Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, 4 February 2009

Fianl Result of Australian Open

သနားစရာကောင်းတဲ့ Federer လေးတော့ Auzi Open မှာ ဖလားမရလိုက်ပါဘူး။ Nadal Fan တွေကတော့ ပျော်နေကြပါတယ်။ Federer ရဲ့ Fan တွေကတော့ တော်တော် စိတ်မကောင်းဖြစ်ကြတယ်။ အားမလို အားမရဖြစ်ကြ ရပါတယ်။ သူကလည်း ၁၄ ခုမြောက် ဖလားရချင်ရှာတယ်။ ဒါပေမယ့် ဒီခေတ်မှာ သူ့လောက်တော်တဲ့ တင်းနစ်သမားမရှိဘူးလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကစားတဲ့ ပွဲစဉ်တိုင်းမှာ ဒဏ်ရာမရခဲ့ဖူးဘူး၊ ဘယ်ပွဲစဉ်မှာမှ ပြဿနာမတက်ဖူးဘူး၊ ဘယ်တော့ ကွင်းထဲမှာ ဒေါသထွက်ကြောင်း မပြခဲ့ဘူး။ အခုနောက်ဆုံးကစားခဲ့တဲ့ Auzi Open မှာဘဲ နဲနဲစိတ်လှုပ်ရှားတဲ့ပုံစံမျိုး ပြဖူးခဲ့တာ။ ပြီးတော့ အခုအချိန်ထိ Nadal က သူ့ကိုခုခံနိုင်တယ်ခဲ့ပေမယ့် သူ့ရဲ့ ကစားကွတ်ထက်သာအောင် မကစားနိုင်ခဲ့ပါဘူး။ ဖြတ်ထိုးဥာဏ်ကို ယှဉ်မရသေးဘူးလို့ ပြောလို့ရမှာပါ။ Federer ရဲ့ talent ကို Nadal ယှဉ်လို့မရသေးပါဘူး။

ဒီနှစ် Auzi Open မှာ လူစွမ်းကောင်းတော်တော်များများ ပေါ်ထွက်ခဲ့ပါတယ်။ အမျိုးသမီး တင်းနစ်သမား ထဲမှာဆို အကောင်းဆုံး တင်းနစ်သမား စာရင်းမ၀င်တဲ့လူက နံပတ်ရှိပြီးသားတို့ နံပါတ်တစ်တို့ကို နိုင်သွားတာတွေ တွေ့ရမှာပါ။သူက တော့ Australian နိုင်ငံသူ Jelena Dokic ဖြစ်ပြီး။ အမျိုးသားထဲမှာလည်း Nadal ကို Semi Final မှာ ခုခံပြီး ၅ နာရီကြာ ရိုက်သွားတဲ့ Fernando Verdasco က တော်တော်နာမည်ကြီးပါတယ်။ Verdasco ရဲ့ ကျန်းမာ ကြံ့ခိုင်မှု၊ လျှင်မြန်ဖြတ်လပ်မှု တွေက အမှန်အတိုင်း ပြောပြရင် Nadal ထက်သာပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအတွေ့အကြုံအရ ဆိုရင် Nadal က ပိုသာတော့ နောက်ဆုံးပွဲမှာ Emotion ကို မထိန်းနိုင်လို့ ရှုံးသွားတယ်လို့ မြင်မိပါတယ်။ သူလည်း Nadal လို ဘယ်သန် တစ်ယောက်ပါဘဲ။ Nadal လောက် ကြံ့ခိုင်တယ်၊ အမောခံနိုင်တဲ့အပြင် အကောင်းဆုံး အားကစားစိတ်ဓါတ်နဲ့ Nadal ကို ခုခံကာကွယ်ရင် စံချိန်ချိုးပြီး ၅ နာရီကြာ ကစားသွားတာဖြစ်ပါတယ်။

တကယ်လို့သာ Verdasco နိုင်ခဲ့ရင်လည်း Federer နိုင်မယ်ဆိုတာ သေချာမပြောနိုင်ပါဘူး။ ဒါပေမယ့် Federer ရဲ့ ကစားကွတ်တွေကို Nadal ကလွဲရင် ခံနိုင်တဲ့လူရှာတော့လည်း အခြေအနေကို မှန်းလို့မရဘူးဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် Federer အတွက် အတော်ကောင်းတဲ့အခွင့်အရေးကြီး တစ်ခုကိုလက်လွတ်ခဲ့ရပါတယ်။ နောက်ဆုံး ဆုပေးပွဲမှာ Federer ငိုခဲ့လို့ သူ့ရဲ့fan တွေ အားလုံး စိတ်မကောင်းဖြစ်ကြသလို Nadal လည်း တော်တော် စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ Nadal ကတော့ မင်းဟာ အကောင်းဆုံး ကစားသမားပါလို့ ချီးကျူးပြောဆိုသွားပါတယ်။ အမှန်တော့ Federer အတွက် နောက်ထပ် အခွင့်အရေးတွေ ကျန်နေပါသေးတယ်။ စိတ်ဓါတ်မကျဖို့သာ လိုပါတယ်။ နောက်ထပ် Training များများလုပ်ပြီး ကြံ့ခိုင်အောင် ကြိုးစားလိုက်ရင် နောက်ထပ်သူမှန်းထားတဲ့ ဆုတွေရနိုင်တယ်လို့ထင်မိပါတယ်။

Thursday, 29 January 2009

Australian Opean And Something About Rafael Nadal


Nadal ကတော့ အခုလောလောဆယ် တင်းနစ်မှာ ကမ္ဘာ့ နံပါတ်တစ်ပေါ့။ သူတစ်ဖြစ်လာတာလည်း တော်တော် ခက်ခက်ခဲခဲပဲ။ သူကအမြဲတမ်းကြိုးစားရတယ်၊ ပြိုင်ပွဲတွေမှာဆိုလည်း ဘယ်တော့မှသက်သာ တဲ့ အပိုင်းမှာမရှိဘူး။ Nadal က ပြိုင်ပွဲတိုင်းကို ခွန်နဲ့အားနဲ့၊ ကြိုးစားပမ်းစားပြိုင်သလို သူနဲ့ပြိုင်တဲ့လူတွေကလည်း သူ့လိုဘဲ အားကြိုးမန်တက်စကားတဲ့လူတွေများတယ်။ Roger နဲ့တွေ့တဲ့လူတွေကတော့ များသောအားဖြင့် အေးအေး ဆေးဆေး သမားတွေများပါတယ်။ ဒါကြောင့်လည်း Roger အတွက်ကံကောင်းပြီး။ Nadal အတွက် နဲနဲခက်ခဲ နေတာလို့လည်း ပြောလို့ရပါတယ်။ Roger နဲ့ကွာတာကတော့ သူက ငယ်လို့ပဲလား၊ ပင်ကိုယ်စိတ်ပဲ လောကြီးလို့ လားတော့မသိဘူး။ နဲနဲလေး Aggressive ဖြစ်တာတွေ့ရတယ်။ ဒါပေမယ့် အခု နောက်ပိုင်း နံပါတ်တစ်ဖြစ်ပြီးမှ တော့ အရင်လို သိပ်ပြီး မဖြစ်တော့ဘူးလို့ မြင်မိပါတယ်။

Nadal ကိုအရင်က သိပ်ပြီးကြည့်မရခဲ့ဘူး။ Roger Fun က Nadal ကိုကြည့်မရတာ ဆန်းတော့လည်း မဆန်းပါဘူး။ ဒါပေမယ့် ၂၀၀၇ Winbledon, Final ပြိုင်ပွဲမှာ Roger ကိုနိုင်ဖို့အတွက်နဲ့ သူ့ခြေထောက်ဒဏ်ရာကြီးကို လုံးဝဂရုမစိုက်ဘဲ အသေအလည်းရိုက်နေတာကိုကြည့်ပြီး တော်တော်သနားသွားမိတယ်။ Roger က တခြားလူတွေကိုသာ နည်းနည်းလောက်လျှော့ပေးပြီး ညှာတဲ့ပုံပေါက်ပေမယ့် Nadal ဆိုရင်တော့ ဘယ်တော့မှ အလျှော့ပေးတဲ့ပုံမရှိဘူး။ နဲနဲလေး ညှင်းပြီး ဆော့တယ်လို့မြင်မိပါတယ်။ အဲ့ဒီပွဲတုန်းကဆို Roger အနေနဲ့ နိုင်အောင်ရိုက်ရင်နိုင်သွားနိုင်ပေမယ့် ဟိုဘက်က ဒဏ်ရာကြီးနဲ့ကို အချိန်တော်တော် ဆွဲပြီး ရိုက်နေတာ မပြီးတော့ဘူး။ ဟိုကလည်းအနားမယူဘဲ ပွဲပြီးတဲ့အထိ ဇွဲကြီးကြီးနဲ့ ရိုက်ခဲ့တယ်။ အဲ့ဒီပွဲက စပြီး Nadal ကို နဲနဲကြည့်ရသွားတယ်။ အစကတော့ ကွင်းထဲကိုဝင်လာတာနဲ့ စောင့်ကြွားကြွား နိုင်လို့ တော်တော့်ကို ကြည့်လို့ကိုမရခဲ့ဘူး။ Winbledon ပွဲတုန်းကတော့ မျက်နှာလေးက သနားစရာလေး တော်တော့်ကိုနာနေ တာကိုသည်းခံပြီး အရှုံးမပေးဘဲရိုက်နေတာ။ အဲ့ဒီစိတ်ဓါတ်လေးကို သဘောကျ သွားတာ လည်း ပါမှာပါ။

2007 Winbledon မှာ ဒဏ်ရာတွေ ဗလဗွနဲ့ဖြစ်နေတာကို မနားဘဲ ၂၀၀၇ မှာဘဲ တခြားပွဲကို ဆက်ရိုက်ခဲ့တယ်။ ဒီလောက်တောင် ပိုက်ဆံရှာနေရလားဆိုပြီး ဒေါသထွက်မိပါတယ်။ အဲ့ဒီလို ပွဲတွေဆက်ရိုက်တာဟာ သူ့ကို နံပါတ်တစ်ဖြစ်အောင် တွန်းပို့ခဲ့တယ်လို့ နောက်ကျမှမြင်မိပါတယ်။ အရင်ကနဲနဲ Aggressive ဖြစ်တက်တဲ့ Nadal အခုတော့ နဲနဲလေး ရင့်ကျတ်လာပြီလို့ မြင်မိပါတယ်။ အရမ်းဖိကစားလို့ ဒဏ်ရာရပြီး ပွဲဆက်မစားနိုင်ရင်သာ ကိုယ့်အိမ်မက်ကြီးကို စွန့်လွှတ်လိုက် ရမှာကို နဲနဲသဘောပေါက် သွားပြီလို့ မြင်မိပါတယ်။ Roger ကို ပိုကြိုက်တဲ့အချက်ကတော့ သူကပွဲကို ဥာဏ်လေးသုံးပြီး ကစားတာ များလို့ပါ။ အမှတ် ၁ မှတ်အတွက် သူ့ကိုယ်သူ ဒဏ်ရာအရမခံဘူး။ လွတ်ပေးလိုက်တာများပါတယ်။ Nadal ကတော့ ပွဲတိုင်းမှာ တစ်မှတ်မှ လွယ်လွယ်လွှတ်မပေးတော့ ဒဏ်ရာတွေနဲ့ဖြစ်နေခဲ့တာပါ။ ထူးဆန်းတာက ဒီလောက် ဒူးဒဏ်ရာတွေနဲ့တောင် နံပါတ်တစ်ဖြစ်လာခဲ့ပါသေးတယ်။ Nadal ကဘဲ တော်တော်ကြံ့ခိုင် လို့လား တခြားလှို့ဝှက်ချက်တွေ ရှိနေလို့လားဆိုတာကတော့ စဉ်းစားစရာပါဘဲ။

အရင် Nadal က အကျီင်္လက်ပြတ်ဝတ်ပြီး ပြိုင်ပွဲဝင်နေကျကို အခု Auzi Openမှာ အကျီင်္လက်နဲ့ဖြစ်နေတာ နဲနဲတော့ ထူးဆန်းမိပါတယ်။ သူရဲ့လှပတဲ့ လက်မောင်ကို ပြင်သစ်က ဆယ်ကျော်သက်တွေအသည်းစွဲလို့ လည်းဖတ်ဖူးပါတယ်။ ကွင်းထဲကိုကြည့်လိုက်လို့ လက်ပြတ်နဲ့ဆို Nadal ဆိုတာသေချာလောက်အောင်ကို အကျီလက်ပြတ်က သူ့ရဲ့သင်္ကေတလိုဖြစ်နေရာကနေ ဘာလို့ လက်ပါတဲ့အကျီတွေပြောင်းဝတ်လဲလို့ စိတ်ဝင်စားမိတယ်။ အခုအချိန်အထိ အဲ့ဒီကိစ္စ အစအနရှာမရသေးပါဘူး။ မနေ့က Auzi Quarter ပွဲမှာ Nadal နဲ့ရိုက်တဲ့ Simon ဆိုတာက နောက်ဆုံးပွဲပြီးတဲ့အထိ သေသေချာချာကို ရိုက်သွားတာ။ နောက်ဆုံးတစ်ချက် ကိုတောင် Challenge ခေါ်ပြီးကြည့်သွားသေးတယ်။ Nadal ကတော့ အမြဲ အားကြိုးမန်တက်ကစားလို့ ပွဲတိုင်း နီးပါး ဒဏ်ရာရတာတွေ့ပါတယ်။ မနေ့ကတောင် တစ်ပွဲပြီးတိုင်း ရေခဲအိပ်ကြီး ဂုတ်ပေါ်တင်တင် ထားတာတွေ့မိတယ်။ ဒူးမှာလည်း ပလာစတာနဲ့။

တစ်ယောက်တည်းကစားတဲ့ အားကစားတွေထဲမှာ တင်းနစ်ဟာ အပင်ပန်းဆုံးနဲ့အမောဆုံး အားကစားလို့ ဖေဖေပြောတာ ကြားဖူးပါတယ်။ အဲ့ဒီလိုပွဲကို ၂ နာရီကျော်ကျော် အားကြိုးမာန်တက်ကစားဖို့ဆိုတာ တော်ရုံ စိတ်ဓါတ်၊ ကိုယ်ကာယကြံ့ခိုင်ရုံနဲ့ မလွယ်တဲ့ကိစ္စလို့လည်း ပြောပါတယ်။Roger ကတော့ အမြဲတမ်း ၃ နာရီကျော်လောက် ကစားတယ်။ သူကတော့ အမောခံနိုင်တာ စံချိန်ချိုးတယ်လို့ ထင်မိပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အကောင်းဆုံး တင်းနစ်သမားဖြစ်နေတာကို။ ဘာပဲဖြစ်ဖြစ် ဒီနှစ် Auzi Open ကို ဘယ်သူ နိုင်မလဲကြည့်ရဦးမှာပါ။ < အခုလောလောဆယ်တော့ Roger ရော Nadal ရော Semi Final တက်သွားကြပါပြီ။

မနှစ်က Champion ရသွားတဲ့ DJokovic ကတော့ Quarter မှာဘဲ နေမကောင်းလို့ ကစားနေရင်ကနေ အနားယူသွား ခဲ့တဲ့အတွက် ဒီနှစ် Defending Champion မရှိဖြစ်နေပါတယ်။ Roger နဲ့ Nadal နှစ်ယောက်ထဲကတော့ တစ်ယောက် ယောက်တော့ ရမှာ သေချာသလောက် ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ Roger နဲ့ပြိုင်မယ့်သူက US က Roddick ဖြစ်နေတာမို့ပါ။ Roddick ကို Roger နိုင်ဖို့က ၈၀ ရာနှုန်းလောက် သေချာနေတာမို့ Fianl မှာ Nadal နဲ့ တွေ့ဖို့လည်း သေချာနေပါတယ်။ Nadal ဘက်ကလည်း သူ့နံပါတ်တစ် ကြီးကိုအကျခံပြီး အရှုံးပေးမှာ မဟုတ်လို့ဆိုတာကြောင့်လည်း ပါပါတယ်။ Nadal အတွက် နံပါတ်တစ်ဖြစ်ပြီးမှ ဒီ Auzi Open မှာ Champian ဖြစ်ခဲ့ရင်တော့ Nadal အတွက်တော့ ပျော်စရာကြီးပါ။ ဒါပေမယ့် Roger ချိုးထားတဲ့ စံချိန်ကို မှီဖို့ တော့ တော်တော့်ကို ကြိုးစားရပါဦးမယ်။ ကံကောင်းပါစေ Nadal ရေ။

Nadal ရဲ့ တခြားပုံလေးတွေ့လို့ တင်လိုက်ပါတယ်။ Nadal က ဘယ်သန်မို့လို့ ဘယ်လက်မောင်းက ညာလက် ထက်ကို နဲနဲလေးပိုကြီးနေပါတယ်။ နောက်ပြီးတော့ ဘယ်သန်တွေကို နိုင်ဖို့လည်းခက်တယ်လို့ ပြောကြပါတယ်။ ဒီပုံမှာတော့.... သူရဲ့ နာမည်ကြီး ဘယ်လက်မောင်းကြီးကို ကြွားထားတာမို့ အမှတ်တရ အနေနဲ့ ဒီထဲမှာ သိမ်းထား လိုက်တဲ့သဘောပါ။

Saturday, 24 January 2009

Make A Wish For Roger Federer


နှစ်စဉ်နှစ်တိုင်း နှစ်ရဲ့ ပထမလမှာကျင်းပတဲ့ ၂၀၀၉ Australia Open တင်းနစ်ပြိုင်ပွဲတွေ စနေပါပြီ။ ကျွန်မရဲ့ တင်းနစ်သူရဲကောင်းကြီး Federer ကတော့ မနှစ်က ပြုတ်သွားတဲ့ နံပါတ်ကို ပြန်တပ်ဖို့ တော်တော် ကြိုးစားခဲ့ပုံရပါတယ်။ ၂၀၀၇ တုန်းက ရွဲနေတဲ့ ဗိုက်ကြီးပြုတ် သွားပြီး လူလည်း တော်တော်ပိန်သွားပါတယ်။ မနှစ်က Auzi Open ကို ၃ နှစ်ဆက်တိုက်နိုင်လာတဲ့ Federer မနိုင်ခဲ့ပါဘူး။ သူ့ကို ၅ နှစ်ဆက်တိုက်နိုင်မယ်လို့ ကျွန်မက မှန်းထားပေမယ့်၂၀၀၈ Auzi Open ကို Federer မရခဲ့တာ တော်တော်စိတ် မကောင်းဖြစ်မိပါတယ်။ ဖိုင်နယ်ထိ တက်လာပြီးမှ နောက်မှတက်လာတဲ့ အငယ်လေးရဲ့ ရိုက်ချက်ကို မခံနိုင်လို့ ရှုံးရတာဟာ Federder အတွက်တော့ တစ်နှစ်တာလုံးကံ မကောင်းစေခဲ့ပါဘူး။ သူအရမ်းလိုချင်ပြီး အမြဲ မရခဲ့တဲ့ French Open (Rolland Garros) ကိုလည်း သူ့ပြိုင်ဘက်ဟောင်း Nadal ကိုရှုံးခဲ့ပါတယ်။ နောက်ဆုံး ငါးနှစ်ဆက်တိုက်နိုင်ခဲ့တဲ့ Wimbledon မှာတောင် ရှုံးခဲ့လို့ ကမ္ဘာနံပါတ် တစ် ခုံနေရာကို Nadal အတွက် ဖယ်ပေးခဲ့ရတာပါ။


Federer က ကစားပွဲတိုင်းမှာ စိတ်ရှည်ပြီး အထိအခိုက်အနည်းဆုံးကစားနိုင်တဲ့ ကစားသမားပါ။ ပြိုင်ပွဲတွေတလျှောက် စိတ်ရှည်သလို၊ ပြိုင်ဘက် ကစားသမားကိုလည်း အရမ်းညှာတာပါတယ်။ ကျွန်မအမြင် သူ ဒုတိယနေရာကို ရောက်ရတဲ့ အကြောင်းအရင်းကတော့ သူရဲ့ ညှာတာတက်တဲ့စိတ်ကြောင့်လို့ မြင်ပါတယ်။ သူက သူ့ပြိုင်ဘက် ကို လုံးဝအပြတ်အသတ်နိုင်ပြီး ကစားတဲ့ပုံစံမျိုး ဘယ်တော့မှမလုပ်ပါဘူး။ ပြိုင်ဘက်စိတ်လှုပ်ရှားနေရင် အမြဲတွဲခေါ်ပြီး အနိုင်ပေး တဲ့အလေ့အကျင့်အမြဲရှိပါတယ်။ အဲ့ဒီအချက်ကို Federer ကပျော့ညံ့လာတယ် လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။နောက်တစ်ချက်က သူ့ရဲ့ အကွတ်တွေကို တခြား ကစားသမားတွေ က သူ့ပြိုင်ပွဲတွေ၊ ဗွီဒီယိုတွေ ပြန်ကြည့်ပြီး သိနိုင်တယ်လို့ ကျွန်မထင်ပါတယ်။ အဲ့ဒါ ကြောင့် အခုနောက်ပိုင်းမှာ သူ့ပြိုင်ဘက် တ်ာတော် များများဟာ သူ့ရဲ့ရိုက်ချက်တွေကို သေချာ ပြင်ဆင်ထားပြီး တဲ့ပုံစံနဲ့ ခုခံတာမျိုးကို ပွဲတိုင်းနီးပါတွေ့ရပါတယ်။

နောက်ထပ်တစ်ချက်ကတော့ သူကမ္ဘာ့နံပါတ်တစ်ဖြစ်ကတည်းက အနားယူသွားတဲ့ ချန်ပီယံဟောင်း Ps
ete Sampra နဲ့ ၂၀၀၇ မှာ ပထမဆုံးအကြိမ် ချစ်ကြည်ရေးပွဲရိုက်ပြီး Federer ရှုံးသွားချိန်မှာ သူရဲ့ ယုံကြည်မှုတွေ နဲနဲလျှော့ပါးသွားတယ်လို့ ထင်မိပါတယ်။ ဒါတွေဟာ ၂၀၀၈ မှာ သူ့အတွက်ကံမကောင်းစေခဲ့တဲ့အချက်တွေပဲ ဖြစ်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

ကမ္ဘာတင်းနစ်ရာဇ၀င်မှာ Wimbledon လိုပွဲမျိုးကို ၅ နှစ်ဆက်တိုက်အနိုင်ရခဲ့တဲ့ လူ ကမ္ဘာပေါ်မှာ ၂ ဦးဘဲရှိ တဲ့အထဲမှာ Federer ပါဝင်ခဲ့ပါတယ်။ Federer ဟာ ၂၀၀၇ Wimbledon Championship ပြိုင်ပွဲမှာရဲ့ ၅ နှစ် ဆက်တိုက်အနိုင်ရသူတွေကိုသာ ပေးတဲ့ ရွှေတံဆိပ်ကိုရခဲ့ပါတယ်။ နောက်ပြီး ၂၀၀၈ မှာ သူအတွက် အကောင်း ဆုံးကတော့ US Open ကို ၅ နှစ်ဆက်တိုက်ထပ်ရလိုက်တာဟာ ၂၀၀၈ အတွက် အကောင်းဆုံးပါဘဲ။ သူသာ 2008 မှာ Australia Open နဲ့ Wimbledon ကို သာနိုင်ခဲ့ရင် သူဟာ ကမ္ဘာမှာ ၂၀၀၈အထိ Grand Slam တွ အများဆုံးပိုင်တဲ့ တင်းနစ် သမားအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ အခု ၂၀၀၉ Australia Open မှာ နိုင်မှ သူက အရင် စံချိန်ချိုးထားတဲ့ Pete Sampras ကို ကျော်မှာဖြစ်ပါတယ်။ Federer ၂၀၀၉ Australia Open မှာနိုင်ပါစေလို့လည်း ဆုတောင်း မိပါတယ်။ နောက်ထပ်လည်း ဆုတွေလည်းထပ်ပြီး ရပါစေလို့ ဆုတောင်းပေး မိပါတယ်။

ဓါတ်ပုံ။။ Google.
အချက်အလက်။။ Wiki.

Thursday, 22 May 2008

Justine Henin


ကျွန်မ တင်းနစ်ကို မရိုက်တက်ပေမယ့် တင်းနစ်ပွဲတွေကို မလွတ်တမ်းကြည့်တက်သလို။ တက်နိုင်သလောက် တင်းနစ်သတင်းတွေဖတ်တက်ပါတယ်။ အရင်တုန်းက တင်းနစ်အကျော်အမော်တွေကို နာမည်တွေနဲ့ လူတွေ တွဲပြီး သိပ်မမှတ်မိတက်ပေမယ့် အခုနောက်ပိုင်းလူတွေကိုတော့ သတိထားမိတက်ပါတယ်။ အခုနောက်ပိုင်း ကမ္ဘာ နံပါတ်တစ် အမျိုးသမီးတင်းနစ်မယ် တင်းနစ်လောက ကစွန့်သွားတဲ့သတင်းကို သိပြီး စိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တော့ ဟင်နင်က အတော်ကို ကစားနိုင်ပြီး၊ ကိုယ်ကိုယ်တိုင် ကိုယ့်အီမိုရှင်ကိုလည်း အတော်လေး ထိန်နိုင်တဲ့ ကစားသမားတစ်ယောက်မို့ နှမျောမိပါတယ်။ ပြီးတော တင်းနစ်ကစားတဲ့ ကျွန်မသူငယ်ချင်း တစ်ယောက်နဲ့ လည်း အတော်တူ၊ ကျွန်မနဲ့လည်း အသက်အတူတူမို့ ပိုပြီး သဘောကျတာလည်းဖြစ်နိုင်ပါတယ်။ အရပ် ၅ ပေ ၆လက်မ ဆိုပေမယ့် တင်းနစ်ပွဲတွေမှာ သူ့ကို ကြည့်ရတာ ပုနေသလိုပါဘဲ။ ရုရှားက တင်းနစ်ကစားတဲ့ ကစားသမားတွေကတော့ ၆ပေနီးပါဆိုတော့ ဟင်နင်က ပုနေတာပေါ့။ ဒါပေမယ့် သူက အကောင်းကြီးကြီး ပိုင်ဘက် ကစားသမားတွေကို အတော်ဘဲ ခုခံပြီး ကစားနိုင်တဲ့ ကစားသမားတစ်ဦးပါ။ သူ့ကိုကြည့်ရတာ တကယ့်အားကစားသမားနဲ့တူပါတယ်။ ဘာလို့လဲဆိုတော့ အတော်များများ တင်းနစ်ကစားသမားတွေက မော်ဒယ်တွေနီးပါး ပဲများကြလို့။ တခါတလေ သူတို့ကိုကြည့်ရတာ မော်ဒယ်ရှိုးကြည့်နေရသလိုပါဘဲ။ ဒါပေမယ့် ဟင်နင်ကစားတဲ့ပွဲတွေမှာ ဆိုရင်တော့ တကယ့် တင်းနစ်ပွဲကို ကြည့်နေရလိုဘဲ ရင်မောရလို့ သူကစားတဲ့ပွဲတွေကို အလွန်းဘဲသဘောကျမိပါတယ်။သူ့အကြောင်းကို ဒီမှာ ရေးထားပါတယ်။

သူနှုတ်ထွက်ရတဲ့အကြောင်းကို ဒီမှာရေးထားတာတွေ့ရလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ သူ ကစားမယ်ဆိုရင် ကစားလို့ရတဲ့အနေအထားမှာ ရှိရဲ့နဲ့ နှုတ်ထွက်ခဲ့တာပါ။ တခါတလေတော့လည်း လူတွေက အောင်မြင်အောင် ကြိုးစားကြတယ်။ အောင်မြင်လာတော့ အနားယူချင်ကြတယ်။ ဘာလို့များ ဒီလိုလုပ်ကြတာလဲဆိုတာကို စဉ်းစား လို့မရနိုင်အောင်ပါဘဲ။ ဒီနှစ် ပြင်သစ်အိုပင်းမှတော့ အမျိုးသမီးဖလားအတွက် ခုခံမယ့်လူမရှိဘူးဖြစ်နေတော့။ ဘယ်သူတွေ ဖလားလုကြဦးမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရဦးမှာပါ။

Monday, 10 December 2007

Click

တနင်္ဂနွေနေ့က သတင်းကြည့်ရင်း bbc က click ဆိုတဲ့ အစီအစဉ်လေး ကြည့်ဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်က တခါတလေ ထူးခြားတဲ့ web site လေးတွေ ပါတက်လို့ ကြုံရင်ကြုံသလို ကြည့်ဖြစ်ပါတယ်။ ဒီတခါလည်း သူက Online Music Store တွေအကြောင်း သိကောင်းစရာတွေပြောသွားပါတယ်။

နောက်ပြီး Google ရဲ့ အသစ်ထွက်တဲ့ Web site တွေအကြောင်းထည့်ပြောသွားပါတယ်။ တချို့တွေကလည်း သိပြီးသားဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မကတော့ အခုမှသိလို့ အမှတ်ရအောင် တင်လိုက်ပါတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ကျွန်မကိစ္စတော်တော်များများ ကိုစိတ်ဝင်စားတက်တဲ့ အကျင့်တခုတော့ ရှိတက်ပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်လို့တော့ ကိုယ့်ကိုကိုယ် မပြောပါဘူး ဟဲဟဲ။

အရင်က ကြယ်တာရာကြည့်တာတွေ ရုပ်ရှင်ထဲမှာ မြင်ဖူးလို့ အတော်ဘဲစိတ်ဝင်စားမိပါတယ်။ ကိုယ်နဲ့ ဘာမှ မဆိုင်သလို နေလို့ရပေမယ့်။ စပ်စုတဲ့စိတ်ကြောင့် အခွင့်အရေးရှိရင်(ပိုက်ဆံပေါ့လေ) ကြယ်တာရာကြည့်ဖူး ချင်ပါတယ်။ မြန်မာနိုင်ငံက နက္ခတာရာပြခန်း ပြည်သူ့ဥယျာဉ်မှာ ရှိတယ်ဆိုတာသိပေမယ့်။ မရောက်ဖူးဘူး။ အခု Google ကနေ နက္ခတာရာကြည့်လို့ ရပြီဆိုတော့ အဆင်ပြေသွားတာပေါ့။ ကျွန်မအိမ်က ကိုနက်ရှင်က မကောင်းတော့ ဖွင့်တာ အဆင်မပြေသေးဘူး။ ဟဲဟဲ ကိုနက်ရှင်ကောင်းတဲ့သူများ စိတ်ဝင်စားရင် ကြည့်လို့ ရအောင် သတင်းပေးပါတယ်။ http://earth.google.com/sky ဒီလင့်နဲ့ဆို ၀င်ကြည့်လို့ ရတယ် ပြောပါတယ်။ သူပြထားတာတော့ အတော်မိုက်တယ်၊ မလိမ္မာဘူး။

Google earth ကနေ ကိုနက်ရှင်ကောင်းရင် လေယာဉ်အစမ်းမောင်လို့ ရတယ်လို့လည်း သူကပြောသွားပါတယ်။ ဟုတ်မဟုတ်တော့ မစမ်းရသေးပါဘူး။ ကိုနက်ရှင်ကောင်းသူများ။ စမ်းပြီးကြသူများ ဖြစ်နိုင်ရင် အကြောင်းပြန်ပေးကြပါဦး။ ကျွန်မကတော့ မကြည့်ရသေးပါဘူး။

နောက်ပြီး သူက ကျန်းမာရေး နဲ့ပက်သက်တဲ့ Site တခုလည်း ပြောထားပါတယ်။ www.gyminee.com ပါတဲ့။ အဲ့ဒီ ထဲမှာ အကောင့်ဖွင့်ပြီး ကိုယ့် weight နဲ့ ပက်သက်တာတွေ မှတ်ထားလို့ရသလို၊ ကျန်းမာကြံ့ခိုင်ရေးနဲ့ ပက်သက်တဲ့ လေ့ကျင့်ခန်းတွေလည်း အသေအချာရေးထားတယ်လို့ ပြောပါတယ်။ ပြီးတော့ Diet အစီအစဉ်တွေလည်း ရှိတယ်ပြောပါတယ်။ သွားကြည့်ပြီး ကောင့်ဖွင့်၊ ကိုယ် တနှစ်ကို ဘယ်လောက် တိုးတက်လာသလဲ(အဆီ)ဆိုတာ မှတ်သားထားလို့ရတာပေါ့။ ဟဲဟဲ :)
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။