Showing posts with label ယာယီ. Show all posts
Showing posts with label ယာယီ. Show all posts

Friday, 29 February 2008

၂၀၀၈ရဲ့ တတိယပိုစ့်

ဒီအတောအတွင်းမှာ လာရောက်လည်ပတ်ကြတဲ့သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကို မအားတာရော စက်မရှိတာရောကြောင့် ဘလောဂ့်မရေးဖြစ်ပေမယ့် စိတ်ထဲမှာ ဘလောဂ့်အမြဲရှိနေပါတယ်။ ကျောင်းက နဲနဲကျပ်တော့ ဘလောဂ့်ရေးဖို့အတော်အဆင်မပြေတာလည်း ပါပါတယ်။ ခုတော့ ၀င်းကနေ ဇော်ဂျီပြောင်းတဲ့ ကွန်ဘတ်တာနဲ့ေ၇းပြီးတင်လို့ရတော့ အတော်ပျော်မိပါတယ်။ ကိုယ့်ဘလောဂ့်လေး ခြောက်ခန်းနေတာကိုကြည့်ပြီးလည်း အတော်စိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မစာပြန်ရေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။
အလည်လာကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ သတင်းမေးပြီး ကွန်းမန့်ပွက်သွားတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘလောဂ့်လောကကြီးနဲ့ အဆက်ပျက်နေချိန်မှာတော့ အတော်အပြောင်းအလဲအများကြီးဖြစ်သွားတာကြာပေမယ့် ကိုယ်ဘာမှမလုပ်နိုင်တဲ့ အချိန်တွေဖြစ်လို့ အတော်ဘဲစိတ်မကောင်းဖြစ်မိပါတယ်။ အခုလည်း ကြားရသမျှသတင်းတွေ အားလုံးကတခုမှမကောင်းတော့ ထပ်ဆင့်စိတ်မကောင်းဖြစ်မိပါတယ်။အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေ။ နှင်းဆီနီနီ ဘလောဂ့်ပြန်ရေးပါတော့မယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။

Sunday, 30 December 2007

ကြိုတင်တောင်းပန်ချင်း

စာရေးတယ်ဆိုတာ စိတ်ရော၊ လူရောနှစ်ပြီး ရေးမှ အဆင်ပြေတာလို့ မြင်တာရော အဲ့ဒီလိုရေးလိုက်ရမှဘဲ စိတ်ထဲ ပေါ့သွားတာမို့။ လူမနား စိတ်မအားတဲ့ အချိန်မှာဆို စာမရေးချင်ပါဘူး။ ရေးရင်းတန်းလန်းနဲ့လည်း ချပြီး အလုပ် မလုပ်ချင်ဘူးလေ။ အဲ့ဒါကြောင့် ဒီကြားထဲ စာရေးတဲ့ဘက်ကို မလှည်ဖြစ်ပါဘူး။ အမှန်က ကျွန်မတင်တဲ့ ပိုစ့်တွေ ၁၀၀ ကျော်နေတာတော့ကြာပါဘီလေ။ ကိုယ်က စိတ်ထဲမထင်လိုက်ပြန်ဖျက်လိုက်။ စိတ်ထဲမထင်လိုက် ပြန်သိမ်း လိုက်နဲ့ဆိုတော့ ဘယ်လောက်ရေးလို့ ဘယ်လောက် ရေးမိမှန်းကို မသိတော့ပါဘူး။

ဒီနှစ်ကို ပိုစ့် ၁၀၀ ရအောင်ရေးမယ်ဆိုပြီး လုပ်ထားတာ။ ကိုယ့် ဒရပ်ဖ်ထဲမှာတော့ ပိုစ့်က တစ်ရာကျော်နေ ဘီလေ။ ဒါနဲ့ ပျင်းတာရော ပိုစ့်တွေကို ထိန်းချင်တာရော နဲ့ စာတွေမရေးဘဲ ထားလိုက်မိပါတယ်။ တလောကမှ ပိုစ့် နောက်ခံပုံပြင်ပြီး ဟိုဟို ဒီဒီကိုယ့် ဘလောဂ့်ကိုပြင်လိုက်တော့မှ ကိုယ့်ဘလောဂ့်ထဲ တစ်ရာပြည့်ဖို့ ခုနှစ်ခု နေတာကို သွားတွေ့ပါတယ်။ တွေ့တဲ့အချိန်ကလည်း အတော်မအားတာမို့ ဘာမှမတက်နိုင်ဘဲ ထိုင်ကြည့်နေရ ပါတယ်။

အစကတော့ ပိုစ့်တစ်ရာပြည့်အတွက် ကင်ဆာအကြောင်းရေးမလို့စဉ်းစားထားတာ။ အခုတော့ မနက်ဆိုမအား သလို ညဘက် စောစောပိုင်းတွေလည်းမအားတာကြောင့် စာတွေခပ်တိုတိုဘဲရေးလိုက်ရပါတယ်။ အဲ့ဒီ ကင်ဆာ ပိုစ့်ကလည်း ရေးရင် အတော်နဲ့ ပြီးမှမဟုတ်သလို၊ တိုတိုလေးလည်း ရေးလို့မရလို့ စိတ်ရော။ အချိန်ရော ထည့်ပြီး ရေးရမယ် ပိုစ့်ပါ။ အမှန်တော့ ကျွန်မဆရာဝန်တယောက်လည်း မဟုတ်ဘဲ ကင်ဆာအကြောင်း ရေးမယ်ဆိုတော့ ဆန်းနေမှာပါ။ ကျွန်မ ကင်ဆာဘယ်လိုဖြစ်တယ်။ ဘာညာရေးမှမဟုတ်ပါဘူး။ ကင်ဆာ ဝေဒနာရှင်တွေနဲ့ ပက်သက်တဲ့ အကြောင်းကိုရေးမှာဖြစ်ပါတယ်။ ကင်ဆာဝေဒနာရှင်တွေနဲ့ အဲ့ဒီဝေဒနာကို ကုသပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ။ အဲ့ဒီဝေဒနာကို ကုသရာမှ အဓိကကျတဲ့ ဆုံးဖြတ်မှုတွေကို ပေးတဲ့ ဆရာဝန်တွေကို လူနာနဲ့ လူနာမိသားစုတွေရဲ့ အမြင်အနေနဲ့ ရေးမှာပါ။

ဘလောဂ့်ရေးတဲ့ ဆရာဝန်တွေအများကြီး ရှိတာကြောင့် ကျွန်မအနေနဲ့ တခုခုများအမှာအယွင်းရှိရင် ခွင့်လွှတ် ပေးကြဖို့ စာမရေးခင်ကတည်းက ကြိုးပြီးတောင်းပန် ချင်ပါတယ်။ ဆရာဝန်တွေအနေနဲ့ လူနာတွေရဲ့ ခံစားချက် ၊ ယုံကြည့်ချက်၊ မျှော်လင့်ချက်တွေနဲ့ ပက်သက်ပြီး သိစေချင်လို့၊ ပြောပြချင်လို့ရေးမှာဖြစ်ပါတယ်။ ဘယ်သူဘယ်သူ့ကိုမှ စော်ကားဖို့၊ ပြစ်တင်ရှုံ့ချဖို့ မရည်ရွယ်ခဲ့ပါဘူး။ မရေးခင်က ကြိုတင် တောင်းပန်ထား ချင်ပါတယ်။ အဲ အသိသေးသူများလည်း ဆုံးဖြတ်ချက်ချခါနီးမှာ၊ အရေးကြုံလာရင် နဲ့ လူမှူဘ၀ကကြမ္မာကို ဖတ်စရာ စာလေးအနေနဲ့ ရေးသားဖို့ စဉ်းစားထားတာပါ။

ဒါပေမယ့်လည်း အခုထိ အကြောင်းမညီညွတ်သေးလို့ မရေးဖြစ်သေးပါဘူး။ တကယ်လို့ ရေးဖြစ်ပြီး တင်ဖြစ်ခဲ့လို့ ရှိရင်တော့ အကြံဥာဏ်လေးများပေးကြပါဦးလို့ ပြောချင်ပါတယ်။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday, 8 October 2007

I am still alive


Someone say I am foolish,
Someone say I am stupid,
Someone say I am greedy,
Someone say I am selfish,
Yeah, I am such a bad girl,
But, I am still alive on this earth.

I am honestly foolish,
I am honestly stupid,
I am honestly honesty,
I am honestly greedy,
I am honestly honest,
I am still walk on this earth.

I want to be happy,
But I don't know how to be happy.
I want love,
But I don't want to give love.
I want to help,
But nobody need my help.
I want to be rich,
But I don't know how can I do to be rich.
But I am still alive on this earth,
without nothing that I want.
Till I am still alive,
I am still alive.

Thursday, 4 October 2007

လင့်များအကြောင်း

ကျွန်မဘလောဒ့်ထဲမှာတင် ထားတဲ့အချို့သောလင့်များ အကြောင်းပြောချင်လို့ပါ။
Astrology Zone ထဲမှာ လစဉ်ဗေဒင်ဟောစာတန်းတွေကို ဖတ်နိုင်ပါတယ်။
E-Book Download ထဲမှာတော့ အိုင်တီနဲ့ပက်သက်တဲ့ စာအုပ်အတော်များများကို အခမဲ့ရယူနိုင်ပါတယ်။
Japanese Vocabulary ထဲမှာကတော့ ခြေခံဂျပန်စာ ဝေါဟာရလေးများကို အပြင်းပြေဖတ်ရှုနိုင်ပါတယ်။
Learning English လို့နာမည်ပေးထားပေမယ့် အမှန်ကတော့ Australia Network ပါ တီဗွီအစီအစဉ်ကို
အင်တာနက်ပေါ်မှာ တင်ထားပေးခြင်းဖြစ်ပါတယ်။ သူ့ထဲမှာ IELTS စာမေးပွဲဖြေဆို သူများ အင်္ဂလိပ်စာလေ့လာနိုင်ရန် အချက်အလက်များနဲ့ အသံနားထောင်နိုင်တဲ့ ဖိုင် တွေပါ ရယူနိုင်လို့ အတော်လေးကိုဘဲ အထောက်အကူပြုတဲ့ လင့်လေးတွပါ။

Sunday, 30 September 2007

ဘလောဒ့်အကြောင်း

အမှန်တော့ ကျွန်မဘလောဒ့်နဲ့ဝေးနေတာ အတော်လေးကိုကြာနေပါပြီး။ အစက ရှိရင်းစွဲတင်းမလိပ်ကိုပြင်ဖို့
ကျွန်မဘလောဒ့်ကိုခဏ ပိတ်ထားခဲ့ပါတယ်။ ဒီကြားထဲမှာလည်း မြန်မာနိုင်ငံအရေးနဲ့ပက်သက်ပြီး သတင်းတွေ
မနားတမ်းဖတ်နေရတာကြောင့် ကိုယ့်ဘလောဒ့်ကိုတောင်မဖွင့်ဖြစ်တဲ့နေ့တွေရှိပါတယ်။ သတင်းတွေက စက္ကန့် မလပ်တင်နေတာကြောင့် လွတ်သွားမှာစိုးတာကြော်င့်လည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ စာရေးဖြစ်
အောင်တော့ရေးမယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ကျွန်မဘလောဒ့်မှာလာလည်တဲ့ သူငယ်ချင်းတစ်ယောက်က
အလှအပနဲ့ပက်သက်တဲ့ ကျန်းမာရေးဆိုင်ရာပိုစ့်ကို သူ့ဘလောဒ့်မှာတင်ထားတာဖြစ်တာကြောင့် ကျွန်မ ၀ါသနာပါတာလေးနဲ့ ကျွန်မဘလောဒ့်ကိုအားဖြည့်ဖို့စဉ်းစားထားပါတယ်။ ကျွန်မရဲ့ ဘလောဒ့်ကိုလာလည် ကြတဲ့သူတွေကိုလည်း ကျွန်မရဲ့ခံစားချက်ပေါ်မှာမူတည်ပြီး ကျွန်မရဲ့တင်းပလိပ်လေးတွေကို ပြောင်းလည်းပြင် ဆင်သွားမှာဖြစ်တဲ့အပြင်၊ ကျန်းမားရေးနဲ့ပက်သက်တဲ့စာတွေရေးသွားဦးမှာ ဖြစ်ပါသဖြင့် ဆက်လက်အားပေး
ကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
နှင်းဆီနီနီ။။