော့ ပြောင်းလဲမှုတစ်ခုနောက်မှာ ကျွန်မ ရှိနေမှာပါ။ မွေးနေ့ပြီး ဒီလရောက်ရင် ရောက်တဲ့ အသက်ရဲ့ ကံကြမ္မာက ဒီလမှာ စဖြစ်တယ်လို့ ဗေဒင်တစ်ခုက ပြောဖူးတယ်။ ဒီလကတော့ ကျွန်မအတွက် ဘယ်လောက်ကောင်းတဲ့ပြောင်းလဲချင်းတွေ ယူဆောင်လာမလဲဆိုတာ မသိပေမယ့် သြဂုတ်လမှစလို့ ကျွန်မလိုချင်တဲ့ ကောင်းသော ပြောင်းလဲချင်တွေကို မျှော်လင့်နေမိတယ်။