အခုလောလောဆယ် ကြည့်ဖြစ်နေတာကတော့ KBS World ကနေလာနေတဲ့ Mr. Goodbye ဆိုတဲ့ ဇာတ်လမ်း တွဲလေးပါဘဲ။ ဇာတ်လမ်းက အဟောင်းပေမယ့် ခေါင်းဆောင်မင်းသားကို အရမ်းကြိုက်တာမို့ ကြည့်ဖြစ်တာပါ။ ကိုရီးယားကားတွေ စကြည့်တော့ အဲ့ဒီမင်သားနဲ့ မြန်မာပြည်မှာ လီဟန်နီလို လူသိများတဲ့ မင်းသမီးနဲ့ကား စကြည့်ဖြစ်ပါတယ်။ အဲ့ဒီကနေစပြီး အဲ့ဒီ မင်းသားကို နှစ်သက်မိပါတယ်။ နာမည်အရင်ကတော့ Ahn Jae-wook ပါ။ 

Showing posts with label ရုပ်ရှင်. Show all posts
Showing posts with label ရုပ်ရှင်. Show all posts
Wednesday, 13 May 2009
Mr. Good-Bye
Posted by Red's Rose Dream at 00:54အခုလည်း ဒီကားလေးစလာတော့ ဘယ်မင်းသားလဲ ခဏကြည့်ရာကနေ ဆက်ပြီး ကြည့်ဖြစ်သွားပါတယ်။ Mysoju ကနေသွားပြီး ကြည့်ရင် ရပေမယ့် တီဗွီကနေ စောင့်ကြည့်ရတဲ့ အရသာကို ပိုကြိုက်နှစ်သက်မိလို့
(အမှန်တိုင်းပြောရရင်တော့ မင်းသားက အချစ်ဟောင်းလည်းဖြစ်နေတာဆိုတော့က စိမ့်စိမ့်ကြည့်ရတာလေး သဘောကျတာလည်း ပါမယ်ထင်ပါတယ်။ :P) အဲ့ဒီကားကိုတော့ တီဗွီကနေဘဲ စောင့်ကြည့်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကိုရီးယားကားထုံးစံသမရိုးကျ ထဲကနေ သိပ်ပြီး ခွဲမထွက်နိုင်တဲ့ ဇာတ်လမ်းမျိုးလို့ အခုလောလောဆယ် ခန့်မှန်းထားပါတယ်။
သူရဲ့ ပထမဆုံးသိတဲ့ ဇာတ်ကားနာမည်ကတော့ Goodbye My Love ဆိုတဲ့ကားပါ။ အချစ်ကားလေးပေါ့။ ကြုံရင် အဲ့ဒီကားလေကို ဆက်ကြည့်လိုက်ကြပါဦး။ ဇာတ်ကားက ဟောင်းနေတော့ ရုပ်ရှင် ၀ါသနာအိုးတွေ ပျင်းစရာကောင်းတယ်လို့ မြင်နိုင်ပါတယ်။ ကျွန်မအတွက်ကတော့ အတော်ကြိုက်ခဲ့ဖူးတဲ့ ကားလေးပါ။ ဒီကားလေးတွေက ကိုရီးယားကားတွေကို စပြီး စွဲစေခဲ့တာပါ။
Monday, 9 March 2009
Miss Potter Movie and Peter Rabbit
Posted by Red's Rose Dream at 11:12Actually I don't have good mode to write blog. But when I show picture from below I want to write somethings about Miss Potter Movie (another link for movie). It is true story base on 20th century and about author who write children story in that day. And still famous and best selling in these day. I had never read about that famous children story before but I have seen that character of Peter Rabbit in other place like book store or internet web site. It is cute and I like that character. Because it's seem look like me. :P Sometime I am a lazy rabbit and I made lot and a lot of problem all the time in my life. But ,I think, I enjoy being Rabbit. :D

ဒီဇင်ဘာအိမ်မှာရှိတုန်းက ရုပ်ရှင်တော်တော်များများကြည့်ဖြစ်ပါတယ်။ တစ်နေ့ အနည်းဆုံး ၂ ကားလောက် ကြည့်ဖြစ်တယ်။ Miss Potter ကားကို ကျွန်မကြိုက်တဲ့ မင်းသမီးပါလို့ ဘာကားလဲ ကြည့်ရင်းက ကြည့်ဖြစ်သွား တာပါ။ အစကတော့ True Story မှန်းမသိဘူး။ နောက်ဆုံး စာတမ်းထိုးမှ True Story မှန်းသိတာ။ သူနဲ့ စပ်ပြီး ဒီ Peter Rabbit အကြောင်းကိုလိုက်ကြည့်မိတယ်။ တော်တော်နာမည်ကြီးတဲ့ ဇာတ်ကောင်ဖြစ်နေပါတယ်။ ယုန်လေးက သိပ်ပြီးချစ်ဖို့ကောင်းတာပဲ။ စာရေးဆရာကအမျိုးသမီးက သိပ်ပြီး နုညံ့တဲ့ အမျိုးသမီးလို့ မြင်မိပါတယ်။ သူ့ ဇာတ်ကောင်တွေက ချစ်ဖို့ကောင်းပြီး ကြည့်လိုက်ရုံနဲ့တင် စိတ်နေစိတ်ထား နုညံ့သွားသလိုမျိုး ခံစားရပါတယ်။ ကြည့်လို့ကောင်းတဲ့ကားလေးပါ။ ကျွန်မကိုယ်တိုင်ကလည်း True Story ရုပ်ရှင်တွေကို ပိုကြိုက်တာ များလို့လားမသိဘူး။ ဒီကားလေးကို သဘောကျမိတယ်။ အခုလောလောဆယ်တော့ Peter Rabbit ပုံလေးတွေကိုလိုက်စုနေတယ်။ :D
အင်္ဂလိပ်စာအရေးကျင့်နေပါသဖြင့် သည်းခံခွင့်လွတ်ကြပါကုန်။ :DFriday, 5 December 2008
My Favorite Character and Movie
Posted by Red's Rose Dream at 12:05ကာတွန်းနဲ့ ပက်သက်လို့ပြောရရင် ကျွန်မအကြိုက်ဆုံးက Tom and Jerry ကာတွန်းပါ ဒီကာတွန်းကားတွေ ဘယ်လောက်ရှိလဲ ကျွန်မ သေချာမသိပါဘူး။ ဒါပေမယ့် တော်တော်များများကြည့်ဖူးတယ်။ ရုပ်မြင်သံကြားက လာတိုင်းလဲ အမြဲကြည့်ဖြစ်တယ်။ဘယ်လောက်ကြည့်ကြည့် ကြည့်လို့ကောင်းတဲ့ ကာတွန်းကာတွေထဲမှာ Tom and Jerry က ထိပ်ဆုံးကပါနေပါတယ်။

အကြိုက်ဆုံးက သူတို့နှစ်ယောက်ဘယ်လောက်ဘဲ ရန်ဖြစ်ဖြစ် အမြဲပြန်တည့်တာကိုပါ။ ပြီးရင် ဘယ်တော့မှ သူတို့အကျင့်တွေကိုမပြင်ကြဘူး။ တချို့ဇာတ်လမ်းတွေထဲမှာ ပညာပေးခန်းလေးတွေပါတာသဘောကျတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းကတချို့သိသင့်တာလေးတွေ သိအောင် ပညာပေးတဲ့အခန်းလေးတွေ အရမ်းသဘောကျတယ်။ ပြီးတော့ Jerry ကCheese ကိုမြင်ရင်လေထဲမြှောက်ပြီးပါသွားတာလေး သဘော ကျတယ်။ ပြီးတော့ ကြွက်မလေးတွေ၊ ကြောင်မလေးတွေ မြင်ရင် နှစ်ကောင်စလုံး မျက်နှာပိုးမသတ်နိုင်တာ ကိုလည်း သဘောကျတယ်။ နောက်ပြီး Tom ဘယ်လောက် ယုတ်မာမာ Jerry က အသနားခံရင် သနားတက်တဲ့ Tom ကို သနားမိတယ်။ အကြိုက်ဆုံးတွေထဲမှာ Tom and Jerry က ထိပ်ဆုံးက။ ကျွန်မ ဂိမ်းတွေ သိပ်ပြီးမကစားပေမယ့် Cartoon Network ထဲက Tom and Jerry ဂိမ်းလေးတော့ ဆော့ဖြစ်တယ်။ ဒီကနေ သွားပြီး ဆော့လို့ရတယ်။

နောက်ထပ် character တစ်ခုကတော့ Donal Duck သူ့ကိုလည်း အရမ်းသဘောကျတယ်။

ကပေါက်တိ ကပေါက်ချာနဲ့ သိပ်ပြီးချစ်စရာကောင်တဲ့ character တစ်ခုမို့ပါ။ သူ့ဇာတ်လမ်းတွဲတွေ တော်တော်များများ ကြည့်ဖြစ်ပါတယ်။ နောက်ပြီး သူနဲ့တွဲပြီးပါလာတဲ့ သူဌေးကြီးနဲ့ ဘဲကလေးသုံးကောင်း ဇာတ်လိုက်တွေကိုလည်း ကြိုက်တယ်။သူဌေးကြီးကပ်စီးနှဲတာကိုလည်း အရမ်းသဘောကျတယ်။ Donald Duck နဲ့တွဲပြီး ပါတတ်တဲ့ Goofy ကိုလည်း သဘောကျတယ်။ စကားပြောရင် အသံသြသြကြီးနဲ့ အမြဲ အမှားတွေ လုပ်တတ်တဲ့ Goofyကိုလည်း သဘောကျတယ်။ သူက မြန်မာပြည်က ကာတွန်းပိုးဇာကိုမျက်စိထဲ အမြဲတွဲပြီး မြင်မိတယ်။ အမြဲပြာရာခတ်တတ်တဲ့ ဘဲလေးက ချစ်စရာလေးပါ။ ငယ်ငယ်က သူပုံတူတွေဆွဲဖူးတယ်။ အရမ်းကြိုက်လို့။

နောက်တစ်ခုက ငယ်ငယ်တုန်းက စွဲစွဲမြဲမြဲကြည့်တက်တဲ့ လိပ်နင်ဂျာ။ သူတို့တွေကိုကြည့်ပြီး ပီဇာစားချင် ခဲ့တာအရမ်းပါဘဲ။ ရူးတာ။ ဇာတ်လမ်းပြီးသွားရင် ပီဇာမှားပြီး အလုအယက်စားတာ အရမ်းသဘောကျတယ်။ အိမ်မှာလည်း သူတို့လို သိုင်းကျင့်ရတာ မောလို့။ မျက်နှာကြီးကြီးချစ်စရာကောင်းတယ် ပြီးတော့လည်း ၀တုတ်နေပေမယ့် ပေါ့ပါးသွတ်လတ်တဲ့သူတို့ ပုံစံကိုအရမ်းဘောကျ မိတယ်။

နောက်ထပ်က Woody Wood Parker သူ့ရဲ့ စရိုက်က အရမ်းကောင်းကြီးမဟုတ်ပေမယ့် အရမ်း သဘောကျတယ်။ ရီရတယ်။ သူ့ရဲ့ရီတဲ့ပုံစံကို အရမ်းဘောကျတယ်။ ဟ ဟ ဟ ဟာ ဟ ဟ ဟ ဟာ ဟ ဟ ဟ ဟာ ဟဟဟဟဟဟ အဲ့ဒီလို ရီတဲ့တတ်တဲ့သူ့ကိုအရမ်းဘောကျတယ်။ သူကဇာတ်လမ်း တွဲတွေအများကြီး မရှိပေမယ့် သူရဲ့ character ကလည်း အောင်မြင်ခဲ့တဲ့ character တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။အခုအချိန်ထိ မရိုးတန်းကြည့်ဖြစ်တဲ့ cartoon character တစ်ခုလည်းဖြစ်ပါတယ်။

အခုနောက်ပိုင် ကြီးလာမှကြိုက်တာ Simpson က characterတွေကို အရမ်းကြိုက်တယ်။ သူက ခေတ်နဲ့အညီ လိုက်ပြီးပြောင်း ပေးထားတဲ့ ဇာတ်လမ်းပါ။ Simpson က အခုဆို သက်တမ်း၂၅ နှစ်ရှိပါပြီ။ ဒီနှစ်ပိုင်းအတွင်း တွေမှာ ကြီးလာတဲ့လူတွေကသူ့ကို အရမ်းကြိုက်ကြတယ်။ US က စစ်တမ်းတွေအရ အအောင်မြင်ဆုံး ကလေး သရုပ်ဆောင်တွေထဲက (လူတွေထဲမှာကို) သူက ထိပ်ဆုံးမှာ ဗိုလ်ဆွဲခဲ့ပါတယ်။ ငယ်ငယ်တုန်းက သိပ်ပြီး မကြိုက်ခဲ့ပေမယ့် အခုကြီးလာတော့တော်တော်ကြည့်ဖြစ်တဲ့ ကာတွန်းဇာတ်လမ်းတွဲလေးပါ။ အိမ်မှာ ဖေဖေက အစ အဲ့ဒီ Simpson ကိုကြည့်တယ်။ အားလုံးညှိစရာမလိုဘဲ ကြည့်ဖြစ်တာ အဲ့ဒီ ကာတွန်းကားတစ်ခုဘဲ ရှိမယ်ထင်တယ်။ ပြီးတော့ သူက မိသားစုမှာဖြစ်တတ်တဲ့ ပြဿနာတွေကိုဇာတ်လမ်းဆင်ပြီး ရိုက်ထားဆိုတော့ တော်တော်လေး ကြည့်လို့ကောင်းတယ်။
နောက်ပြီး ထပ်ဖြည့်ပြောစရာရှိတာက ကျွန်မကြိုက်ခဲ့တဲ့ ကာတွန်း ကာရိုက်တာတွေလိုဘဲ ကျွန်မအခု ဖြစ်နေတယ် ဆိုတာပါဘဲ။ အမြဲပြာယာခတ်တတ်တဲ့Donald လို၊ ဒေါသကြီးတတ်တဲ့Donaldလို၊ Woody လိုလဲ အမှားအမြဲလုပ်ပြီး ပြီးရင် နဂိုအတိုင်း ပြန်ဖြစ်တတ်တယ်။ သူတို့ဆီက ကောင်းတာတစ်ခုကတော့ ဘယ်ကာတွန်း ကာရိုက်တာဘဲဖြစ်ဖြစ် စိတ်ရင်း ကောင်းအောင်ထားရမယ်ဆိုတာ လေးတစ်ခုကို ကျွန်မဆီကို ရောက်အောင် သင်ပေးလိုက်တာပါပဲ။ ကျွန်မမှာ အဲ့ဒီကောင်းတာလေး တစ်ခုတော့ ရှိခဲ့ပါတယ်။ ဟီးး ထင်တာပြောတာလေ။ ကိုယ့်ကိုယ်ကိုယ်တော့ စိတ်ရင်းကောင်းတယ်ထင်တာဘဲ။ တခြားလူတွေကတော့ ဘယ်လိုထင်လဲ မသိပါဘူး။Tag ပိုင်ရှင်ကတော့ ဘယ်လို စိတ်ကူးပြီး Tag လိုက်တယ်မသိဘူး။ ကျွန်မကတော့ ကျွန်မကြိုက်တဲ့ ကာရိုက်လေးတွေဘဲ ရေးလိုက်တယ်။ Woody လို လုပ်ချင်ရာလုပ်တယ်ပေါ့။ တခြား ကြိုက်တဲ့ရုပ်ရှင်တွေ တော်တော်များများက Tag ထားတဲ့ ကိုဇူလိုင်ဆီမှာဘဲ သွားကြည့်လိုက်ပါ။ သူ ရေးထားတာ အားလုံးနီးပါ လောက် ကျွန်မ ကြိုက်တာနဲ့ တူနေတယ်။ အဲ့ဒီထဲက တချို့ကို ဆွဲထုတ်ကြည့်လိုက်မယ်။
အဲ့ဒီထဲက မင်းသမီးနဲ့ ကျွန်မနဲ့တူတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ပြီးတော့ ဒီထဲက မြည်းနဲ့ ကြောင်ကိုလည်း သဘောကျလို့။
အဲ့ဒီမှာ အသံနဲ့ သရုပ်ဆောင်တဲ့ လူတွေကိုလည်းကြိုက်တယ်။ ကာတွန်း ကာရိုက်တာတွေကို အပြင်က သရုပ်ဆောင်တွေရဲ့ ကာရိုက်တာတွေနဲ့ တော်တော်တူအောင် ဖန်တီးထားတဲ့ ကားလေး၊ ပြီးတော့ အသားမစား တဲ့ ငါးမန်းကလည်း တော်တော်ရီရတယ်။ Jack Black, Will Smith ပြီးတော့ တခြားလူတွေလည်း ပါသေးတယ်။
Tom Hanks ရဲ့ နာမည်ကြီး 3D ကားတွေထဲက တစ်ကားပါ။ Christmas နီးရင် လာတက်တဲ့ကားလေးပေါ့။ ကြည့်လို့တော်တော်ကောင်းတဲ့ကားပါ။
ဒီကားလေးကိုလည်း အရမ်းကြိုက်တယ်။ သူရဲ့အိုင်ဒီယာလေးကထူးဆန်းပြီး တော်တော်လေး ချစ်စရာကောင်း တယ်။
ဒီကားလေးလဲ တော်တော်ကြိုက်တယ်။ သူ့ထဲမှာပါတဲ့ ဇာတ်ဝင်သီချင်းကို ပိုပြီး သဘောကျတာလည်း ပါမယ်ထင်တယ်။ `မင်းကိုဘယ်တော့မှ ငါ့အနားကနေဝေးမှာမထားဘူးဆိုတဲ့ ` စာသားလေးကို ကြိုက်တာ လည်း ပါမယ်ထင်တယ်။ ဒီကားလေးက Fairy Tale တွေထဲမှာသိပ်ပြီး လူသိမများတဲ့ကားလေးပါ။ဒီကနေကြည့်ကြည့်ပါ ဦး။
ဒီလင့်ကနေလည်း တစ်ကားလုံးကြည့်လို့ရတယ်ဗျ။
ကဲ အားလုံးဘဲ ခရစ်စမတ်မှာ ပျော်ရွှင်ကြပါစေ။ မထင်ရဘူး နှစ်ကူးတော့မယ်။ ပျော်ရွှင်ပါစေဗျာ။
ps. credit to people who host images. :)
နှင်းဆီနီနီ။
Wednesday, 3 December 2008
Nick and Norah's Infinite Playlist
Posted by Red's Rose Dream at 22:54 ဒီနေ့ တော်မီနဲ့ ရုပ်ရှင်သွားကြည့်ဖြစ်တယ်။ ဒီရောက်ပြီးကတည်းက ရုပ်ရှင်ဆို သူနဲ့ပဲသွားကြည့်ဖြစ်တယ်။ သွားကြည့်တယ်ဆိုပေမယ့်။ အစမ်းပွဲတွေများတယ်။ အရင် ၂ ခေါက်ကလည်း သွားကြည့်ဖြစ်တယ်။ နာမည်ကြီး တွေပေမယ့် သိပ်ပြီးမကြိုက်ဘူး။ ဒီတစ်ခါ သွားကြည့်တော့ တော်တော်လေးသဘောကျတယ် အဲ့ဒါနဲ့ ဘလောဂ့် မှာ တင်မယ်ဆိုပြီး တင်ဖြစ်တယ်။
ဇာတ်လမ်းက ရိုးရိုးလေးပါ။ ကောင်းလေးက သူ့ရည်းစားဟောင်းကို သီချင်းတွေရီမစ်လုပ်ပြီး ပြန်လိုက်တာ။ အဲ့ဒီကောင်မလေးက အမြဲလွှင့်ပစ်တယ်။ အဲ့ဒါကို အတန်းဖေါ် ကောင်မလေးက ကောက်ပြီးနားထောင် တတ်ပါတယ်။ မထင်မှတ်ဘဲ အဲ့ဒီကောင်မလေးနဲ့ ကောင်လေးဆုံးပြီး တစ်ညတည်းမှာတည် ချစ်သူ တွေဖြစ်သွားကြတယ်။ အမှန်တော့ ဇာတ်လမ်းက ရိုးရိုးလေးပါ။ ဒါပေမယ့် ယူထားတဲ့ ဇာတ်ကွက်နဲ့ စကားလုံးတွေ အတွေးလေးတွေက ရိုးပြီးချစ်စရာကောင်းနေတယ် ပြီးတော့ တော်တော်လည်းရီရတယ်။ ပေါ့ပါပြီး လွတ်လွတ်လပ်လပ်ရှိတဲ့ ရုပ်ရှင်မျိုးမကြည့်ရတာလည်း တော်တော်ကြာနေပြီးဆိုတော့ တော်တော်လည်း ကြိုက်မိတယ်။ တော်တော်ကြည့်လို့ကောင်းတဲ့ကားလို့လည်း ထင်မိတယ်။ ၁၀ မှတ်မှာ ၉ မှတ်လောက်ပေးပါတယ်။ အရင်သွားကြည့်တဲ့ High School Musical (3) ထက်ကိုပိုကြိုက်တယ်။ High School Musical ထဲက မင်းသမီးက ပဲများနေတာနဲ့ သိပ်ပြီးကြည့်မရချင်ဘူး။ ရုပ်ရှင်ခေါ်ပြတဲ့ တော်မီကို ကျေးဇူးတင်ပါတယ်။
ဒါကတော့ sample clip တချို့ကြည့်လို့ရအောင် တင်လိုက်တာပါ။

Thursday, 20 December 2007
နိုင်ငံပိုင်ရတနာ
Posted by Red's Rose Dream at 20:15
ဒီရုပ်ရှင်ကလည်း အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တခုပါ။ အမေရိကန်သမိုင်းကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ထားတဲ့ ရုပ်ရှင်လို့ပြောရမှာပါ။ ရုပ်ရှင်အကျဉ်းက စော်လမွန်ဘုရင်ရဲ့ ရွှေသိုက်လိုက်ရှာရာကနေ စပါတယ်။ ကြည့်စက သိပ်ပြီးနားမလည်ပေမယ့် ၃ ၄ ခေါက်ကြည့်ပြီးတော့ အတော်သဘောကျသွားပါတယ်။ အမေရိကန် သမိုင်းကလည်း စိတ်ဝင်စားဖို့ ကောင်းတာကို။ ရတနာသိုက်ရဲ့ လှို့ဝှက်သင်္ကေတတွေကို လွတ်လပ်ရေး မော်ကွန်းရဲ့ နောက်ကျောမှာရေးထားတာကို။ အဲ့ဒီမော်ကွန်းကိုသွားခိုးပြီး သင်္ကေတတွေကို ဖတ်ကြတာ။ လွတ်လပ်ရေးမော်ကွန်းအစစ်ကြီး ကို အရာမယွင်းဘဲ ရတနာသိုက်သဲလွန်စရှာကြတာ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဇာတ်လမ်းအချိတ်အဆက်နဲ့ အဖတ်သုံးထာတာ အပိုအလိုမရှိကွတ်တိပါဘဲ။ နောက်ပြီး သမိုင်းကိုလည်း စိတ်ဝင်စားဖွယ် စာကားလုံးများမနဲ့ ချိတ်ဆက်ပြီး ပြောပြသွားတာ ပညာသားပါတယ်လို့ ထင်ပါတယ်။ ဒီဇာတ်ကားကို ၂၀၀၄မှာရုံတင်တယ်ထင်ပါတယ်။ အခု ၂၀၀၇မှာတော့ နောက်ထပ် အသစ်တ ကားတင်ပါတယ်။ အဲ့ဒီကားကတော့ National Treasure: Books of Secrets ပါ။ ဒီနေ့ ဘဲရုံတင်တာ အရင်ကားကို ကြိုက်လို့ သွားကြည့်ဖြစ်အောင် ကြည့်လိုက်ပါတယ်။
ဒီလင့်ကနေ အစမ်းကြည့်လို့ရပါတယ်။ အရင်ကားနဲ့ ပြန်ချိတ်ထားပါတယ်။ အရင်ကားတုန်းကလူတွေ ပြန်ထည့် ထားပါတယ်။ တခြားကားတွေလို လျှော့ထားတာမရှိပါဘူး။ အရင်သရုပ်ဆောင်တွေချည်းဘဲဆိုတော့ Indiana Jone လိုဘဲကြည့်ကောင်းပါတယ်။ လင်ကွန်းအသတ်ခံရတဲ့သမိုင်းနဲ့ စထားပါတယ်။ အဲ့ဒီခေတ်က ရွှေမိုင်းကို အခုမှ ရှာတွေတာမျိုး သမိုင်းက အချိတ်အဆက်နဲ့ ပြထားပါတယ်။
အင်္ဂလန်၊ ပြင်သစ်နဲ့ အမေရိကန်ရဲ့ အရင် သမိုင်းအဆက်ကို ပါးပါးလေး ပြောထားသလိုပါဘဲ။ မင်းသားရ သူ့အဖိုးဟာ လင်ကွန်းကို သတ်တဲ့တရားခံမဟုတ်ကြောင်း သတ်သေပြချင်တာကြောင့် ရွှေမိုင်းကို ရှာတာဖြစ် ကြောင်း၊ နောက်ပိုင်းသူဟာ နိုင်ငံကို ချစ်တဲ့ သူဖြစ်ကြောင့်၊ ဒါ့အပြင် ဒီဇာတ်ကားမှာပါတဲ့ လူဆိုးက နောက်ဆုံး သူ့နာမည်တလုံး သမိုင်းမှာတင်ဖို့ အတွက် အသတ်စွန့်သွားခဲ့တာ နာမည်ဘယ်လောက်အရေးကြီး သလဲဆိုတာ ပြောနေသလိုဘဲလို့ ထင်လိုက်မိပါတယ်။ ဇာတ်ကားကောင်းလေးမို့ ညွှန်းလိုက်ရပါတယ်။
အမေရိကန်တွေက သူတို့ သမိုင်းကို လူတွေမှတ်မိအောင် ရုပ်ရှင်နဲ့ ပါးပါးလေး ပြောသွားသလိုပါဘဲ။ နောက်ပြီး အင်္ဂလန်နဲ့ ဆက်ဆံရေးကိုလည်း ထည့်ပြီး ပြောသွားပါသေးတယ်။ အတော် နိုင်ငံစွဲကြီးတဲ့ ဒါရိုက်တာလို့ ထင်မိပါတယ်။ သူတို့တွေက အတော်ဘဲ သူတို့ နိုင်ငံကို ချစ်ကြတယ်ထင်ပါရဲ့။ ကွန်ပျူတာဖန်တီးမှုတွေ၊ ဆက်တင်ဖန်တီးမှုတွေ အတော်လုပ်ထားပေမယ့် အပိုအလိုမရှိ ကွက်တိလုပ်ထားပါတယ်။ အတော်ကြည့် ကောင်းပါတယ်လေ။
ကြည့်လို့ရမယ့် လင့်ပါ။
ဒါ နောက်တခု။
Wednesday, 5 December 2007
ရုပ်ရှင်
Posted by Red's Rose Dream at 12:38ဒီတခါတော့ ပေါ့ပေါ့ ပါးပါးလေး ဘဲ ရွေးထားတယ်ဗျ။ ဒီကားလေးက တောဘဲငန်းဥတွေကို ကောင်းမလေး တယောက်ကယူပြီး အကောင်ဖောက်ရာကစပါတယ်။ နောက်ပိုင်းမှာ ဘဲငန်းတွေက ကောင်မလေးကို သူတို့ရဲ့ အမေလို့ ထင်နေပြီး နောက်က တကောက်ကောက်လိုက်ရာကနေ စထားတာပါ။ စိတ်ဝင်စားဖို့ကောင်းသလို ဘဲငန်းတွေကို ဘယ်လို လေ့ကျင့်ထားသလဲ မသိပါဘူး။ Glider နောက်ကို ဘဲ တွေလိုက်ပျံတာ အတော် ကြည့်လို့ကောင်းတယ်ဗျ။ စိတ်ဝင်စားရင် ရှာကြည့်ပါလား။ မိသားစုကားလေးပါ။
ဒီကားက အင်္ဂလိပ်မြေတိုင်း စာရေးလေးတယောက်နဲ့ ဝေးလ်ရွာသာားတွေ အကြောင်းရိုက်ထားတာပါ။ ၁၈ ရာစု ကို အခြေခံတဲ့ ကားလေးလို့ထင်ပါတယ်။ အင်္ဂလန်ပြည်ရဲ့ မြေပုံတွေကို စတိုင်းရာမှာ ဘယ်ပြည်နယ်မှာ တောင်ဘယ်နှစ်လုံးရှိမရှိ လိုက်တိုင်းရာက ဇာတ်လမ်းလေးကို စထားပါတယ်။အင်္ဂလိပ်တွေ(အင်္ဂလန်နိုင်ငံသားတွေ) ဇာတ်ကြီးပုံကို ရိုက်ထားတာပါ။ အမျိုးချစ်သလောက် ညီလည်းညီညွတ် ကြပါပေတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ အဲ့ဒီလောက်ညီညွတ်တာ ကျောက်ပန်းတောင်း တနယ်ဘဲ ရှိပါတယ်။ မန်းလေးတောင် ဒီလောက် မညီတော့ဘူး။ ဇာတ်လမ်းသေးစိတ် ကိုမရေးတော့ပါဘူး အရသာပျက်မှာ စိုးလို့ပါ။ ရန်ကုန်မှာတုန်းက BC ကနေငှားကြည့်ဖြစ်တာပါ။ တခြားဆိုင်တွေမှာ တွေ့ဖို့တော့ သိပ်မလွယ်ပါဘူး။ ဒီရောက်ပြီးမှ တခါပြန်ကြည့်ဖြစ်တယ်။ ဘယ်လောက်ကြည့်ကြည့် မရိုးနိုင်လောက်တဲ့ ဇာတ်လမ်းလေးမို့ ညွန်းလိုက်ရပါတယ်။

ဒီကားလေးကတော့ နည်းပညာတွေ တိုးတက်တဲ့ခေတ်ကို စိတ်ကူးယဉ်ပြီး ရိုက်ထားတာပါ။ သိပ်ပြီး ကြီးပွားချင်တဲ့ လူ၊ အလုပ်တွေကို မိသားစုထက်ပြီး ပြီး ခင်တွယ်မိတဲ့ အာခိတက် တယောက်အကြောင်းပါ။ မိသားစုကို တန်ဖိုးမထားတက်လို့ နောက်ဆုံးအလွမ်းတွေနဲ့ ဇာတ်သိမ်းထားပါတယ်။ မင်းသားသေသွားတဲ့ အခန်းလေးမှာ သူ့သားကို မိသားစုကသာ အဓိကလို့ ပြောသွားတာလေး သိပ်သနားဖို့ကောင်းပါတယ်။ Adam က ရယ်စရာကားတွေဘဲ အရိုက်များတော့ အစပိုင်းတော့ နဲနဲ ရယ်ရတယ်ဗျ။ ဘ၀ပညာပေးလေးကို ရယ်စရာလေးတွေနှောပြီးရိုက်ထားတာ။ ဒီကားလေးလည်း မိသားစုကားလေးဘဲဗျ။

ဒီကားလေးက ဖြစ်တက်တဲ့ နမ်လောကနဲ့ အချစ်ဇာတ်လမ်းလေးကို တမျိုးလေးဆန်းပြီး ရိုက်ထားတာပါ။ တိုက်တိုက်ဆိုင်ဆိုင်(ဗဒင်မဟုတ်ပါ) တွေ့ခဲ့ကြတဲ့ အတွဲဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးက သိပ်ပြီး အလုပ်ကြိုးစားတဲ့ ဆရာဝန်မလေးတယောက် မမျှော်လင့်ဘဲ ကားတိုက်လို့ မျောနေတာ။ စိတ်ကအိမ်ဘဲရောက် နေလို့ အိမ် အသစ်ဝယ်တဲ့ အိမ်ပိုင်ရှင် ကောင်လေး(သူလည်းအာခီကဘဲ)ကို လိုက်နှောက်ယှက်ရာကနေ။ သူဘယ်သူလဲ၊ ဘယ်ရောက်နေလဲဆိုတာ တွေပြန်မှတ်မိပြီး ပြန်သတိရလာတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအဆုံးမှာ ကောင်လေးက ကောင်မလေးအရမ်းသဘောကျတဲ့ ဥယျာဉ်အသေးစားလေးကို ကောင်မလေးနေတဲ့ အိမ်ခေါင်မိုးပေါ်မှာ လက်ဆောင်အဖြစ်လိုပ်ပေးတာလေးကသိမ်မွေ့တယ်ဗျ။ ခပ်ရိုးရိုး အချစ်ဇာတ်လမ်းလေးပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။
မိသားစုကြည့်တဲ့ကားတွေဖြစ်လို့ စိတ်မ၀င်စားတဲ့သူတွေရှိမှာပါ။ ဒါပေမယ့် Click နဲ့ The Englishman ကိုတော့ ကြည့်ဖြစ်အောင်ရှာကြည့်လိုက်ကြပါ။ အရမ်းကောင်းလို့ပါ။ The Englishman ကြည့်ပြီးရင်တော့ ကိုယ်နယ်၊ ကိုယ့်အရပ်၊ ကိုယ့်နိုင်ငံကို သူများတွေဘယ်လောက်ချစ်ကြသလဲဆိုတာ ကြက်သီးတောင် ထသွားမယ်။ ဟဲဟဲ အညွှန်းကောင်းတယ်နော်။ အဲ့ဒီကားကြည့်ပြီး ဇာတ်သိမ်းတော့ တကယ့်ကို ကြက်သီးထတာ မယုံမရှိနဲ့။ ကိုယ့်နိုင်ငံအတွက်...ကိုယ့်လူမျိုးအတွက်... မပြောတော့ဘူး။ ဆင်ဆာဖြတ်တယ် ဟဲဟဲ။ အဲ့ဒီကားလေးတွေ ကောင်းတယ်နော်။ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Saturday, 17 November 2007
စိတ်နဲ့ ကြည့်သင့်သော ရုပ်ရှင်များ
Posted by Red's Rose Dream at 10:21မြန်မာပြည်မှာနေတုန်းကတော့ ဗီဒီယိုအခွေတွေ သိပ်ပြီးမကြည့်ဖြစ်ပါဘူး။ အဲ မကြည့်ဖြစ်ဖူး ဆိုပေမယ့် ၅၀ ရာနှုန်းလောက်တော့ ကြည့်ဖြစ်ပါတယ်။ ဒီရောက်တော့ ဘာမှလုပ်စရာ မရှိလို့။ တနေကုန်အောင် ရုပ်ရှင်ကြည့် ဖြစ်တဲ့ ရက်တွေရှိပါတယ်။ တချို့အစီအစဉ်တွေက လာပြီးသားတွေ ထပ်လာရင် ရွေးစရာရှိရင် မကြည့်ပေမယ့်။ ရွေးရာမရှိရင်တော့ စကားပြောနားထောင်တဲ့ အနေနဲ့တော့ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြည့်ဖြစ်ပါတယ်။ အဲ့ဒါ ကြည့်ရင်းနဲ့ ကြိုက်သွားတက်ရော :P။ ကြည့်ရင်းနဲ့ ကြိုက်သွားတဲ့ကားလေးတွေကို သူငယ်ချင်းတွေကို ပြောပြချင်လို့။ တချို့တွေက ကြည့်ပြီးသားကားတွေဖြစ်ချင်ဖြစ်မှာပါ။ မကြည့်ရသေးတာလဲ ရှိချင်ရှိမှာပါ။ ဓါတ်ပုံတွေကိုတော့ ထုံးစံအတိုင်း သူများဆီကနေ ခိုးကူးထားပါကြောင်း။ ဟဲဟဲ မရှိလို့ပါရှင်။
ပထမဆုံး ကျောင်းသားတွေကို အခြေခံပြီးရိုက်ထားတဲ့ ဇာတ်လမ်းလေးကို ရေးပေးချင်ပါတယ်။ သူက Coach Carter ဆိုတဲ့ ဇာတ်လမ်းလေးပါ။ Cover ပုံက အောက်ဘက်မှာပါ။

ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဘက်စကက်ဘော ကစားတဲ့ကျောင်းသားတွေကို သင်ပေးတဲ့ ဆရာနဲ့ ကျောင်းသားတွေနဲ့ ဇာတ်လမ်းလေးကို အခြေခံပြီး ရိုက်ထားတာပါ။ အစပိုင်းတော့ နဲနဲပျင်းစရာကောင်း သလိုလိုဘဲ။ ပွားးတာတွေများလို့ အသံထွက်နားထောင်ချင်လို့သာ နားထောင်နေရတယ်။ အတော်ပျင်းစရာ ကောင်းပါတယ်။ နောက်ပိုင်း သင်ပေးတဲ့ ဆရာနဲ့ ကျောင်းသားတွေ ပြဿနာတက်ကြပါတယ်။
ကျောင်းသားတွေက ဘက်စကက်ဘောဘဲ ကစားချင်ကြတာ၊ ကျောင်းစာကို သိပ်ပြီးမလုပ်ချင်ကြဘူး။ အစမ်းစာမေးပွဲမှာ သူ့ကျောင်းသားတွေ စာမေးပွဲကျတဲ့သူတွေများလို့၊ လေ့ကျင့်ရေးကိုလျှော့ပြီး စာလုပ်ချိန် တိုးရမယ်လို့ ပြောပြီး ကစားကွင်းကိုပိတ်လိုက်လို့။ ကျောင်းသားတွေက သဘောမတူ၊ ကျောင်းအုပ်ကြီးက ကြိမ်း၊ ကျောင်းသားမိဘတွေက ဆန္ဒပြနဲ့ အတော်ကို ပြဿနာ တက်နေကြတာ။ နည်းပြကြီး Carter ရဲ့သားကလည်း ကစားသမားတွေထဲမှာပါပြီး သူ့ကလည်း စာသိပ်မလုပ်ချင်ပါဘူး။ သူက ဘက်စကက်ဘော ကစားချင်လို့ ကျောင်းပြောင်းလာတာ။
အဲ့ဒီထဲမှာ Coach Carter ပြောတဲ့ စကားလေးတခွန်းကိုနားလည်သွားလို့ အဲ့ဒီကားကိုကြိုက်သွားတာပါ။ သူပြော
တာကတော့ (နားလည်သလို ဘာသာပြန်လိုက်တာပါ။ အတိအကျတော့ ဟုတ်ဘူး။ ဆွဲတွေးလိုက်တာ။) အမေရိကားမှာ လူမည်းတွေအများကြီးဘဲ ရှိပါတယ်တဲ့ အဲ့ဒီအထဲမှာ ၈၀% လောက်က ဒုစရိုက်မှုတွေ၊ ဆင်းရဲ ဒုက္ခတွေနဲ့ ရုန်းကန်လှုပ်ရှားနေရပါတယ်တဲ့။ အားကစားသမားတွေ၊ အဆိုတော်တွေရှိပေမယ့် ပြဿနာ တွေနဲ့ပါတဲ့။ အဲ့ဒီလို ဖြစ်ရတာက ပညာမတက်လို့ပါတဲ့။ အားကစားလုပ်တာ အရေးကြီးပါတယ်တဲ့။ လုပ်လဲလုပ်သင့်သလို လုပ်လဲလုပ်ရပါမယ်တဲ့။ ဒါပေမယ့် အသိဉာဏ်တွေရှိဘို့၊ အမှန်အမှားဆုံးဖြတ်နိုင်ဖို့ ပညာတက်တွေဖြစ်ဖို့ လိုအပ်ပါသေးတယ်တဲ့။ ပညာတက်မှ လူကြားထဲမှာ လူရာဝင်မှာ ဖြစ်လို့ သူကျောင်းသား တွေ အားကစားတစ်ခုထဲကို ထူးချွန်အောင်ကြိုးစာကြ၊ အရေးကြီးတဲ့ အတန်းတင်စာမေးပွဲအတွက်လဲ ပြင်ဆင်ရမယ်တဲ့။
အဲ့ဒါကို မကြိုက်လို့ ကျောင်းသားတစ်ယောက်က အဖွဲ့ကနေထွက်သွားပါတယ်။ ပိုက်ဆံများများရတဲ့ မှောင်ခိုသွားလိုပ်တာ အတူလုပ်တဲ့သူ ကိုယ့်ရှေ့မှာ သေသွားမှ။ ဆရာပြောတာ သတိရပြီး ဆရာဆီကိုပြန်လာတဲ့ ဇာတ်လမ်းလေးပါ။ နောက်ဆုံးမှာ ကျောင်းသားတွေအားလုံး Scholar ရသွားကြတယ် နာမည်ကြီး တက္ကသိုလ်တွေမှာပါ။ မြန်မာနိုင်ငံက အရင်က ဖက်ဖူးရောင်ဇာတ်လမ်းလေးကို ပြန်မြင်မိပါတယ် ဒီဇာတ်လမ်းလေးကိုကြည့်ပြီးတော့။ စကားများလွန်းအားကြီးလို့ အစပိုင်းမှာ စိတ်ညစ်ရပေမယ့် ပညာယူတက်ရင် ပညာပေးထားတဲ့ဇာတ်လမ်းလေးပါ။ ကျွန်မတို့နိုင်ငံမှာလဲ ကျောင်းသားတိုင်းကို ပညာတက် ဖြစ်အောင်( စာတက်တာကို ပြောချင်တာမဟုန်ပါဘူး။ ပညာတက်ဖြစ်စေချင်တာပါ။)၊ စာကြိုးစားအောင် တိုက်တွန်းသင့်သလို၊ ကျောင်းမတက်နိုင်တဲ့ သူတွေကိုလည်း အပြင်ကနေ အပြင်စာတွေလေ့လာ သဘောတရားတွေနားလည်အောင် ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ ရှေးရှေးတုန်းကလို စာအုပ်တွေဖတ်ပြီး အသိပညာရှာသလိုမျိုး။ ဖြစ်နိုင်လို့ရှိရင် ပံ့ပိုးပေးချင်ကြတဲ့ သူတွေ၊ ပြောပေးချင်တဲ့လူတွေ ရှိရင် သိပ်ကောင်းမှာ ဘဲလို့ ဒီကားလေးကိုကြည့်ပြီး စိတ်ကူးယဉ်မိပါတယ်။
နောက်ထပ်တစ်ခုက လူဦးရေ ၄၃၆ တဲ့ အဲ့ဒီကားလေးက ခပ်ကြောင်ကြောင်လို့ ရိုးရိုးလေးတွေးရင် ရပါတယ်။
သူပြောချင်တာက အဲ့ဒီထက်ပိုတယ်လို့ ကျွန်မထင်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးက ဒီလိုပါ။ မင်းသားက ရွာလေးတစ်ရွာကို ရောက်သွားတာပါ။ ရွာထိပ်မှာ အ၀င်နားက လမ်းမှာ ချိုင့်တစ်ခုထဲ ကားဘီးဝင်သွားလို့ ရွာထဲမှာခဏ၀င်အိပ်ရာက စတာပါ။ အဲ့ဒီရွာလေးမှာ လူဦးရေ ၄၃၆ ယောက်ဘဲရှိပါတယ်။ ရွာလေးကပတ်ဝန်းကျင်ကအေးဆေးပြီး လူတွေက ရှေးဆန်ကြတယ်။ နဲနဲတော့ ထူးဆန်တယ်လို့ ထင်ရပါတယ်။ နောက်ပိုင်းမှ ရွာမှာ ပွဲရှိတစ်ခုလုပ်ပြီး ရွာထဲက လူတစ်ဦးက ဇွဲကြိုးချပြီးသေသွား
တော့မှ ....
လူတွေကို စည်းမျဉ်းဘောင်တစ်ခုနဲ့ထားပြီး။ လူဦးရေ ၄၃၆ ထက်မပိုအောင် လုပ်ထားပါတယ်။ ဘယ်မှပြောင်း ရွေ့ခွင့်မရှိသလို၊ ထွက်ပြေးရင် လည်းကျိန်စာမိပြီး ...အရသာပျက် သွားမှာစိုးလို့ပါ။ ဇာတ်လမ်းကို ကြည့်ရတာ ရှေးရိုးစွဲနေတဲ့ မြန်မာပြည်ကလူတွေနဲ့ နဲနဲဆင်ပါတယ်။ သူက ဘာသာရေးနဲနဲပါတယ်ထင်ပါတယ် နှစ်ခါလောက်ဘဲ ကြည့်ရသေးလို့ သိပ်ပြီး နားမလည်သေးပါဘူး။ ဟဲဟဲ ဇာတ်လမ်းတစ်ခုကို ချက်ခြင်းနားမလည်တာ ကျွန်မအားနည်းချက်ပါ။ အရင်တုန်းကတော့ ကြိုက်တဲ့ဇာတ်လမ်းဆို ၀ယ်ပြီး ခဏခဏပြန်ကြည့်မှ နားလည်ပါတယ်။ နားမလည်မချင်း ပြန်ကြည့်တက်ပါတယ်။ ပြောရင်နဲ့ လွဲကုန်ပါဘီ။ အဲ့ဒီကားလေးလဲ ကောင်းပါတယ်။ မယုံရင် ကြည့် ကြည့်ပါ။ အခမဲ့ကြော်ငြာပါတယ်ရှင်။
ဒီကားလေးက အချစ်ဇာတ်မြူကားလေးပါ။ အပျိုကြီးတွေအကြောင်းရိုက်ထားတာပါ။ တကယ်နှစ်သက်တဲ့သူနဲ့ ကျတော့ ဘယ်လောက်ပဲအလွဲတွေနဲ့ ကြုံကြုံ၊ ပေါင်းဖတ် ဖြစ်တယ်လို့ပြောပါတယ်။ သူ့မှာပါတဲ့ ဇာတ်ဝင်ခန်း အချို့အတိုင်းတော့ မြန်မာယဉ်ကျေးမှုနဲ့မညီတဲ့ အခန်းတွေပါဝင်ပါတယ်။ ဒါပေမယ့် သစ္စာတော့ စောင့်သိလို့ရပါတယ်။ စိတ်ဓါတ်လေးဘဲယူပြီး ကျန်တာကို မြန်မာမှုပြုလိုက်ရင် အဆင်ပြေသွားမှာပါ။
ဇာတ်လမ်းအကျဉ်းလေးက ဒီလို။
အပျိုကြီးတစ်ယောက်ပါ။ အချစ်စစ်တွေ့ဖို့ ရည်မှန်းထားပြီး စိတ်ကြိုက်ရွေးနေတာနဲ့ အပျိုကြီးဖြစ်နေတာပါ။ ရုပ်အလှကြိုက်သလို၊ စိတ်ရင်ကောင်းတာ၊ ၀ါသနာတူတာလေးကိုလဲ သဘောကျတာမို့ ရွေးရင် အဆင်မပြေနဲ့ အပျိုကြီးဖြစ်နေတာပါ။ နောက်ဆုံး အမျိုးသားတစ်ယောက်နဲ့ ချိန်းရင်သဘောကျပေမယ့် အဆင်ကမပြေ ခဏခဏလွဲနဲ့ နောက်ဆုံးခန်းမှာ သူအကြိုက်တဲ့ ရုပ်ရှင်ကို အပျိုကြီးက အရမ်းကြိုက်လို့ အခါ (၂၀) လောက်ကြည့်ဖူးတယ်ဆိုတဲ့ စကားလေးနဲ့ ဘ၀တသက်တာ လက်တွဲဖော်အမှန်ကို တွေ့ရှိသွားပါတော့တယ်။ ကဲ စိတ်ရှည်ရှည်နဲ့သာစောင့် နော် ကိုဇူလိုင် တနေ့တော့တွေ့မှာပေါ့။ :P အချစ်စစ်ကို ပြောတာပါ။

The Terminal ကားကတော့ ဇာတ်လမ်းအိမ်သိပ်မကြီးတဲ့ တကယ့်အဖြစ်အပြက်ကို ရိုက်ထားတာဖြစ်ပါတယ်။ ၁၉၈၈ လောက်က ပြင်သစ် လေဆိပ်မှာပိတ်မိနေတဲ့ နိုင်ငံခြားသားတစ်ယောက်အကြာင်းပါ။ နာမည်ကြီး သရုပ်ဆောင်တွေပါရုံသာမက နာမည်ကြီးဒါရိုက်တာ၊ ထူးခြားတဲ့ ဆက်တင်ခန်းနဲ့ပြင်ဆင်ပြီး ရိုက်ထားတာပါ။
လေယာဉ်ရုံအဟောင်ထဲမှာ စက်လှေကား ၃ စင်းတပ်ပြီး ဆက်တင်ကို လေဆိပ်အတုလုပ်ရိုက်ထား တာပါ။ မထင်ရလောက်အောင် ခမ်းနားပါတယ်။ အဲ သရုပ်ဆောင်တွေကလည်း တော်ကြပါတယ်။ အဲ့ဒီအထဲမှာ စိတ်ဓါတ်ပြင်းထန်ပြီး ယုံကြည်မှုရှိတဲ့ Victor ဆိုတဲ့ဇာတ်ကောင်ကို သိပ်သဘောကျလို့ စိတ်ဓါတ်ကျရင် သူ့ကို သွားပြီး သတိရလိုက်တယ်။ ဘယ်နေရာရောက်ရောက် အဆင်ပြေအောင်နေတက်ရမယ်လို့။ ဘ၀ကို ပြန်သောက်နိုင်ရမယ်လို့။
ဇာတ်လမ်းအကျဉ်းက Victor ကသူ့အဖေ ဆန္ဒအရ New York က ဟိုတယ်တစ်ခု ဂီတပညာရှင်တစ်ယောက် ကိုလာတွေ့တာပါ။ သူ New York ရောက်တဲ့နေ့မှာဘဲ သူ့နိုင်ငံက စစ်ဖြစ်လို့ Passport တွေအားလုံးကို ခဏပိတ်ထားတာကြောင့် Immigration ကပေးမ၀င်လို့ မြို့ထဲဝင်လို့မရသလို သူ့နိုင်ငံလည်း ပြန်သွားဖို့ လေယာဉ်မရှိဘဲ။ Terminal ထဲမှာပိတ်မိနေတာ အတော်ဒုက္ခရောက်တာကို ဇွဲမလျှော့ဘဲရင်ဆိုင်နိုင်ရုံသာမက၊ သူငယ်ချင်း၊ အလုပ်နဲ့ ချစ်သူတောင်ရသွားတာလေးကိုရိုက်ပြ ထားတာပါ။ စိတ်ဓါတ်ပိုင်းဆိုင်ရာလေးတွေ၊ စိတ်ကောင်းရှိဖို့လေးတွေ၊ ရိုးသားမှုလေးတွေ တင်ပြထားတာပါ။ ကြည့်ပြီးရင်ကြိုက်သွားမယ်ထင်ပါတယ်။
ပါးစပ်နဲ့တက်တာ တရားမ၀င်ဘူးလို့ ပြောပါသဖြင့် လက်နဲ့ အဲ စာနဲ့ တက်ပါ့မယ်ရှင့်။
၁) မေပျို။
၂) ကိုမာန်လှိုင်းငယ်။
၃) မိုးချစ်သူ။
၎) ကိုပီကေ။(ရေးစရာတွေ များနေတဲ့ကိုပီကေ ကို အိမ်စာအသစ်ပေးတာပါ။)
၅) မျှားပြာ။(ကာတွန်းကားဘဲ ကြည့်ရင် ကာတွန်းကာအကြောင်းဘဲ ရေးပေးနော်။)
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။
ပထမဆုံး ကျောင်းသားတွေကို အခြေခံပြီးရိုက်ထားတဲ့ ဇာတ်လမ်းလေးကို ရေးပေးချင်ပါတယ်။ သူက Coach Carter ဆိုတဲ့ ဇာတ်လမ်းလေးပါ။ Cover ပုံက အောက်ဘက်မှာပါ။

ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဘက်စကက်ဘော ကစားတဲ့ကျောင်းသားတွေကို သင်ပေးတဲ့ ဆရာနဲ့ ကျောင်းသားတွေနဲ့ ဇာတ်လမ်းလေးကို အခြေခံပြီး ရိုက်ထားတာပါ။ အစပိုင်းတော့ နဲနဲပျင်းစရာကောင်း သလိုလိုဘဲ။ ပွားးတာတွေများလို့ အသံထွက်နားထောင်ချင်လို့သာ နားထောင်နေရတယ်။ အတော်ပျင်းစရာ ကောင်းပါတယ်။ နောက်ပိုင်း သင်ပေးတဲ့ ဆရာနဲ့ ကျောင်းသားတွေ ပြဿနာတက်ကြပါတယ်။
ကျောင်းသားတွေက ဘက်စကက်ဘောဘဲ ကစားချင်ကြတာ၊ ကျောင်းစာကို သိပ်ပြီးမလုပ်ချင်ကြဘူး။ အစမ်းစာမေးပွဲမှာ သူ့ကျောင်းသားတွေ စာမေးပွဲကျတဲ့သူတွေများလို့၊ လေ့ကျင့်ရေးကိုလျှော့ပြီး စာလုပ်ချိန် တိုးရမယ်လို့ ပြောပြီး ကစားကွင်းကိုပိတ်လိုက်လို့။ ကျောင်းသားတွေက သဘောမတူ၊ ကျောင်းအုပ်ကြီးက ကြိမ်း၊ ကျောင်းသားမိဘတွေက ဆန္ဒပြနဲ့ အတော်ကို ပြဿနာ တက်နေကြတာ။ နည်းပြကြီး Carter ရဲ့သားကလည်း ကစားသမားတွေထဲမှာပါပြီး သူ့ကလည်း စာသိပ်မလုပ်ချင်ပါဘူး။ သူက ဘက်စကက်ဘော ကစားချင်လို့ ကျောင်းပြောင်းလာတာ။
အဲ့ဒီထဲမှာ Coach Carter ပြောတဲ့ စကားလေးတခွန်းကိုနားလည်သွားလို့ အဲ့ဒီကားကိုကြိုက်သွားတာပါ။ သူပြော
တာကတော့ (နားလည်သလို ဘာသာပြန်လိုက်တာပါ။ အတိအကျတော့ ဟုတ်ဘူး။ ဆွဲတွေးလိုက်တာ။) အမေရိကားမှာ လူမည်းတွေအများကြီးဘဲ ရှိပါတယ်တဲ့ အဲ့ဒီအထဲမှာ ၈၀% လောက်က ဒုစရိုက်မှုတွေ၊ ဆင်းရဲ ဒုက္ခတွေနဲ့ ရုန်းကန်လှုပ်ရှားနေရပါတယ်တဲ့။ အားကစားသမားတွေ၊ အဆိုတော်တွေရှိပေမယ့် ပြဿနာ တွေနဲ့ပါတဲ့။ အဲ့ဒီလို ဖြစ်ရတာက ပညာမတက်လို့ပါတဲ့။ အားကစားလုပ်တာ အရေးကြီးပါတယ်တဲ့။ လုပ်လဲလုပ်သင့်သလို လုပ်လဲလုပ်ရပါမယ်တဲ့။ ဒါပေမယ့် အသိဉာဏ်တွေရှိဘို့၊ အမှန်အမှားဆုံးဖြတ်နိုင်ဖို့ ပညာတက်တွေဖြစ်ဖို့ လိုအပ်ပါသေးတယ်တဲ့။ ပညာတက်မှ လူကြားထဲမှာ လူရာဝင်မှာ ဖြစ်လို့ သူကျောင်းသား တွေ အားကစားတစ်ခုထဲကို ထူးချွန်အောင်ကြိုးစာကြ၊ အရေးကြီးတဲ့ အတန်းတင်စာမေးပွဲအတွက်လဲ ပြင်ဆင်ရမယ်တဲ့။
အဲ့ဒါကို မကြိုက်လို့ ကျောင်းသားတစ်ယောက်က အဖွဲ့ကနေထွက်သွားပါတယ်။ ပိုက်ဆံများများရတဲ့ မှောင်ခိုသွားလိုပ်တာ အတူလုပ်တဲ့သူ ကိုယ့်ရှေ့မှာ သေသွားမှ။ ဆရာပြောတာ သတိရပြီး ဆရာဆီကိုပြန်လာတဲ့ ဇာတ်လမ်းလေးပါ။ နောက်ဆုံးမှာ ကျောင်းသားတွေအားလုံး Scholar ရသွားကြတယ် နာမည်ကြီး တက္ကသိုလ်တွေမှာပါ။ မြန်မာနိုင်ငံက အရင်က ဖက်ဖူးရောင်ဇာတ်လမ်းလေးကို ပြန်မြင်မိပါတယ် ဒီဇာတ်လမ်းလေးကိုကြည့်ပြီးတော့။ စကားများလွန်းအားကြီးလို့ အစပိုင်းမှာ စိတ်ညစ်ရပေမယ့် ပညာယူတက်ရင် ပညာပေးထားတဲ့ဇာတ်လမ်းလေးပါ။ ကျွန်မတို့နိုင်ငံမှာလဲ ကျောင်းသားတိုင်းကို ပညာတက် ဖြစ်အောင်( စာတက်တာကို ပြောချင်တာမဟုန်ပါဘူး။ ပညာတက်ဖြစ်စေချင်တာပါ။)၊ စာကြိုးစားအောင် တိုက်တွန်းသင့်သလို၊ ကျောင်းမတက်နိုင်တဲ့ သူတွေကိုလည်း အပြင်ကနေ အပြင်စာတွေလေ့လာ သဘောတရားတွေနားလည်အောင် ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ ရှေးရှေးတုန်းကလို စာအုပ်တွေဖတ်ပြီး အသိပညာရှာသလိုမျိုး။ ဖြစ်နိုင်လို့ရှိရင် ပံ့ပိုးပေးချင်ကြတဲ့ သူတွေ၊ ပြောပေးချင်တဲ့လူတွေ ရှိရင် သိပ်ကောင်းမှာ ဘဲလို့ ဒီကားလေးကိုကြည့်ပြီး စိတ်ကူးယဉ်မိပါတယ်။
နောက်ထပ်တစ်ခုက လူဦးရေ ၄၃၆ တဲ့ အဲ့ဒီကားလေးက ခပ်ကြောင်ကြောင်လို့ ရိုးရိုးလေးတွေးရင် ရပါတယ်။
သူပြောချင်တာက အဲ့ဒီထက်ပိုတယ်လို့ ကျွန်မထင်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးက ဒီလိုပါ။ မင်းသားက ရွာလေးတစ်ရွာကို ရောက်သွားတာပါ။ ရွာထိပ်မှာ အ၀င်နားက လမ်းမှာ ချိုင့်တစ်ခုထဲ ကားဘီးဝင်သွားလို့ ရွာထဲမှာခဏ၀င်အိပ်ရာက စတာပါ။ အဲ့ဒီရွာလေးမှာ လူဦးရေ ၄၃၆ ယောက်ဘဲရှိပါတယ်။ ရွာလေးကပတ်ဝန်းကျင်ကအေးဆေးပြီး လူတွေက ရှေးဆန်ကြတယ်။ နဲနဲတော့ ထူးဆန်တယ်လို့ ထင်ရပါတယ်။ နောက်ပိုင်းမှ ရွာမှာ ပွဲရှိတစ်ခုလုပ်ပြီး ရွာထဲက လူတစ်ဦးက ဇွဲကြိုးချပြီးသေသွား
တော့မှ ....
လူတွေကို စည်းမျဉ်းဘောင်တစ်ခုနဲ့ထားပြီး။ လူဦးရေ ၄၃၆ ထက်မပိုအောင် လုပ်ထားပါတယ်။ ဘယ်မှပြောင်း ရွေ့ခွင့်မရှိသလို၊ ထွက်ပြေးရင် လည်းကျိန်စာမိပြီး ...အရသာပျက် သွားမှာစိုးလို့ပါ။ ဇာတ်လမ်းကို ကြည့်ရတာ ရှေးရိုးစွဲနေတဲ့ မြန်မာပြည်ကလူတွေနဲ့ နဲနဲဆင်ပါတယ်။ သူက ဘာသာရေးနဲနဲပါတယ်ထင်ပါတယ် နှစ်ခါလောက်ဘဲ ကြည့်ရသေးလို့ သိပ်ပြီး နားမလည်သေးပါဘူး။ ဟဲဟဲ ဇာတ်လမ်းတစ်ခုကို ချက်ခြင်းနားမလည်တာ ကျွန်မအားနည်းချက်ပါ။ အရင်တုန်းကတော့ ကြိုက်တဲ့ဇာတ်လမ်းဆို ၀ယ်ပြီး ခဏခဏပြန်ကြည့်မှ နားလည်ပါတယ်။ နားမလည်မချင်း ပြန်ကြည့်တက်ပါတယ်။ ပြောရင်နဲ့ လွဲကုန်ပါဘီ။ အဲ့ဒီကားလေးလဲ ကောင်းပါတယ်။ မယုံရင် ကြည့် ကြည့်ပါ။ အခမဲ့ကြော်ငြာပါတယ်ရှင်။
ဒီကားလေးက အချစ်ဇာတ်မြူကားလေးပါ။ အပျိုကြီးတွေအကြောင်းရိုက်ထားတာပါ။ တကယ်နှစ်သက်တဲ့သူနဲ့ ကျတော့ ဘယ်လောက်ပဲအလွဲတွေနဲ့ ကြုံကြုံ၊ ပေါင်းဖတ် ဖြစ်တယ်လို့ပြောပါတယ်။ သူ့မှာပါတဲ့ ဇာတ်ဝင်ခန်း အချို့အတိုင်းတော့ မြန်မာယဉ်ကျေးမှုနဲ့မညီတဲ့ အခန်းတွေပါဝင်ပါတယ်။ ဒါပေမယ့် သစ္စာတော့ စောင့်သိလို့ရပါတယ်။ စိတ်ဓါတ်လေးဘဲယူပြီး ကျန်တာကို မြန်မာမှုပြုလိုက်ရင် အဆင်ပြေသွားမှာပါ။
ဇာတ်လမ်းအကျဉ်းလေးက ဒီလို။အပျိုကြီးတစ်ယောက်ပါ။ အချစ်စစ်တွေ့ဖို့ ရည်မှန်းထားပြီး စိတ်ကြိုက်ရွေးနေတာနဲ့ အပျိုကြီးဖြစ်နေတာပါ။ ရုပ်အလှကြိုက်သလို၊ စိတ်ရင်ကောင်းတာ၊ ၀ါသနာတူတာလေးကိုလဲ သဘောကျတာမို့ ရွေးရင် အဆင်မပြေနဲ့ အပျိုကြီးဖြစ်နေတာပါ။ နောက်ဆုံး အမျိုးသားတစ်ယောက်နဲ့ ချိန်းရင်သဘောကျပေမယ့် အဆင်ကမပြေ ခဏခဏလွဲနဲ့ နောက်ဆုံးခန်းမှာ သူအကြိုက်တဲ့ ရုပ်ရှင်ကို အပျိုကြီးက အရမ်းကြိုက်လို့ အခါ (၂၀) လောက်ကြည့်ဖူးတယ်ဆိုတဲ့ စကားလေးနဲ့ ဘ၀တသက်တာ လက်တွဲဖော်အမှန်ကို တွေ့ရှိသွားပါတော့တယ်။ ကဲ စိတ်ရှည်ရှည်နဲ့သာစောင့် နော် ကိုဇူလိုင် တနေ့တော့တွေ့မှာပေါ့။ :P အချစ်စစ်ကို ပြောတာပါ။

The Terminal ကားကတော့ ဇာတ်လမ်းအိမ်သိပ်မကြီးတဲ့ တကယ့်အဖြစ်အပြက်ကို ရိုက်ထားတာဖြစ်ပါတယ်။ ၁၉၈၈ လောက်က ပြင်သစ် လေဆိပ်မှာပိတ်မိနေတဲ့ နိုင်ငံခြားသားတစ်ယောက်အကြာင်းပါ။ နာမည်ကြီး သရုပ်ဆောင်တွေပါရုံသာမက နာမည်ကြီးဒါရိုက်တာ၊ ထူးခြားတဲ့ ဆက်တင်ခန်းနဲ့ပြင်ဆင်ပြီး ရိုက်ထားတာပါ။
လေယာဉ်ရုံအဟောင်ထဲမှာ စက်လှေကား ၃ စင်းတပ်ပြီး ဆက်တင်ကို လေဆိပ်အတုလုပ်ရိုက်ထား တာပါ။ မထင်ရလောက်အောင် ခမ်းနားပါတယ်။ အဲ သရုပ်ဆောင်တွေကလည်း တော်ကြပါတယ်။ အဲ့ဒီအထဲမှာ စိတ်ဓါတ်ပြင်းထန်ပြီး ယုံကြည်မှုရှိတဲ့ Victor ဆိုတဲ့ဇာတ်ကောင်ကို သိပ်သဘောကျလို့ စိတ်ဓါတ်ကျရင် သူ့ကို သွားပြီး သတိရလိုက်တယ်။ ဘယ်နေရာရောက်ရောက် အဆင်ပြေအောင်နေတက်ရမယ်လို့။ ဘ၀ကို ပြန်သောက်နိုင်ရမယ်လို့။
ဇာတ်လမ်းအကျဉ်းက Victor ကသူ့အဖေ ဆန္ဒအရ New York က ဟိုတယ်တစ်ခု ဂီတပညာရှင်တစ်ယောက် ကိုလာတွေ့တာပါ။ သူ New York ရောက်တဲ့နေ့မှာဘဲ သူ့နိုင်ငံက စစ်ဖြစ်လို့ Passport တွေအားလုံးကို ခဏပိတ်ထားတာကြောင့် Immigration ကပေးမ၀င်လို့ မြို့ထဲဝင်လို့မရသလို သူ့နိုင်ငံလည်း ပြန်သွားဖို့ လေယာဉ်မရှိဘဲ။ Terminal ထဲမှာပိတ်မိနေတာ အတော်ဒုက္ခရောက်တာကို ဇွဲမလျှော့ဘဲရင်ဆိုင်နိုင်ရုံသာမက၊ သူငယ်ချင်း၊ အလုပ်နဲ့ ချစ်သူတောင်ရသွားတာလေးကိုရိုက်ပြ ထားတာပါ။ စိတ်ဓါတ်ပိုင်းဆိုင်ရာလေးတွေ၊ စိတ်ကောင်းရှိဖို့လေးတွေ၊ ရိုးသားမှုလေးတွေ တင်ပြထားတာပါ။ ကြည့်ပြီးရင်ကြိုက်သွားမယ်ထင်ပါတယ်။
ပါးစပ်နဲ့တက်တာ တရားမ၀င်ဘူးလို့ ပြောပါသဖြင့် လက်နဲ့ အဲ စာနဲ့ တက်ပါ့မယ်ရှင့်။
၁) မေပျို။
၂) ကိုမာန်လှိုင်းငယ်။
၃) မိုးချစ်သူ။
၎) ကိုပီကေ။(ရေးစရာတွေ များနေတဲ့ကိုပီကေ ကို အိမ်စာအသစ်ပေးတာပါ။)
၅) မျှားပြာ။(ကာတွန်းကားဘဲ ကြည့်ရင် ကာတွန်းကာအကြောင်းဘဲ ရေးပေးနော်။)
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။
Subscribe to:
Posts (Atom)