Sunday 30 September 2007

ဘလောဒ့်အကြောင်း

အမှန်တော့ ကျွန်မဘလောဒ့်နဲ့ဝေးနေတာ အတော်လေးကိုကြာနေပါပြီး။ အစက ရှိရင်းစွဲတင်းမလိပ်ကိုပြင်ဖို့
ကျွန်မဘလောဒ့်ကိုခဏ ပိတ်ထားခဲ့ပါတယ်။ ဒီကြားထဲမှာလည်း မြန်မာနိုင်ငံအရေးနဲ့ပက်သက်ပြီး သတင်းတွေ
မနားတမ်းဖတ်နေရတာကြောင့် ကိုယ့်ဘလောဒ့်ကိုတောင်မဖွင့်ဖြစ်တဲ့နေ့တွေရှိပါတယ်။ သတင်းတွေက စက္ကန့် မလပ်တင်နေတာကြောင့် လွတ်သွားမှာစိုးတာကြော်င့်လည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ စာရေးဖြစ်
အောင်တော့ရေးမယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ကျွန်မဘလောဒ့်မှာလာလည်တဲ့ သူငယ်ချင်းတစ်ယောက်က
အလှအပနဲ့ပက်သက်တဲ့ ကျန်းမာရေးဆိုင်ရာပိုစ့်ကို သူ့ဘလောဒ့်မှာတင်ထားတာဖြစ်တာကြောင့် ကျွန်မ ၀ါသနာပါတာလေးနဲ့ ကျွန်မဘလောဒ့်ကိုအားဖြည့်ဖို့စဉ်းစားထားပါတယ်။ ကျွန်မရဲ့ ဘလောဒ့်ကိုလာလည် ကြတဲ့သူတွေကိုလည်း ကျွန်မရဲ့ခံစားချက်ပေါ်မှာမူတည်ပြီး ကျွန်မရဲ့တင်းပလိပ်လေးတွေကို ပြောင်းလည်းပြင် ဆင်သွားမှာဖြစ်တဲ့အပြင်၊ ကျန်းမားရေးနဲ့ပက်သက်တဲ့စာတွေရေးသွားဦးမှာ ဖြစ်ပါသဖြင့် ဆက်လက်အားပေး
ကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
နှင်းဆီနီနီ။။