First Time items
My First Angel.
အခုတလော အိန်ဂျယ်ရူးရူး နေတာ။ မနေ့က အဲ့ဒီအိန်ဂျယ်လေး နှစ်ခုဝယ်ဖြစ်တယ်။ ချစ်စရာလေး။ အမှန်က အိန်ဂျယ်အကြီးလေးက မနှစ်က ဒီဇင်ဘာကတည်းက ကြိုက်နေတာ။ အဲ့ဒီ အိန်ဂျယ်လေးကိုမြင်ပြီး ရူးသွားတာ။ချစ်စရာလေး ခရာမှတ်နေတာ။ ပြီးတော့ သူ့ခေါင်းပေါ်မှာ မီးခွက်ထွန်းတာလေးလဲပါတယ်။ အခုနောက်ပိုင်း အိန်ဂျယ်လေးတွေစုမယ်လို့ စိတ်ကူးထားတယ်။ အိန်ဂျယ်လေးတွေက ဈေးတော့မသေးဘူး။ ဒါပေမယ့် တခြား ဟာတွေလျှော့ပြီး ၀ယ်မယ်လို့ စိတ်ကူးထားတယ်။
ကျွန်မရဲ့ ပထမဆုံးသောက်ဖူးတဲ့ Star Bucks က ကော်ဖီလေး အမှတ်တရရိုက်လာတာပါ။ သူများတွေအတွက် မထူးဆန်းပေးမယ့် နာမည်ကြီးတဲ့ ကော်ဖီကို ဒါပထမဆုံးသောက်ဖူးတာမို့ အမှတ်တရအနေနဲ့ပါ။ ခါတိုင်းဆို စားပြီးမှ သတိရတာများလို့။ ဒီတစ်ခါ မစားခင်ရိုက်ဖြစ်တာလဲအမှတ်တရပါဘဲ။
My First Star Bucks.

3 comments:
want more first? :p
ဒီတစ်ခါ မစားခင် ဓာတ်ပုံရိုက်ဖြစ်သွားပြီးကို... :P
:D ဟုတ်တယ်မနေ။ အမြဲတမ်းစားပြီးမှရိုက်ဖြစ်တာများတယ်။ အကျင့်ဖြစ်အောင် လုပ်နေတာ။
Post a Comment