Tuesday, 6 November 2007

အရူးလွယ်အိတ်

မိုးချစ်သူတက်ထားလို့၊ အိတ်ထဲရှိတာအကုန်ထုတ်ဆိုလို့။ ကဲထုတ်လိုက်ပြီ။ ကျွန်မအိတ်ထဲမှာ ကျွန်မအမြဲထည့်တက်တဲ့ပစ္စည်းတွေကတော့။ အဲ ကျွန်မအိတ်ကတော့ အရူးလွယ်အိတ်နဲ့ခပ်ဆင်ဆင်တူပါရဲ့။ အိတ်ကြီးကြီးတွေကိုသာကျွန်မကြိုက်တက်သလို။ အိတ်သေးသေးလေးတွေလည်း ချစ်လို့၊ ၀ယ်ပြီးအိတ် ကြီးကြီးထဲကိုထည့်ပြီးဆောင်လေ့ရှိပါတယ်။ အိတ်ကြီးကြီးထဲမှာတော့...

၁။ ရေတွေထည့်ဖို့ ရေထည့်တဲ့အိတ်။

၂။ ရာသီဥတုဒတ်ကကာကွယ်ရအောင် ထီတစ်ချောင်းတော့ အမြဲဆောင်တက်ပါ၏။

၃။ ဂျူး ဆိုတဲ့ရာပန်းဆီတစ်ဗူး။

၎။ အဘထလို ဆေးမြစ်တွေပါတဲ့။ ရှူဗူးတစ်ဗူး။

၅။ အကြွေစေ့တွေထည့်ဖို့ ပိုက်ဆံအိတ်သေးသေးလေးနောက်တစ်လုံး။

၆။ အိတ်ကြီးကြီးရဲ့ ဇစ်ထဲမှာကတော့၊ စတစ်ကာဓါတ်ပုံတွေ၊ ပစ်စပို့ဓါတ်ပုံတွေထည့်ထားတဲ့ ပလပ်စတစ် အိတ်
တစ်လုံး။

၇။ နှုတ်ခမ်းဆိုးဆေးတစ်တောင့်။ နှုတ်ခမ်းဆေးဆိုးတာ မကြိုက်ပေမယ့် ဓါတ်ပုံရိုက်ရင် ဆိုးရအောင် လိမ္မော်ရောင်(သို့) ပန်းရောင်ဖျော့ဖျော့ (သို့) အညိုဖျော့ဖျော့ တစ်ချောင်း အမြဲဆောင်ထားတက်ပါတယ်။

၈။ နှုတ်ခမ်းနီဆိုးရင် ကြည့်ဖို့မှန်တစ်ချပ်ရှိပါတယ်။

၉။ အမြဲတမ်း ရှုပ်နေတက်တဲ့ဆံပင်တွေအတွက် ခေါင်းဖီးသေးသေးလေး တစ်ချောင်။

၁၀။ Memory Stick တစ်ခု။

၁၁။ ဖုန်းနံပါတ်တွေနဲ့ တိုလီမုတ်စရေးရအောင် စာအုပ်သေးသေးတစ်အုပ်။

၁၂။ ကော်ဗူးတစ်ဗူး။ သုပ်ချင်တာတွေသုပ်လို့ရအောင်။

၁၃။ ပစ်စပို့တစ်ခု(ရန်ကုန်တုန်းကတော့ ရှိသမျှကျောင်းသားကဒ်တွေ အကုန်ထည့်ထားတက်တယ်။ လက်နက်ကြီးအနေနဲ့ပေါ့။)

၁၄။ ရှုပ်ပွတက်တဲ့ ဆံပင်တွေကို ချည်နှောင်ဖို့ ခေါင်းစည်းကြိုးအနက်ရောင် သေးသေးလေး၁၀ခုလောက်နဲ့၊
ခေါင်းစည်းကြိုးအကြီး ၁ ခုနဲ့၊ ကလစ်တချို့။

၁၅။ ရောင်စုံဘောပင်။ Correction Pen။ ဘောပင်။ ခဲတံ။ ခဲဖျက်။ ခဲတံချွန်ဖို့ ဓါးတစ်ချာင်း။ ခဲချွန်စက်တစ်ခု။ ပေတံသေးသေးတစ်ချောင်းလည်း ပါသေးတယ်။

၁၆။ အပ်ချိပ်သေးသေးလေးတွေလည်း ပါသေးတယ်။ လိုအပ်ရင်သုံးဖို့။

၁၇။ အသံအမြဲပိတ်ထားတက်လို့ Miss Call အမြဲတမ်းပေါ်တဲ့ နို့ဆီခွက်တစ်လုံး။

၁၈။ ပိုက်ဆံအိတ်ကိုင်ရမှာ ပျင်းတဲ့ ကျွန်မအမေရဲ့ ပိုက်ဆံအိတ်ရယ်။ စာကြည့်မျက်မှန်ရယ်၊ သူ့ရဲ့နို့ဆီခွက်ရယ်။

၁၉။ ဗိုက်အောင်ရင်သောက်ဖို့ Digene နဲ့ Spasmo ။ ပါရာနဲ့ ဘာမီတွန် ။

၂၀။ လျှောက်ခြစ်ထားတဲ့ ပြေစာစာရွက်အဟောင်းတွေ။

၂၁။ ပဲများရအောင် ဆောင်ထားတက်တဲ့ နားကတ်တွဲလောင်းတွေထည်ထားတက်တဲ့ ဗူးတစ်ဗူး။

မပါ မဖြစ်ကတော့ ခြေဦးတည့်ရာလျှောက်သွားတက်တဲ့ ခြေထောက်တစ်စုံရယ်။ တွေ့ကရာလျှောက်စား တက် တဲ့ ပါးစပ်တစ်ပေါက်ရယ်ပါ။ ကဲ အားလုံးအကုန်ဘဲ။ အပြင်သွားရင် အဲ့ဒီအိတ်တစ် လုံး ဆွဲပြီးထွက်လိုက်ရင် ဘာမှ မလိုသလောက်ဖြစ်သွားပြီ။
ပြီးပါပြီ။
နှင်းဆီနီနီ။။

Sunday, 4 November 2007

Blogthing

သူငယ်ချင်းတစ်ယောက်က လင့်ပေးလို့ဝင်ကြည့်ပြီး သူမေးတဲ့မေးခွန်းတွေကိုဖြေကြည့်တာ ပျော်စရာကောင်းလို့ တင်းထားလိုက်တာ။ သူငယ်ချင်းတွေလည်း စိတ်ဝင်စားမယ် ထင်လို့။


Your EQ is 113

50 or less: Thanks for answering honestly. Now get yourself a shrink, quick!
51-70: When it comes to understanding human emotions, you'd have better luck understanding Chinese.
71-90: You've got more emotional intelligence than the average frat boy. Barely.
91-110: You're average. It's easy to predict how you'll react to things. But anyone could have guessed that.
111-130: You usually have it going on emotionally, but roadblocks tend to land you on your butt.
131-150: You are remarkable when it comes to relating with others. Only the biggest losers get under your skin.
150+: Two possibilities - you've either out "Dr. Phil-ed" Dr. Phil... or you're a dirty liar.

You Are a Good Girl!

You're into fun - but it has to be your own brand of fun
Drinking? No thanks. You rather spend your time differently...
Whether it's talking with friends, taking up a hobby, or reading
You're not the type to socialize just for socializing's sake!

Friday, 2 November 2007

ဓါတ်ပုံအကြွေးဆပ်ပါသည်။


ယုဇနပန်းပွင့်လေးတွေ။
ကျွန်မ ယုဇနပန်းပင်အကြောင်းရေးတုန်းက မီးလေးလား၊ နှင်းပွင့်လားမသိ ယုဇနပန်းမမြင်ဖူးလို့ ဆိုပြီးဆီဗုံးထဲမှာ လာအော်ဖူးလို့။ တနေ့ကမြို့ထဲသွားရင်း ယုဇနပန်းပင်တွေလို့ ဓါတ်ပုံရိုက်ပြီးယူ
လာခဲ့တယ် အခုတင်ပေးလိုက်ပါတယ်။ တခြားဓါတ်ပုံလေးတွေလည်း ဒီမှာစုပြီးတင်လိုက်တယ်။ နောက်ထပ်ခေါင်းစဉ် အသစ်အခုမလုပ်ချင်တော့လို့။ အပျင်းကြီးတာခွင့်လွှတ်ပေးကြပါ။



ဒါလေးက Sandakan မြေပုံလေး။


Memorial Stone at POW Camp. သုံးနိုင်ငံကိုယ်စားပြု(နေကြာပန်း၊ နှင်းဆီပန်း၊ ခေါင်းလားပန်း။)


POW Camp မှာရှိတဲ့ မြေတူးတဲ့စက်ကြီးပါ။


တောင်ပေါ်စခန်ကနေ Kinabalu တောင်ကိုရိုက်ထားတာပါ။


Kinabalu တောင်ပုံပါ။ (Professional တွေရိုက်ထားတဲ့ဓါတ်ပုံ)

စစ်အတွင်းကအသုံးပြုခဲ့တဲ့ ရေနွေးငွေ့သုံးမီးစက်။

Orangutan ဆိုတာသူပါဘဲ။ လှတယ်ဟုတ်?
ကဲပြီးသလောက်လေးတင်ပေးလိုက်တယ်။ နောက်ထပ်ဖြည့်ပြီးရင် တင်ထားလိုက်ပါဦးမယ်။

Thursday, 1 November 2007

ဲရောဂါ

အခုတလော ဘလောဒ့်စွဲမစွဲစမ်းတဲ့ ဟာလေး ကိုစိုးထက် ကစတယ်ထင်ပါရဲ့ ဘလောဒ့်လောကမှာ သူများတွေစမ်းတာတွေ့လို့ ကျွန်မလည်း သွားရောက်စမ်းသပ်လိုက်ပါတယ်။ ကျွန်မဘလောဒ့်ဘယ်လောက် စွဲနေသလဲကို သူငယ်ချင်းများကို ပြာပြချင်လို့ပါ။
ကျွန်မဒီလောက် ဘလောဒ့် စွဲနေပါတယ်။


75%How Addicted to Blogging Are You?

Get a cash advance



ဒီလောက် Coffee စွဲနေပါတယ်။


Free Alaska Dating


တစ်နှစ်တာမလေးရှား


Sandakan မြေပုံလေးတင်ပေးလိုက်တယ်။

အောက်တိုဘာကုန်လို့ နိုဝင်ဘာရောက်လာပါပြီ။ နိုဝင်ဘာ ၂၆ ရောက်ရင် ကျွန်မမလေးရှားကိုရောက်တာ ၁ နှစ်ပြည့်ပါပြီ။ မလေးရှားဆိုပေမယ့် ကျွန်မနေတဲ့နေရာက မလေးရှားနိုင်ငံရဲ့ အရှေ့ဘက်အကျဆုံးဖြစ်တဲ့ ဆာဘားပြည်နယ်မှာပါ။ ဆာဘားပြည်နယ်ဟာ သုံးနိုင်ငံပိုင် ဘော်နီယိုကျွန်ပေါ်မှာ ရှိတဲ့၊ ဘော်နီယိုကျွန်းရဲ့ ထိပ်ပိုင်းမှာရှိပါတယ်။ မလေးရှားနိုင်ငံရဲ့ ဆီအိုးကြီးလို့ပြောနိုင်ပါတယ် ဆာဘားပြည်နယ်ဟာ မလေးရှားမှာ ဆီအုန်းအများဆုံးစိုက်တဲ့ပြည်နယ် ဖြစ်သလို၊ နိုင်ငံ့ဝင်ငွေတိုးအောင်လုပ်ပေးတဲ့ ပြည်နယ်လည်း ဖြစ်နေပါသေးတယ်။ သဘာဝသစ်တောတွေ၊ ရှားပါးသတ္တ၀ါတွေကို ထိန်းသိမ်းထားပြီး နိုင်ငံခြားသား ခရီးသွားတွေကို ပြသခြင်းဖြင့်လည်း မလေးရှားနိုင်ငံကို နိုင်ငံခြားငွေတွေ ရှာပေးနေပါသေးတယ်။
ကျွန်မနေတဲ့မြို့နာမည်ကို မိတ်ဆက်ပေးဖို့နေပါတယ်။ ကျွန်မနေတဲ့မြို့လေးက ပြည်နယ်ရဲ့ဒုတိယ အကြီးဆုံး Sandakan ဖြစ်ပါတယ်။ Sanda က Sulu ဘာသာစကားမှာဆင်းသက်လာတာဖြစ်ပြီး စစ်သားလို့အဓိပ္ပယ်ရပြီး၊ kan ကတော့ ဖတ်ကောင်းအောင်ရေးထားတာလို့ စာတွေမှာရေးထားပါတယ်။ ၁၈ ရာစု ဒခ်ျလူမျိုး ကုန်သည် တစ်ဦးက ပေးသွားတာလို့လည်းမှတ်သားရပါတယ်။ အစပိုင်းတုန်းက စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုတွေ ဒီမြို့ မှာပြုလုပ်တယ်လို့လည်း ရေးသားထားပါတယ်။ ကုန်သည်များစခန်းချရာ ရွာလေးကိုအစွဲပြုလို့ Sandakan ရယ်လို့ဖြစ်လာပါသတဲ့။ ပထမကမ္ဘာစစ်တုန်းက အင်္ဂလိပ်တွေရဲ့အဓိကစခန်းအဖြစ်ရှိခဲ့ပြီး၊ ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တွင်းမှာ ဂျပန်တွေဗုံးကျဲလို့ တစ်မြို့လုံးပြားပြားမှောက်သွား ပေမယ့် နောက်ပိုင်းမှာပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။ မြို့တော်ကိုတော့ နောက်ဘက်ကမ်းခြေသို့ပြောင်း ရွှေ့သွားခဲ့ပြီး KotaKinabalu လို့အမည်ရပါတယ်။ Kota ကမလေးလို ခံတပ်လို့သိရပြီး Kinabaluကတော့ Sabah ပြည်နယ်ရဲ့ နာမည်ကြီးတောင်ရဲ့နာမည်ကိုယူထားတာဖြစ်ပါတယ်။
Sabah မှာက မလေးလူမျိုးတွေသာမက ဒေသခံလူမျိုးကွဲအတော်များများ နေထိုင်ကြပါတယ်။ လူမျိုးတွေထဲမှာ Kadazan နဲ့ Murut တို့ကတော့လူဦးရေများဆုံး ဒေသခံလူမျိုးစုများဖြစ်ပါတယ်။ အခြားလူမျိုးများအများ အပြားရှိပေမယ့် ကျွန်မသိပ်မသိပါဘူး။ ဘာသာစကားတွေလည်း ကျွန်မတို့ ကရင်၊ကချင်၊ချင်းတွေ ကွဲသလို ကွဲပါသတဲ့။ အဓိက ကတော့ချင်းတွေလိုဝတ်စားတက်တဲ့ Kinabalu တောင်နားမှာနေထိုင်ကြတဲ့ လူမျိုးတွေများ
ပါသတဲ့။ မလေးလူမျိုးတွေအများစုကတော့ မူဆလင်ဘာသာကို အများဆုံးကိုးကွယ်ကြပြီး၊ တောင်ပေါ်သားတွေ
ကတော့ ခရစ်ယန်ဘာသာကို ကိုးကွယ်ကြတာများပါတယ်။
ပင်နီစူလာမှာတော့ အိန္ဒယလူမျိုးများကို အများအပြားတွေရပေမယ့် Sabah မှာတော့ တရုတ်လူမျိုးများ အများအပြားကို တွေ့ရမှာဖြစ်ပါတယ်။ အိန္ဒယလူမျိုးများကို စားသောက်ဆိုင်များနဲ့ ဗလီများမှာသာတွေ့ရတက်ပါတယ်။ မြို့ထဲမှာလည်း မတွေ့ရသလောက် ရှားပါတယ်။
ဒေသခံတွေကတော့ ဆီအုန်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြပြီး၊ ရေလုပ်ငန်းကလည်း အဓိကကျတဲ့ စီးပွားရေးဖြစ်ပါတယ်။ သစ်ခွမျိုးပေါင်းများစွာရှိသလို
တစ်ချို့မျိုးစိတ်များဆိုရင် မလေးငွေ သိန်းချီတန်တဲ့ သစ်ခွမျိုးများတောင်ရှိပါသတဲ့။ ခိုးထုတ်တာတွေရှိသလို ခိုးယူတာမိရင်တော့ မြန်မာနိုင်ငံမှာ ကျွန်းသစ်ခိုးသလို ပြစ်မှုကြီးပါသတဲ့။ ထို့အပြင် Sandakan နားမှာရှိတဲ့ နာမည်းကြီး လိပ်ကျွန်းမှ လိပ်ဥများကိုလည်း Sandakan မှာ မှောင်ခိုဈေးကွက်ရှိပေမယ့် ဖမ်းမိရင်တော့ ထောင်ဒဏ်ကြီးကြီးချတက်ပါသတဲ့။ ၁၈ရာစုလောက်က တည်းက တရုတ်လူမျိုးများလာရောက်နေထိုင် ကြတာဖြစ်လို့ တရုတ်လူမျိုး ရေလုပ်သားများ၊ ဆင်ရဲတဲ့တရုတ် များကိုလည်း အများအပြားတွေ့ရတက်ပါတယ်။ Sandakan မှာ တရုတ်လူမျိုး မီလျှံနာတွေ အတော်များများရှိကြပေမယ့် KLလောက် Kidnapping မများပါဘူး။
Sandakan မှာ သဘာဝသစ်တောဥယျာဉ်တွေရှိပြီး နိုင်ငံခြားဝင်ငွေ အတော်ရတဲ့စီးပွားရေးလုပ်ငန်းလည်း ဖြစ်ပါတယ်။ Sandakan မှာ နာမည်ကြီးတဲ့ Orangutan လို့ခေါ်တဲ့
ရှားပါးပြီးလူနီးပါးတူတဲ့မျောက် နဲ့ Proboscis လို့ခေါ်တဲ့ နှားခေါင်းကြီးကြီးမျောက် တွေကိုသဘာဝသစ်တော ဥယျာဉ်ထဲမှာထားပြီး ကမ္ဘာလှည့်ခရီးသည် တွေကို ၀င်ကြေးငွေများများယူပြီးပြထားတဲ့ နိုင်ငံခြားငွေရတဲ့လုပ်ငန်းကလည်း Sandakan ရဲ့အဓိကစီးပွားရေး တစ်ခုလည်းဖြစ်ပါတယ်။ မွေးခါစOrangutanလေးတွေကိုလည်း မွေးစားခွင့်ချင်တဲ့လူတွေကို မွေးစားခွင့်ပေးလို့ နိုင်ငံခြားသားတွေကလည်း မွေးစားပြီးထောက်ပံ့ကြေးပေးကြပါတယ်။ ကမ္ဘာပေါ်မှာ ဘော်နီယိုကျွန်မှာဘဲရှိတဲ့ မျောက်လို့လည်းပြောကြပါတယ်။ ကျွန်မတို့သွားကြပေမယ့် သွားတဲ့အချိန်နောက်ကျပြီး ပိတ်ချိန်နဲ့ကြုံလို့ ပြန်လာခဲ့ရပါတယ်။ ဒီကနေမပြောင်းခင် တစ်ခေါက်လောက် ထပ်သွားဖို့တော့စဉ်းစားထားပါတယ်။ ပြီးတော့ ကျွန်မတို့အိမ်နားမှာ Crocodile Firm ရှိပါတယ်။ မီးကျောင်းဥယျာဉ်ပေါ့။ ကလေးတွေအများဆုံး သွားကြည့်ကြတယ်။ ကျွန်မတို့ကတော့ လူကြီးတွေဖြစ်နေပြီဆိုတော့သွားမကြည့်ကြဘူး။ :P
Sabah ပြည်နယ်မှာ Marine Creature နဲ့ပက်သက်လို့ လိပ်ကျွန်တစ်ခုသာ ရှိပေမယ့်။ Sarawak ပြည်နယ်မှာ
တော့ Marine Creature နဲ့ပက်သက်လို့ အတော်လေး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်ပါရဲ့။ Sandakan မှာ ကျွန်မနေတဲ့အိမ်နားမှာရှိတဲ့ ဒုတိယကမ္ဘာစစ်တုန်းက Australia နဲ့ British သုံ့ပန်းများကို ထိန်းသိမ်းထားရာ စခန်းကို War Memorial Park အဖြစ် သေသေချာချာလုပ်ပြီး ခရီးသွားများ အလည်သွားစရာနေရာတစ်ခုဖြစ်ပါတယ်။ အလည်လာသူတွေကိုတော့ ၀င်ကြေးအခမဲ့ပါတဲ့။ စစ်အတွင်းက အသုံးပြုခဲ့တဲ့ပစ္စည်းအချို့ အခုအချိန်အထိရှိနေပါသေးတယ်။ စစ်အတွင်းက သုံ့ပန်းအဖြစ်အဖမ်းခံရတဲ့ သူတွေရဲ့ မိသားစုတွေလာရောက်လည်ပတ်ဖို့ ရည်ရွယ်ထားတာပါ။ စစ်သုံ့ပန်းအားလုံးနီးပါး သေးဆုံးကြပြီး ၆ ယောက်သာထွက်ပြေးလွတ်မြောက်သွားပါတယ်။ ဒီမှာအသးစိတ်ကြည့်ရှုနိုင်ပါတယ်။
မြို့တော် Kota Kinabalu နဲ့ Sandakan နဲ့သွားတဲ့လမ်းပေါ်မှာ Kinabalu တောင်ရှိပြီး ၅နာရီလောက် ခရီးရှိပါတယ်။ ခရီးမှာတော့ တောင်တက်လမ်းတွေသာဖြစ်တဲ့အပြင် အမြင့်မီတာ ၂၀၀၀ကျော် လောက်ကိုတက်ရတဲ့ကားလမ်းဖြစ်ပြီး၊ တောင်ပေါ်မှာတော့ နေ့စဉ်မိုးရွားပါတယ်။ မနက် ၁၀နာရီကျော်ရင် တောင်မကြီးကိုမမြင်ရတော့ဘဲ မြူများနဲ့ဖုံးနေတက်ပါတယ်။ ကံကောင်းရင်တော့ ၁၁ နာရီကျော်တဲ့ အထိမြင်ရပါတယ်။ တောင်မကြီးကိုကြည့်ချင်ရင်တော့ မနက်စောစောကို ခရီးထွက် ရပါတယ်။ တောင်ပေါ်မှာတော့ မြန်မာပြည်က တောင်ကြီးလို၊ မေမြို့လိုရာသီဥတု ဖြစ်ပြီး၊ အမြဲနှင်းဝေ နေတက် ပါတယ်။ လက်မှုပစ္စည်းများပေါသလို၊ တောထွက်ပစ္စည်များလည်းပေါပါတယ်။
ဒီကလူတွေကတော့ စိတ်ထားနုညံသိမ်မွေ့ကြပါတယ်။ စကားပြောရင် တိုးတိုးသာသာပြောတက်ကြပါတယ်။ ဒီမှာ အော်ဟစ်ပြီးရန်ဖြစ်တာမျိုးတွေ အခုအထိတော့ တစ်ခါမှမမြင်ဖူးသေးပါဘူး။ အိမ်နားမှာလည်း ညနေ ၇ နာရီလောက်ဆို လူတွေအပြင်ထွက်သာသိပ်မမြင်ရသလို ထွက်ရင်လည်းကားနဲ့ထွက်တာများလို့ လမ်းတွေမှာ လူသွားလူလာရှင်းပါတယ်။ မလေးလူမျိုးများ နုညံ့သလို အပျင်းလည်းကြီးကြပါတယ်။(ကျွန်မအမြင်ကို ပြောတာပါ။) ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းကိုသွားရင် ဘယ်တော့မှ လမ်းလျှောက်လေ့မရှိဘဲ ကားနဲ့ဘဲသွားလေ့
ရှိလို့ ပြင်းတယ် လို့ပြောခြင်းဖြစ်ပါတယ်။ လူငယ်တွေလောက်သာ လမ်းပေါ်မှာတွေ့ရပြီး၊ ဘာသာရေးအရ လည်း အိမ်တွင်းအောင်းတာဖြစ်နိုင်ပါတယ်။ ဘာသာရေးအရ အရက်သောက်ခွင့်မရှိလို့
တရုတအရက်သမား တွေသာ တွေ့ရပြီး၊ အလွန်ဆိုးတဲံ မလေးများကတော့ ဘီယာသောက်ကြပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံမှာလောက် လမ်းတွေပေါ်မှာ လူတွေမစည်တာတွေ့ရပါတယ်။ Super market တွေနဲ့ စားသောက်ဆိုင် တွေလောက်သာ လူစည်ကားပြီး၊ ကျွန်မနေတဲ့မြို့ကဘဲ သေးနေလို့လားမသိပါဘူး။ လမ်းပေါ်မှာတော့ ကားတွေပြည့်နေတာပါဘဲ။ ဓါတ်ဆီဆိုင်ဆိုတာကတော့ လက်ညှိုးထိုးမလွဲတွေ့ရတက်ပြီး၊ တန်းစီစရာလည်းမလိုပါဘူး။ ဟဲဟဲ ဒီကိုရောက်ခါစက အရင်ရောက်ပြီးသားအန်တီကြီးက ဟာသလေး တစ်ခုပြောပါတယ်။ သူကသူ့ယောက်ျားကို ဓါတ်ဆီစာအုပ်ကဘယ်မှာလဲ၊ ဆီထုတ်ရက်က ဘယ်တော့လည်းလို့ မေးရသေးတယ်တဲ့။ သူ့ယောက်ျားက ဒီမှာဓါတ်ဆီဆိုင်ဆိုတာ ရန်ကုန်ကလမ်းဘေးက ပုလင်းတွေ၊ ဓါတ်ဆီပုံး ထောင်တဲ့ဆိုင်တွေ လောက်ပေါတယ်လို့ပြောပါသတဲ့။ ကားရောင်းတဲ့သူတွေက ခြံကျယ်ကျယ်မှာ ကားတွေဒီ အတိုင်းထိုးထားတာ မိတ္ထီလာမှာနွားတွေထားတာကြနေတာပါပဲ၊ ကျွန်မဒီရောက်ခါစက လမ်းဘေးမှာ ကားရောင်းတဲ့ဆိုင်တွေကို တွေ့ရတာ The Mask ကားထဲကလို မျက်လုံးတွေပြူးထွက်၊ လျှာတွေအလျှား ရှည်ထွက်သွား သလိုပါဘဲ။ ကျွန်မကတောသူဆိုတော့ ရန်ကုန်မှာတောင် ကားများလို့အံ့သြနေတာ ဒီကကားတွေလည်း မြင်တော့ပိုဆိုးတာပေါ့။
ဒီဒေသက လူတွေဆီမှာ ထူးဆန်းတဲ့အလေံအထလေးတစ်ခုကတော့ အိမ်တိုင်းအိမ်တိုင်းမှာ ပန်းအလှပင်တွေ စိုက်တက်တဲ့အလေ့အကျင့် တစ်ခုပါဘဲ။ အိမ်တိုင်းနီးပါး သစ်ခွစိုက်ကြပါတယ်။ ဒါမှမဟုတ်ရင် အလှသစ်ပင်လေးတွေ စိုက်ကြတယ်။ အနည်းဆုံး အိမ်တစ်အိမ်ရှေ့မှာ ပန်းအိုး ၁၀အိုး ၁၅ အိုးလောက်ရှိတက်
ပါတယ်။ ပိုက်ဆံချမ်းသာတဲ့ တရုတ်အိမ်တွေမှာတော့ ကြွေပန်းအိုးအကောင်းစားကြီးတွေနဲ့ ပန်းအလှပင်တွေ စိုက်လေ့ရှိပါတယ်။ အိမ်ရှေ့မှာလည်း ခြံစည်းရိုးနဲ့ အိမ်ရှေ့ရေမြောင်းကြားမှာ ပန်းအလှပင်တွေစိုက်တက် ကြပါတယ်။ လမ်းဘေးတွေနဲ့ အ၀ိုင်းတွေမှာ ပန်းတွေစိုက်ထားကြပြီး၊ အများအားဖြင့်တော့ ပုဏ္ဏားရိပ်ပင်နဲ့၊ စက္ကူပန်းတွေစိုက်တာများပါတယ်။ စိုက်ထားတဲ့ပန်းပင်တွေက အမြဲပန်းတွေပွင့်နေတက်ပြီး စိမ်းစိုနေတာ ကတော့ ရာသီဥတုကြောင့်လို့ထင်ပါတယ်။
အခုကတော့ မလေးရှာရဲ့မိုးတွင်းဖြစ်ပါသတဲ့။ အောက်တိုဘာလကုန် လောက်ကစပြီး၊ တရုတ်နှစ်ကူးအထိ မလေးရှားရဲ့မိုးတွင်းဖြစ်ပါသတဲ့။ ဒါပေမယ့် ကျွန်မတို့ရောက်ပြီ ၁နှစ်အတွင်းမှာ မိုးပျတ်သွားတာ၁လဘဲ ရှိပါတယ်။ တနှစ်ပတ်လုံးမိုးရွာတယ်လို့ ပြောရင်ရပါတယ်။ မိုးရွာရင် တောင်တက်လမ်းတွေမှာ တောင်ပြိုတာ တွေ ရှိသလို၊ လမ်းတွေမှာ ရေလျှံတာတွေလည်းရှိပါတယ်။ အပြင်းကြီးတဲ့ မလေးတွေ မိုးရွာရင်ဘာအလုပ်မှမလုပ် ကြတော့ပါဘူး။ မလေးရှားမှာ နေထိုင်တဲ့လူဦးရေက သန်း ၂၀ လောက်ဘဲရှိတာမို့ မြေလွတ်မြေရိုင်းတွေ များလို့လားမသိပါဘူး တော်များများကခြံတွေနဲ့နေထိုင်ကြတာများပါတယ်။ အတော်များများဟာ အိမ်တွေကို သိပ်ပြီးပြင်ပြင်ဆင်ဆင် မနေကြပေမယ့်၊ ကားကောင်းကောင်းတော့ ၀ယ်စီးကြတယ်။ အိမ်တိုင်းနီးပါး အနည်းဆုံး ကား၂စီးလောက်တော့ရှိတက် ကြတယ်။ သစ်သီးရောင်းတဲ့သူကလည်း 4wheel နဲ့လမ်းဘေးမှာ ဈေးရောင်းတယ်။
ဒီမှာဝန်ထမ်းအတော်များများဟာ လုပ်ခလစာများများမရကြပေမယ့် အကြွေးစနစ်ထွန်းကားတာကြောင့် လူတိုင်းစိ၊ အဆင်အတန်းမှိမှိနေနိုင်ကြတယ်။ အလုပ်လုပ်ရင် ပိုက်ဆံရတာသိတော့ ၁၈နှစ်ကျော်တာနဲ့ အိမ်ကထွက်ပြီး အလုပ်လုပ်ကြတယ်။ ကိုယ့်လုပ်ခနဲ့ကိုယ် သုံးကြတာများပါတယ်။ အားကျစရာပါ။ ကျွန်မကိုယ်တိုင် အခုအချိန်ထိ မိဘလုပ်စာထိုင်စားနေတဲ့ဘ၀က မကျွတ်သေးလို့ သူတို့ကိုမနာလိုပါဘူး။ ၀န်ထမ်းတွေကို ဦးစားပေးထားပါတယ်။ အထူးသဖြင့် မူဆလင်လူမျိုး၊ မလေးတွေကို အခွင့်ထူးပေးထားပါတယ်။
အစိုးရက ဒီလောက်ဦးစားပေးတာတောင် မလေးလူမျိုးတွေက ဆယ်တန်းအောင်တဲ့သူအတော်ရှားပါသတဲ့။ တရုတ်တွေဘဲ ထူးချွန်ကြတာမို့၊ ဆင်ရဲသားမလေးတွေကို အများအပြားတွေ့ရပါတယ်။ ကလေးအလုပ်သမား တွေလည်း အများအပြားတွေ့ရပါတယ်။ တစ်နေ့ကို မလေးငွေ၂ကျပ်၊ ၃ကျပ်နဲ့ ၀မ်းရေးပြီးနေရတဲ့ မလေးတွေ၊ လုပ်ခနဲနဲနဲ့လုပ်နေရတဲ့မလေးတွေ အများကြီးတွေ့ရပါတယ်။ သူတို့တွေက အစားအသောက်ကို ကျွန်မတို့ လောက်ဇာမချဲ့တက်ကြဘူးလို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် တကယ့်ပွဲလမ်းဆိုရင်တော့ ရှာသမျှကို အကုန်သုံးတော့တာပါဘဲတဲ့။ ကျွန်မမောင်လေးသူငယ်ချင်းတစ်ယောက် တစ်လရင်းဂစ်၈၀၀ရတာ ကားဝယ် စီးပါသတဲ့။ အံ့ရော။
မလေးမှာလည်း လာဘ်ပေးတာတွေ၊ လာဘ်ယူတာတွေရှိပါတယ်။ ကျွန်မKL သွားတုန်းက လမ်းဘေးမှာ ထုံးပေသီးကို လာဘ်ထိုးနေတဲ့ လမ်းမှားမောင်းတဲ့ ကားသမားကိုတွေ့ခဲ့ရပါတယ်။ ကျွန်မမောင်လေး ကားလိုင်စင်လုပ်တုန်းကလည်း လိုင်စင်ရုံးကပွဲစားကို အတော်ပေးလိုက်ရပါတယ်။ ဒီမှာလည်း under table ရှိလို့ အသက်ရှုနဲနဲချောင်သွားပါတယ်။ အဲဒါမျိုးတွေမရှိရင် ကျွန်မတို့မနေတက်လို့ပါ။ ကျွန်မတို့အိမ်ဘေးမှာနေ တဲ့ အိမ်နီးနားချင်းက သူ့အလုပ်ကပေးထားတဲ့ကားကနေ ဆီတွေထုတ်ပြီး သူ့ရွာကအမျိုးတွေလာရင်ထည့်ပေး
သလို၊ သူရွာပြန်ရင်လည်း ဆီပုံးအကြီးအငယ်တွေနဲ့ယူသွားလေ့ရှိပါတယ်။ အိမ်ဘေးက မလေးစစ်တပ်က ရဲဘော်က သူ့သားသမီးတွေကို တစ်အိမ်ကျော်က ဗလီဆရာအိမ်မှာ အာရေးဗျဘာသာစကားသင်ခိုင်းပြီး၊ ဗိုက်ကြီးနေတဲ့ သူ့မိန်းမအတွက် အဆင်ပြေအောင်ကားတစ်စီးဝယ်ပေးလိုက်ပါသေးတယ်။
မလေးမှာ ပညာရေးနဲ့ကျန်းမာရေးကို အဓိကဦးစာပေးတာမို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ထမ်ေးတွ
ကိုသိပ်ပြီးဦးစားပေးကြပါတယ်။ သို့ပေမယ့် မလေးကဘွဲ့ရဆရာဝန်တွေ နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ကြတာမို့ မလေးမှာ ဆရာဝန်ရှားပါးမှုကြုံနေရပါတယ်။ Sabahမှာ မြန်မာပြည်ကပင်စင်စားဆရာဝန်တွေကို Sabah University မှာ လစာကောင်းကောင်းပေးပြီး(ရင်ဂစ်၁၀၀၀၀ကျော်လောက်) ဆရာတွေမဖြစ်ခန့်ထားလို့၊ မြန်မာပြည်က ဆရာဝန်တွေ မလေးမှာလာပြီးအလုပ်လုပ်ကြလို့ တော်သေးတယ်လို့ ပြောရမယ်။ မလေးရှားက ပြည်သူပိုင်ဆေးရုံတွေမှာ မြန်မာဆရာဝန်တွေ အများကြီးရောက်နေကြပါတယ်။ တချို့ဆိုရင် မလေးမှာ လုပ်နေတာ နှစ်၂၀လောက်ရှိပါပြီ။ မလေးမှာ ကျောင်းဆရာတွေကို လခအများဆုံးပေးထားပြီး၊ နယ်သွားတဲ့သူ တွေဆိုရင် အနည်းဆုံး ရင်းဂစ်၅၀၀၀ကျော် လောက်ရပါတယ်။
အထက်ပါအကြောင်းအရာတွေအားလုံး ကျွန်မရဲ့တစ်နှစ်တာအတွေ့အကြုံတွေဖြစ်ပါတယ်။ သူတို့တွေတိုးတက်
တာတွေမြင်တိုင်း အားကျမိပါတယ်။ မျှော်လင့်မိပါတယ်။ သူတို့တွေမှာလည်း အသမာမှုတွေ၊ လာဘ်စားမှုတွေ၊
ခိုးမှုတွေ ရှိကြပေမယ့် နိုင်ငံကတိုးတက်နေပါတယ်။ တရုတ်တွေလက်ဝါးကြီးအုပ်မှုတွေကို အပျင်းကြီးတဲ့မလေး
တွေ အတော်ကြီးအလူးအလိမ့်ခံနေကြရပါတယ်။ ဘာသာရေးကွဲ၊ လူမျိုးကွဲတွေ အများကြီးရှိပေမယ့် နိုင်ငံရေး ရှုပ်ထွေးမှုမရှိပါဘူး။

ဒီနှစ်ဆီအုန်းဈေးတွေတက်သွားလို့် ဆီအုန်းပိုင်ရှင်တွေ ပျော်သွားသလို၊ ဆီအုန်းရင်နှီးမြှုပ်နှံ သူတွေ များလာပါတယ်။ ကမ္ဘာပေါ်မှာ အင်ဒိုနီးရှားပြီးရင်၊ ကမ္ဘာပေါ်မှာအကြီးဆုံးဆီအုန်းခြံကြီးက မလေးရှား မှာပါ။ ဒီနှစ်ကို မလေးရှားက International Space Station ကို တစ်ယောက်သွားခွင့်ရလို့ မလေးလူမျိုးတွေ အလွန်ဘဲဂုဏ်ယူနေကြပါတယ်။ ဒီနှစ်ဟာ မလေးရှားရဲ့ နှစ်(၅၀)မြောက်ရွှေရတုလွတ်လပ်ရေးဖြစ်ပါတယ်။ မူဆလင်တွေဖြစ်လို့ ဘာသာရေးကို အလွန်ုလုပ်ကြသလို။ ဘာသာရေးနဲ့ပက်သက်လို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေရှိသလို၊ လူတွေကလည်း တင်းကျပ်တဲ့စည်းကမ်းတွေကို လိုက်နာကြပါသတဲ့။ နိုင်ငံကို ဘာသာရေးနဲ့ထိန်းသိမ်းထားတယ်လို့ ကျွန်မမြင်ပါတယ်။ လူတွေနေထိုင်တဲ့ နေရာဖြစ်လို့ လူမှု့အရှုပ်တွေ တစ်ပုံတစ်ပင်ကြီးပေမယ့် မတ္တာထားပြီး အရာရာကို ဆုံးဖြတ်သွားကြတယ်လို့လည်းကျွန်မခံစားမိပါရဲ့။ မတ္တာထားတယ်ဆိုတာ ဘာသာရေးနဲ့မဆိုင်ပါဘူး။ လူမျိုးနဲ့လည်း မဆိုင်ပါဘူး။ မတ္တာထားနိုင်တဲ့ကိုယ် ဟုတ်မဟုတ် ဆိုတာနဲ့ဘဲဆိုင်ပါတယ်လို့ ကျွန်မမြင်သွားပါတယ်။ မြတ်စွားဘုရားဟောထားတဲ့ တရားတွေ အားလုံးကို ကျွန်မမသိပေမယ့်။ မတ္တာထားရင် မတ္တာပြန်ရပြီး၊ မတ္တာသည်အရာရာကို အောင်နိုင်တာ အကြွင်းမရှိယုံကြည်သွားပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့လည်း ကိုယ့်ကိုကိုယ် အမြဲသတိပေးမိပါရဲ့။
ဒါတွေရေးနေလို့ သိပ်ပြီးအားကျနေလား၊ မျိုးချစ်စိတ်မရှိဘူးလား၊ မလေးရှားမှာ အနှိမ်ခံအလုပ်လုပ်နေရတဲ့ ကိုယ့်လူမျိုးကိုမှကိုယ်ချင်းမစာ ဒီလိုမျိုးအားကျတဲ့စာတွေ၊ မလေးရှားကောင်းကြောင်းတွေ စတဲ့မေးခွန်းတွေ မေးနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရင်ထဲမှာ သူတို့ကို လေးစားသွားတာတော့အမှန်ပါဘဲ။ သူတို့ရဲ့ ညီညွတ်လို့အောင်မြင်တဲ့ သာဓကကိုတော့ ကျွန်မမြန်မာပြည်ကို ပြန်ရင် အပိုင်ယူသွားမယ်လို့ ဆုံးဖြတ် ထားပါတယ်။ သူများတွေကိုလည်းလိုက်ပြောဖို့လည်း ဆုံးဖြတ်ထားတယ်။ ကျွန်မကိုလူတွေဘာ ပြောပြောမလေးရှားတွေ ဘယ်လိုအောင်မြင်သွားတဲ့အကြောင်းကိုတော့ အားရအောင်ပြော ရအုံးမယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။
နှင်းဆီနီနီ။။

(မှတ်ချက်။။ မကျေနပ်ချင်း၊ အကြံပြုချင်း၊ အားပေးချင်း၊ ကျွန်မနဲ့သဘောတူချင်းများ ရှိခဲ့လို့ကွန့်မန့်ရေးခဲ့ရင် လုံးဝကြိုဆိုပါတယ်။ ဓါတ်ပုံတင်လိုက်ပါတယ်။)

ဒုတိယဟောင်ကောင်လို့ပြောတဲ့ Sandakan မြို့ကိုအပေါ်စီးမှမြင်ရပုံ။


Probosics ဖြစ်ပါတယ်။
ဒါကတော့ Orangutan ဖြစ်ပါတယ်။

POW Camp က မှတ်တမ်း။

ဒီလိုအေးအေးချမ်းချမ်း မနေချင်ဘူးလား။

ဒီလိုတောထဲမှာနေကြတာများတယ်။
www.malaysiatour2u.com
www.explorationborneo.com
www.worldprimatesafaris.com/orangutan-tours1.html

မှာလည်း အသေးစိတ်ရေးထားပါတယ်။