Saturday 17 November 2007

စိတ်နဲ့ ကြည့်သင့်သော ရုပ်ရှင်များ

မြန်မာပြည်မှာနေတုန်းကတော့ ဗီဒီယိုအခွေတွေ သိပ်ပြီးမကြည့်ဖြစ်ပါဘူး။ အဲ မကြည့်ဖြစ်ဖူး ဆိုပေမယ့် ၅၀ ရာနှုန်းလောက်တော့ ကြည့်ဖြစ်ပါတယ်။ ဒီရောက်တော့ ဘာမှလုပ်စရာ မရှိလို့။ တနေကုန်အောင် ရုပ်ရှင်ကြည့် ဖြစ်တဲ့ ရက်တွေရှိပါတယ်။ တချို့အစီအစဉ်တွေက လာပြီးသားတွေ ထပ်လာရင် ရွေးစရာရှိရင် မကြည့်ပေမယ့်။ ရွေးရာမရှိရင်တော့ စကားပြောနားထောင်တဲ့ အနေနဲ့တော့ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြည့်ဖြစ်ပါတယ်။ အဲ့ဒါ ကြည့်ရင်းနဲ့ ကြိုက်သွားတက်ရော :P။ ကြည့်ရင်းနဲ့ ကြိုက်သွားတဲ့ကားလေးတွေကို သူငယ်ချင်းတွေကို ပြောပြချင်လို့။ တချို့တွေက ကြည့်ပြီးသားကားတွေဖြစ်ချင်ဖြစ်မှာပါ။ မကြည့်ရသေးတာလဲ ရှိချင်ရှိမှာပါ။ ဓါတ်ပုံတွေကိုတော့ ထုံးစံအတိုင်း သူများဆီကနေ ခိုးကူးထားပါကြောင်း။ ဟဲဟဲ မရှိလို့ပါရှင်။

ပထမဆုံး ကျောင်းသားတွေကို အခြေခံပြီးရိုက်ထားတဲ့ ဇာတ်လမ်းလေးကို ရေးပေးချင်ပါတယ်။ သူက Coach Carter ဆိုတဲ့ ဇာတ်လမ်းလေးပါ။ Cover ပုံက အောက်ဘက်မှာပါ။


ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဘက်စကက်ဘော ကစားတဲ့ကျောင်းသားတွေကို သင်ပေးတဲ့ ဆရာနဲ့ ကျောင်းသားတွေနဲ့ ဇာတ်လမ်းလေးကို အခြေခံပြီး ရိုက်ထားတာပါ။ အစပိုင်းတော့ နဲနဲပျင်းစရာကောင်း သလိုလိုဘဲ။ ပွားးတာတွေများလို့ အသံထွက်နားထောင်ချင်လို့သာ နားထောင်နေရတယ်။ အတော်ပျင်းစရာ ကောင်းပါတယ်။ နောက်ပိုင်း သင်ပေးတဲ့ ဆရာနဲ့ ကျောင်းသားတွေ ပြဿနာတက်ကြပါတယ်။

ကျောင်းသားတွေက ဘက်စကက်ဘောဘဲ ကစားချင်ကြတာ၊ ကျောင်းစာကို သိပ်ပြီးမလုပ်ချင်ကြဘူး။ အစမ်းစာမေးပွဲမှာ သူ့ကျောင်းသားတွေ စာမေးပွဲကျတဲ့သူတွေများလို့၊ လေ့ကျင့်ရေးကိုလျှော့ပြီး စာလုပ်ချိန် တိုးရမယ်လို့ ပြောပြီး ကစားကွင်းကိုပိတ်လိုက်လို့။ ကျောင်းသားတွေက သဘောမတူ၊ ကျောင်းအုပ်ကြီးက ကြိမ်း၊ ကျောင်းသားမိဘတွေက ဆန္ဒပြနဲ့ အတော်ကို ပြဿနာ တက်နေကြတာ။ နည်းပြကြီး Carter ရဲ့သားကလည်း ကစားသမားတွေထဲမှာပါပြီး သူ့ကလည်း စာသိပ်မလုပ်ချင်ပါဘူး။ သူက ဘက်စကက်ဘော ကစားချင်လို့ ကျောင်းပြောင်းလာတာ။

အဲ့ဒီထဲမှာ Coach Carter ပြောတဲ့ စကားလေးတခွန်းကိုနားလည်သွားလို့ အဲ့ဒီကားကိုကြိုက်သွားတာပါ။ သူပြော
တာကတော့ (နားလည်သလို ဘာသာပြန်လိုက်တာပါ။ အတိအကျတော့ ဟုတ်ဘူး။ ဆွဲတွေးလိုက်တာ။) အမေရိကားမှာ လူမည်းတွေအများကြီးဘဲ ရှိပါတယ်တဲ့ အဲ့ဒီအထဲမှာ ၈၀% လောက်က ဒုစရိုက်မှုတွေ၊ ဆင်းရဲ ဒုက္ခတွေနဲ့ ရုန်းကန်လှုပ်ရှားနေရပါတယ်တဲ့။ အားကစားသမားတွေ၊ အဆိုတော်တွေရှိပေမယ့် ပြဿနာ တွေနဲ့ပါတဲ့။ အဲ့ဒီလို ဖြစ်ရတာက ပညာမတက်လို့ပါတဲ့။ အားကစားလုပ်တာ အရေးကြီးပါတယ်တဲ့။ လုပ်လဲလုပ်သင့်သလို လုပ်လဲလုပ်ရပါမယ်တဲ့။ ဒါပေမယ့် အသိဉာဏ်တွေရှိဘို့၊ အမှန်အမှားဆုံးဖြတ်နိုင်ဖို့ ပညာတက်တွေဖြစ်ဖို့ လိုအပ်ပါသေးတယ်တဲ့။ ပညာတက်မှ လူကြားထဲမှာ လူရာဝင်မှာ ဖြစ်လို့ သူကျောင်းသား တွေ အားကစားတစ်ခုထဲကို ထူးချွန်အောင်ကြိုးစာကြ၊ အရေးကြီးတဲ့ အတန်းတင်စာမေးပွဲအတွက်လဲ ပြင်ဆင်ရမယ်တဲ့။

အဲ့ဒါကို မကြိုက်လို့ ကျောင်းသားတစ်ယောက်က အဖွဲ့ကနေထွက်သွားပါတယ်။ ပိုက်ဆံများများရတဲ့ မှောင်ခိုသွားလိုပ်တာ အတူလုပ်တဲ့သူ ကိုယ့်ရှေ့မှာ သေသွားမှ။ ဆရာပြောတာ သတိရပြီး ဆရာဆီကိုပြန်လာတဲ့ ဇာတ်လမ်းလေးပါ။ နောက်ဆုံးမှာ ကျောင်းသားတွေအားလုံး Scholar ရသွားကြတယ် နာမည်ကြီး တက္ကသိုလ်တွေမှာပါ။ မြန်မာနိုင်ငံက အရင်က ဖက်ဖူးရောင်ဇာတ်လမ်းလေးကို ပြန်မြင်မိပါတယ် ဒီဇာတ်လမ်းလေးကိုကြည့်ပြီးတော့။ စကားများလွန်းအားကြီးလို့ အစပိုင်းမှာ စိတ်ညစ်ရပေမယ့် ပညာယူတက်ရင် ပညာပေးထားတဲ့ဇာတ်လမ်းလေးပါ။ ကျွန်မတို့နိုင်ငံမှာလဲ ကျောင်းသားတိုင်းကို ပညာတက် ဖြစ်အောင်( စာတက်တာကို ပြောချင်တာမဟုန်ပါဘူး။ ပညာတက်ဖြစ်စေချင်တာပါ။)၊ စာကြိုးစားအောင် တိုက်တွန်းသင့်သလို၊ ကျောင်းမတက်နိုင်တဲ့ သူတွေကိုလည်း အပြင်ကနေ အပြင်စာတွေလေ့လာ သဘောတရားတွေနားလည်အောင် ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ ရှေးရှေးတုန်းကလို စာအုပ်တွေဖတ်ပြီး အသိပညာရှာသလိုမျိုး။ ဖြစ်နိုင်လို့ရှိရင် ပံ့ပိုးပေးချင်ကြတဲ့ သူတွေ၊ ပြောပေးချင်တဲ့လူတွေ ရှိရင် သိပ်ကောင်းမှာ ဘဲလို့ ဒီကားလေးကိုကြည့်ပြီး စိတ်ကူးယဉ်မိပါတယ်။

နောက်ထပ်တစ်ခုက လူဦးရေ ၄၃၆ တဲ့ အဲ့ဒီကားလေးက ခပ်ကြောင်ကြောင်လို့ ရိုးရိုးလေးတွေးရင် ရပါတယ်။
သူပြောချင်တာက အဲ့ဒီထက်ပိုတယ်လို့ ကျွန်မထင်ပါတယ်။


ဇာတ်လမ်းအကျဉ်းလေးက ဒီလိုပါ။ မင်းသားက ရွာလေးတစ်ရွာကို ရောက်သွားတာပါ။ ရွာထိပ်မှာ အ၀င်နားက လမ်းမှာ ချိုင့်တစ်ခုထဲ ကားဘီးဝင်သွားလို့ ရွာထဲမှာခဏ၀င်အိပ်ရာက စတာပါ။ အဲ့ဒီရွာလေးမှာ လူဦးရေ ၄၃၆ ယောက်ဘဲရှိပါတယ်။ ရွာလေးကပတ်ဝန်းကျင်ကအေးဆေးပြီး လူတွေက ရှေးဆန်ကြတယ်။ နဲနဲတော့ ထူးဆန်တယ်လို့ ထင်ရပါတယ်။ နောက်ပိုင်းမှ ရွာမှာ ပွဲရှိတစ်ခုလုပ်ပြီး ရွာထဲက လူတစ်ဦးက ဇွဲကြိုးချပြီးသေသွား
တော့မှ ....

လူတွေကို စည်းမျဉ်းဘောင်တစ်ခုနဲ့ထားပြီး။ လူဦးရေ ၄၃၆ ထက်မပိုအောင် လုပ်ထားပါတယ်။ ဘယ်မှပြောင်း ရွေ့ခွင့်မရှိသလို၊ ထွက်ပြေးရင် လည်းကျိန်စာမိပြီး ...အရသာပျက် သွားမှာစိုးလို့ပါ။ ဇာတ်လမ်းကို ကြည့်ရတာ ရှေးရိုးစွဲနေတဲ့ မြန်မာပြည်ကလူတွေနဲ့ နဲနဲဆင်ပါတယ်။ သူက ဘာသာရေးနဲနဲပါတယ်ထင်ပါတယ် နှစ်ခါလောက်ဘဲ ကြည့်ရသေးလို့ သိပ်ပြီး နားမလည်သေးပါဘူး။ ဟဲဟဲ ဇာတ်လမ်းတစ်ခုကို ချက်ခြင်းနားမလည်တာ ကျွန်မအားနည်းချက်ပါ။ အရင်တုန်းကတော့ ကြိုက်တဲ့ဇာတ်လမ်းဆို ၀ယ်ပြီး ခဏခဏပြန်ကြည့်မှ နားလည်ပါတယ်။ နားမလည်မချင်း ပြန်ကြည့်တက်ပါတယ်။ ပြောရင်နဲ့ လွဲကုန်ပါဘီ။ အဲ့ဒီကားလေးလဲ ကောင်းပါတယ်။ မယုံရင် ကြည့် ကြည့်ပါ။ အခမဲ့ကြော်ငြာပါတယ်ရှင်။

ဒီကားလေးက အချစ်ဇာတ်မြူကားလေးပါ။ အပျိုကြီးတွေအကြောင်းရိုက်ထားတာပါ။ တကယ်နှစ်သက်တဲ့သူနဲ့ ကျတော့ ဘယ်လောက်ပဲအလွဲတွေနဲ့ ကြုံကြုံ၊ ပေါင်းဖတ် ဖြစ်တယ်လို့ပြောပါတယ်။ သူ့မှာပါတဲ့ ဇာတ်ဝင်ခန်း အချို့အတိုင်းတော့ မြန်မာယဉ်ကျေးမှုနဲ့မညီတဲ့ အခန်းတွေပါဝင်ပါတယ်။ ဒါပေမယ့် သစ္စာတော့ စောင့်သိလို့ရပါတယ်။ စိတ်ဓါတ်လေးဘဲယူပြီး ကျန်တာကို မြန်မာမှုပြုလိုက်ရင် အဆင်ပြေသွားမှာပါ။

ဇာတ်လမ်းအကျဉ်းလေးက ဒီလို။
အပျိုကြီးတစ်ယောက်ပါ။ အချစ်စစ်တွေ့ဖို့ ရည်မှန်းထားပြီး စိတ်ကြိုက်ရွေးနေတာနဲ့ အပျိုကြီးဖြစ်နေတာပါ။ ရုပ်အလှကြိုက်သလို၊ စိတ်ရင်ကောင်းတာ၊ ၀ါသနာတူတာလေးကိုလဲ သဘောကျတာမို့ ရွေးရင် အဆင်မပြေနဲ့ အပျိုကြီးဖြစ်နေတာပါ။ နောက်ဆုံး အမျိုးသားတစ်ယောက်နဲ့ ချိန်းရင်သဘောကျပေမယ့် အဆင်ကမပြေ ခဏခဏလွဲနဲ့ နောက်ဆုံးခန်းမှာ သူအကြိုက်တဲ့ ရုပ်ရှင်ကို အပျိုကြီးက အရမ်းကြိုက်လို့ အခါ (၂၀) လောက်ကြည့်ဖူးတယ်ဆိုတဲ့ စကားလေးနဲ့ ဘ၀တသက်တာ လက်တွဲဖော်အမှန်ကို တွေ့ရှိသွားပါတော့တယ်။ ကဲ စိတ်ရှည်ရှည်နဲ့သာစောင့် နော် ကိုဇူလိုင် တနေ့တော့တွေ့မှာပေါ့။ :P အချစ်စစ်ကို ပြောတာပါ။


The Terminal ကားကတော့ ဇာတ်လမ်းအိမ်သိပ်မကြီးတဲ့ တကယ့်အဖြစ်အပြက်ကို ရိုက်ထားတာဖြစ်ပါတယ်။ ၁၉၈၈ လောက်က ပြင်သစ် လေဆိပ်မှာပိတ်မိနေတဲ့ နိုင်ငံခြားသားတစ်ယောက်အကြာင်းပါ။ နာမည်ကြီး သရုပ်ဆောင်တွေပါရုံသာမက နာမည်ကြီးဒါရိုက်တာ၊ ထူးခြားတဲ့ ဆက်တင်ခန်းနဲ့ပြင်ဆင်ပြီး ရိုက်ထားတာပါ။
လေယာဉ်ရုံအဟောင်ထဲမှာ စက်လှေကား ၃ စင်းတပ်ပြီး ဆက်တင်ကို လေဆိပ်အတုလုပ်ရိုက်ထား တာပါ။ မထင်ရလောက်အောင် ခမ်းနားပါတယ်။ အဲ သရုပ်ဆောင်တွေကလည်း တော်ကြပါတယ်။ အဲ့ဒီအထဲမှာ စိတ်ဓါတ်ပြင်းထန်ပြီး ယုံကြည်မှုရှိတဲ့ Victor ဆိုတဲ့ဇာတ်ကောင်ကို သိပ်သဘောကျလို့ စိတ်ဓါတ်ကျရင် သူ့ကို သွားပြီး သတိရလိုက်တယ်။ ဘယ်နေရာရောက်ရောက် အဆင်ပြေအောင်နေတက်ရမယ်လို့။ ဘ၀ကို ပြန်သောက်နိုင်ရမယ်လို့။

ဇာတ်လမ်းအကျဉ်းက Victor ကသူ့အဖေ ဆန္ဒအရ New York က ဟိုတယ်တစ်ခု ဂီတပညာရှင်တစ်ယောက် ကိုလာတွေ့တာပါ။ သူ New York ရောက်တဲ့နေ့မှာဘဲ သူ့နိုင်ငံက စစ်ဖြစ်လို့ Passport တွေအားလုံးကို ခဏပိတ်ထားတာကြောင့် Immigration ကပေးမ၀င်လို့ မြို့ထဲဝင်လို့မရသလို သူ့နိုင်ငံလည်း ပြန်သွားဖို့ လေယာဉ်မရှိဘဲ။ Terminal ထဲမှာပိတ်မိနေတာ အတော်ဒုက္ခရောက်တာကို ဇွဲမလျှော့ဘဲရင်ဆိုင်နိုင်ရုံသာမက၊ သူငယ်ချင်း၊ အလုပ်နဲ့ ချစ်သူတောင်ရသွားတာလေးကိုရိုက်ပြ ထားတာပါ။ စိတ်ဓါတ်ပိုင်းဆိုင်ရာလေးတွေ၊ စိတ်ကောင်းရှိဖို့လေးတွေ၊ ရိုးသားမှုလေးတွေ တင်ပြထားတာပါ။ ကြည့်ပြီးရင်ကြိုက်သွားမယ်ထင်ပါတယ်။

ပါးစပ်နဲ့တက်တာ တရားမ၀င်ဘူးလို့ ပြောပါသဖြင့် လက်နဲ့ အဲ စာနဲ့ တက်ပါ့မယ်ရှင့်။
၁) မေပျို။
၂) ကိုမာန်လှိုင်းငယ်။
၃) မိုးချစ်သူ။
၎) ကိုပီကေ။(ရေးစရာတွေ များနေတဲ့ကိုပီကေ ကို အိမ်စာအသစ်ပေးတာပါ။)
၅) မျှားပြာ။(ကာတွန်းကားဘဲ ကြည့်ရင် ကာတွန်းကာအကြောင်းဘဲ ရေးပေးနော်။)

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။