Friday 7 March 2008

ခုတော့ ....

စလုံး.. စလုံး နဲ့ နာမည်ကြီးနေတဲ့ မြို့တော်။ တကယ်တန်းကိုယ်ရောက်တော့လည်း သူများတွေပြောသလို ပျော်စရာမကောင်းပါဘူး။ အိမ်နဲ့မခွဲဖူးတဲ့သူတွေတော့ မသိပါဘူး။ ကျွန်မ အိမ်နဲ့ ခွဲနေကျ၊ အဆောင်နေဖူးတဲ့ အတွေ့အကြုံရှိတာကိုတောင် အိမ်ကို သိပ်ပြီးလွမ်းပါတယ်။ အထီးကျန်သလိုဘဲ ခံစားရပါတယ်။ အိမ်ကိုပြန်ချင်စိတ်တွေရောက်မလာအောင် ဘယ်လောက်ဘဲ ဖျောက်ဖျောက်ရှိနေတာပါဘဲ။မနက်မိုးလင်းရေ မနက်စာမစားသေးဘူးလားလို့ ကွန်ပျူတာရှေ့မှာ မိုးလင်းတာနဲ့ထိုင်တက်တဲ့ ကျွန်မကိုလာပြောမယ့် အမေမ

ရှိဘူး။ ဟင်းမချက်သေးဘူးလားလို့ မေးမယ့် မောင်လေးမရှိဘူး။ ထမင်းခူးတော့လို့ ပြောမယ့် အဖေမရှိဘူး။

ထမင်းလေး တခါစာဖို့ ပေးပြီးရေးပါတခါးတွေအခါခါဖွင့် လှေခါးထစ်ပေါင်းများစွားဆင်း၊ ထမင်းထည့်ပေးမယ့် ဆိုင်ရှင့်ကိုပြုံပြ၊ ပြုံမပြရင်လည်း စာချင်တာတွေ ပြောရ၊ပြရ၊ ပိုက်ဆံရှင်းရ။ အမေချက်ပေးတဲ့ထမင်း တစ်ပွဲက အပြင်ရောက်မှ သိပ်ပြီးတန်းဖိုးရှိပါတယ်။ အိမ်မှာနေတုန်းက ဟိုဟာချက်တာမစားချင်ဘူး၊ အမေချက်တာ ငံတယ်၊ ချဉ်တယ်၊ ဒီလိုချက်တာစားမကောင်းဘူးလို့ အမြဲဂျီကျတက်တဲ့ ကျွန်မ။ အပြင်ရောက်မှ ဟဲ့ နင်တို့ချက်တာကလည်း ပေါ့လိုက်တာ၊ နင်တို့ အရွက်တွေကို နူးအောင်ကြော်မထားဘူး၊ အဲ့ဒီလောက်ထည့်တာ ငါဘယ်ဝပမလဲ..စတဲ့ စိတ်ထဲက အလိုမကျတာတွေ ထမင်းဆိုင်ကလူကို သွားပြောလို့မရပြန်ဘူး။ ဒါတောင်ကိုယ့်မှာ ၀ယ်စားစရာ ပိုက်ဆံကို အိမ်ကပေးနေသေးလို့။

ကိုယ်တိုင်ပိုက်ဆံရှာရ၊ အရာရာသာစီစဉ်ရရင် ဘယ်လိုများနေမလဲမသိဘူး။အိမ်မှာ တခုလုပ်ပြီးရင် နောက်တစ်ခုမလုပ်တက်တဲ့ကျွန်မ ခုတော့ အကုန်လုံး ကိုယ်တိုင်လုပ်နေရပြီ။ ဟင်းချက်ရင် ပန်းကန်မဆေးချင်ဘူး၊ အ၀တ်လျှော်ရင် မီးပူမတိုက်ချင်ဘူး။ တခုဘဲရမယ် နှစ်ခုမရဘူးလို့ အမြဲဆင်ခြေနဲ့ တွက်ကပ်တက်တဲ့ကျွန်မ။ ခုတော့ ....