
ဒီရောက်ပြီးမှ သွေးလှူတာတွေလုပ်ဖြစ်တယ်။ ကိုဇူလိုင်တိုက်တွန်းတာလဲပါမယ်ထင်တယ်။ ကိုယ်ကလည်း အစကတည်းက လှူချင်နေတာ အဆင်မပြေလို့ မလှူခဲ့ရတာဆိုတော့ ဒီရောက်ပြီးမှ သွေးလှူဖြစ်တယ်။ စက်တင်ဘာ ၂၁ ရက်နေ့က တတိယအကြိမ်မြောက် သွေးလှူဖြစ်တယ်။ အရင်အခေါက်တွေတုန်းက ကင်မရာလည်း မရှိတာနဲ့ ဓါတ်ပုံတွေဘာတွေမရိုက်ခဲ့ရဘူး။ ဒီတစ်ခါတော့ ရိုက်ဖြစ်တယ်။
ကီလို ၆၀ ကျော်ရင် သွေး ၄၅၀ ယူပါတယ်။ အခုပုံက ၃၂၂ ဂရမ်ရှိတဲ့အချိန်မှာ ကိုယ့်ဘာသာ ရိုက်ထားတာပါ။
သွေးတွေ မြန်မြန်ထွကအောင်လို့ ပိုပြီး ညစ်မိတယ်။ သွေးလှူတဲ့အချိန်မှာ ကိုယ်ထဲကသွေးတွေ ပိုက်ကနေ စီပြီး ဆင်းသွားချိန်မှာ ပူကနဲဖြစ်သွားရင် ကြည်နူးမိတယ်။
ဒါက ဒီတစ်ခါရတဲ့ ခရမ်းချဉ်သီးပါ။ နောက်က ရင်ထိုးကတော့ ကိုဇူလိုင်ဆီက ဓါးပြတိုက်ထားတာ။ စင်္ကာပူ ဘလောဂ့်ဂါသွေးလှူပွဲတုန်းက သွားခဲ့ပါတယ်။ ရက်လိုနေသေးလို့ မလှူခဲ့ရဘူး။ ဒီအတိုင်းပြန်လာခဲ့ရတယ်။ စိတ်တောင် မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဒီဇင်ဘာ ၁၃ ရက်နေ့ဆို လှူလို့ရနေပြီ။ မပြန်ခင်တော့ လှူဖြစ်မယ် ထင်တယ်။