Thursday, 22 May 2008

Justine Henin


ကျွန်မ တင်းနစ်ကို မရိုက်တက်ပေမယ့် တင်းနစ်ပွဲတွေကို မလွတ်တမ်းကြည့်တက်သလို။ တက်နိုင်သလောက် တင်းနစ်သတင်းတွေဖတ်တက်ပါတယ်။ အရင်တုန်းက တင်းနစ်အကျော်အမော်တွေကို နာမည်တွေနဲ့ လူတွေ တွဲပြီး သိပ်မမှတ်မိတက်ပေမယ့် အခုနောက်ပိုင်းလူတွေကိုတော့ သတိထားမိတက်ပါတယ်။ အခုနောက်ပိုင်း ကမ္ဘာ နံပါတ်တစ် အမျိုးသမီးတင်းနစ်မယ် တင်းနစ်လောက ကစွန့်သွားတဲ့သတင်းကို သိပြီး စိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တော့ ဟင်နင်က အတော်ကို ကစားနိုင်ပြီး၊ ကိုယ်ကိုယ်တိုင် ကိုယ့်အီမိုရှင်ကိုလည်း အတော်လေး ထိန်နိုင်တဲ့ ကစားသမားတစ်ယောက်မို့ နှမျောမိပါတယ်။ ပြီးတော တင်းနစ်ကစားတဲ့ ကျွန်မသူငယ်ချင်း တစ်ယောက်နဲ့ လည်း အတော်တူ၊ ကျွန်မနဲ့လည်း အသက်အတူတူမို့ ပိုပြီး သဘောကျတာလည်းဖြစ်နိုင်ပါတယ်။ အရပ် ၅ ပေ ၆လက်မ ဆိုပေမယ့် တင်းနစ်ပွဲတွေမှာ သူ့ကို ကြည့်ရတာ ပုနေသလိုပါဘဲ။ ရုရှားက တင်းနစ်ကစားတဲ့ ကစားသမားတွေကတော့ ၆ပေနီးပါဆိုတော့ ဟင်နင်က ပုနေတာပေါ့။ ဒါပေမယ့် သူက အကောင်းကြီးကြီး ပိုင်ဘက် ကစားသမားတွေကို အတော်ဘဲ ခုခံပြီး ကစားနိုင်တဲ့ ကစားသမားတစ်ဦးပါ။ သူ့ကိုကြည့်ရတာ တကယ့်အားကစားသမားနဲ့တူပါတယ်။ ဘာလို့လဲဆိုတော့ အတော်များများ တင်းနစ်ကစားသမားတွေက မော်ဒယ်တွေနီးပါး ပဲများကြလို့။ တခါတလေ သူတို့ကိုကြည့်ရတာ မော်ဒယ်ရှိုးကြည့်နေရသလိုပါဘဲ။ ဒါပေမယ့် ဟင်နင်ကစားတဲ့ပွဲတွေမှာ ဆိုရင်တော့ တကယ့် တင်းနစ်ပွဲကို ကြည့်နေရလိုဘဲ ရင်မောရလို့ သူကစားတဲ့ပွဲတွေကို အလွန်းဘဲသဘောကျမိပါတယ်။သူ့အကြောင်းကို ဒီမှာ ရေးထားပါတယ်။

သူနှုတ်ထွက်ရတဲ့အကြောင်းကို ဒီမှာရေးထားတာတွေ့ရလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ သူ ကစားမယ်ဆိုရင် ကစားလို့ရတဲ့အနေအထားမှာ ရှိရဲ့နဲ့ နှုတ်ထွက်ခဲ့တာပါ။ တခါတလေတော့လည်း လူတွေက အောင်မြင်အောင် ကြိုးစားကြတယ်။ အောင်မြင်လာတော့ အနားယူချင်ကြတယ်။ ဘာလို့များ ဒီလိုလုပ်ကြတာလဲဆိုတာကို စဉ်းစား လို့မရနိုင်အောင်ပါဘဲ။ ဒီနှစ် ပြင်သစ်အိုပင်းမှတော့ အမျိုးသမီးဖလားအတွက် ခုခံမယ့်လူမရှိဘူးဖြစ်နေတော့။ ဘယ်သူတွေ ဖလားလုကြဦးမလဲဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရဦးမှာပါ။

လွမ်းတယ်

လေတိုက်တိုင်း ရယ်နေတက်တဲ့
ကုက္ကိုယ်ရယ်သံတွေကို လွမ်းတယ်။

နွေလမ်းတွေပေါ်မှာ တိုက်တက်တဲ့
လေပွေလေရူးတွေကို လွမ်းတယ်။

လုပြီး ကောက်ခဲ့ဖူးတဲ့
လက်ပံပွင့်တွေကို လွမ်းတယ်။

တနွေလုံး စိမ်းနေတက်တဲ့
ထနှောင်းပင်တွေကို လွမ်းတယ်။

ငါကောက်ခဲ့ဖူးတဲ့ စကားပင်ခြေက
စကားပွင့်တွေကို လွမ်းတယ်။

ငါ့အိမ်ရှေ့က ဖြတ်ပြေးတက်တဲ့
ယုန်လေးကို လွမ်းတာဘဲ။

ငါ့အိမ်က သြဇာသီးတွေ လာစားတက်တဲ့
မုန်းခဲ့ဖူးတဲ့ရှဥ့်တွေကို လွမ်းတယ်။

ငါ လျှောက်ခဲ့ဖူးတဲ့
ဖုန်ထူထူလမ်းကို လွမ်းတယ်။

ငါတက်ခဲ့ဖူးတဲ့
ငါ့မွေးရပ်ကကျောင်းကို လွမ်းတယ်။

ဆောင်းတွင်းရောက်တိုင်း ပြေးပြီးလုခဲ့တဲ့
ထုတ်ဆီးတိုးကွင်းကြီးကို လွမ်းတယ်။

ဆောင်းမနက်ခင်းတိုင်း မြူတွေကျတက်တဲ့
ငါ့မြို့လေးကို လွမ်းတယ်။

မုန့်ဝယ်စားပါဦးလို့ ပြောတက်တဲ့
ကျောင်းဈေးက ဒေါ်ကြီးကို လွမ်းတယ်။

ဒီကောင်မလေး ငယ်ငယ်က သိပ်ဆိုးတာဘဲလို့ ပြောတဲ့
မုန့်ပစ်သလက်သည် ကိုလွမ်းတယ်။

လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးရယ်မောခဲ့တဲ့
အတိတ်က ရယ်သံတွေကို ပြန်လွမ်းတယ်။

ငါ့မွေးရပ်မြေကိုလွမ်းတယ်
ငါ့အတိတ်ကိုလွမ်းတယ်
အခုငါ့က အရင်က ငါ့ကိုပြန်ပြီးလွမ်းတယ်ဟာ....
နှင်းဆီနီနီ

Tuesday, 13 May 2008

လှည်းနဲ့ နွား

လှည်းနဲ့ နွား

ငါဆိုတဲ့ လှည်းကြီးကို

မျှော်လင့်ချက်၊
ရည်မှန်းချက်(လောဘ )
ဆိုတဲ့ နွားကြီးတွေနဲ့
မောင်းလာခဲ့တာ
ခုဆို ၂၆ ပြည့်ပေါ့။
ငါ့နွားတွေလည်း
ပင်ပန်းလှပြီ။
ရေငတ်လှပြီ။
ငါဆိုတဲ့လှည်းကြီးကတော့
ဆက်ပြီး သွားချင်တုန်းဘဲ
ငါ့ရဲ့ မျှော်လင့်ချက်နွား၊
ငါ့ ရည်မှန်းချက်နွား၊
မနားသေးနဲ့ဦး ဟဲ့၊
မမောသေးနဲ့ဦး ဟဲ့။
ငါ့ကိုတော့ ခရီးဆုံးထိ
ပို့ဦးဟဲ့။

ကဗျာလည်း မဟုတ်ပါဘူး၊ စာလည်းမဟုတ်ပါဘူး။ စိတ်ထဲ စဉ်းစားမိတာလေးချရေးထားတာ။ အခုမှ တင်ဖြစ်တာ။