Friday, 27 February 2009

ရွှေရောင်အလွမ်း


အခုတလော လွမ်းစရာမရှိရှာကြံပြီးလွမ်းနေတယ်။ အမှန်တော့ စိတ်အလိုမကျတာတွေများနေတာပါ။ လုပ်သင့် လုပ်ထိုက်တာတွေကို အချိန်မှီမလုပ်မိတော့ ဖြစ်သင့်တာတွေလည်း အချိန်မှီမဖြစ်လာ တော့ဘူးပေါ့လို့ ပြောကြ မှာပါ။ လူတိုင်းမှာ ရွှေရောင်အချိန်ဆိုတာ ရှိခဲ့ကြတာပါပဲ အဲ့ဒီ့ ကျွန်မပျော်ရွှင်ခဲ့ဖူးတဲ့၊ ကျွန်မရဲ့ ရွှေရောင်အချိန် တွေကိုလွမ်းပါတယ်။ အရင်အချိန်တွကိုလွမ်ပါးတယ်။ လူတိုင်းလွမ်းခွင့်ရှိပါတယ်။ ကျွန်လည်း လွမ်းခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။ အခု ကျွန်မရဲ့ရွှေရောင်အချိန်တွေကို ကျွန်မလွမ်းပါတယ်။ ကျွန်မမှားခဲ့ ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်တော့ ဒဏ်မခတ်သင့်ဘူးပေါ့နော်။ ဆုတောင်းပါတယ် နောက်ထပ်ရွှေရောင်နေ့ရက်တွေ ထပ်ပြီး ကြုံပါရစေလို့။ ကျွန်မဆုတောင်းတွေလည်း အချိန်မှီပြည့်ပါရစေလို့။

Read more...

Monday, 23 February 2009

IKEA မှ အစားစရာများ


ကြက်တောင်ပံကြော်


ငါးဆလပ်(အချဉ်ညှစ်ပြီး မရောနိစ့်နဲ့တို့စားတာ)


ကြက်သားနဲ့အာလူးခြေ


အသားလုံးနဲ့အာလူးပြုတ် (ုဘယ်ရီသီးအချဉ်လေးနဲ့ စားတာ တော်တာ် စားကောင်းတယ်။)

ဘယ်ရီသီးအချဉ်ကို တစ်ခါမှမစားဖူးဘူး။ စစချင်း စားကောင်းမယ်မထင်မိဘူး။ ဒါပေမယ့် တော်တော် စားကောင်းတယ်။


ပက်စ်စတာ
မနေ့က IKEA ကိုသွားလည်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လလောက်က ဘလော့တစ်ခုမှာ IKEA အကြောင်း ဖတ်ပြီးကတည်းက သွားချင်လို့ ၁ ခေါက်သွားခဲ့ပေမယ့် ဒီတစ်ခေါက်လောက်တော့ မုန့်တွေမစားဖြစ်ဘူး။ မနေ့ ကတော့ တော်တော်စားဖြစ်တယ်။ အပေါ်ကပုံတွေထဲမှာ ပက်စ်စတာ တစ်ခုဘဲကိုယ်စားတာဆိုပေမယ့် သူများ စားတဲ့ပုံတွေလည်း ရိုက်လာခဲ့တယ်။ အဲ့ဒီထဲက ကြက်ကြော်က တော်တော်စားကောင်းတယ်။ မြန်မာပြည်တုန်း က ပုဂံသွားတဲ့လမ်းပေါ်မှာရှိတဲ့ လက်ပပြားကြက်ကြော်အရသာကိုမှီတယ်။ အဲ့ဒီလက်ပပြားကြက်ကြော်ကိုမှီတာ ဒီတစ်ခုဘဲရှိတယ်။ လက်ပပြားကြက်ကြော်မစားဖူးတဲ့လူတွေ အဲ့ဒီမှာသွားစားရင် ပုဂံက လက်ပပြားကြက်ကြော် က ဒီအတိုင်းပါလားလို့ ခန့်မှန်းလို့ရမှာပါ။ မုန့်စားပြီး ဘာမှထွေတွေထူးထူးမ၀ယ်ဖြစ်ခဲ့ပါဘူး။ မျက်နှာသုတ် ပုဝါနဲ့ ဖယောင်းတိုင်လေးတွေ ၀ယ်ပြီးပြန်လာခဲ့တယ်။ IKEA ကိုသွားပြီးရင်တော့ ပိုက်ဆံတွေအများကြီးလိုချင်တဲ့ စိတ်တွေပေါ်လာတယ်။ သူ့မှာဆင်ထားတာတွေ တော်တော်လှပြီး ဈေးကြီးလို့ ပိုက်ဆံတွေအများကြီး လိုချင်မိတယ်။

Read more...

Sunday, 22 February 2009

Resent Favourite Songs



အခုတလော နားထောင်ဖြစ်တဲ့သီချင်းလေးတွေပါ။ ဒီသီချင်းကို ကြားဖူးတာကြာပေမယ့် စာသားကို သေချာသိတာ သိပ်ပြီးမကြာသေးပါဘူး။ နောက်တစ်ခုက





ဒီသီချင်းလေးကိုကြိုက်တာ ၂၀၀၀ လောက်ကတည်းက အရင်တုန်းက တိပ်ခွေနဲ့ရှိပြီးအခုမှ အမ်ပီ၃ရလိုက်လို့ တော်တော်လေးအဆင်ပြေနေတယ်။

Read more...

Wednesday, 4 February 2009

Fianl Result of Australian Open

သနားစရာကောင်းတဲ့ Federer လေးတော့ Auzi Open မှာ ဖလားမရလိုက်ပါဘူး။ Nadal Fan တွေကတော့ ပျော်နေကြပါတယ်။ Federer ရဲ့ Fan တွေကတော့ တော်တော် စိတ်မကောင်းဖြစ်ကြတယ်။ အားမလို အားမရဖြစ်ကြ ရပါတယ်။ သူကလည်း ၁၄ ခုမြောက် ဖလားရချင်ရှာတယ်။ ဒါပေမယ့် ဒီခေတ်မှာ သူ့လောက်တော်တဲ့ တင်းနစ်သမားမရှိဘူးလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကစားတဲ့ ပွဲစဉ်တိုင်းမှာ ဒဏ်ရာမရခဲ့ဖူးဘူး၊ ဘယ်ပွဲစဉ်မှာမှ ပြဿနာမတက်ဖူးဘူး၊ ဘယ်တော့ ကွင်းထဲမှာ ဒေါသထွက်ကြောင်း မပြခဲ့ဘူး။ အခုနောက်ဆုံးကစားခဲ့တဲ့ Auzi Open မှာဘဲ နဲနဲစိတ်လှုပ်ရှားတဲ့ပုံစံမျိုး ပြဖူးခဲ့တာ။ ပြီးတော့ အခုအချိန်ထိ Nadal က သူ့ကိုခုခံနိုင်တယ်ခဲ့ပေမယ့် သူ့ရဲ့ ကစားကွတ်ထက်သာအောင် မကစားနိုင်ခဲ့ပါဘူး။ ဖြတ်ထိုးဥာဏ်ကို ယှဉ်မရသေးဘူးလို့ ပြောလို့ရမှာပါ။ Federer ရဲ့ talent ကို Nadal ယှဉ်လို့မရသေးပါဘူး။

ဒီနှစ် Auzi Open မှာ လူစွမ်းကောင်းတော်တော်များများ ပေါ်ထွက်ခဲ့ပါတယ်။ အမျိုးသမီး တင်းနစ်သမား ထဲမှာဆို အကောင်းဆုံး တင်းနစ်သမား စာရင်းမ၀င်တဲ့လူက နံပတ်ရှိပြီးသားတို့ နံပါတ်တစ်တို့ကို နိုင်သွားတာတွေ တွေ့ရမှာပါ။သူက တော့ Australian နိုင်ငံသူ Jelena Dokic ဖြစ်ပြီး။ အမျိုးသားထဲမှာလည်း Nadal ကို Semi Final မှာ ခုခံပြီး ၅ နာရီကြာ ရိုက်သွားတဲ့ Fernando Verdasco က တော်တော်နာမည်ကြီးပါတယ်။ Verdasco ရဲ့ ကျန်းမာ ကြံ့ခိုင်မှု၊ လျှင်မြန်ဖြတ်လပ်မှု တွေက အမှန်အတိုင်း ပြောပြရင် Nadal ထက်သာပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအတွေ့အကြုံအရ ဆိုရင် Nadal က ပိုသာတော့ နောက်ဆုံးပွဲမှာ Emotion ကို မထိန်းနိုင်လို့ ရှုံးသွားတယ်လို့ မြင်မိပါတယ်။ သူလည်း Nadal လို ဘယ်သန် တစ်ယောက်ပါဘဲ။ Nadal လောက် ကြံ့ခိုင်တယ်၊ အမောခံနိုင်တဲ့အပြင် အကောင်းဆုံး အားကစားစိတ်ဓါတ်နဲ့ Nadal ကို ခုခံကာကွယ်ရင် စံချိန်ချိုးပြီး ၅ နာရီကြာ ကစားသွားတာဖြစ်ပါတယ်။

တကယ်လို့သာ Verdasco နိုင်ခဲ့ရင်လည်း Federer နိုင်မယ်ဆိုတာ သေချာမပြောနိုင်ပါဘူး။ ဒါပေမယ့် Federer ရဲ့ ကစားကွတ်တွေကို Nadal ကလွဲရင် ခံနိုင်တဲ့လူရှာတော့လည်း အခြေအနေကို မှန်းလို့မရဘူးဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် Federer အတွက် အတော်ကောင်းတဲ့အခွင့်အရေးကြီး တစ်ခုကိုလက်လွတ်ခဲ့ရပါတယ်။ နောက်ဆုံး ဆုပေးပွဲမှာ Federer ငိုခဲ့လို့ သူ့ရဲ့fan တွေ အားလုံး စိတ်မကောင်းဖြစ်ကြသလို Nadal လည်း တော်တော် စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ Nadal ကတော့ မင်းဟာ အကောင်းဆုံး ကစားသမားပါလို့ ချီးကျူးပြောဆိုသွားပါတယ်။ အမှန်တော့ Federer အတွက် နောက်ထပ် အခွင့်အရေးတွေ ကျန်နေပါသေးတယ်။ စိတ်ဓါတ်မကျဖို့သာ လိုပါတယ်။ နောက်ထပ် Training များများလုပ်ပြီး ကြံ့ခိုင်အောင် ကြိုးစားလိုက်ရင် နောက်ထပ်သူမှန်းထားတဲ့ ဆုတွေရနိုင်တယ်လို့ထင်မိပါတယ်။

Read more...

Tuesday, 3 February 2009

Wish for Valentine!


အရင်တုန်းကဆို ဖေဖေါ်ဝါရီကို သိပ်ပြီး သဘောကျတာ စာမေးပွဲတွေပြီးခါနီးပြီး နွေရာသီလွတ်လပ်ရေး တွေရတော့မယ်အချိန်မို့ ဒီလကိုရောက်ရင် အမြဲစိတ်ထဲမယ်ပျော်နေတက်ပါတယ်။ အခုနောက်ပိုင်တော့ ဖေဖေါ်ဝါရီကို တော်တော်မုန်းမိတယ်။ ဒီလရောက်ရင် တက်ကြွနေတဲ့လူငယ်တွေ၊ သိပ်ပြီးကြည့်နူးနေကြတဲ့ လူတွေဆို ကြည့်မရချင်တော့ဘူး။ ကိုယ့်အတွင်းစိတ်နဲ့ကိုယ်ပေါ့လေ။ သူများတွေက ပျော်နိုင်ကြတာကို။ ချောကလတ် သိပ်ကြိုက်ပေမယ့် ဒီလထဲမှာဆို ချောကလတ်ဆိုတဲ့အသံကြားတောင်မကြားချင်မိဘူး။ တစ်ခါတလေတော့လည်း ကိုယ့်ပိုက်ဆံနဲ့ကို အ၀၀ယ်စားပစ်လိုက်တယ်။ တကယ်တော့ အကောင်းစား ချောကလတ်ဝယ်စားတာတောင် ချောကလတ်ကအရသာ မရှိသလိုဖြစ်နေတက်တာမျိုးတွေရယ် ။ ဖေဖေါ်ဝါရီ ၁၄ရဲ့ တကယ့်သဘောကိုသိလိုက်တဲ့အချိန်မှာ နဲနဲလေးသက်သာရာရသွားတယ်။ သူ့သဘောက ချစ်တက်တဲ့ လူတွေ တစ်ယောက်နဲ့တစ်ယောက် အထိမ်းအမှတ်နေ့၊ ချစ်ခင်မှုအတွက် လက်ဆောင်ပေးကြတဲ့နေ့၊ ချစ်တက်သူတွေအတွက် သတ်မှတ်ထားတဲ့နေ့လို့ သိလိုက်မှ နဲနဲတော်သွားတယ်။ မဟုတ်ရင် ရစရာမရှိသလို ပေးစရာလူလည်း မရှိတော့ခက်နေတာ။ ကိုယ့်ကို ချစ်တဲ့ခင်တဲ့၊ ကိုယ်က ချစ်တဲ့ခင်တဲ့ သူငယ်ချင်းတွေကို လက်ဆောင်လေးဘာလေး ပေးစရာရသွားတာပေါ့။ ပေးရမယ့်လူမရှိလောက်အောင်လားဆိုတော့ မဟုတ်ပါဘူး။ ဟိုလိုမျိုးဆို ကိုယ်ကပေးရင်ပြန်လိုချင်တဲ့ အတ္တလေးရှိတော့ ပြန်မရမယ့်အတူတူ မပေးတော့ဘူး စိတ်ကူးခဲ့တာများပါတယ်။ ဖေဖေါ်ဝါရီ ၁၄ကို စပြီးသိတာ ၉ တန်း ၁၉၉၇ လောက်ကပေါ့။အခုဆို ၁၀ နှစ်တောင်ကျော်နေပေါ့။

အဲ့ဒီထဲမှာ အမှတ်တရဆိုလို့ ကျွန်မအတွက်ကတော့ ၂၀၀၆ ဖေဖေါ်ဝါရီ ၁၄ တစ်ခုဘဲ ရှိနေမယ်ထင်တယ်။ မှတ်မှတ်ရရ ၂၀၀၆ ဖေဖေါ်ဝါရီ ၁၄ တုန်းက လက်ဆောင်ပေးစရာမရှိတာနဲ့ ကိုယ့်ကိုယ်ကို လက်ဆောင် ပြန်ပေးတဲ့နေနဲ့ အဲ့ဒီနေ့မှာ နှင်းဆီပွင့်ပါတဲ့ ပန်းရောင်အကျီတစ်ထည်ဝယ်ဖြစ်ခဲ့ပါတယ်။ ချစ်သူများနေ့ အမှတ်တရဆိုပြီး ပန်းရောင်ဝယ်ဖြစ်တာပါ။ ပထမဆုံးဝယ်ဖူးတဲ့ ပန်းရောင်အကျီဆိုလည်း မမှားခဲ့ပါဘူး။ ကျွန်မ အနီရောင်ကြိုက်ပေမယ့် ပန်းရောင်ကို ဘယ်တော့မှမ၀တ်ခဲ့ဘူး။ မထင်ဘဲ အဲ့ဒီနေ့မှာဘဲ စိုင်းစိုင်းရဲ့ ရှိုးပွဲသွားကြည့်ဖြစ်တော့ အဲ့ဒီအကျီလေးကို ၀တ်သွားဖြစ်တယ်။ အမှတ်တရဖြစ်သွားအောင်ဆိုပြီး အဲ့ဒီအကျီမှာ စိုင်းစိုင်းကိုလက်မှတ်ထိုးခိုင်းလိုက်တယ်။ ကျွန်မအတွက်တော့ တသက်နဲ့တကိုယ် အမှတ်အရဆုံးကတော့၂၀၀၆ ဖေဖေါ်ဝါရီ ၁၄ ပါဘဲ။ အခု အဲ့ဒီအကျီလေးတောင် ခဏခဏ၀တ်လို့ တော်တော်ဟာင်းနေပြီ။ ဒါပေမယ့် မပစ်ရက်ဘူးဖြစ်နေတယ်။ ပစ်လည်း ပစ်ဖြစ်မှာမဟုတ်ပါဘူး။ ဟောင်းသွားတောင် အမှတ်တရအနေနဲ့ သိမ်းထားဖြစ်မယ်ထင်ပါတယ်။ ဒီတသက်မှာ ဖေဖေါ်ဝါရီ ၁၄ နဲ့ ပက်သက်ပြီး အမှတ်တရဆိုလို့ အဲ့ဒါတစ်ခုဘဲ ရှိတယ်ထင်တယ်။ ဖြစ်နိုင်ရင် ဖေဖေါ်ဝါရီ ၁၄ကို ကျော်ထားလိုက်ချင်တယ်။ ဒါပေမယ့်လည်း ဒီလောက် စိတ်ပုပ်နေလို့ မဖြစ်ဘူးဆိုပြီး ဆုတောင်းလိုက်ပါတယ်။ လာမယ့် ၁၄ ရက်မှာ ချစ်နိုင်တဲ့လူတွေ ချစ်နိုင်ကြပါစေ။ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။


Read more...

About This Blog

ဘာမှမထူးခြားပေမယ့် ကျွန်မရဲ့အတွေးနဲ့ လက်ရှိကြုံတွေ့နေရတာတွေကို
အမှတ်တရအနေနဲ့ ရေးတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတစ်ခုပါ။

  © Blogger template Valentine by Ourblogtemplates.com 2008

Back to TOP