Tuesday 23 December 2008

Lucky


Song:
Lucky_ Jason Mraz

Do you hear me,
I'm talking to you
Across the water across the deep blue ocean
Under the open sky oh my, baby I'm trying
Boy I hear you in my dreams
I feel your whisper across the sea
I keep you with me in my heart
You make it easier when life gets hard

I'm lucky I'm in love with my best friend
Lucky to have been where I have been
Lucky to be coming home again
Oooohhhhoohhhhohhooohhooohhooohoooh

They don't know how long it takes
Waiting for a love like this
Every time we say goodbye
I wish we had one more kiss
I'll wait for you I promise you, I will

I'm lucky I'm in love with my best friend
Lucky to have been where I have been
Lucky to be coming home again
I'm lucky we're in love in every way
Lucky to have stayed where we have stayed
Lucky to be coming home someday

And so I'm sailing through the sea
To an island where we'll meet
You'll hear the music, feel the air
I'll put a flower in your hair
Though the breezes through trees
Move so pretty you're all I see
As the world keeps spinning round
You hold me right here right now

I'm lucky I'm in love with my best friend
Lucky to have been where I have been
Lucky to be coming home again
I'm lucky we're in love in every way
Lucky to have stayed where we have stayed
Lucky to be coming home someday

Ooohh ooooh oooh oooh ooh ooh ooh ooh
Ooooh ooooh oooh oooh ooh ooh ooh o oh


Sunday 14 December 2008

Chicken Rice


ကြက်ဆီထမင်းဆိုတာ စလုံးမှာ နေရာတော်တော်များများမှာတွေ့ရမှာပါ။ မစားချင်မှအဆုံး။ မန်းလေးမှာ နေတုန်း ကတော့ စာမေးပွဲနီးတိုင်း တော်တော်စားဖြစ်တဲ့အစားအသောက်ပါ။ ဒါပေမယ့် တစ်ခါမှတော့ လုပ်ပြီးမစားဖူးဘူး။ မနေ့ကတော့ သွေးလှူခါနီး ကြက်ပြုတ်ရေသောက်မယ်ဆိုပြီး ကြက်တစ်ကောင်ဝယ်ဖြစ်တယ်။ ပြီးတော့ ကြက်သား ကိုပေါင်းလိုက်တယ်။ မနေ့ ညနေစာတော့ ကြက်သားပြုတ်ခေါ်မလား၊ ကြက်သားပေါင်းလို့ ခေါ်ရမလားမသိတဲ့ ကြက်သားပေါင်းကို ခါကြက်ဥ၊ မုန့်ညှင်းဖြူနဲ့ စားဖြစ်တယ်။
ဒီနေ့တော့ သွေးလှူပြီး အပြန်မှာ မနေ့က ကြက်သားတွေကျန်နေတာနဲ့ နွှေးရင်နဲ့ ထပ်ပြီး ပေါင်းဖြစ်တယ်။ ထမင်း လည်း ချက်ရမယ့်အတူတူ ဆိုပြီး ကြက်ဆီထမင်းလုပ်စားမယ်ဆိုပြီး စမ်းဖြစ်တယ်။ မဆိုးဘူးဖြစ်တယ် ပြောရမယ်။

ဆန် ဆန်ချင်တဲ့ခွက် ၂ ခွက်။
ကြက်သား တစ်ကောင်ကို ၃ပုံ ၂ ပုံ။
ချင်း အနည်းငယ်။
ဆား သင့်ရုံ။
နှမ်းဆီ ၂ ဇွန်း။


ချက်တာကတော့ ကြက်သားတွေကို ရေနည်းနည်းထည့်ပြီး ဒယ်အိုးထဲမှာဘဲ အဖုံးအုပ်ထားလိုက်တာ။ ကြက်သား အရည်ရအောင် တော့ ရေနည်းနည်းဆိုပေမယ့် မနည်းမများပေါ့။ ရေခန်းရင် အတော်လောက်လေး ရေထည့်ပြီး မီးပြင်းပြင်းနဲ့တည်ထားလိုက်တယ်။ ပြီးတော့ ဒီဘက်မှာ ဆန်ဆေး၊ ပြီးတော့ ရေနွေးအိုးတည် လိုက်တယ်။ ရေဆူတော့ ဆန်ခပ်ပြီး ထားလိုက်တယ်။ ဆန်က ငှဲ့လို့ အနေတော်လောက်ကျတော့ ရေငှဲ့ပြီး ထားလိုက်တယ်။ ပြီးတော့မှ ကြက်ပါင်းရည်ထည့်လိုက်ပြီး နှပ်ထားလိုက်တယ်။ အဲ့ဒီအချိန်အတွင်းမှာ ချင်း၊ နှမ်းဆီနဲ့ ဆား သင့်ရုံထည့်ပြီး အိုးကို ဟိုဘက် ဒီဘက်လှည့်ပေးနေလိုက်တယ်။ ထမင်းနပ်မနပ် ကြည့်ပြီး သိပ်မနပ်သေးလို့ ကြက်ပေါင်းရည် ထပ်ထည့်လိုက်တယ်။ ထမင်း နပ်လောက်တဲ့အချိန်ကျမှ မီးပိတ်ပြီး သူ့အငွေ့နဲ့သူ ထားလိုက်တာ။ စားချင်စဖွယ် ကြက်ဆီထမင်းပေါ့။ ဆန်က ဆူရှီလုပ်စားတဲ့ ဆန်ဖြစ်နေလို့သာ တော်တော်စား ကောင်းတယ်။

ကြက်သားပြုတ်ကြော်လိုပုံစံမျိုးကို လွယ်လွယ်ကူကူ ကြက်ဆီထမင်းပုံစံ လုပ်စားလိုက်တာပါ။ ချက်တာ ကြက်သားက ပြုတ်ပြီးသာ ပြန်နွှေးရုံဘဲဆိုတော့) နာရီဝတ်လောက် ဘဲကြာမယ်ထင်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး မြန်မြန်ဆန်ဆန် လုပ်စားလို့လွှယ်တဲ့ ဟင်းတစ်ခွက်ပါ။ ဒီနည်းဘယ်ကရလဲတော့ မမေးပါနဲ့ ဟိုကြည့် ဒီကြည့်နဲ့ချက်ထားတာ။ ဟိုနေ့ကလည်း တီဗွီကလာတဲ့ စင်္ကာပူ ကြက်ဆီထမင်းလုပ်နည်းကြည့်ထားတာကြောင့် လည်း အဆင်ပြေသွားတာ ဖြစ်မယ်ထင်တယ်။

နှင်းဆီနီနီ။


4th Blood Donation


ဒီဇင်ဘာ ၁၄ ရက် ဒီနေ့ သွေးသွားလှူဖြစ်ပါတယ်။ အမှန်တော့ မနေ့ကလည်း သွားဖြစ်တယ် စောနေလို့ ၊ ပြီးတော့လည်း သံဓါတ် မပြည့်လို့ဆိုပြီး ပြန်လာခဲ့ရတယ်။ သံဓါတ်ကလည်း .၂ လေးဘဲလိုတာ။ အဲ့ဒါနဲ့ နောက်နေ့ပြန်လာခဲ့မယ်ပြောပြီး ဒီနေ့ ထပ်ပြီး သွားဖြစ်ပါတယ်။ အမှန်တော့ သွေးလှူရတာ ပျော်စရာကောင်းသလို သွေးလှူပြီးရင် ပေးတဲ့ လက်ဆောင် လေးတွေကလည်း ချစ်စရာကောင်းတယ်။




မနေ့က သွေးမလှူဖြစ်ပေမယ့် ၃ ကြိမ်နှင့်အထက် သွေးလှူတဲ့လူတွေကို ဦးထုပ်လေးပေးလို့ ဦးထပ်လေးရခဲ့တယ်။ ပြီးတော့ မြန်မာ အဒေါ်ကြီးတွေက လက်ဆောင်ပေးလိုက်လို့ သွေးလှူရင် ညှစ်တဲ့ ခရစ်စမတ်ဘိုးဘိုးပုံ ဘောလုံး လေးလဲရလိုက်တယ်။



ဒီနေ့တော့ ကော်လံတွေမှာတပ်တဲ့ တံဆိပ်လေး ရလိုက်တယ်။ ၄ ခုတောင်ရလိုက်တယ်။ အမှန်က ၅ ခုရတာ လက်ဆောင်ပေးပြီး ပြန်တောင်းသွားတဲ့လူက ရှိနေတော့ ၄ ခုဘဲကျန်ခဲ့တယ်။ သွေးအမျိုးအစားအလိုက် ပေးတာ ဖြစ်ပေမယ့် အနားကလူကြီးကို အစုံပေးတာတွေ့လို့ လိုချင်တယ်ဆိုပြီးတောင်းလိုက်တာ။ သွေးအမျိုးအစား လေးခုလုံးအတွက် ရလိုက်ပါတယ်။ ပြီးတော့ ဒိုင်ယာရီစာအုပ်။ မနှစ်ကလည်း ပေးတယ် ဒီနှစ်လည်း နှစ်ကုန်ခါနီးပြီဆိုတော့ ဒိုင်ယာရီပေးတယ်။ အနှစ်က စာအုပ်က အ၀ါခြောက်ရောင်ဆိုတော့ သိပ်ပြီး မလှသလိုဘဲ။ အမှန်တော့ သူလည်း သူ့ဟာသူလှတော့လှပါတယ်။ ဒါပေမယ့် ဒီနှစ်က ကျွန်မအကြိုက် အနီရောင် ဖြစ်နေတော့ ၂ အုပ်တောင် ဆွဲခဲ့တယ်။



သွေးလှူပြီးတဲ့လူတိုင်းကို ဆေးကဒ်နဲ့ နောက်လှူရမယ့်နေ့ကိုတစ်ခါတည်းပေးလိုက်တယ်။ ပြီးတော့ သွေးလှူပြီး ရင်မုန့်စားလို့ရတဲ့ ကဒ်လေးလဲပေးလိုက်တယ်။



ဒါကတော့ သွေးအတူတူလှူတဲ့လူတွေပါ။




ဒီပုံကတော့ သွေးစစ်ဖို့ နမူနာယူနေတဲ့ပုံ




ဒါကတော့ သွေးအိတ်မှာကပ်တဲ့ကုဒ်နံပါတွေပါ။




အရင်တခေါက်လို သွေးဘယ်လောက်ဝင်ပြီးလည်း ကို ကုတင်ပေါ်ကနေရိုက်လို့မရခဲ့ဘူး။ ဒါပေမယ့် ရသလောက် ရိုက်မယ်ဆိုပြိး ရိုက်ခဲ့တာ ဒီပုံလေးဘဲရခဲ့တယ်။

သွေးတစ်ခါလှူတိုင်း လူသုံးယောက်ရဲ့အသက်ကို ကယ်နိုင်တယ်လို့ပြောတာဆိုတော့ သွေးက လေးခါလှူပြီးပြီ ဆိုတော့ လူ၁၂ ယောက်ရဲ့ အသက်ကိုကယ်ခဲ့နိုင်ပြီပေါ့။ ဒီနေ့ ကုသိုလ်ပါ။

နှင်းဆီနီနီ။


Wednesday 10 December 2008

Put Nail Polish On Your Bling!


Bling Bling တွေနဲ့ ပက်သက်ပြီး နဲနဲပြောပြချင်လို့ပါ။ အခုခေတ်မှာ ရောင်တောက်ပြီး လှနေတဲ့ ရင်ထိုးတွေ၊ နာကပ်တွေ၊ ဆွဲသီတွေ၊ ကလစ်တွေ အရမ်း ခေတ်စားလာ ပြီး ဒီဇိုင်းမျိုးစုံရှိနေတော့ ကျွန်မတို့ မျက်စိကျစရာဖြစ်လာပါတယ်။ ဒါပေမယ့် ခတ်တာက အဲ့ဒီ အရောင်တောက်တဲ့ ကျောက်တွေနဲ့ လုပ်ထားတဲ့ ပစ်စည်းတွေက ကျောက်တွေက ကျွတ်ထွက်၊ ပြုတ်ထွက်သွားရင် တော်တော်ကြည့်ရရုပ်ဆိုးပြီး ဆက်ပြီး မသုံးချင်စရာဖြစ်သွားပါတယ်။ အဲ့ဒါနဲ့ ကျွန်မမှာ မသုံးဘဲ သိမ်းထားဖြစ်တဲ့ ကလစ်တွေ ရှိနေတယ်။ ကြိုက်လွန်းလို့ ဆက်ပြီး သုံးနေတဲ့ နာဆွဲတွေ ရှိနေတယ်။ ကျောက်တွေကို ကော်နဲ့ကပ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်တာများပါတယ်။ ခဏနေကျတော့ ပြန်ပြုတ်ထွက်ကုန်ရော ကိုယ်ကလည်း ကျွမ်းကျင်တဲ့လူမဟုတ်တော့ ကော်တွေက ပြန့်ကုန်ပြီး တစ်ခြားကျော်ကတွေပါ မလှ ဖြစ်ကုန်လို့ အဆင်မပြေဖြစ်နေတာ။ အဲ့ဒီကျောက်တွေနဲ့ ဟာတွေကို မ၀ယ်ရဲအောင် ဖြစ်နေပါတယ်။ လှကလည်းလှ၊ လိုကလည်း လိုချင်၊ ၀ယ်လည်းမ၀ယ်ရဲဖြစ်နေတာ။

မနေ့ကတော့ အစ်မတစ်ယောက်က နည်းပြောပြပါတယ်။ အဲ့ဒါက စစချင်း ၀ယ်ဝယ်ပြီးချင်းကို လက်သည်းနီ အကြည့်ရောင်(ပေါလစ်)နဲ့ သုတ်ထားလိုက်ရင် တော်တော်ကြာတဲ့အထိ ကျောက်တွေမပြုတ်ဘဲ ခံတယ်လို့ပြောပါတယ်။ ကျောင်တော့ နဲနဲရောင်တစ်မျိုးဖြစ်သွားမယ်လို့ပြောပါတယ် ဒါပေမယ့် ကျောက်တွေ ပြုတ်ပြီး ရုပ်ဆိုးနေတာထက်စာရင်တော့ အဲ့ဒီလို လုပ်လိုက်တာပိုအဆင်ပြေမယ်လို့ ထင်မိပါတယ်။ အဲ့ဒါနဲ့ ဒီနေ့ဘဲ အိမ်မှာရှိသမျှတွေကို လိုက်ပြီး သုတ်ထားလိုက်တယ်။ အရောင်လည်း ပိုတောက်လာတယ်လို့ ထင်ရတယ်။ ပြုတ်နေတဲ့ ကျောက်တွေလည်း စမ်းပြီး တပ်ထားကြည့်တယ်။ အဆင်ပြေမလားဆိုပြီးတော့။ ဟောင်းတွေ ဖြစ်နေပေမယ့်ထပ်ပြီး မကျွတ်တော့အောင်ပါ။ နောက်ခါ ၀ယ်မယ့် ဟာတွေကလည်း သုတ်ဖို့ ရယ်ဒီဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကြိုက်တဲ့ Bling Bling တွေကို တော်တော်ကြာကြာခံအောင်သုံးလို့ ရတော့မယ်ဆိုပြီး ပျော်နေမိတယ်။

နှင်းဆီနီနီ။

Food's Diary in Singapore

Tuesday 9 December 2008

Christmas Holiday Around Singapore

Friday 5 December 2008

Blood Donation


ဒီရောက်ပြီးမှ သွေးလှူတာတွေလုပ်ဖြစ်တယ်။ ကိုဇူလိုင်တိုက်တွန်းတာလဲပါမယ်ထင်တယ်။ ကိုယ်ကလည်း အစကတည်းက လှူချင်နေတာ အဆင်မပြေလို့ မလှူခဲ့ရတာဆိုတော့ ဒီရောက်ပြီးမှ သွေးလှူဖြစ်တယ်။ စက်တင်ဘာ ၂၁ ရက်နေ့က တတိယအကြိမ်မြောက် သွေးလှူဖြစ်တယ်။ အရင်အခေါက်တွေတုန်းက ကင်မရာလည်း မရှိတာနဲ့ ဓါတ်ပုံတွေဘာတွေမရိုက်ခဲ့ရဘူး။ ဒီတစ်ခါတော့ ရိုက်ဖြစ်တယ်။

ကီလို ၆၀ ကျော်ရင် သွေး ၄၅၀ ယူပါတယ်။ အခုပုံက ၃၂၂ ဂရမ်ရှိတဲ့အချိန်မှာ ကိုယ့်ဘာသာ ရိုက်ထားတာပါ။

သွေးတွေ မြန်မြန်ထွကအောင်လို့ ပိုပြီး ညစ်မိတယ်။ သွေးလှူတဲ့အချိန်မှာ ကိုယ်ထဲကသွေးတွေ ပိုက်ကနေ စီပြီး ဆင်းသွားချိန်မှာ ပူကနဲဖြစ်သွားရင် ကြည်နူးမိတယ်။



ဒါက ဒီတစ်ခါရတဲ့ ခရမ်းချဉ်သီးပါ။ နောက်က ရင်ထိုးကတော့ ကိုဇူလိုင်ဆီက ဓါးပြတိုက်ထားတာ။ စင်္ကာပူ ဘလောဂ့်ဂါသွေးလှူပွဲတုန်းက သွားခဲ့ပါတယ်။ ရက်လိုနေသေးလို့ မလှူခဲ့ရဘူး။ ဒီအတိုင်းပြန်လာခဲ့ရတယ်။ စိတ်တောင် မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် နောက်ဒီဇင်ဘာ ၁၃ ရက်နေ့ဆို လှူလို့ရနေပြီ။ မပြန်ခင်တော့ လှူဖြစ်မယ် ထင်တယ်။

Singapore, Singapore, Singapore

စင်္ကာပူ တစ်ပတ်တာပေါ့။ ဒီတပတ်မှာစားဖြစ်တာတွေ သွားဖြစ်တာတွေ တင်ဖြစ်မယ်ထင်တယ်။


တော်မီနဲ့သွားရင် စားဖြစ်တာတော့ Donut တို့ Pizza တို့စားဖြစ်တာများတယ်။ အခုနောက်ပိုင်း Donut စားတာ များပြီး Donut Factory က ၀ယ်ဖြစ်တယ်။ Donut တွေထဲမှာ Almond Donut ကို ပိုကြိုက်တယ်။ ဒါက အရင်ရိုက်ထားတဲ့ပုံကို တင်လိုက်တာ။ လာဖတ်တဲ့လူတွေ သရေကျအောင်လို့။


စီးတီးဟော မြေအောက်ထပ်မှာရှိတဲ့ ရနံ့သစ်က ကြေးအိုး ဆီချက်ပါ။ စားလို့ ကောင်းတယ်။ အသားများတယ်။ ကြာဇံတော့နည်းတယ်။ ဈေးကတော့ ၅ ကျပ်တဲ့။

Last for one
ဒီအဖွဲ့ ဒီမှာလာပြီးပွဲတွေလုပ်နေတာ ၁ လလောက်ရှိပြီထင်တယ်။ မထင်မှတ်ဘဲ တော်မီခေါ်လိုက် သွားကြည့် မိတယ်။ ကြည့်ပြီး သဘောကျသွားတယ်။ ဟီး ဒီတပတ် နောက်ဆုံးလို့ ပြောသံကြားတယ်။ ၀င်ကြေးတွေ ဘာတွေမရှိပါဘူး။ ဒီလိုဘဲ သွားကြည့်လိုက်တာ။ ဒါပေမယ့် အမြဲအားပေးတဲ့လူတွေ ရှိနေတော့ ၂ ခါ သွားကြည့် တာ ၁ ခါဘဲ ထိုင်ခုံရတယ်။ ဒါတောင် နောက်ဆုံးမှာရတာ။ မနေ့ကလည်း သွားကြည့်ဖြစ်တယ်။ အဲ့ဒီ အကအဖွဲ့လူတွေက ရုပ်သိပ်ပြီးမချောပေမယ့် သူတို့ဝါသနာကို အောင်မြင်အောင် ကြိုးစားတာတော့ သဘောကျတယ်။ ပြီးတော့ တော်တော်လည်း ကြံ့ခိုင်ကြတယ်။ အဲ့ဒါကို သဘောကျတာ ပါမယ် ထင်တယ်။ မနေ့ကတော့ Stone နဲ့ လက်ဆွဲနှုတ်ဆတ်လိုက်တယ်။ ဟီးး ကလေးတွေကြားမှာ ပျော်နေတာ။

Bugis
ကွမ်ရင်ကျောင်းသွားတဲ့နေကရိုက်လာတာ ခရစ်စမတ်သစ်ပင်။

Changi Airport Terminal 3 ကိုမရောက်ဖူးလို့ သွားကြည့်ခဲ့တာ။ ဒါလည်း တော်မီနဲ့သွားတာဘဲ။ ဟိုမှာအ လှဆင်ထားတာတွေ လှလို့ဓါတ်ပုံရိုက်ခဲ့တာ။ အထဲအထိတော့ ၀င်လို့မရပေမယ့် လေယာဉ်ကွင်းနားအထိ မြင်ရအောင်ကို သူတို့လုပ်ထားတာ အရမ်းမိုက်တယ်။ တော်တော်လည်း လှတယ်။ ပြင်ဆင်ထားတာတွေ ခမ်းနားတယ်။ ဖုန်းကင်မရာနဲ့ ရိုက်ခဲ့တာဆိုတော့ ပုံတွေသိပ်မလှဘူးဖြစ်နေတယ်။


Eunos MRT
ဘာမှတော့မဟုတ်ပါဘူး။ ဟိုဟိုဒီဒီ လျှောက်သွားရင်းက ရိုက်လာခဲ့တာလေးတွေ တင်ထားတာ။ မြန်မာပြည်လို အမှိုက်မပစ်ရလို့ ရေးထားတဲ့နေရာမှာ ပစ်ထားသလိုဘဲ။
စင်္ကာပူ တစ်ပတ်တာပေါ့။ အမှတ်တရပါ။

My Favorite Character and Movie

ကာတွန်းနဲ့ ပက်သက်လို့ပြောရရင် ကျွန်မအကြိုက်ဆုံးက Tom and Jerry ကာတွန်းပါ ဒီကာတွန်းကားတွေ ဘယ်လောက်ရှိလဲ ကျွန်မ သေချာမသိပါဘူး။ ဒါပေမယ့် တော်တော်များများကြည့်ဖူးတယ်။ ရုပ်မြင်သံကြားက လာတိုင်းလဲ အမြဲကြည့်ဖြစ်တယ်။ဘယ်လောက်ကြည့်ကြည့် ကြည့်လို့ကောင်းတဲ့ ကာတွန်းကာတွေထဲမှာ Tom and Jerry က ထိပ်ဆုံးကပါနေပါတယ်။



အကြိုက်ဆုံးက သူတို့နှစ်ယောက်ဘယ်လောက်ဘဲ ရန်ဖြစ်ဖြစ် အမြဲပြန်တည့်တာကိုပါ။ ပြီးရင် ဘယ်တော့မှ သူတို့အကျင့်တွေကိုမပြင်ကြဘူး။ တချို့ဇာတ်လမ်းတွေထဲမှာ ပညာပေးခန်းလေးတွေပါတာသဘောကျတယ်။ ကလေးတွေကို ငယ်ငယ်ကတည်းကတချို့သိသင့်တာလေးတွေ သိအောင် ပညာပေးတဲ့အခန်းလေးတွေ အရမ်းသဘောကျတယ်။ ပြီးတော့ Jerry ကCheese ကိုမြင်ရင်လေထဲမြှောက်ပြီးပါသွားတာလေး သဘော ကျတယ်။ ပြီးတော့ ကြွက်မလေးတွေ၊ ကြောင်မလေးတွေ မြင်ရင် နှစ်ကောင်စလုံး မျက်နှာပိုးမသတ်နိုင်တာ ကိုလည်း သဘောကျတယ်။ နောက်ပြီး Tom ဘယ်လောက် ယုတ်မာမာ Jerry က အသနားခံရင် သနားတက်တဲ့ Tom ကို သနားမိတယ်။ အကြိုက်ဆုံးတွေထဲမှာ Tom and Jerry က ထိပ်ဆုံးက။ ကျွန်မ ဂိမ်းတွေ သိပ်ပြီးမကစားပေမယ့် Cartoon Network ထဲက Tom and Jerry ဂိမ်းလေးတော့ ဆော့ဖြစ်တယ်။ ဒီကနေ သွားပြီး ဆော့လို့ရတယ်။


နောက်ထပ် character တစ်ခုကတော့ Donal Duck သူ့ကိုလည်း အရမ်းသဘောကျတယ်။


ကပေါက်တိ ကပေါက်ချာနဲ့ သိပ်ပြီးချစ်စရာကောင်တဲ့ character တစ်ခုမို့ပါ။ သူ့ဇာတ်လမ်းတွဲတွေ တော်တော်များများ ကြည့်ဖြစ်ပါတယ်။ နောက်ပြီး သူနဲ့တွဲပြီးပါလာတဲ့ သူဌေးကြီးနဲ့ ဘဲကလေးသုံးကောင်း ဇာတ်လိုက်တွေကိုလည်း ကြိုက်တယ်။သူဌေးကြီးကပ်စီးနှဲတာကိုလည်း အရမ်းသဘောကျတယ်။ Donald Duck နဲ့တွဲပြီး ပါတတ်တဲ့ Goofy ကိုလည်း သဘောကျတယ်။ စကားပြောရင် အသံသြသြကြီးနဲ့ အမြဲ အမှားတွေ လုပ်တတ်တဲ့ Goofyကိုလည်း သဘောကျတယ်။ သူက မြန်မာပြည်က ကာတွန်းပိုးဇာကိုမျက်စိထဲ အမြဲတွဲပြီး မြင်မိတယ်။ အမြဲပြာရာခတ်တတ်တဲ့ ဘဲလေးက ချစ်စရာလေးပါ။ ငယ်ငယ်က သူပုံတူတွေဆွဲဖူးတယ်။ အရမ်းကြိုက်လို့။


နောက်တစ်ခုက ငယ်ငယ်တုန်းက စွဲစွဲမြဲမြဲကြည့်တက်တဲ့ လိပ်နင်ဂျာ။ သူတို့တွေကိုကြည့်ပြီး ပီဇာစားချင် ခဲ့တာအရမ်းပါဘဲ။ ရူးတာ။ ဇာတ်လမ်းပြီးသွားရင် ပီဇာမှားပြီး အလုအယက်စားတာ အရမ်းသဘောကျတယ်။ အိမ်မှာလည်း သူတို့လို သိုင်းကျင့်ရတာ မောလို့။ မျက်နှာကြီးကြီးချစ်စရာကောင်းတယ် ပြီးတော့လည်း ၀တုတ်နေပေမယ့် ပေါ့ပါးသွတ်လတ်တဲ့သူတို့ ပုံစံကိုအရမ်းဘောကျ မိတယ်။




နောက်ထပ်က Woody Wood Parker သူ့ရဲ့ စရိုက်က အရမ်းကောင်းကြီးမဟုတ်ပေမယ့် အရမ်း သဘောကျတယ်။ ရီရတယ်။ သူ့ရဲ့ရီတဲ့ပုံစံကို အရမ်းဘောကျတယ်။ ဟ ဟ ဟ ဟာ ဟ ဟ ဟ ဟာ ဟ ဟ ဟ ဟာ ဟဟဟဟဟဟ အဲ့ဒီလို ရီတဲ့တတ်တဲ့သူ့ကိုအရမ်းဘောကျတယ်။ သူကဇာတ်လမ်း တွဲတွေအများကြီး မရှိပေမယ့် သူရဲ့ character ကလည်း အောင်မြင်ခဲ့တဲ့ character တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။အခုအချိန်ထိ မရိုးတန်းကြည့်ဖြစ်တဲ့ cartoon character တစ်ခုလည်းဖြစ်ပါတယ်။



အခုနောက်ပိုင် ကြီးလာမှကြိုက်တာ Simpson က characterတွေကို အရမ်းကြိုက်တယ်။ သူက ခေတ်နဲ့အညီ လိုက်ပြီးပြောင်း ပေးထားတဲ့ ဇာတ်လမ်းပါ။ Simpson က အခုဆို သက်တမ်း၂၅ နှစ်ရှိပါပြီ။ ဒီနှစ်ပိုင်းအတွင်း တွေမှာ ကြီးလာတဲ့လူတွေကသူ့ကို အရမ်းကြိုက်ကြတယ်။ US က စစ်တမ်းတွေအရ အအောင်မြင်ဆုံး ကလေး သရုပ်ဆောင်တွေထဲက (လူတွေထဲမှာကို) သူက ထိပ်ဆုံးမှာ ဗိုလ်ဆွဲခဲ့ပါတယ်။ ငယ်ငယ်တုန်းက သိပ်ပြီး မကြိုက်ခဲ့ပေမယ့် အခုကြီးလာတော့တော်တော်ကြည့်ဖြစ်တဲ့ ကာတွန်းဇာတ်လမ်းတွဲလေးပါ။ အိမ်မှာ ဖေဖေက အစ အဲ့ဒီ Simpson ကိုကြည့်တယ်။ အားလုံးညှိစရာမလိုဘဲ ကြည့်ဖြစ်တာ အဲ့ဒီ ကာတွန်းကားတစ်ခုဘဲ ရှိမယ်ထင်တယ်။ ပြီးတော့ သူက မိသားစုမှာဖြစ်တတ်တဲ့ ပြဿနာတွေကိုဇာတ်လမ်းဆင်ပြီး ရိုက်ထားဆိုတော့ တော်တော်လေး ကြည့်လို့ကောင်းတယ်။

နောက်ပြီး ထပ်ဖြည့်ပြောစရာရှိတာက ကျွန်မကြိုက်ခဲ့တဲ့ ကာတွန်း ကာရိုက်တာတွေလိုဘဲ ကျွန်မအခု ဖြစ်နေတယ် ဆိုတာပါဘဲ။ အမြဲပြာယာခတ်တတ်တဲ့Donald လို၊ ဒေါသကြီးတတ်တဲ့Donaldလို၊ Woody လိုလဲ အမှားအမြဲလုပ်ပြီး ပြီးရင် နဂိုအတိုင်း ပြန်ဖြစ်တတ်တယ်။ သူတို့ဆီက ကောင်းတာတစ်ခုကတော့ ဘယ်ကာတွန်း ကာရိုက်တာဘဲဖြစ်ဖြစ် စိတ်ရင်း ကောင်းအောင်ထားရမယ်ဆိုတာ လေးတစ်ခုကို ကျွန်မဆီကို ရောက်အောင် သင်ပေးလိုက်တာပါပဲ။ ကျွန်မမှာ အဲ့ဒီကောင်းတာလေး တစ်ခုတော့ ရှိခဲ့ပါတယ်။ ဟီးး ထင်တာပြောတာလေ။ ကိုယ့်ကိုယ်ကိုယ်တော့ စိတ်ရင်းကောင်းတယ်ထင်တာဘဲ။ တခြားလူတွေကတော့ ဘယ်လိုထင်လဲ မသိပါဘူး။

Tag ပိုင်ရှင်ကတော့ ဘယ်လို စိတ်ကူးပြီး Tag လိုက်တယ်မသိဘူး။ ကျွန်မကတော့ ကျွန်မကြိုက်တဲ့ ကာရိုက်လေးတွေဘဲ ရေးလိုက်တယ်။ Woody လို လုပ်ချင်ရာလုပ်တယ်ပေါ့။ တခြား ကြိုက်တဲ့ရုပ်ရှင်တွေ တော်တော်များများက Tag ထားတဲ့ ကိုဇူလိုင်ဆီမှာဘဲ သွားကြည့်လိုက်ပါ။ သူ ရေးထားတာ အားလုံးနီးပါ လောက် ကျွန်မ ကြိုက်တာနဲ့ တူနေတယ်။ အဲ့ဒီထဲက တချို့ကို ဆွဲထုတ်ကြည့်လိုက်မယ်။

အဲ့ဒီထဲက မင်းသမီးနဲ့ ကျွန်မနဲ့တူတယ်လို့ သူငယ်ချင်းတွေက ပြောကြတယ်။ ပြီးတော့ ဒီထဲက မြည်းနဲ့ ကြောင်ကိုလည်း သဘောကျလို့။

အဲ့ဒီမှာ အသံနဲ့ သရုပ်ဆောင်တဲ့ လူတွေကိုလည်းကြိုက်တယ်။ ကာတွန်း ကာရိုက်တာတွေကို အပြင်က သရုပ်ဆောင်တွေရဲ့ ကာရိုက်တာတွေနဲ့ တော်တော်တူအောင် ဖန်တီးထားတဲ့ ကားလေး၊ ပြီးတော့ အသားမစား တဲ့ ငါးမန်းကလည်း တော်တော်ရီရတယ်။ Jack Black, Will Smith ပြီးတော့ တခြားလူတွေလည်း ပါသေးတယ်။

Tom Hanks ရဲ့ နာမည်ကြီး 3D ကားတွေထဲက တစ်ကားပါ။ Christmas နီးရင် လာတက်တဲ့ကားလေးပေါ့။ ကြည့်လို့တော်တော်ကောင်းတဲ့ကားပါ။

ဒီကားလေးကိုလည်း အရမ်းကြိုက်တယ်။ သူရဲ့အိုင်ဒီယာလေးကထူးဆန်းပြီး တော်တော်လေး ချစ်စရာကောင်း တယ်။

ဒီကားလေးလဲ တော်တော်ကြိုက်တယ်။ သူ့ထဲမှာပါတဲ့ ဇာတ်ဝင်သီချင်းကို ပိုပြီး သဘောကျတာလည်း ပါမယ်ထင်တယ်။ `မင်းကိုဘယ်တော့မှ ငါ့အနားကနေဝေးမှာမထားဘူးဆိုတဲ့ ` စာသားလေးကို ကြိုက်တာ လည်း ပါမယ်ထင်တယ်။ ဒီကားလေးက Fairy Tale တွေထဲမှာသိပ်ပြီး လူသိမများတဲ့ကားလေးပါ။


ဒီကနေကြည့်ကြည့်ပါ ဦး။
ဒီလင့်ကနေလည်း တစ်ကားလုံးကြည့်လို့ရတယ်ဗျ။
ကဲ အားလုံးဘဲ ခရစ်စမတ်မှာ ပျော်ရွှင်ကြပါစေ။ မထင်ရဘူး နှစ်ကူးတော့မယ်။ ပျော်ရွှင်ပါစေဗျာ။

ps. credit to people who host images. :)
နှင်းဆီနီနီ။

Wednesday 3 December 2008

Nick and Norah's Infinite Playlist


ဒီနေ့ တော်မီနဲ့ ရုပ်ရှင်သွားကြည့်ဖြစ်တယ်။ ဒီရောက်ပြီးကတည်းက ရုပ်ရှင်ဆို သူနဲ့ပဲသွားကြည့်ဖြစ်တယ်။ သွားကြည့်တယ်ဆိုပေမယ့်။ အစမ်းပွဲတွေများတယ်။ အရင် ၂ ခေါက်ကလည်း သွားကြည့်ဖြစ်တယ်။ နာမည်ကြီး တွေပေမယ့် သိပ်ပြီးမကြိုက်ဘူး။ ဒီတစ်ခါ သွားကြည့်တော့ တော်တော်လေးသဘောကျတယ် အဲ့ဒါနဲ့ ဘလောဂ့် မှာ တင်မယ်ဆိုပြီး တင်ဖြစ်တယ်။

ဇာတ်လမ်းက ရိုးရိုးလေးပါ။ ကောင်းလေးက သူ့ရည်းစားဟောင်းကို သီချင်းတွေရီမစ်လုပ်ပြီး ပြန်လိုက်တာ။ အဲ့ဒီ
ကောင်မလေးက အမြဲလွှင့်ပစ်တယ်။ အဲ့ဒါကို အတန်းဖေါ် ကောင်မလေးက ကောက်ပြီးနားထောင် တတ်ပါတယ်။ မထင်မှတ်ဘဲ အဲ့ဒီကောင်မလေးနဲ့ ကောင်လေးဆုံးပြီး တစ်ညတည်းမှာတည် ချစ်သူ တွေဖြစ်သွားကြတယ်။ အမှန်တော့ ဇာတ်လမ်းက ရိုးရိုးလေးပါ။ ဒါပေမယ့် ယူထားတဲ့ ဇာတ်ကွက်နဲ့ စကားလုံးတွေ အတွေးလေးတွေက ရိုးပြီးချစ်စရာကောင်းနေတယ် ပြီးတော့ တော်တော်လည်းရီရတယ်။ ပေါ့ပါပြီး လွတ်လွတ်လပ်လပ်ရှိတဲ့ ရုပ်ရှင်မျိုးမကြည့်ရတာလည်း တော်တော်ကြာနေပြီးဆိုတော့ တော်တော်လည်း ကြိုက်မိတယ်။ တော်တော်ကြည့်လို့ကောင်းတဲ့ကားလို့လည်း ထင်မိတယ်။ ၁၀ မှတ်မှာ ၉ မှတ်လောက်ပေးပါတယ်။ အရင်သွားကြည့်တဲ့ High School Musical (3) ထက်ကိုပိုကြိုက်တယ်။ High School Musical ထဲက မင်းသမီးက ပဲများနေတာနဲ့ သိပ်ပြီးကြည့်မရချင်ဘူး။ ရုပ်ရှင်ခေါ်ပြတဲ့ တော်မီကို ကျေးဇူးတင်ပါတယ်။

ဒါကတော့ sample clip တချို့ကြည့်လို့ရအောင် တင်လိုက်တာပါ။

Monday 1 December 2008

ကွမ်ရင်ဘုံကျောင်း


စင်္ကာပူကို အလုပ်လာရှာတဲ့လူတွေ သွားကြတဲ့ နေရာတွေထဲမယ့် ဘူဂစ်က ကွမ်ရင်ကျောင်းလည်း တစ်ခု အပါအ၀င်ပါဘဲ။ ကျွန်မလည်း သွားဖြစ်ပါတယ်။ သွားပြီးဆုတောင်းရင် ဆုတောင်းပြည့်တယ်ပြောလို့ပါ။ ကျွန်မတော့ ခဏခဏလည်း ရောက်ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်လို စာချတာ သိပ်ပြီး မလုပ်တက်လို့။ ဘယ်လို လုပ်ရမှန်းလည်း သေချာမသိခဲ့ဘူး။ သွားဖူးတဲ့လူတွေကိုမေးပြီးတော့ သူတို့ ပြောပြတဲ့အတိုင်းသွားပြီး စာချပါတယ်။ တစ်ယောက်မေးရင် တစ်မျိုးတော့ ပြောပါတယ်။ အစကတော့ ဘယ်လို မေးရမှန်းမသိဘူး။ ပြီးတော့ သွားတိုင်းလည်း အဖြေကို သိချင်နေတာနဲ့ မြန်မြန်စာချပြီး မြန်မြန်ပြန်ခဲ့တာ များတယ်။ ဒီနေ့တော့ အချိန်ရတာနဲ့ ဘေးနားမှာ စုံတွဲတစ်တွဲစာလာချတာနဲ့ သေချာထိုင်ပြီး ကြည့်ဖြစ်တယ် ဘယ်လို စာချလဲဆိုတာကို။

သူက စာချရာမှာ အနီရောင် လခြမ်းပုံလေးနှစ်ခုကို အရင်ချရပါတယ်။ အဲ့ဒီလခြမ်းလေး နှစ်ခုက တစ်ခုက အမှောက်၊ တစ်ခုက အလှန်ဖြစ်မှ မေးလို့ရပါတယ်တဲ့။ နှစ်ခုလုံး အမှောက်၊ နှစ်ခုလုံးအလှန်ဖြစ်နေရင် မေးလို့မရပါဘူးတဲ့။ ပထမ ဆုံးအကြိမ်မှာ အမှောက် နဲ့ အလှန်မဖြစ်ရင် နောက်ထပ် (၂)ကြိမ်လုပ်ခွင့်ရှိပါတယ်တဲ့။ ပြီးတော့ ဗူးထဲမှာရှိတဲ့ စာနံပါတ်တွေကို ခေါက်ပြီး ချရပါတယ်တဲ့။ ပြီးတော့ သူက စာချရာမှာ စာချောင်းတွေထည့်ထားတဲ့ဘူးကို ၄၅ ဒီဂရိလောက်ထားပြီးမှခေါက်ရတာပါတဲ့။ အဲ့ဒါမှ နည်းအမှန်လို့ ပြောပါတယ်။ အဲ့ဒါကတော့ မေမြို့ဘုံကျောင်းမှာ စာချတုန်းက ကြားဖူးတာပါ။ အဲ့ဒီတုန်းကတော့ လခြမ်းပုံတွေဘာတွေ မပါ ပါဘူး။ စာချနည်းကို ဆက်ပြီးပြောပြပါဦးမယ်။ ၀ါးဗူးထဲက စာနံပါတ်ရေးထားတဲ့ စာ ကျပြီဆိုရင် လခြမ်းပုံလေးကို ထပ်ပြီးလုပ်ရပါတယ်။ အမှန်တော့ ဆုတောင်းတာပေါ့။ သေချာအောင် ကွန်ဖန်းလုပ်တာထင်တယ်။ အဲ့ဒီမှာ အမှောက်တခြမ်း၊ အလှန်တစ်ခြမ်းကျရင် အဖြေ မှန်ပါပြီတဲ့။ မဟုတ်ရင် ထပ်ပြီး စာချပါတယ်။ ပြီးမှ အဲ့ဒီ စာနံပါတ်ကို ကောင်တာမှာသွားပေးပြီး စာရွက်တောင်းပါတယ်။ အဲ့ဒီစာရွတ်မှာပါတဲ့ နံပါတ်ကို ဘေးနားမှာရှိတဲ့ စာအုပ်တွေမှာ တိုက်ကြည့်ပါတယ်။ အဲ့ဒီစာက ကောင်းနေရင်တော့ သိမ်းထားရပြီး မကောင်းရင်တော့ ဘုံးကျောင်းအပြင်မှာရှိတဲ့ အမွှေးတိုင်းထွန်းတဲ့ နေရာမှာက မီးမှာ မီးရှို့ပြီး တစ်ခါတည်းမီးရှို့ထားတဲ့ စာရွက် တွေကိုထည့်တဲ့ပုံးထည်းကိုထည့်ရပါတယ်တဲ့။

အရင်တုန်းကတော့ မသိဘဲ စာချတဲ့စာရွက်တွေကို အိမ်ကိုပြန်သယ်မိတယ်။ မီးရှို့ရမှန်းလည်းမသိခဲ့ဘူး။ ဒီနေ့မှ သေချာလိုက်မေးပြီး သိခဲ့ရတာပါ။ ပြီးတော့ ကွမ်ရင်ဆီမှာ အဓိဌာန်ရင်လည်း ကတိတည်ရပါတယ်တဲ့။ လှူမယ်ဆိုရင်လည်း လှူရပါတယ်တဲ့။ ကိုယ်တိုင်ကြုံတွေ့ရတာလေးတွေကို ပြောပြပေးတာပါ။ အားလုံးအဆင်ပြေပါစေ။ (ဓါတ်ပုံမရိုက်ခဲ့ရလို့ ဂူဂဲလ်ကပဲ ယူပြီးသုံးလိုက်တယ်။)
နှင်းဆီနီနီ။