Monday 23 February 2009

IKEA မှ အစားစရာများ


ကြက်တောင်ပံကြော်


ငါးဆလပ်(အချဉ်ညှစ်ပြီး မရောနိစ့်နဲ့တို့စားတာ)


ကြက်သားနဲ့အာလူးခြေ


အသားလုံးနဲ့အာလူးပြုတ် (ုဘယ်ရီသီးအချဉ်လေးနဲ့ စားတာ တော်တာ် စားကောင်းတယ်။)

ဘယ်ရီသီးအချဉ်ကို တစ်ခါမှမစားဖူးဘူး။ စစချင်း စားကောင်းမယ်မထင်မိဘူး။ ဒါပေမယ့် တော်တော် စားကောင်းတယ်။


ပက်စ်စတာ
မနေ့က IKEA ကိုသွားလည်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က ဘလော့တစ်ခုမှာ IKEA အကြောင်း ဖတ်ပြီးကတည်းက သွားချင်လို့ ၁ ခေါက်သွားခဲ့ပေမယ့် ဒီတစ်ခေါက်လောက်တော့ မုန့်တွေမစားဖြစ်ဘူး။ မနေ့ ကတော့ တော်တော်စားဖြစ်တယ်။ အပေါ်ကပုံတွေထဲမှာ ပက်စ်စတာ တစ်ခုဘဲကိုယ်စားတာဆိုပေမယ့် သူများ စားတဲ့ပုံတွေလည်း ရိုက်လာခဲ့တယ်။ အဲ့ဒီထဲက ကြက်ကြော်က တော်တော်စားကောင်းတယ်။ မြန်မာပြည်တုန်း က ပုဂံသွားတဲ့လမ်းပေါ်မှာရှိတဲ့ လက်ပပြားကြက်ကြော်အရသာကိုမှီတယ်။ အဲ့ဒီလက်ပပြားကြက်ကြော်ကိုမှီတာ ဒီတစ်ခုဘဲရှိတယ်။ လက်ပပြားကြက်ကြော်မစားဖူးတဲ့လူတွေ အဲ့ဒီမှာသွားစားရင် ပုဂံက လက်ပပြားကြက်ကြော် က ဒီအတိုင်းပါလားလို့ ခန့်မှန်းလို့ရမှာပါ။ မုန့်စားပြီး ဘာမှထွေတွေထူးထူးမ၀ယ်ဖြစ်ခဲ့ပါဘူး။ မျက်နှာသုတ် ပုဝါနဲ့ ဖယောင်းတိုင်လေးတွေ ၀ယ်ပြီးပြန်လာခဲ့တယ်။ IKEA ကိုသွားပြီးရင်တော့ ပိုက်ဆံတွေအများကြီးလိုချင်တဲ့ စိတ်တွေပေါ်လာတယ်။ သူ့မှာဆင်ထားတာတွေ တော်တော်လှပြီး ဈေးကြီးလို့ ပိုက်ဆံတွေအများကြီး လိုချင်မိတယ်။