မခွန်မြလှိုင်းရဲ့ ဒီပိုစ့်ထဲမှာ ကျွန်မတို့အတွက် ကျန်းမာရေးနဲ့ပက်သက်တဲ့ အသိပညာပေးလေးတွေပါလို့ လင့်ထားလိုက်တာပါ။
ရေခဲပြင်ထဲမှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင်: လက်ကိုင်ဖုန်းနဲ့ ကြက်ဥပြုတ်နည်း (ရှောင်ရန်များ)
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, 23 April 2008
ဟန်းဖုန်းများနဲ့ ပက်သက်သမျှ
Posted by Red's Rose Dream at 20:35Monday, 7 January 2008
ကင်ဆာ
Posted by Red's Rose Dream at 11:04အမှန်တော့ ကင်ဆာဆိုတာ သေချာ မြင်ဖူးကြားဖူးတာ၊ ကြားဖူးတာက ငယ်ငယ်တုန်းက အရပ်ထဲက သိပ်ပြီးလှတဲ့ အန်တီကြီး ရင်သားကင်ဆာဖြစ်တုန်းက တခါ။ အဲ့ဒီတုန်းက ကိုယ်က ၃ တန်းဘဲရှိသေးတာ။ ကင်ဆာနဲ့သေတာတဲ့၊ သေခါနီးမှာ အရမ်းပူတာတဲ့၊ ဆံပင်တွေကျွတ်ကုန်တာတဲ့ စသည်ဖြင့် ကင်ဆာရဲ့ ကောင်းကြောင်းများကို ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် ကိုယ်က ကလေးဆိုတော့ ဆေးရုံလည်းမသွားကြည့်ရဘူး။ နားနဲ့ဘဲ သတင်းတွေကြာခဲ့ ရတာ ပါ။ အဲ့ဒီ အန်တီကြီးမှာ ကိုယ်နဲ့ ရွယ်တူ ကောင်မလေးတယောက် ကျန်ခဲ့တယ်။ သူ့ကို သနားတယ် ဒါလောက်ပါဘဲ။ နောက် ၁၉၉၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ ကျွန်မ သူငယ်တန်းတုန်းက အတန်းပိုင်ဆရာမပါ။ သားအိမ်ကင်ဆာနဲ့ သေသွားပါတယ်။ ဆရာမဆုံးတော့ သူ့မှာ ၆ တန်းအရွယ်သမီးလေးနဲ့ ၅ နှစ်လောက်ဘဲရှိတဲ့ သမီးလေး နှစ်ယောက်ကျန်ခဲ့ပါတယ်။ အားလုံးစိတ်မကောင်း ဖြစ်ကြပါတယ်။ ကလေးတွေက ငယ်သေးလို့လေ။ အဲ့ဒီတုန်းကလည်း ကျွန်မဆယ်တန်းမို့ သတင်းဘဲ နားထောင်လိုက်ရပါတယ်။အဲ့ဒါတွေက ကျွန်မဘ၀မှာ ပထမဆုံးကြားဖူးတဲ့ ကင်ဆာဆိုတဲ့စကားလုံးတွေပါဘဲ။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ပါဘဲ။ သြော် ကင်ဆာဆိုတာ မြန်မြန်သေတယ်ပေါ့၊ ဒီလောက်ပါဘဲ။
ကင်ဆာဖြစ်ရင်သေတာဘဲလို့ လူတွေအများပြောကြတာပါဘဲ။ ကင်ဆာဆိုတာ မြန်မာလိုဆိုရင်တော့ မြစ်ပွားနာလို့ ခေါ်မလားဘဲ ကင်ဆာဖြစ်စေတဲ့အမြစ်တွေက ပွားပြီးဘာမှလုပ်လို့ မရတော့တာလို့ထင်ပါတယ်။ ကင်ဆာနဲ့ပက်သက်ပြီး ခုထိ ဆေးပညာသဘောတရားတွေကို မသိသေးပါဘူး။ သိအောင်လည်း မကြိုးစားမိခဲ့ဖူးပါဘူး။ ခုနောက်ပိုင်းတော့ ကင်ဆာ ဖြစ်ရင် ကင်ဆာဆေးတွေဘာတွေ သွင်းရင်တော့ သက်သာတယ်၊ လုံးဝပျောက်ကင်းတဲ့သူတွေလည်း ရှိတယ်လို့ ရုပ်ရှင်တွေ၊ သတင်းတွေထဲမှာ ကြားမိပါတယ်။ အဲ့ဒါကလည်း ၁၀၀ မှာ ၁၀ ယောက် ၁၅ ယောက်ထက် ပိုမယ်လို့မထင်မိပါဘူး။ အဲ့ဒီထက်တောင် နည်းချင် နည်းနိုင်ပါသေးတယ်။ ကျွန်မအမြင်မှာတော့ တချိန်တော့ သေကြရမှာပါဘဲ။ ကင်ဆာဖြစ်တယ်ဆိုတာ လူဘ၀မှာ သေမင်းတမန်ဆီကနေ အကြောင်းကြားစာ ရလိုက်သလိုပါဘဲလို့ သူများတွေရေးတာ ဖတ်ဖူးပါတယ်။ ဒါပေမယ့် လူ့ဘ၀မှာ ဘယ်အချိန်သေမလဲဆိုတာသာ မသိတဲ့ ဘ၀မှာကိုယ်က ငါ မကြာခင် သေတော့မှာပါလားလို့ သိနေတာက တမျိုးကောင်းနေသလိုဘဲ။ အဲ့ဒါကလည်း ကျွန်မအတွေးပါလေ။
ကင်ဆာဖြစ်တဲ့ လူနာတွေအတွက်ကတော့ ကျွန်မအမြင် ကြိုတင်အကြာင်းကြားစာ ရတော့ ကြိုတင် ပြင်ဆင်ချိန်တောင်ရနေသလိုပါဘဲ။ ကိုယ်သေတော့မှာ ပေါ့ ကိုယ့်အတွက် ဘာတွေလုပ်ရမလဲဆိုတာတွေ၊ ကိုယ်ဘာတွေလုပ်ဖို့ကျန်သေးတာတွေ နဲ့ ကိုယ်လုပ်ချင်တာတွေ အဲ့ဒါတွေကို အကြောင်းကြားစာ ရပြီးတာ နဲ့ ပြင်ဆင်လို့ ရနေပြီလေ။ အဲ့ဒီလို ကျွန်မကမြင်ပါတယ်။ ကျွန်မအမြင်က သူများတွေအတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။ ကိုယ်ချင်မှမစာလို့ ပြောရင် လည်း ခံရမှာပါဘဲလေ။ မဟုတ်လည်း လူဆိုတာ သေမျိုးဆိုတော့ တနေ့သေရမှာဘဲ။ ကိုယ်က ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့ သူများတွေထက်ပိုပြီး အချိန်ရနေလို့ အဆင်ပြေမလား ဆိုပြီး အဲ အဲ့ဒီလိုတွေးမိပါတယ်။ ဘာမှမလုပ်ဘဲ၊ ဘာမှမသိဘဲ သေသွားတာမျိုးကြီးကြတော့ ကံမကောင်းသလိုဘဲလို့ အခုစာရေးနေတဲ့အချိန်မှာ အတွေးပေါက်မိပါတယ်။
အဲ ကျွန်မ ဆယ်တန်းအောင်စာရင်တွေထွက်ပြီးတဲ့အချိန် လောက်တုန်းကတော့ ကျွန်မတို့ အရပ်ထဲက ကျွန်မတို့နဲ့အတော်ရင်နှီးတဲ့ အိမ်၂ အိမ်ကို အိမ်ရှင် တွေရဲ့ အမေတွေအလည်လာကြပါတယ်။ အဲ့ဒီအိမ်ရှင် တွေရဲ့ အမေနှစ်ယောက်လုံးကို အိမ်ရှင်တွေက ကျန်းမာရေးစစ်ပေးကြပါတယ်။ ပထမ အိမ်ရှင်ရဲ့ အမေ က အစာအိမ်ကင်ဆာရှိပါတယ်။ သုံးလလောက်ဘဲ ခံတော့မယ်လို့ ဆရာဝန်ကပြောပါတယ်။ ဒုတိယ တစ်ယောက်ကတော့ အသည်းကင်ဆာဖြစ်နေပါတယ် သူ့ကို တော့ ခွဲကြည့်ဦးမယ်လို့ပြောကြပါတယ်။
ပထမ တစ်ယောက်က မေမြို့ကပါ။ ကျွန်မတို့မိတ္ထီလာက သူ့သားရဲ့အိမ်ကို အလည်လာရင်းနဲ့ ဘာရယ်မဟုတ်ဘဲ မိတ္ထီလာက စစ်ဆေးရုံက ဆရာဝန်တွေ ထိုင်တဲ့ဆေးခန်းမှာ ဆေးသွားစစ်တာ အစာအိမ်ကင်ဆာဆိုတော့ သားဖြစ်တဲ့သူဆိုတာ မျက်နှာကိုမကောင်းဘူး။ အမေကိုတော့ ကင်ဆာဆိုတာ လုံးဝမပြော ပါဘူး။ ဒိအတိုင်ဘဲ မန်းလေးကို ပြန်ခေါ်သွားကြတယ်။ မန်းလေးမှာလည်း သူ့သားသမီးတွေ ရှိတာကို။ အဲ့ဒါနဲ့ မန်းလေးက ကင်ဆာဆေးရုံမှာ ကင်ဆာဆေး တွေဘာတွေသွင်းကြပါတယ်။
အဲ့ဒီအဖွားက စာတက်တော့ သူ့ကို ကင်ဆာဆေးသွင်းတာ သိပါတယ်။ ဘာဖြစ်လို့သွင်းတာလည်းလို့မေးတော့ ကင်ဆာဆာစပတ် ဆိုပြီး သားသမီးတွေကပြောလို့၊ သူကဘာမှမပြောဘဲ ကင်ဆာဆေးမှန်မှန်သွားသွင်းပါတယ်။ သူက အစကတော့ ပျောက်မယ်ထင်ပုံရတယ်။ ခုလိုတိုးတက်တဲ့ ခေတ်မှာက ကင်ဆာဆိုတာ ပျောက်နိုင်ကြောင်းဆိုတာကလည်း သူကသိတာကို။ ဒါပေမယ့် ပထမအကြိမ် ကင်ဆာဆေးသွင်ပြီးတော့ သူမခံနိုင်တော့ဘူးဆို တာသူသိ သွားပါတယ်တဲ့။ ဒုတိယအကြိမ်လည်း သွားသွင်းပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်သွင်းပြီးချိန်မှာတော့ သူ ဆေးမသွင်းတော့ဘူးလို့ ပြောပြီး သူ့ အိမ်ရှိရာ မေမြို့ကို ပြန်ပြီး ၄ လကျော် ၅ လလောက်မှာဘဲ ဆုံးသွားပါတယ်။
အဲ့ဒီအဖွားက ရယ်ဒီမိတ်တွေအရမ်းစားတာပါတဲ့။ ကြက်ကင်တောင် ရယ်ဒီမိတ်ကြက်ကင်စားတာပါတဲ့။ ခေါက်ဆွဲထုတ်ဆိုလည်း သူသိပ်ပြီးကြိုက်တာ။ အားလုံးကတော့ ရယ်ဒီမိတ်စားလွန်းလို့ အစာအိမ်ကင်ဆာ ဖြစ်တာလို့ မှတ်ချက်ချကြပါတယ်။ အဲ့ဒီအဖွားဆုံးပြီးတော့ ရယ်ဒီမိတ်သတိထား ဆိုပြီး အရပ်ထဲ ခေတ်စား လိုက်ပါသေးတယ်။
ဒုတိယအဖွားကတော့ အသည်းကင်ဆာဖြစ်တာပါ။ ဆရာဝန်တွေက အသည်းဆိုတာက ခွဲလိုက်ရင် ကောင်းသွားမှာလို့ ပြောပြီး မိတ္ထီလာမှာဘဲ ခွဲဖို့ပြင်ကြပါတယ်။ ဆေးရုံတွေဘာတွေတက်၊ ခွဲဖို့ လည်းဆေးတွေဘာတွေစစ်ပေါ့။ ပြီးတော့ ခွဲလည်းခွဲဖြစ်ရော ဆရာဝန်က အခြေအနေကအတော်ဆိုးနေတာမို့ အသည်းကိုမလှီးဘဲ ဒီအတိုင်ပြန်ပိတ် ပေးလိုက်ပါတယ်။ အဲ့ဒီအဖွားကိုတော့ ဆရာဝန်တွေက သိပ်ပြီးကြာကြာ ခံမှာမဟုတ်ဘူးလို့လည်း ပြောလိုက်ပါတယ်။ အဲ့ဒီအဖွားက ဗန်းမော်ကလာတာမို့ အပြန်ကို ဗန်းမော်ကို လေယာဉ်ပျံနဲ့ ခေါ်သွားလိုက်ပြီး သိပ်မကြာခင်မှာဘဲ ဆုံးသွားပါတယ်။
သူသားကတော့ သူရှိရာ နေရာမှာဘဲ နေစေချင်ပေမယ့် အဖွားက သူ့မွေးရပ်မှာဘဲ သေချင်တာကြောင့် ဗန်းမော်ကိုဘဲ ပြန်ချင်တယ်ဆိုလို့ ရောဂါသဲနေတဲ့ကြားကနေ ပြန်ပို့လိုက် ရတာပါ။ မဆုံးခင်မှာ အတော်ခံစားသွားရကြောင်းလည်း ပြန်လည်းကြားသိရပါတယ်။ ဒါပေမယ့် အဖွားက တရားအမြဲမှတ်နေတော့ တချက်လေးတောင်မညည်းသွားဘူး(နဲနဲတော့ ညည်းမှာပေါ့နော် သူများတွေလို အော်ဟစ်မနေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။)လို့ လည်းပြန်လည်ကြားသိရပါတယ်။
start from here
အဲ့ဒီနောက်ပိုင်း ကင်ဆာနဲ့ ပက်သက်တဲ့အကြောင်းတွေ မကြာခဏဆိုသလို ကြားနေရပါတယ်။ အဲ့ဒီနှစ်မှာဘဲ အမေ့ ညီမ၀မ်းကွဲရဲ့ ယောက်ျားလည်း အသဲကင်ဆာနဲ့ဘဲဆုံးသွားပါတယ်။ သူကတော့ အစကတည်းက အသည်း မကောင်းတာကို အားဆေးသွင်းပြီး မိတ္ထီလာကို အလုပ်ကိစ္စနဲ့ဘဲ အလည်လာတာပါ။ ဖျားတာ မသက်တာလို့ ဆေးရုံတင်တော့ ဗိုက်က ရေဖျင်းဆွဲလို့ အတော်ပူနေပါဘီ။ အဲဒီ့အပြင် လူက စီပိုး ဖြစ်နေတော့ ကြာကြာခံမှာမဟုတ်ဘူးလို့ ဆရာဝန်ကပြောပါတယ်။ မိသားစုကို အကြောင်းကြာတော့လို့လည်း ဆရာဝန်ကပြော နေပါဘီ။ သူကတော့ မိသားစုကို မခေါ်နဲ့ဦးလို့ပြောပေမယ့် ကျွန်မတို့က အသက်မမှီမှာဆိုးလို့ အကြောင်းကြားလိုက်ပါတယ်။ ဒီနေ့အကြောင်းကြား နောက်နေ့ဘဲ သူ့ရေဖျင်းကို ဖေါက်ပြီး ဆုံးသွားပါတယ်။
အဲ့ဒီဘကြီးကတော့ အသက်ထွက်တာမြန်တယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းဆိုးရင်း အသက်ပါသွားလို့ပါ။ အသည်းက အတော်ကျွမ်းနေလို့ လို့လည်း ဆရာဝန်ကပြောပါတယ်။ သူကတော့ နာတာရှည် အသည်းမကောင်းရာကနေ အသည်ကင်ဆာဘက်ကို ကူးသွားတာလို့လည်း ဆရာဝန်ကပြော ပါတယ်။ ဆေရုံတက်တာနဲ့ဘာနဲ့ဆို အများဆုံး ၁၀ ရက်လောက်ဘဲ ကြာမယ်ထင်ပါတယ်။
ဆက်ရန်.....

Saturday, 24 November 2007
သုံးမိနစ်ပဲစောင့်
Posted by Red's Rose Dream at 15:39သုံးမိနစ်ပဲစောင့်..... အဲ့ဒီစကားလုံးလေးဟာ မားမား ခေါက်ဆွဲကြော်ငြာ ကစကားလုံးလေးပါ။ ကျွန်မတို့ ငယ်ငယ် ကတော့ အသင့်စားခေါက်ဆွဲတွေ သိပ်ပြီးခေတ်မစားခဲ့ပေမယ့်။ အခုတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ အသင့်စား ခေါက်ဆွဲတွေကို လူအတော်များများ အထူးသဖြင့် ကျောင်းသူကျောင်းသားတွေသာဖြစ်ပါတယ်။ ကျွန်မက ခေါက်ဆွဲဆို အသေအလဲ ကြိုက်လဲကြိုက် စားလဲစားတဲ့သူပါ။ ငယ်ငယ်က နေမကောင်းဖြစ်ရင် အမေက ခေါက်ဆွဲ စားခွင့်ပေးလို့ ခဏခဏ နေမကောင်းချင်ယောင်ဆောင်တက်ပါတယ်။ ခေါက်ဆွဲစားချင်လို့။
ကျွန်မ ကိုးတန်းနှစ်က မနက်စောစော ကျူရှင်သွားရင် ယမ်ယမ်ခေါက်ဆွဲစားပြီးမှ သွားတက်ပါတယ်။ ကိုးတန်းနှစ် မှာဘဲ ကျွန်မအစာအိမ်ရောဂါ စဖြစ်ပါတယ်။ ဒီလိုဘဲ မျိုးရိုးလိုက်တယ်ဘဲ ထင်နေတာ။ နောက်ဆယ်တန်း နှစ်တနှစ်လုံး ယမ်ယမ်နဲ့ဘဲ နှစ်ပါးသွားနေခဲ့တာ။ အမြဲဗိုက်အောင်လို့ အစာအိမ်ဆေးအမြဲ သောက်ရတာ မုန်းတောင်နေတယ်။ ဒီလို ဒီလို တွေဖြစ်နေပေမယ့် ဘာကြောင့် ဖြစ်မှန်းတော့လုံးဝ မသိခဲ့ဘူး။ ဒီလိုနဲ့ အမေပေးလိုက်တဲ့ တခုတည်းသော အစာအိမ်လေး ဆေးသောက်လိုက်၊ ခေါက်ဆွဲစားလိုက်နဲ့ လုံးလည် ချာလည်လိုက်နေခဲ့တာ ၂၀၀၃ကိုရောက်မှ၊ ကျွန်မသွားတက်တဲ့ သင်တန်းတခုမှာ အလည်လာတဲ့ ဂျပန်က ဆရာကိုမြင်မှဘဲ ခေါက်ဆွဲစားရမှာ အတော်ကြောက်သွားခဲ့ပါတယ်။
သိကြတဲ့အတိုင်း ဂျပန်တွေက ခေါက်ဆွဲထုတ်တွေသိပ်စားကြတာ၊ သူတို့ ဆီကထုတ်တဲ့ ခေါက်ဆွဲထုတ် တွေကလည်း အရမ်းစားလို့ကောင်းတာ။ ကျွန်မတော် တခါတလေ City Mart ကနေ ဂျပန်ခေါက်ဆွဲထုတ် တွေကို စားချင်လို့ ဈေးကြီးကြီးပေးပြီး ၀ယ်စားဖြစ်ပါတယ်။ အဲ့ဒီ ဂျပန်ဆရာကို ကျွန်မတို့က အနည်းဆုံး ၃၅၊ ၃၆ အဲ့ဒီလောက်ရှိပြီးလို့ ထင်နေကြတာပါ။ ဆရာကလည်း ထင်ချင်စရာဘဲကို နောက်စိက ဆံပင်က သိပ်မရှိတော့ဘူး။ နဖူးနဲနဲပြောင်ချင်နေပြီ။ အဲ အဲ့ဒီလိုဖြစ်နေတာ။ မထင်ဘူး သူက သူ့အသက်ကိုပြောတော့မှ ၂၇ ဘဲရှိပါသေးတယ်တဲ့လေ။ အဲ့ဒီတုန်းက ကျွန်မအသက် ၂၃ ဘဲရှိသေးတာ။ ကျွန်မတို့နဲ့ အသက်သိပ်မကွာတဲ့ အဲ့ဒီဂျပန်က လာတဲ့ဆရာကို ကြည့်ပြီး အတော် စိတ်ပျက်သွားပါတယ်။ အဲ သူက အရမ်း ဦးနှောက်တွေ သုံးလို့ ဆံပင်တွေမရှိတော့တာလို့ တွေးလဲ တွေးလို့ရပါတယ်။
ကျွန်မတို့နဲ့ သင်တန်းတက်တဲ့ အမတစ်ယောက်ကပြောပါတယ်။ အဲ့ဒါ ခေါက်ဆွဲထုတ်တွေ စားတာများလို့တဲ့လေ။ စဉ်းစားကြည့်ပါ ကျွန်မနဲ့အသက် သိပ်မကွာတဲ့ သူက ဒီလောက်ဆံပင်တွေ ပြောင်နေတာ အတော်ဘဲ တုန်လှုပ်သွားပါတယ်။ ကျွန်မကလဲ အသေအလဲ ခေါက်ဆွဲထုတ်စားတာကို။ ကိုယ့်ခေါင်းကို ပြန်စမ်းကြည့်ရသေးတယ်။ ဆံပင်တွေရှိသေးရဲ့လားလို့။ ငယ်ငယ်က ပါးလွန်းလို့ မနည်းမွေးယူ ခဲ့တဲ့ ဆံပင်တွေ ကျွတ်ထွက်ပြီး ပြောင်ပြောင်ကြီး ဖြစ်နေမှာတော့ ကျွန်မအတော်ကြောက် မိပါတယ်။ ယောက်ျားလေးတွေ ခေါင်းပြောင်တာ သိပ်ပြီး ကြည့်ရမဆိုးပေမယ့်။ မိန်းကလေးတွေဆိုရင်တော့ အတော်ကြည့်ရဆိုးမယ် ထင်ပါရဲ့။
ဒီလိုနဲ့ ကျွန်မခေါက်ဆွဲထုတ်တွေစားတာ နဲနဲလျှော့သွားပါတယ်။ အပြင်မှာ ခေါက်ဆွဲထုတ်တွေ သိပ်မစားဖြစ် တော့ဘူး။ နောက်ပိုင်း ကျွန်မအသိတယောက် ကခေါက်ဆွဲထုတ်တွေ သတိထားလို့ပြောလာပါတယ်။ ဘာလို့လဲဆိုတော့ အမေရိကားက သူ့မိတ်ဆွေ တစ်ယောက်ကပြောပါတယ်တဲ့။ သူတို့ဆီမှာ ခေါက်ဆွဲထုတ်နဲ့ ပက်သက်ပြီး စမ်းသပ်ချက်တွေရှိနေပါတယ်တဲ့။ ကျွန်မတို့ စားတဲ့ အစာတွေကို အစာအိမ်က ချေဖျက်နိုင်အောင် အသည်းက အစာချေရည်တွေထုတ်ပေးရပါတယ်။ ခေါက်ဆွဲထုတ် တစ်ထုတ် စားပြီး ချိန်မှာတော့ ခေါက်ဆွဲတွေကို တာရှည်ခံအောင် ထည့်ထားတဲ့ ဓာတုပစ္စည်းတွေ၊ ခေါက်ဆွဲလေးတွေ တွန့်တွန့်လေး တွေဖြစ်အောင် ထည့်ထားတဲ့ ကော်တွေကို ကျေချက်ရန် အသည်းက ၃၇ အလုပ်လုပ်ပြီး အစာချေရည် ထုတ်မှသာ အဲ့ဒီ့ ဓာတုပစ္စည်းတွေက လူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကျေညက်သွားပါတယ်။
ဒါဆို ကျွန်မတို့ ခေါက်ဆွဲတထုတ်စားပြီး နောက် ၃၇ ရက်လောက်နေမှ နောက်ထပ် ခေါက်ဆွဲတထုတ်စားသင့် တာပေါ့။ အဲ့ဒါဆို ဒုက္ခပါဘဲ။ ကျွန်မက ခေါက်ဆွဲထုတ်ကို တခါတလေ တနေ့ကို ၂ထုတ်လောက်စားဖြစ်တာပါ။ ကျွန်မ မိတ်ဆွေကတော့ ဖြစ်နိုင်ရင် ခေါက်ဆွဲထုတ်တွေ မစားပါနဲ့လို့ ကျွန်မကိုပြောပါတယ်။ တကယ်လို့ စားချင်တယ်ဆိုရင်တော့ ပထမဆုံး ခေါက်ဆွဲကို အရင်ပြုတ်၊ ခေါက်ဆွဲပြုတ်ရေကို သွန်ပြီး၊ နောက်ထပ်တရေ ထပ်ပြုတ်ပြီး မှစားရင် အကောင်းဆုံးလို့ပြောပါတယ်။ နောက်ပြီး သူကပြောပါသေးတယ် ခေါက်ဆွဲထုတ်က ခေါက်ဆွဲတွေပြုတ်ပြီး မစားဖြစ်လို့ မြောင်းထဲကို သွန်လိုက်တာ တော်တော်နဲ့ ပုတ်မသွားတာလကိုလည်း တွေ့တာတွေ ရှိတဲ့ကြောင်းကိုပါ ထည့်ပြောသွားလို့ အဲ့ဒီနောက်ပိုင်း ကျွန်မခေါက်ဆွဲထုတ်စားတာတွေကို ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကိုယ်ကြိုက်တဲ့ အစားအစာဆိုတော့ ဖြတ်ရတာ အတော်ခတ်ပါတယ်။ စားသောက်ဆိုင်တွေ၊ ကင်တင်းတွေ သွားတိုင်း ရတက်တဲ့ ခေါက်ဆွဲပြုတ်နံ့လေးက ကျွန်မကိုဆွဲဆောင်နေမယ့်။ မကောင်းဘူးဆိုတော့လည်း ဖြတ်ရတာပေါ့။ နောက်ပိုင်းတော့လည်း စားနေမကျတော့ အကျင့်ဖြစ်ပြီး အဆင်ပြေသွားပါတယ်။ ခေါက်ဆွဲထုတ် ဖြတ်ပြီးနောက်ပိုင်းတော့ ကျွန်မရဲ့အစာအိမ်နာ ရောဂါဟာ အတော် သက်သာသွားခဲ့ပါတယ်။
ဒီရောက်ပြီး နောက်ပိုင်းမှ၊ ဒီကမိတ်ဆွေတယောက် အီးမေလ်လှမ်းပို့ပါတယ်။ ခေါက်ဆွဲထုတ်တွေ သတိထား စားဖို့နဲ့ အဖြစ်မနေ စားချင်တယ်ဆိုရင် သူက ဘယ်လို ပြုတ်ပြီး စားရတယ်ဆိုတာကို အသေးစိတ် ရေးထားပါတယ်။ မေးလ်ကိုတော့ ဘာသာပြန်ပြီး ထည့်လိုက်ပါတယ်။
ပထမ
ခေါက်ဆွဲကို ရေဆူဆူမှာအရင်ပြုတ်ပါ။ပြီးရင်အဲ့ဒီ အရည်ကို သွန်ပြစ်ရမှာဖြစ်ပါတယ်။
ဒုတိယ
နောက်ထပ် ရေနွေးထပ်တည်ပြီး ခေါက်ဆွဲပြန်ပြုတ်ရပါမယ်။ ၁ မိနစ်လောက်ကြာမှ မီးပိတ်၊ မီးပိတ်ပြီးမှ ခေါက်ဆွဲထုတ်မှာပါတဲ့ အရသာမှုန့်အထုတ်တွေ ထည့်ရပါမယ်တဲ့။
သူကတော့ ခေါက်ဆွဲတွေကု အတွန့်တွေပြောက်သွားအောင် ပြုတ်ဖို့နဲ့၊ မီးဖိုပေါ်မှာ မီးမပိတ်သေးဘဲ အရသာအထုတ်တွေ မထည့်ဖို့ မှာထားပါတယ်။ အရသာအထုတ်တွေက မီးအပူကြောင့် ဓာတ်ပြုပြီး ကင်ဆာ ဖြစ်မှာစိုးလို့ ဖြစ်ပါတယ်တဲ့။
အထက်က ကျွန်မမိတ်ဆွေ ပြောထားတာတဲ့ အနည်းငယ်ဆင်ပါတယ်။ ကျွန်မ သူငယ်ချင်း၊ မိတ်ဆွေများ၊ ခေါက်ဆွဲထုတ်ကြိုက်ကြတဲ့ သူများ သတိထားပြီး ဆင်ခြင်နိုင်အောင် တင်လိုက်ခြင်းဖြစ်ပါတယ်။ ဆေးပညာနဲ့ ပက်သက်လို့ သိပ်ပြီး တိတိကျကျမသိပေမယ့် စိတ်ဝင်စားစရာ သတင်းလေးမို့ တင်လိုက်ချင်းဖြစ်ပါတယ်။ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်။ ကျွန်မကတော့ ဒီရောက်မှ ခေါက်ဆွဲထုတ်တွေ ပြန်စားမိပြီး မဖြတ်နိုင်ဖြစ် နေလို့ အထက်ကနည်းအတိုင်း ပြုတ်စားနေပါကြောင်း။:P သုံးမိနစ်စောင့်ဆိုတဲ့ စကားလေးက ပြောလို့ကောင်း ပေမယ့် တကယ်သူပြောသလိုသာ စားမိရင်တော့.....
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Thursday, 22 November 2007
အသည်းနဲ့ တည့်အောင်နေပါ
Posted by Red's Rose Dream at 17:16Good Health ဂျာနယ် အမှတ်(၃၆) တွင် ဖော်ပြခဲ့သော ဒေါက်တာရဲနိုင်၏ "အသည်းနဲ့ တည်အောင်နေပါ" ဆောင်းပါး ကို ပြန်ကူးထားတာပါ။ မအိပ်မနေ စာတွေရိုက်ပြီး တင်နေတက်တဲ့ ဘလောဒ့်ဂါများ အတွက် ရည်ရွယ်ပြီး ပြန်ကူးထားတာပါ။ သိမ်းထားချင်တာကြောင့်လဲ ဖြစ်ပါတယ်။
အသည်းဆိုတာ ခန္ဒ္ဓာကိုယ်ရဲ့ ဓါတ်ခွဲခန်း(သို့) ဓာတုဗေဒစက်ရုံကြီး ဖြစ်ပါတယ်။ ဇိဝယန္ဒရားကြီး ပုံမှန်လည်ပတ် ဖို့အတွက် အစာအဟာရကို ကုန်ကြမ်းပြုပြီး လိုအပ်တဲ့ ဇီဝပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်၊ ပြီးတော့ ခန္ဓာကိုယ်တွင်းကို ရောက်လာတဲ့ အဆိပ်အတောက်တွေ(ဥပမာ-အရက်နဲ့ ဓာတုပစ္စည်းတွေ)ကိုလည်း ချေဖျက်စွန့် ထုတ်ပေးနေပါတယ်။
ဒီတာဝန်ကို အသည်းဟာ အခြားအင်္ဂါတွေနဲ့ ပူးပေါင်းပြီး ၂၄ နာရီထမ်းဆောင်ရာမှာ ဇီဝနာရီရဲ့ အချိန်ဇယား အတိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လူတွေဟာ ဒီအချိန်ဇယားနဲ့ လိုက်လျောညီထွေ နေထိုင်စားသောက်အိပ်စက်တက်ရင် အသည်းလည်းကျန်းမာမယ်။ လူလည်း အသက်ရှည်မယ်လို့ ဆိုကြပါတယ်။ လူတွေရဲ့ အချိန်ဇယားနဲ့ အသည်းရဲ့အချိန်ဇယား အံမ၀င်ခွင်မကျဖြစ်နေတော့ အသည်းလည်း ပျက်စီးလွယ်ပြီး လူလည်းကျန်မာရေး ထိခိုက်နိုင်ပါတယ်။
ဒီတော့ ကိုယ့်ရဲ့အသည်းနဲ့ ကိုယ်နဲ့ချိန်ကိုက်ညီ သဟဇာတဖြစ်အောင် ဆင်ခြင်တက်ဖို့ အသည်းရဲ့အချိန် ဇယားကို ဖော်ပြလိုက်ပါတယ်။

ည ၉ နာရီမှ ၁၁ နာရီ
ဒီအချိန်မှာ အသည်းဟာ လင့်ကျိတ်(Lymph nodes)ကတဆင့် ကိုယ်ခံစွမ်းအားစနစ်နဲ့ အဆိပ်အတောက်တွေ ကို ချေဖျက်နေတဲ့ အချိန်ဖြစ်ပါတယ်။ လူရဲ့ခန္ဓာကိုယ်ဟာ အနားယူရမယ့် အချိန်ပါ။ တေးဂီတ၊ တီဗွီ၊ ဗီဒီယိုကြည့် အပန်းဖြေရမယ့် အချိန်မျိုးဖြစ်ပါတယ်။ အလုပ်ဇောကပ်တဲ့ ယောက်ျားတွေ၊ နေ့မှာ စီးပွားရေးလုပ်ပြီး ညကျမှ အိမ်မှုကိစ္စတွေလုပ်ရတဲ့ အိမ်ရှင်မတွေ ဒီအချိန်အထိ အလုပ်လုပ်တုန်းဆိုရင်တော့ အသည်းရဲ့ အချိန်ဇယားနဲ့ လွဲချော်နေပြီဆိုတာ သတိထားသင့်ပါတယ်။
ည ၁၁ နာရီမှ သန်းခေါင်ကျော် ၁ နာရီ
အသည်းဟာ သည်းခြေအိတ်နဲ့အတူ အဆိပ်အတောက်တွေ ဖယ်ရှားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ လူဟာလည်း အိပ်စက်အနားယူရမယ့် အချိန် ဖြစ်ပါတယ်။ ဒီအချိန်အထိ မအိပ်သေးဘဲ ဖျော်ဖြေမှုတွေနဲ့ ပျော်ပါး နေရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
နံနက် ၃ နာရီမှ ၅ နာရီ
အသည်းဟာ အဆုတ်မှ တဆင့် အဆိပ်အတောက်တွေဖယ်ရှားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီအချိန် ချောင်းဆိုးကြ တာဟာ သလိပ်နဲ့အတူ အဆိပ်အတောက်တွေကို စွန့်ထုတ်နေတာမို့ ချောင်းဆိုးပျောက်ဆေးတွေ မသောက် သင့်ဘူးလို့ ဆိုထားပါတယ်။နံနက် ၅ နာရီမှ ၇ နာရီ
အသည်းဟာ အူမကြီးမှတဆင့် အဆိပ်အတောက်တွေကို စွန့်ထုတ်နေပါတယ်။ ဒါကြောင့် အိပ်သာတက်၊ ဆီး၊ ၀မ်းသွားတာအကျင့်ဖြစ်နေဖို့ လိုပါတယ်။ ဒီအချိန်မှာ အိမ်သာမတက်၊ မစွန့်ထုတ်ဖြစ်သေးရင် ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းတွေ (မြန်မာလို အပုပ်အစပ်တွေ)ကို သိမ်းဆည်းသိုလှောင်ထားသလို ဖြစ်နေပါလိမ့်မယ်။
ဒီတော့ အသည်းကို ပျက်စီးစေမယ့် အမူအကျင့်တွေကို ပြောရမယ်ဆိုရင်-
နံနက် ရ နာရီမှ ၉ နာရီ
အူသိမ်ထဲက အစာအဟာရတွေကို အသည်းက စုပ်ယူနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ အူသိမ်ထဲမှာ အစာသစ် ရှိနေရမှာဖြစ်လို့ နံနက်ခင်းစာကို စားထားပြီးဖြစ်နေသင့်ပါတယ်။ မကျန်းမာတဲ့သူဆိုရင် နံနက် ၆ နာရီခွဲ ကတည်းကစားထားရမယ့်လို့ ဆိုပါတယ်။ အိပ်ရာထနောက်ကျလို့ ၉နာရီကျော်မှ နံနက်ခင်းစာစားရင်း လည်း မိမိအကျင့်နဲ့ ဇိဝနာရီ အချိန်ဇယားက လွဲချော်နေပြီးလို့ မှတ်ယူရပါမယ်။ဒီတော့ အသည်းကို ပျက်စီးစေမယ့် အမူအကျင့်တွေကို ပြောရမယ်ဆိုရင်-
- -ညဥ့်နက်မိုးချုပ်တဲ့အထိ အလုပ်လုပ်တာ၊ ညဥ့်နက်သန်းခေါင်ထိ မအိပ်သေးတဲ့အကျင့်ဟာ မကောင်းပါဘူး။
- -သန်းခေါင်ကျော်အချိန်မှ နံနက် ၄ နာရီ အတွင်းမှာ ရိုးတွင်းခြင်ဆီက သွေးအသစ်ထုတ်လုပ်တဲ့ အချိန်မို့ ဒီအချိန်ထိ မအိမ်သေးရင် ပိုဆိုးပါတယ်။
- -နံနက်စောစောမထဘဲ အိပ်ရာထနောက်ကျလို့ အိမ်သာစောစော မတက်ဖြစ်တာ၊ နံနက်ခင်းအစာကို မစားဖြစ်တက်ကြတာ တွေကလည်း ကျန်းမာရေးကို ထိခိုက်ပါတယ်။
- -အစားကြူးတာ၊ အရက်၊ ဆေးလိပ်နဲ့ မလိုဘဲ ဆေးဝါးနဲ့ ဓါတုပစ္စည်းတွေ၊ ရောင်ခြယ်ပစ္စည်းအနံအရသာ ပိုကောင်းအောင်(ဥပမာ- အချိုမှုန့်) ပါတဲ့ အစားအစာတွေဟာ အသည်းကို တာဝန်ပို၊ ၀န်ပိစေပါတယ်။
- -မသန့်တဲ့ဆီနဲ့ ကြော်ချက်တဲ့ အစားအစာတွေဟာ အသည်းနဲ့မတည့်ပါဘူး။(သံလွင်ဆီဟာ အသည်းအတွက် အသင့်တော်ဆုံးလို့ ပြောကြပါတယ်။) ဟင်းသီးဟင်းရွက်တွေကို အစိမ်းသန့်သန့်စား၊ ကြော်စားမယ်ဆိုရင်လည်း အကျက်မလွန်စေနဲ့။ ကြော်ထားတဲ့ အသီးအရွက်တွေကို တခါတည်းနဲ့ အပြတ်စား၊ ကျန်တာကို သိမ်းပြီးနောက်မှ တခါပြန်စားတာလည်း ကျန်းမာရေနဲ့ မသင့်တော်ဘူးလို့ မှတ်သားထားရပါတယ်။ ကိုယ့်အသည်းနဲ့ကိုယ် တည့်အောင်နေတက်ဖို့ လိုပါတယ်။
ဘလောဒ့်ဂါအားလုံး ကျန်းမာ ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။
နှင်းဆီနီနီ။။
Sunday, 30 September 2007
အသားအရေထိန်းသိမ်းကြစို့
Posted by Red's Rose Dream at 11:08အသားအရေနဲ့ပက်သက်လို့ ကျွန်မသိသလောက် ကိုမျှဝေပါတယ်။ လူတွေအတော်များများ ကသိထားတဲ့ လွဲနေတဲ့ ကျန်မားရေးနဲ့ ပက်သက်တဲ့ သိသင့်တဲ့အချက်လေးတွေကို ဒီပိုစ့်အောက်မှာတင်သွားပါမယ်။ ကျွန်မရေးထားတဲ့နည်းတွေဟာ မြန်မာပြည်ကကျွမ်းကျင်းသူတွေရဲ့ ဟောပြောချက်တွေထဲက ကျွန်မ မှတ်မိသလောက် အရေးကြီးတဲ့ အချက်တွေကို ပြန်ရေးထား တာဖြစ်ပါတယ်။ အမှားများဖြစ်လျှင် အချိန်မှီပြင်ဆင်နိုင်ရန် ကွန်မန့်ထဲမှာရေးပေးခဲ့ကြပါ။ အခုရေးထားတာတွေဟာ ကျွန်မကိုယ်တိုင် လိုက်နာကျင့် သုံးနေသောနည်းများဖြစ်ပြီး၊ အကျိုးသက်ရောက်မှုလည်းရှိပါတယ်။
အမျိုးသမီးများသာမက အမျိုးသားများပါ မိမိရဲ့အသားအရေကျန်းမာရေးကို ဂရုစိုက်သင့်ကြောင်း ကျွန်မသွားရောက် နားထောင်ခဲ့တဲ့ ဟောပြောပွဲကတဆင့် သိရှိခဲ့ပါတယ်။
ပထမဦးစွာ-မျက်နှာသစ်မည်ဆိုရင် အရင်ဆုံးမျက်နှာကို အရင်ရေနဲ့ သစ်ပါ။ ပြီမှမျက်နှာသစ်
ဆပ်ပြာအနည်းငယ်ကို လက်ထဲတွင်ထည့်ပြီး၊ ပြီးလျှင်ရေအနည်းငယ်ထည့်ပါ။
ထို့နောက်လက်နှစ်ဘက်နှင့် ဆပ်ပြာများကိုအမြှုပ်များထွက်လာအောင်ပွတ်ပါ။
အမြှုပ်များထွက်လာမှမျက်နှာပေါ်တင်ပြီး အသားအရာ ပွတ်ပေးပါ။ ပွတ်လျှင်
လည်း ပါးပေါ်တွင် စက်ဝိုင်းသဏ္ဌာန် အောက်မှ၊အထက်သို့ ပွတ်ပေးပါ။ ပြီးလျှင်
ရေဆေးပြီး နောက်ထပ်တစ်ကြိမ်ကို ပထမနည်းအတိုင်းလုပ်ပေးပါ။ အကောင်း
ဆုံးကတော့ နှစ်ကြိမ်ဆေးပေးတာအကောင်းဆုံးပါ။
သတိုပြုရန်။ ။မျက်နှာသစ်ဆပ်ပြာ ကြော်ငြာတွေထဲကလို အများကြီးထည့်ပြီးတော့သစ်စရာမလိုပါ။
ဆပ်ပြာကို မျက်နှာပေါ်တင်ပြီးမှ မျက်နှာသစ်လျှင်၊ မျက်နှာကိုရေနှင့်ဆေးသည့်အခါ
မျက်နှာပေါ်က ချွေးပေါက်တွေဟာ ရေရဲ့အအေးဓါတ်ကြောင့်ချက်ချင်းကြုံ့သွားပြီး
မျက်နှာပေါ်မှာ တင်ထားတဲ့ ဆပ်ပြာတွေဟာ အရေပြားထဲကို အလွယ်တကူနစ်ဝင်
သွားတက်တာ ကြောင့် မျက်နှာသစ်တော့မယ်ဆိုရင် ဆပ်ပြာကို လက်နဲ့ပွန်ပြီးမှ၊ အမြှုပ်
ထွက်လာ မှသာ မျက်နှာပေါ်ကိုတင်ပြီး သစ်ပေးပါ။
ဒုတိယအချက်အနေနဲ့ကတော့ အသက် ၁၆ နှစ်လောက်ကစပြီးအသားအရေထန်းသိမ်းမှုကို တက်နိုင်သရွေ့ ကြိုးစားပြီးလုပ်သင့်ကြောင်းကိုလည်း သိခဲ့ရပါတယ်။ ကိုယ့်ရဲ့ငွေကြေးသုံးစွဲနိုင်မှုအပေါ်မှာမူတည်ပြီး အသား အရေ ထိန်းသိမ်းမှုပစ္စည်းများကို ၀ယ်ယူသုံးစွဲသင့်တယ်လို့လည်းဟောပြောသူကအကြံပေးသွားပါတယ်။ အရေး အကြီးဆုံးကတော့ မိမိအသားအရေကို ပုံမှန်ဂရုစိုက်နေဖို့ လိုအပ်ပါတယ်တဲ့။ လူအတော်များများဟာ အသားအရေပျက်စီးမှသာ ဂရုစိုက်တက်ကြပါတယ်။ အသက် ၄၀ ကျောက်မှ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေသုံးစွဲသင့်တယ်လို့ ထင်နေတာလည်းမှားကြောင်းကိုလည်း ပြောပြသွားပါတယ်။ အသက်အရွယ် ကိုလိုက်ပြီးအသားအရေထန်းသိမ်းမှု ပစ္စည်းတွေကို ပြောင်းလည်းသုံးစွဲသင့်ကြောင်းကိုလည်း အကြံပြုသွား ပါတယ်။ သူဆိုလျှင် အသက်(၃၀) ကျော်ကတည်းက သနပ်ခါးမလိမ်းတော့ကြောင်းလည်းပြောပြသွားပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ။

Subscribe to:
Posts (Atom)