Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Friday, 21 December 2007

အလုံးများ၊နာရီများနဲ့ တူကြသော မိန်းမများ

ဒီကလော တရားနာလာကြတဲ့ သူငယ်ချင်းများကို သိပ်ပြီး ကျေးဇူးတင်ပါတယ်။ ကိုယ်သိတာလေးလဲ ပြန်ပြောပြရင် ကုသိုလ်ရတယ်လို့ပြောပါတယ်။ တခြားသူတွေကိုရောမျှဝေပေးပါဦးနော်။ ဒီတခါလည်း တရား ကျစရာလေးရေးဖို့ စဉ်းစားထားပါတယ်။

ငယ်ငယ်က ဖတ်ဖူးတဲ့၊ ဖေဖေတို့ ပြောနေကျ စကားလေး။ ဟာသလေး၊ ကာတွန်းလေး ကို သတိရမိလို့ ပြန်ရေးလိုက်တာပါ။ မူရင်းကာတွန်းကိုတော့ ရေးတဲ့သူနာမည် မမှတ်မိတော့လို့ပါ။

မိန်းကလေးများ ငယ်ငယ်။ ဆယ်ကျော်သက်ဆို ဘောလုံး တစ်လုံးနဲ့ တူပါတယ်တဲ့။ ကွင်းထဲမှာ ဟိုဘက် ၁၁ ယောက်၊ ဒီဘက် ၁၁ ယောက် ၀ိုင်းလိုက်နေကြတာ။

နှစ်ဆယ်ကျော် မိန်းကလေးတွေကတော့ ဘက်စကတ်ဘောလေးတွေပါတဲ့။ ဟိုဘက်ဆယ်ယောက်၊ ဒီဘက် ဆယ်ယောက် လုတုန်းပါဘဲတဲ့လေ။

သုံးဆယ်လဲကျော်ရော တင်းနစ်ဘောလုံးဖြစ်သွားပါရောတဲ့။ ဟိုဘက် ဒီဘက်ပေါင်းမှ နှစ်ယောက်ဘဲ ရှိတော့ ပြိုင်ပွဲတစ်ခုကို တင်းနစ်ဘောလုံးလို ဟိုဒီပို့ အပို့ခံနေရပါသတဲ့။

ကဲ လေးဆယ်ကျော် အိပ်ထောင်ရှင်မတွေကတော့ အိမ်ကယောက်ျားက ဝေးဝေးကို ရိုက်လွှတ်ချင်တဲ့
ဂေါက်သီးလေးတွေ ဖြစ်သွားပါတယ်တဲ့။
တရားကျစရာနော်။

************************<>**************************

နောက်တခုကတော့ အိမ်ထောင်သည်ယောက်ျားတွေ သူတို့ အမျိုးသမီးတွေပေါ်မှာ သဘောထားလေးကို ခိုင်းနှိုင်းထားတဲ့ ရယ်စရာ စကားလုံးလေးပါ။

အိမ်ထောင်ကျခါစမှာတော့ ကိုယ့်ယူထားတဲ့ မိန်းမကို တကြည့်ကြည့်နဲ့မို့ လက်ပတ်နာရီးလေးလို့ တင်စားကြ ပါတယ်တဲ့။ သူများက ရှိုးရင်တောင် သိပ်မကြိုက်ချင်ဘူးတဲ့လေ။

အိမ်ထောင်သက်ကြာရင်တော့ စာပွဲတင်နာရီဖြစ်သွားရောတဲ့လေ။ သွားလေရာမခေါ်ချင်တော့ဘူးပေါ့။ စာပွဲပေါ်မှာဘဲ တင်ထားခဲ့ချင်ကြတယ်တဲ့။ အနဲဆုံး အိမ်အ၀င်အထွက်လောက်တော့ သတိထားပြီး ကြည့်တက် ကြပါသတဲ့။

အိမ်ထောင်သက် ဆယ်နှစ်ကျော်၊ နှစ်ဆယ်နားကပ်ရင်တော့ တိုင်ကပ်နာရီလေးလို သဘောထားတက်တက် ကြတယ်တဲ့လေ။ အသံကြားမှ သတိရတက်ကြသတဲ့။

အဲ အိမ်ထောင်သက် နှစ်နှစ်ဆယ်ကျော်ရင်တော့ နာရီစင်ဖြစ်သွားပါရောတဲ့။ နာရီစင်လို့ ဘယ်နားရောက်ရောက် အချိန်တန်တော့လည်း အသံကြားရင် အချိန်မှန်းလို့ ရတယ်ပေါ့လေ။ ဘယ်သူကြည့် ကြည့်ပေါ့။
*******************************<>***************************
မေမေနာရီစင်ကြီးဖြစ်နေဘီလားလို့ မေးတက်တဲ့ ဖေဖေသူငယ်ချင်းတွေ နောက်နေကျ စကားလုံးလေးပါ။ အမှတ်ရလို့ ရေးလိုက်တာပါ။
ပျော်ရွှင်ပါစေနော်။
နှင်းဆီနီနီ။။

Sunday, 16 December 2007

အခုနဲ့ နောင်

သူငယ်ချင်းက မေးလ်လှမ်းပို့ထားလို့ပါ။ ဖတ်ကြည့်ပြီးရယ်ချင်လို့။ ဆားချက်တယ်ပေါ့ဗျာ။ ဆားတွင်းသဌေးလုပ် မလားစဉ်စားနေတာ။ ခုတလော နယူးပိုစ့်တွေဖွင့်တိုင်း စာရေးလို့မရတဲ့ ရောဂါပြန်ထနေလို့။ ဂဠုန်ကြံကြံလိုက်မိတယ်။ ဟဲဟဲ။ ဖတ်ကြည့်ပါဦး။ ဘာသာမပြန်ဘဲ ဒီအတိုင်းတင်လိုက်တယ်။ ဘာသာပြန်ရင် အရသာပျက်မှာစိုးလို့။

Before marriage....

He: Yes. At last. It was so hard to wait.
She: Do you want me to leave?

He: No! Don\'t even think about it.
She: Do you love me?

He: Of course! Over and over!
She: Have you ever cheated on me?

He: No! Why are you even asking?
She: Will you kiss me?

He: Every chance I get.
She: Will you hit me?

He: Are you crazy! I\'m not that kind of person!
She: Can I trust you?

He: Yes.
She: Darling!

;
;
;
;
;
;

After marriage......

Simply read from bottom to top.


Thursday, 6 December 2007

မင်းလိုဘဲ

တရားသူကြီး။ ။ မင်းဘယ်မှာအလုပ်လုပ်သလဲ။
တရားခံ ။ ။ ဟိုနား ဒီနား ပါဘဲ။(ံHere and There)

တရားသူကြီး။ ။ မင်းဘာမလုပ်လုပ်တာလဲ။
တရားခံ ။ ။ ဒီလိုပါဘဲ။(This and That)

တရားသူကြီး။ ။ သူ့ကိုခေါ်သွားလိုက်တော့။
တရားခံ ။ ။ ခဏလောက်စောင့်ကြပါဦးခင်ဗျာ။ ကျွန်တော်ကို ဘယ်အချိန်မှာ ပြန်လွှန်ပေးမှာလဲ ခင်ဗျာ။

တရားသူကြီး။ ။ အခုဖြစ်ချင်ဖြစ်မယ် နောင်ဖြစ်ချင်ဖြစ်မယ်။( sooner or later )

အဆင်ပြေသလို မတောက်မခေါက် ဘာသာပြန်ထားပါသည်။

တခါတည်း

ဒီတခါလည်း Reader Digest ထဲကဘဲ ဟာသလေးတပုဒ် ရေးးဖို့ စဉ်းစားထားပါတယ်။ သူကဒီလို...
ဆိုင်မွန်ဟာ ရဲ အင်တာဗျူးသွားဖြေပါတယ်။သူအင်တာဗျူးမှာတော့ စစ်ဆေးသူကဒီလိုမေးပါတယ်။

အင်ဆာဗျူရာ။။ ၁ နဲ့ ၁ ကဘာလဲ။
ဆိုင်မွန်။။ ၁၁ ပါ။
(အင်တာဗျူရာလိုချင်တဲ့ အဖြေမဟုတ်ပါဘူး။ ဒါပေမယ့် ဒီသူငယ်မမှာဘူးလို့ သူကလက်ခံလိုက်ပါတယ်။ )
အင်တာဗျူရာ။။ ဒါဆို T နဲ့စတဲ့ Week Day တွေထဲက နှစ်ရက်ကိုပြောပါ။
ဆိုင်မွန်။။ Today နှင့် Tomorrow ပါ။

ဆိုင်မွန့် အဖြေကို အင်တာဗျူးလိုပ်တဲ့သူ အတော်လေး အံ့အားသင့်သွားပါတယ်။ ဒါနဲ့ ဆိုင်မွန့်ကို စမ်းချင်တာနဲ့ နောက်ထပ် မေးခွန်းတခု ထပ်မေးလိုက်ပါတယ်။

အင်တာဗျူရာ။။ ဒါဆို Abraham Lincoln ကို ဘယ်သူသတ်သလဲ မင်းသိလား။

အဲ့ဒီအခါမှာတော့ ဆိုင်မွန် အတော်အံ့အားသင့်ပြီး ပြန်ဖြေလိုက်တာက။

ဆိုင်မွန်။။ ကျွန်တော်မသိပါဘူး ခင်ဗျာ။

အင်တာဗျူရာ။။ ကောင်းပြီး။ ဒါဆို အိမ်ပြန်ပြီး ခဏလောက်စဉ်းစားပါဦ။

ဆိုင်မွန် အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ သူ့အမေကို ဒီလိုပြန်ပြောပါသတဲ့။

ဆိုင်မွန်။။ မေမေရေ ဒီနေ့ အင်တာဗျူးကတော့ အတော်မိုက်တယ်ဗျ။ တခါတည်းနဲ့ အလုပ်ရပြီး အရေးကြီးတဲ့ အမှုတွဲကိုပါ အပ်လိုက်တယ်။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။


Thursday, 29 November 2007

စပ်မိစပ်ရာ ဟာသ

Reader Digest ဖတ်တယ်ဆိုပေမယ့် တချို့ရှည့်ပြီး ပျင်းစရာကောင်းမယ်ထင်တာတွေ မဖတ်တက်ပါဘူး။ တိုတို လေးနဲ့ မြန်မြန်ပြီးမယ့် ဟာသတွေကိုရွေးဖတ်တာများပါတယ်။ တနေ့က ဟာသတွေဖတ်ရင်းနဲ့ ဖတ်မိတဲ့ ဟာသလေး တွေကို ပိုစ့်တင်ရင်ကောင်းမလားလို့ စဉ်းစာမိပါတယ်။ အမှန်မှာတော့ အကြံကုန်တော့ ဂဠန်ဆားချက် လုပ်ရတာပါ။ မိမိ အဆင်ပြေသလို ဘာသာပြန်ထားပါသဖြင့် အဆင်မပြေမှုမှားကို ခွင့်လွှတ်ပေးကြပါ။

ဘယ်လိုသိသလဲ
မောင်မောင် တယောက်ထဲ မီးဖိုချောင်မှာ ယင်ဖမ်းတဲ့ ယပ်တောင်တခုနဲ့ အလုပ်ရှုပ်နေပါတယ်။
မမ။ ။ မောင်မောင်၊ နင်ဘာတွေလုပ်နေ တာလဲ။

မောင်မောင်။ ။ ကျွန်တော် ယင်ကောင်လိုက်ဖမ်းနေတာ၊ မမရဲ့။
မမ။ ။ ဘယ်နှစ်ကောင် မိပြီတုန်း။ ယင်ကောင် က။

မောင်မောင်။ ။ ဒီမှာ အထီးနှစ်ကောင်၊ အမ တစ်ကောင်မိပြီဗျ။
မမ။ ။ ဟင်.. နေပါဦး။ မင်းက ဘယ်လိုလုပ်ပြီး ယင်ကောင်ကို အထီးမှန်း၊ အမမှန်း သိသလဲ။

မောင်မောင်။ ။ သြော်..ဘာခတ်တာမှတ်လို့။ နှစ်ကောင်က ဘီယာဘူးပေါ်မှာ နားနေတယ်။ တစ်ကောင်က
တယ်လီဖုန်းပေါ်မှာ နားနေတာလေ။

ဖမ်းမယ်
နွေရာသီဖြစ်လို့ မယ်တင်နဲ့ သူအမျိုးအသား သာယာတဲ့ ရေကန်တခုမှာ ပျော်ပွဲစားထွက်ကြပါတယ်။ မယ်တင်က ကန်စပ်မှာ စာဖတ်ပြီး သူ့ရဲ့ အမျိုးသားက ငါးဖမ်းးပစ္စည်း အပြည့်အစုံပါတဲ့ လှေတစီးနဲ့ ကန်ထဲမှာ ငါးဖမ်းပါသတဲ့။ တနေကုန် ငါးမြှားပေမယ့် ငါးတစ်ကောင်မှ မရလို့ စိတ်ညစ်ညစ်နဲ့ မယ်တင့်အမျိုးသား ကမ်းပေါ် ပြန်တက်လာတဲ့ အချိန်မှာတော့ နေ အတော်စောင်းနေပါပြီ။ မယ်တင်ကလည်း ရေကန်ထဲမှာ အေးအေးဆေးဆေး စာဖတ်ချင်တာကြောင့် သူ့အမျိုးသားအသုံးပြုထားတဲ့ လှေနဲ့ဘဲ ကန်ထဲကို ထွက်လာ ခဲ့ပါတယ်။ စာဖတ်လို့ သိပ်ပြီးမကြာခင်မှာဘဲ ရဲ အရာရှိတစ်ဦးယောက်လာပါတယ်။

ရဲ။ ။ အမကြီး ကို ငါးမြှားချိန်ပြင်ပ ငါးမြှားတဲ့ အတွက် ဒဏ်ငွေဆောင်ရပါမယ်ခင်ဗျာ။
မယ်တင်။ ။ ကျွန်မက ငါးမြှားနေတာ မဟုတ်ပါဘူးရှင်။ ကျွန်မစာဖတ်နေတာပါ။ ငါးမြှားကိရိယာ တွေက ကျွန်မအမျိုးသား မနက်က သုံးထားတာတွေပါ။

ရဲ။ ။ မရပါဘူး ခင်ဗျာ။ အမကြီးမှာ ငါးမြှားကိရိယာ အပြည့်အစုံရှိတဲ့ အတွက် ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။
မယ်တင်။ ။ ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက လိမ်ဆိုင်ရာ အဓမ္မကြံစည်မှုနဲ့ တရားဆွဲမယ်။

ရဲ။ ။ ဗျာ.....(အံ့သြစွာဖြင့်။)
မယ်တင်။ ။ ဟုတ်တယ်လေ ရှင့်မှာ ပြစ်မှုကျူးလွန်ဖို့ ပစ္စည်းအပြည့်အစုံရှိနေတာကို။

Wednesday, 21 November 2007

ကြားဖူးသော အသက်ရှည်ဆေးများ

ိကုန်အောင်စားပါဦး
တခါကရွာ တစ်ရွာတစ်ရွာမှာ ညီအကို နှစ်ယောက်ရှိပါသတဲ့။ မိဘများ မရှိကြတော့လို့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြပါသတဲ့လေ။ အကိုကြီးက ရိုးသားပြီး၊ ညီငယ်လေးကတော့ လူရည်လည်ပါသတဲ့။ သူတို့ ညီအကိုနှစ်ယောက်ဟာ တောထဲမှာ ထင်းခုတ်ပြီး မြို့ပေါ်တက်ပြီး ထင်းရောင်းရင်း အသက်မွေးကြပါတယ်။ နှစ်ယောက်လုံးဟာ လူလွတ်တွေဖြစ်လို့ အစားအသောက်အတွက် စီစဉ်ပေးမယ့်သူ မရှိလို့ ဖြစ်သလိုသာ နေထိုင်နေကြပါတယ်။

တရက်မှာ ညီအကိုနှစ်ယောက် တောထဲကို ထင်းခုတ်ထွက်ရာမှာ
ထမင်းထုတ်က ထမင်းနဲ့ ငရုပ်သီးထောင်းသာ ပါပြီး။ ဘာမှ မပါလို့ ညီအကိုနှစ်ယောက်လုံး စိတ်ညစ်နေပါသတဲ့လေ။ အဲ့ဒါနဲ့ ညီလုပ်တဲ့ သူက အကို ကျွန်တော်တို့ ဘာဟင်းမှလဲ မပါဘူး။ ဒီလိုလုပ်ပါလား တယောက်တလှည့်စီ ထမင်းစားမယ်။ တယောက်စားနေချိန်မှာ တယောက်ကဘေးကထိုင်ပြီး စားကောင်းသောက်ဖွယ်တွေ ပြောပေးရင် ထမင်းမိန် တာပေါ့လို့ ပြောပါသတဲ့။

အဲ့ဒါနဲ့ ရိုးသားတဲ့ အကိုက ကဲကဲ ငါကအကြီးဆိုတော့ မင်းအရင်စား ငါကဘေးကနေ စားကောင်းသောက်ဖွယ် တွေ ထိုင်ပြီး ပြောပေးမယ်လို့ ဆိုပါသတဲ့။ ညီငယ်က ထမင်းတလုပ်သွင်းလိုက်တိုင်း အကိုလုပ်သူက ညီလေးစာကွ ကြက်ကောင်လုံးကြော်ကြီး။ နောက်ထပ်တလုပ်သွင်းတော့ ညီလေး ကြက်သားဆီပြန်စားကွ။
နောက်တလုပ်ကျတော့ ၀က်သားအလှူချက်ကွ စားကွာ အားမနာနဲ့။

အဲဒီလိုပြောပေးလိုက်တာ သူ့ညီထမင်းပြီးသွားတဲ့ အထိပါဘဲတဲ့။ ဒီတခါတော့ သူထမင်းစားမယ့် အလှည့်ဆိုပြီး ငါ့ညီ ငါထမင်းစားရင် ငါကြိုက်တက်တာလေးတွေ ပြောပေးနော်လို့ ပြောပါသတဲ့။ ညီလုပ်တဲ့သူကလဲ စိတ်ချပါ အကိုကြီးရာ အကိုကြီးကြိုက်တာတွေ ကျွန်တော်ပြောပေးပါ့မယ် စိတ်ချဆိုပြီး ပြောပါသတဲ့။ အကိုကြီးစ စားတဲ့ အချိန်မှာဘဲ သူက အကိုကြီး ကြက်ကောင်လုံးကြော်ကြီး စာဗျာလို့ ပြောတော့ အကိုကြီးက ထမင်းတလုပ် သွင်းလိုက်ပါသတဲ့။ နောက်ထပ်တလုပ်စားဖို့ ပြင်နေချိန်မှာ သူညီဆီက အပြောကိုစောင့် နေပါသတဲ့။ သူညီက ဘာမှ မပြောတဲ့ အဆုံး။ ဟ ပြောပါဦး ဒီမှာ နောက်တလုပ်စားဖို့ စောင့်နေတယ်ကွလို့ ပြောပါသတဲ့။ အဲ့ဒီ အခါမှာတော့ ညီလုပ်တဲ့သူက ဘာပြန်ပြောသလဲ ဆိုတော့ ခုနက ကြက်ကောင်လုံးကြော်ကိုဘဲ ကုန်အောင် စားပါဦးတဲ့။ ။
-------------------------------------------------------------------------------------------------
ဆုံကျိမ်းလို့
တခါက ရွာတရွာက ထင်းခုတ်ထွက်ကြတဲ့ ထင်ခုတ်သမားတစုဟာ တောထဲကိုထင်ခုတ်ဖို့ ရောက်လာပါသတဲ့။ အားလုံးသာ ထင်ခုတ်ထွက်လို့ ထမင်းချက်မယ့်သူ မရှိရင် ဒီနေ့တော့ သူတို့ ထမင်းငတ်ရချည်ရဲ့ဆိုပြီး။ သူတို့ထဲက တယောက်ကတော့ ထမင်း၊ ဟင်း ချက်ဖို့ နေခဲ့ရမှာဖြစ်တယ်လို့ တိုင်ပင်ကြပါသတဲ့။ ထမင်းချက် ကိုလည်း ရလာတဲ့ထင်းတွေထဲက ညီညီမျှမျှဝေ ပေးပါမယ်လို့ အားလုံးက သဘောတူပါသတဲ့လေ။ အဲ့ဒါနဲ့ အားလုံးထဲက ချက်တက်ပြုတ်တက်တဲ့ တယောက်က မပင်ပန်းဘဲ ရမဲ့ ဝေစုကို မက်ပြီး သူထမင်းချက်ဖို့ တာဝန်ယူမယ်ဆိုပြီး နေခဲ့ပါသတဲ့။

အားလုံးထွက်သွားတော့ စခန်းချရာနေရာ အနီးက မကျီးပင်က မကျီးရွက်ခူးပြီး ချဉ်ရေဟင်းချက် လိုက်ပါသတဲ့။ ပြီးတော့ ပါလာတဲ့ ငါးခြောက်လေးလေးကို ကြော်လိုက်ပါသတဲ့။ ပြီးတော့ မကျီးသီ လေးတွေ တွေ့လို့ မကျီးသီးထောင်း တခွက်ပေါ့။ ဒါနဲ့ အားလုံးပြန်ရောက်ရော ဟင်းနံ့ကလဲမွှေး၊ ဟင်းတွေကလဲ စားကောင်းလို့ ထမင်းမြိန်တဲ့ အကြောင်းကို ထမင်းချက်တဲ့ သူငယ်ချင်းကို ပြောပါသတဲ့။ မကျီးသီထောင်း ကတော့ အလွန်ဘဲ စားလို့ကောင်းကြောင်း ချီးမွမ်းပါသတဲ့။ ထမင်းချက်ကတော့ မသက်မသာမျက်နှာနဲ့ ပြန်ပြောလိုက်တာ ကတော့..........

-အေး မင်းတို့ ကသာ စားလို့ကောင်းနေ ဒီမှာက ဆုံကျိမ်းတယ်ကွတဲ့။

-မကျီးသီထောင်းဖို့ ငရုပ်ဆုံ မပါလို့ အံနဲ့ကျိတ်ထားရတာ ဒီမှာ ထမင်းတောင် ကောင်းကောင်း မစားနိုင်ပါဘူးတဲ့။

ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Wednesday, 3 October 2007

ယောက်ျားလား၊ မိန်းမလား

မလေးရှားကဖြေစ်အပျက်လေးပါ။
တနေ့မှာ ရွာတစ်ရွာက မီးမဖွားနိုင်လို့ ဆေးရုံသွားဖို့ရေးပေါ်ဌာနသို့ ဖုန်းလှမ်းဆက်ပါသတဲ့။
ဖုန်းကိုင်တဲ့သူက မလေးတရုတ်ပါ။ ဖုန်းဆက်တဲ့သူကတော့ မလေးလူမျိုးပါ။ သူတို့ပြောကြတာ
ကတော့ အင်္ဂလိပ်လိုပြောကြတာပါ။
မလေး။။ ဟဲလို...အရေးပေါ်ဌာနကပါလား။
တရုတ်။။ ဟုတ်ပါတယ် အရေးပေါ်ဌာနကပါ။
မလေး။။ ကျွန်တော်တို့ ရွာမှာမီးဖွားမည့်အရေးပေါ်လူနာရှိလို့ လူနာတင်ကားလွှတ်ပေးဖို့ လှမ်းဆက်တာပါ။
တရုတ်။။ အော်...အင်း..ကောင်းပြီလေ။ ဆက်လုပ်လိုက်ပါမယ်။ ဒါနဲ့ လူနာကယောက်ျားလား၊ မိန်းမလား။
မလေး။။ ဟင် မီးနေသည်ပါဆိုနေမှ ယောက်ျားဖြစ်ပါ့လားဗျာ။။