ဒီနေ့ စင်္ကာပူလေကြောင်းရဲ့ နှစ် (၄၀)ပြည့်အထိမ်းအမှတ်ပြပွဲကိုသွားကြည့်ခဲ့ပါတယ်။ အမှန်တော့ ဒီလောက် အပင်ပန်းခံပြီးသွားဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် Apache ဆိုတဲ့ ရဟတ်ယာဉ်ကို အရင်ကတည်းက အရမ်းသဘောကျပြီး အဲ့ဒီ ရဟတ်ယာဉ်ရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျခဲ့တာကြောင့် သွားဖို့ကို ဆုံးဖြတ်ခဲ့တာပါ။ ရဟတ်ယာဉ်တွေထဲမှာ အဲ့ဒီ Apache ရဟတ်ယာဉ်လောက်ကြည့်ကောင်းတာ မရှိဘူးလို့ အမြဲထင်ခဲ့တာပါ။အဲ့ဒီရဟတ်ယာဉ်ကို အပြင်မှာမြင်ဖူးချင်ပါတယ် ဒီတသက်မြင်ဖူးလိမ့်မယ်လို့လည်း တစ်ခါမှ မစဉ်းစားမိပါဘူး။ ဒီလို အခွင့်အရေးမျိုးရလိမ့်မယ်လို့လည်း မထင်မိပါဘူး။ ဒီတစ်ခါက လေယာဉ်တွေကို ပြထားရုံမက လေယာဉ် စီးခွင့်ကံစမ်းမဲကိုပါ ဖေါက်ပေးမယ်ဆိုလို့ ပိုပြီး စိတ်ဝင်စားပြီးသွားခဲ့တာပါ။ ပွဲမှာ လူတွေ သိပ်ပြီးမများပေမယ့် လာတဲ့လူတော်တော်များများက စင်္ကာပူနိုင်ငံသားတွေများပါတယ်။ ပြီးတော့ ကလေးတွေ။
မြေပုံလမ်းညွှန်နဲ့ ကံစမ်းမဲလက်မှတ်ပါသော စာအုပ်လေး။
မြန်မာနိုင်ငံကနေ ရောင်းစားထားတဲ့ လေယာဉ်အဟောင်းတွေကို စင်္ကပူလေကြောင်းရဲ့ ပြတိုက်ထဲမှာ တွေ့ခဲ့ပါတယ်။ လေယာဉ်အဟောင်းကြီးတွေနဲ့လည်း ဓါတ်ပုံတွေရိုက်ခဲ့ပါတသေးတယ်။ ဓါတ်ပုံတော်တော် များများရိုက်ခဲ့ပေမယ့် တကယ်တော့ ပုံမယ်မယ်ရရ ကောင်းကောင်းတစ်ခုမှမထွက်ခဲ့ပါဘူး။ ရိုက်ခဲ့သအမျှထဲက ကောင်းမယ်လို့ထင်မယ့် ပုံလေးတွေပဲရွေးပြီး တင်လိုက်ပါတယ်။
ပြီးတော့ ဒါမျိုးလေးတွေကပ်ထားကြတယ်။
ကျွန်မအရမ်းကြိုက်တဲ့ ရဟတ်ယာဉ်နဲ့ ဓါတ်ပုံရိုက်ဖို့ကို စင်္ကာပူ ထုံးစံအတိုင်း တန်းစီးရတာ တစ်နာရီခွဲကျော်ကျော်လောက်ကြာပါတယ်။ ဒီကြားထဲ မိုးကရွာသေးတယ်၊ တောပ်ါသေးရဲ့မိုးရွာတဲ့အချိန်က တန်းစီဖို့ အမိုးအောက်ရောက်နေလို့ ရေမစိုခဲ့တာ။ ဘာပဲဖြစ်ဖြစ် တစ်နာရီကျော်ကျော် အချိန်ယူရကျိုးနပ်ပါတယ်။ တကယ့်လေယာဉ်အစစ်ကို တကယ်ဝင်ထိုင်းခွင့်ရတာအရမ်းကို ပျော်စရာ ကောင်းပါတယ်။ လေယာဉ်စီးခွင့် ကံစမ်းမဲကတော့ မပေါက်ခဲ့လို့ လေယာဉ်တော့ မစီးခဲ့ရဘူး။ ဒါပေမယ့် ကျွန်မဖြစ်ချင်တဲ့ ဆန္ဒတစ်ခုတော့ ဒီနေ့ပြည့်ခဲ့ပါတယ်။ မမျှော်လင့်ပဲပေါ့။နှင်းဆီနီနီ။