Tuesday, 11 September 2012

ရာဘာဖိနပ်တစ်ရံ


ဂျပန်ဇာတ်လမ်းတွဲတစ်တွဲ မှာပါတဲ့ အခန်းလေးတစ်ခန်းပါ ဖိနပ်ချုပ်တဲ့ဆရာက ဖိနပ်ချုပ်တယ်.. ခြေထောက်ကို မြင်ရုံနဲ့ ဖိနပ် နံပါတ်သိတဲ့အထိ သဘာရင့် ဖိနပ်ချုပ်ဆရာကြီးတစ်ယောက်..မင်းသမီးကို ဖိနပ်တစ်ရံ ချုပ်ပေးမယ်ဆိုပြီး ခြေထောက်စတိုင်းပါတယ် ပြီးတော့ ပုံစံတူယူထားလိုက်တယ်.. နောက် သာရေရှူး ဖိနပ်လေး တစ်ရံလုပ်ပေးလိုက်တယ်...ပြီးတော့ မင်းသမီးကို လက်ဆောင်ပေးပါတယ်..ဖိနပ်ကို စစချင်းစီးလိုက်တဲ့အချိန်မှာ ရွှတ်လို့ အသံလေးထွက်လာတယ်...

ဖိနပ်ကောင်းတစ်ရံ၊ ကိုယ်နဲ့ သင့်တော်တဲ့ ဖိနပ်တစ်ရံကို စီးမိရင် ဒီလို အသံလေးကြားရမယ်လို့ ဖိနပ်ချူပ်ဆရာကြီးက ရှင်းပြပါတယ်.. ပြီးတော့ ဖိနပ်လေးက တကယ်လည်းစီးလို့ ကောင်းတယ်လို့ မင်းသမီးက ပြန်ပြောပါတယ်... စဉ်းစာစရာတွေအများကြီး ပေးလိုက်တဲ့ အခန်းလေးပါ.. စဉ်းလဲ စဉ်းစားမိပါတယ်.. အဆင်ပြေချင်တဲ့ အရာဆို ဒီလိုလေး အစကတည်းကချောမွေ့နေတက်တယ်လို့....

နောက် Tomato ကိုရီးယားကားထဲမှာလဲ ဖိနပ်အကြောင်းကို သေချာပြောပြ ရှင်းပြဖူးတာ ရှိတယ်...အဲ့ဒီကားကြည့်ပြီးနောက်ပိုင်းကို ဖိနပ်ရွေးရင် ခြေထောက် သက်သာမယ် ဖိနပ်မျိုး ရှာစီးတာများပါတယ်လေ.... တချို့ ဖိနပ်တွေက ဒီဇိုင်းဆန်းမယ်၊ လှမယ်၊ မြင်သူငေးလောက်မယ်၊ အဖိုးအနက်ဂ ထိုက်တန်ချင်တန်နေ ပါမယ်.. ကိုယ်ကလည်း ဖိနပ်ရဲ့ တန်ဖိုးကို တက်နိုင်တယ်... အဆင်လည်းကြိုက်တယ်.. လိုချင်တဲ့အချက်တွေလည်း ပြည့်စုံပါမယ်.. ဒါပေမယ့် ကိုယ်စီးကြည့် လိုက်တဲ့အချိန်မှာ သူ့ထုတ်ထားတဲ့ ဒီဇိုင်းက ကိုယ့်အတွက်သက်တောင့်သက်သာမရှိခဲ့ရင်... စဉ်းစားမိတယ် လှတာကိုသဘောကျပြီး ခြေထောက်အနာခံပြီး စီးနိုင်လား၊ ဒါမှမဟုတ် တန်ဖိုးအများကြီးပေးပြီး ဘယ်နှခါစီးဖို့စဉ်းစားထားလဲ...ကိုယ့်ရဲ့ ရွေးချယ်မှု့ အပေါ်မှာမူတည်ပြီး လူတွေစီးတဲ့ ဖိနပ်တွေ ကွဲလွဲကုန်ကြပါတယ်....ဒါကြောင့်လမ်းမပေါ်မှာ ရောင်စုံဖိနပ်တွေနဲ့ ဒီဇိုင်းတွေ တွေ့နေရတာပေါ့...ဖိနပ်တစ်ရံကိုကြည့်ပြီး အဲ့ဒီလူတစ်ယောက်ရဲ့ ရွေးချယ်မှု့ကို သိနိုင်မယ် ထင်တယ်...

ငယ်တုန်းမို့ လှတဲ့ဖိနပ်တွေသဘောကျ နှစ်ခြိုက်မည့် ပျိုပျိုမေတွေ အများကြီး ခြေထောက်နာမယ်မှန်း သိရက်နဲ့ အနာခံပြီး စိးကြတဲ့လူတွေ တွေ့ဖူးပါတယ်... .အရွယ်ရလာတော့ သက်တောင့် သက်သာရှိမယ့် ဒီဇိုင်းလေးကိုရွေးလာကြတယ် .. ဒီထက်အသက်ပိုကြီးလာတော့ လှတာတွေကို ဂရုမစိုက်နိုင်ကြတော့ဘူး...ဒီလိုနဲ့ ဖိနပ်ဒီဇိုင်းမျိုးစုံ ဈေးကွက်ထဲမှာ၊ တံဆိပ် အမျိုးမျိုး၊ လူတန်းစားအမျိုးမျိုးအတွက် ထုတ်ထားတာ တွေ့လာမယ်.. ရှိနေပေမယ့် ကိုယ့်ခြေထောက်အတွက်၊ ကိုယ့်လျှောက်တဲ့လမ်းတွေ နေရာတွေနဲ့ သင့်တော်မယ့် ကိုယ့်ရွေးချယ်သင့်တဲ့ ဖိနပ်တစ်ရံ၊ တစ်ရံမကဘူး ရှိနိုင်ပါသေးတယ်.လေ .ဒါပေမယ့် အဓိကရည်ရွယ်ချက်က ကိုယ်စီးလိုက်တိုင်း သက်တောင့်သက်သာ ရှိနေစေမယ့်ဖိနပ်တစ်ရံကိုတော့ဖြင့် ဖိနပ်ဝယ်မယ်ဆိုရင် စဉ်းစားသင့်တယ်လို့.. တချို့တွေကတော့လည်း သွားမယ့်နေရာလေးအတွက်ရည်ရွယ်၊ ပေါ်နေတဲ့ ခေတ်ရေစီး လေးကို ရည်ရွယ်၊ ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ရွေးချယ်ကြတယ်လို့..

အရင် စနေက ဖိနပ်လေးတွေလှ၊ ဈေလည်းသင့်တော်၊ ကိုယ့်မှာလည်း လိုအပ်နေလို့ စီးကြည့်လို့ အဆင်ပြေတာနဲ့ ရွေးပြီး ၀ယ်ခဲ့မိတယ်.. ဘဲလေး နောက်ပိတ်ဖိနပ်လေးတွေပါ...ဒါပေမယ့် တကယ်ကြီး စီးတော့ ၃ ရံဝယ်တာ ၂ ရံက ခြေထောက်နာတယ်... လမ်းလျှောက်လို့ မကောင်းဘူး လျှောက်တိုင်း နာနေတာ ..စဉ်းစားမိတယ်..ငါ့မလဲ သေချာရွေးထားတာတောင် နာတဲ့ဖိနပ်နဲ့တိုး နေတယ်လို့... နောက်ဆုံးတစ်ရံတော့ အခုထိမစီးရသေးလို့ မသိသေးဘူး...တကယ်သာ သုံးရံလုံးစီးလို့ မရရင်တော့ အရင်က စီးနေတဲ့ ရာဘာဖိနပ်က ငါ့အတွက် သက်တောင့်သက်သာနဲ့ ကောင်းဆုံးပဲလို့. တွေးမိလို့...

တကယ်လည်း သက်တောင့်သက်သာ ကြိုက်လို့ ရာဘာဖိနပ်နဲ့ နေနေတာကြာပြီ.. ပုံဆိုးပန်းဆိုး ရှိနေတာ သိလည်း ကိုယ်သက်သာတာကို သဘောကျလို့ အလှစီးဖို့ တစ်ရံပဲထားပြီး ရာဘာဖိနပ်ကြီးနဲ့နေတာပဲ နှစ်ချီနေပေါ့..တစ်ခါတလေတော့လည်း သက်တောင့်သက်သာရှိတယ်လို့.. တခြား ဘာမှထူးခြား တဲ့နေရာမျိုး ပွဲလမ်းတွေသာ မဟုတ်ခဲ့ရင် ရာဘာဖိနပ်လေးက ကျွန်မအတွက် အဆင်ပြေဆုံးပဲလို့ စဉ်းစားမိလိုက်လို့

Drop the burden of past.

တစ်ခါတလေ အတိတ်ကို ထမ်းပိုးထားရတာက အသက်ရှင်ရတာထက်ကို ပိုပြီး ခက်ခဲပါတယ်.. အတိတ်က အတိတ်အတိုင်းပဲ ထားနိုင်ဖို့ အတော်ကြီးမလွယ်တဲ့ကိစ္စပေါ့... အတိတ်က အဲ့ဒီလောက်မဆိုးပေမယ့် ထမ်းပိုးထားရတဲ့ဒဏ်က အတော်လေးဆိုးပါတယ်... ထမ်းပိုးထားတဲ့ အချိန်က လူကိုပိုပြီး ပင်ပန်းစေပါတယ်...

ကျွန်မအကျင့်ဆိုးတွေထဲက တစ်ခုကတော့ အတိတ်ကို ထမ်းပိုးပြီး ကိုယ့်ကိုကိုယ် နားကျင်နေစေချင်းပါပဲ... ဒါမှလည်း ကျွန်မရဲ့ ရှုံးနိမ့်ခြင်းတွေကို အမှတ်ရနေစေမယ်လို့ ယုံကြည်ခဲ့တာကို... ဒါက ကျွန်မကို ပိုပြီး နာကျင် စေမယ်လို့ အရင်ကလုံးဝမတွေးခဲ့မိဘူး........အခုနောက်ပိုင်း နားလည်း လိုက်တာက အတိတ်ကို လွတ်ချလိုက်တာက ကျွန်မကိုကျွန်မ တုပ်နှောင်ထားတဲ့ ကြိုးတွေက ဖြေပေးလိုက်တာပဲလို့... ကျွန်မကိုယ်ကျွန်မ လွတ်မြောက်ခွင့်၊ လွတ်လပ်ခွင့်ပေးလိုက်တာပဲဆိုတာကိုပါ...

အတိတ်မှာ နာကျင်ကြေကွဲနေမယ့်အစား အနာဂါတ်အသစ်လေးကို ကျွန်မကြိုဆိုသင့်သပေါ့... ထမ်းပိုးထား ရတာကြာလို့ ကျွဲပခုံးထနေတဲ့ စိတ်ဓါတ်တွေ၊ နှလုံးသာတွေကို ပြန်လည်ကောင်းမွန်အောင် မွေးမြူသင့်သပေါ့နော်...

ပျော်ရွှင်မှုကလည်း ကျွန်မအတွက်ဖြစ်နိုင်ပါတယ်လို့...
ကျွန်မလည်း ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်လို့...

Reminding myself not locked in the past...
I should keep forward...
And I deserve Happy..,
And I am worth it !


Wednesday, 1 August 2012

D Day

စင်္ကာပူမှာနေခဲ့တဲ့ ၃ နှစ်ကာလကို ဘယ်တုန်းကမှ ကောင်းတယ်လို့ မမြင်ခဲ့သလို ငရဲနီးနီးထင်ခဲ့တာ ဒီလို စိတ်ဓါတ်နဲ့ ကျော်ဖြတ်ခဲ့တာပါ.. ဒါပေမယ့် ဘ၀အတွက် ကောင်းတာလေးတွေ အမှတ်ရတာလေးတွေ ရှိခဲ့ ပါတယ်လို့လည်း ၀န်ခံရပါမယ်.. 
ဘ၀အတွက် တသက်လုံးအတွက် သင်ခန်းစာတွေ ကောင်းကောင်းမွန်မွန် သင်ကြားပေးခဲ့တဲ့ အဲ့ဒီ  ကျွန်းလေးပေါ်က အချိန်တွေကို ပြန်တွေးရင် ငါ ပျော်ပျော်နေခဲ့ရ အကောင်းသားလို့ .. အခုတော့လည်း  .. ပြီးခဲ့တာတွေက ပြီးခဲ့ပြီဆိုတော့လေ... အရာရာကို အမြဲ သံသယရှိပြီး စိုးရိမ်ပူပန်တက်တဲ့ စိတ်က ကျွန်မကို မပျော်ရွှင်အောင် ဖန်တီးခဲ့မှန်း အချိန်အတော်ကြာမှသိခဲ့ရတာ.. ကျွန်မလုပ်စရာတော်တော် များများကိုလည်း မလုပ်ဖြစ်ခဲ့ပါဘူး...ဒါပေမယ့် အဲ့ဒါတွေအကုန်လုံးက နောက်ကျွန်မ ဘာဆက်လုပ်ရမလဲဆိုတာကို အမှားအယွင်းမရှိအောင် ကူညီထောက်မပေးနေပါတယ်.. အဲ့ဒီအတွက် ကြုံတွေ့ခဲ့သမျှ သင်ခန်းစာအားလုံးကို ကျွန်မက ကျေးဇူးတောင် တင်မိပါတယ်.. ငါ ဒါမျိုးကြုံဖူးတယ် ဒီလို အတွေ့အကြုံမျိုး ရရှိခဲ့တယ်ဆိုတာမျိုး မြင်တက်ခံယူတက်သွားတယ်.. မဟုတ်ရင် ကျွန်မက လောကကြီးကို ပန်းခင်းလမ်းလို့ မြင်နေမိမှာ... ဒါကြောင့်ပညာရှင်တွေကပြောတာ အတွေ့အကြုံ ဆိုတာ အတွေ့အကြုံပဲ ကောင်းတယ် ဆိုးတယ် ဆိုပြီးပြောဆို ခိုင်းနှိုင်း လို့မရဘူးလို့..  ဒါတွေအားလုံး ကျွန်မအတွက် လိုအပ်လို့ဖြစ်လာတာလို့ မြင်နိုင်ရင် ကိုယ့်အတွက် အကျိုးရှိပါလိမ့်မယ်လို့.... ဒီနေ့ တကယ်ကို ကျွန်မဆီကို ရောက်ရှိခဲ့ပါတယ်...

Friday, 15 June 2012

အဖြူသက်သက်

တစ်ခါတလေ ကိုယ်ကတပါးသူ စိတ်ဆင်းရဲမှာစိုးလို့ ညှာလိုက်တိုင်း ကိုယ်ချည်းပဲ ခံစားရတယ်.. ဒါမျိုးတွေ ဖြစ်လာဖန်များတော့ နောက်ဆုတ်ဖို့ကို အတော်ကြီး စဉ်းစားဖြစ်လာတယ်... လူတွေပြော
နေတဲ့ ရင့်ကျတ်တယ်ဆိုတာ ရှိပြီးသား၊ ဖြူပြီးသား မွေးရာပါ လူ့စိတ်ကို မွံမံအရောင်ဆိုးလိုက်တာ
ထင်ပါရဲ့.... မဖြစ်မနေဆိုရင်...အရောင်ဆိုးမှ သက်ဆိုးရှည်မယ်ဆိုတော့လည်း ဆိုးလိုက်ရတာပေါ့လေ
ငါကတော့ အဖြူရောင်သက်သက်ကိုပဲကြိုက်ပါတယ်.... အရောင်လည်း မဆိုးချင်ဘူး မိုးခါးရေလည်း 
မသောက်ချင်ဘူး... အဖြူရောင်သက်သက် ပဲလိုချင်သလို ရိုးရိုးရေပဲသောက်ချင်တယ်.... ကံကြမ္မာ
က မျက်နှာသာပေးခဲ့ရင်ပေါ့လေ... 

Thursday, 26 August 2010

နှင်းဆီတခင်း

မနေ့က စီတီးဟောသွားတော့ ဆိုင်တစ်ဆိုင်မှာ နှင်းဆီပန်းပိစိလေးတွေ တင်ထားတာတွေ့တယ် အခိုင်လိုက် လေးတွေ ဘယ်လိုရောင်းလဲ မမေးကြည့်မိခဲ့ဘူး မေးပြီးရင် ၀ယ်နေရမှာစိုးလို့။ နှင်းဆီပန်းသေးသေးလေးတွေ အရမ်းသဘောကျတာ အဲ့ဒီပန်းလေးတွေ မြင်တော့ ငယ်ငယ်က စိုက်ခဲ့တဲ့အပင်လေးကို သွားပြီးသတိရမိတယ်...
စလုံးမှာ နှင်းဆီပန်းရှာသလို သူတို့ဆီမှာ စိုက်ဖို့ဝယ်လို့ရတဲ့ နှင်းဆီပင်တွေက မြန်မာလိုဆို ကျောက်နှင်းဆီတွေ။ အစကတည်းက ကျောက်နှင်းဆီကို မကြိုက်သလို ရေမွှေးနှင်းဆီလည်း မကြိုက်ဘူး။ ဒါပေမယ့် မနေ့က တွေ့ခဲ့တဲ့ နှင်းဆီပန်းက မြန်မာနှင်းဆီပန်းတွေ အဲ့ဒါတွေတော့ ကြိုက်တယ် စိုက်လည်း စိုက်ဖူးတော့ ပိုပြီး သဘောကျတယ်. ပြီးတော့ ခွေးနှင်းဆီလို့ခေါ်တဲ့ အင်္ဂလန်နှင်းဆီလည်းကြိုက်တယ် သူကအဖြူရောင်ပဲရှိပြီး ပွင့်ဖတ် သိပ်ပြီး မများတဲ့ နှင်းဆီပေါ့။

အင်္ဂလန်နှင်းဆီက ပွင့်ဖတ်မများဆို တစ်လွှာပဲပါတယ်..ဒါပေမယ့် အနံ့ကအတော်လေးမွှေးတယ် အပင်နား မရောက်ခင်ကတည်းက အနံ့ရတယ် ဒါပေမယ့် မြန်မာနှင်းဆီအနံ့လို ခပ်စူးစူး သင်းသင်းလေး မဟုတ်ပဲ ခပ်နွဲ့နွဲ့လေး။ ပြီးတော့သူက ပူတဲ့ရာသီဥတုမှာ သိပ်ပြီးမတွေ့ရပဲ..အအေးပိုင်း တွေမှာပဲတွေ့ဖူးတယ်.. တွေ့ဖူးတယ်ဆိုတာထက် မြစ်ကြီးနားမှာပဲ မြင်ဖူးလို့ပါ.. တခြားနေရာတွေမှာသူ့ကို တစ်ခါမှ မတွေ့ဖူးလို့.. မြစ်ကြီးနားမှာနေတုန်းက ဆရာမရဲ့အိမ်မှာ ရုံကြီးလိုက်ရှိတာ သိပ်ပြီးမွှေးတာပဲ ဆရာမအိမ်သွားတိုင်း နှင်းဆီပင် ကိုမျက်စပစ်မိတယ်..ဆရာမအိမ်လည်းဖြစ်.. ဆရာမလည်း စည်းကမ်းကြီးတော့ လိုချင်တယ်လို့ မပြောရဲဘူး ၀ဲလည်ဝဲလည်နဲ့ပဲဖြစ်နေတာ...

ဒီရောက်ပြီးမှာ ကျောက်နှင်းဆီဝယ်စိုက်ဖြစ်သေးတယ် ဘလောဂ့်မှာတောင် တင်ဖူးသေးတယ်ထင်တယ်... အဲ့ဒီအပင်လေး သေသွားတယ်... ရာသီဥတုအရမ်းပူတဲ့အချိန်မှာ ရေသေချာမလောင်းနိုင်လို့လေ... ဒါနဲ့ စိတ်နာနနာနဲ့ သစ်ခွပင်ပဲစိုက်ထားလိုက်တော့တယ် သစ်ခွက၀န်ကျဉ်းပြီးတော့ အခန်းထဲမှာ ထည့်ထားလို့ရလို့ တခြားအပင်တွေက အခန်းထဲထည့်ထားရလောက်အောင် အဆင်မပြေဘူး အဲ့ဒါကြောင့်...အဆင်ပြေ နေရာတကျ ဖြစ်သွားရင်တော့ ထပ်ကြိုးစားပြီး နှင်းဆီပင် စိုက်ချင်တယ်.. ပြီးတော့ မြန်မာပြည်က နှင်းဆီပင်ပဲ စိုက်ချင်တယ် ပြီးတော့ မြန်မာပြည်က မြေကြီးလဲလိုချင်တယ်..လူများ လိုချင်တာတွေ သိပ်ပြီး များနေတာပဲနော်.. ဖြစ်ချင်တာတွေ မဖြစ်သေးသရွေ့တော့ ဖြစ်တာတွေကို လက်ပိုက်ကြည့်နေရမပေါ့...အခုလောလောဆယ်တော့ နှင်းဆီတစ်ခင်းလောက် လိုချင်မိတယ်..

Tuesday, 15 December 2009

Carbon

-ကာဗွန်-
ကာဗွန်ဆိုရင် ကမ္ဘာကြီးကိုပူနွေးစေတဲ့
ကာဗွန်ဒိုင်အောက်ဆိုဒ် ရယ်၊ ထမင်းတွေ၊ ဟင်းတွေချက်လို့ရတယ်လို့ သိထားတဲ့မီးသွေးရယ် အနီးစပ်ဆုံး တွေးမိကြမယ်လို့ ထင်ပါတယ်။ မီးခိုးတွေ၊ မီးသွေးတွေမှာ ဘာမှထူးခြားတဲ့ အရောင်တွေ တပ်မက်စရာတွေမရှိပေမယ့်။ ကာဗွန်တစ်မျိုးဖြစ်တဲ့ စိန်မှာတော့ ထူးခြားတာတွေ အများကြီး ရှိမယ်ဆိုတာ အားလုံးသိကြပါတယ်။ စိန်းမှာ တခြားကာဗွန်တွေထက် ထူးခြားတာကတော့ သူ့ရဲ့မာခြင်းအဆင့်က အားလုံးထဲမှာ အမြင့်ဆုံးဖြစ်နေတာကြောင့်ဘဲ ဖြစ်ပါတယ်။


နောက်တစ်ချက်က အရောင်လက်တဲ့ အရာတွေကို လူတိုင်း၊ သတ္တ၀ါတိုင်း ကြိုက်နှစ်သက်ကြတာလည်း အားလုံး သိတာဘဲ။ စိန်ကလည်း ပုံမှန်ဆို ကျောက်တုံးတစ်တုံးလို ဖြစ်နေပြီး အရောင်သိပ်ပြီးမထွက်ပေမယ့် သွေးလိုက်ရင် ဖျတ်ဖျတ်တောက်သွားတဲ့အခါမှာတော့ လူအားလုံးရဲ့စိတ်ကို မှော်ဝင်အောင် ဖမ်းစားနိုင်ပါတယ်။ ဒါဆို အရောင်လတ်တဲ့ တခြားအရာတွေ ဥပမာ- မနက်ခင်း နေရောင်ခြည်မှာ ဖိတ်ဖိတ်တောက်လက်
နေတဲ့ ကန်ရေပြင်မှာ စိန်ပွင့်တွေခင်းထားသလို လှနေပေမယ့် လူတွေမှာသာ ပုံမှန် အခြေအနေနဲ့  ပြည်စုံ နေမယ်ဆိုရင် ကန်ရေပြင်ထက် စိန်တစ်ပွင့်ကိုသာ လူတွေက ပိုပြီးတန်ဖိုးထားကြမယ်လို့ ထင်ပါတယ်။ လက်တာခြင်းတူနေရင်တောင် စိန်က အမြဲပိုပြီး တန်းဖိုးရှိနေတက်ပါတယ်။

ဒါဆို လူတွေက စိန်ကိုဘာလို့ တန်ဖိုးထားကြတာလဲလို့ ကျွန်မတွေးမိပါတယ်။ ဘာလို့လဲ? ဘာကြောင့်လဲ? လို့ အမြဲတွေးမိတယ်။ ကျွန်မကိုယ်တိုင်လည်း စိန်ကို သိပ်ပြီးကြိုက်သလို၊ ဖိတ်ဖိတ်တောက်နေတဲ့ အရာတွေကို မျက်စိကျမိတယ်။ နောက်ထပ်တစ်ခုက စိန်တွေ ဖိတ်ဖိတ်တောက်ရတာက အလင်းဖေါက်နိုင်တဲ့ အစွမ်းတွေ ရှိတာကြောင့် လို့ လက်ခံလိုက်ပါတယ်။ စိန်ရဲ့ မာကြောမှု့နဲ့ ကြည်လင်မှုပေါ်မှာ မူတည်ပြီး သူ့ရဲ့ အရောင်လက်မှု့ အပေါ်မှာ စိန်ရဲ့တန်ဖိုးလည်း ကွာခြားသွားပါတယ်။

ဒါဆိုရင် လောကမှာ လောကဓံက ဘယ်လောက်ဘဲ အပူတိုက်ပါစေ ကြံ့ကြံ့ခံပြီးကိုယ့်ရဲ့ မာကြောမှု အဆင့်  မြင့်လာအောင်၊ ကိုယ့်ယုံကြည်မှု အဆင့်သာ အမြင်ဆုံးရောက်အောင် ကြိုးစားရင် လူ့လောကရဲ့ အမာဆုံး ကာဗွန်- စိန်- ဆိုတာမျိုး ဖြစ်လာမယ်လို့ ကိုယ့်ကိုယ်ကို ဆုံးမလိုက်မိတယ်။

တကယ်လို့သာ ကိုယ့်မှာ ဘယ်လောက်ဘဲ ပူလောင်၊ ခါးသီးတဲ့ နေ့ရက်တွေသာ ကြုံလာရပါစေ ကြည်လင်တဲ့ အစွမ်းသတ္တိ အားကောင်းတဲ့ စိတ်ထားသာ ရှိခဲ့မယ်ဆိုရင် အလင်းဖေါက်နိုင်တဲ့ တစ်ချိန်မှာ အရောင် တောက်နိုင်မယ်လို့လည်း တွေးမိလိုက်ပါတယ်။ နောက်ထပ် ကိုယ့်ဘဝကို ကိုယ်လိုချင်သလို၊ လိုအပ်သလိုသာ ပုံဖေါ်အကွတ်ချ သွေးနိုင်ခဲ့ရင် တဖျတ်ဖျတ်လတ်နေတဲ့ စိန်တစ်ပွင့်ဟာ ကိုယ်လည်း ဖြစ်နိုင်တာဘဲ ဆိုတဲ့အတွေးမျိုး တကယ်ကို ရရှိလိုက်ပါတယ်။

အမှန်က ကျောင်းအသွား၊ မီးရထားလမ်းဘေးက အရောင်တဖျတ်ဖျတ်တော်ကနေတဲ့ ကန်ရေပြင်ကိုကြည့်ပြီး ခေါင်းထဲရောက်လာတဲ့ အတွေးတစ်ခုပါ။ တွေးလိုက်တာ နားလည်လိုက်တာက အလွန်ဆုံး တစ်မိနစ် လောက်ဘဲ  ကြာမယ်ထင်ပါတယ်။ စိန်နဲ့ ရေ ကြားမှာ ရေက လူအသက်အတွက် အရေးကြီးတာတွေ၊ ရေက အသက်ရှင်ဖို့အတွက် အရေးကြီးတာတွေ ဘာမှထည့်မတွက်ခဲ့ဘူးဆိုရင် စိန်က ပိုပြီး တန်ဖိုးရှိနေ ပါတယ်။ ကန်ရေပြင်က ရေက မနက်ပိုင်းသာအရောင်တောက်ပြီး လှနိုင်ပေမယ့် စိန်ကတော့ အမြဲထာဝရ လှနေနိုင် တယ်။


ဘယ်လောက်ဘဲ ကြမ်းတမ်း ပူလောက်ပါစေ ကိုယ့်စိတ်ကို အမြင့်ဆုံးအဆင့်ထိ ခံနိုင်စွမ်းရည် ရှိအောင်သာ လေ့ကျင့်နိုင်မယ်၊ ကြည်လင်တဲ့ စိတ်ထားလေးလည်း ရှိခဲ့မယ်ဆိုရင် ကိုယ့်အတွက် ကိုယ်ဟာ စိန်တစ်ပွင့်ဘဲလို့ တွေးခဲ့မိပါတယ်။ ဒီလိုသာမဟုတ်ခဲ့ရင် ကိုယ်ကလောကမှာ ကာဗွန်သတ္တိချင်းတူတာတောင် အရောင်မည်းမည်း လေတိုက်ရင် လွင့်သွားနိုင်တဲ့ မီးခိုး၊ ဒါမှမဟုတ် မီးတိုက်တိုင်း ပြာအဖြစ်ပြောင်းလဲသွားမယ့် မီးသွေးတုံးမည်းမည်းသာ ဖြစ်လာတော့မယ်။

Sunday, 9 August 2009

Iron Cross Show


ဒီနေ့ IC Show သွားကြည့်ဖြစ်တယ်။ IC ကို ပထမဆုံးကြည့်ဖူးတာ ၁၉၉၃ လောက်ကထင်ပါတယ်။ IC ပေါ်ခါစလောက်ကပါ။ စောဘွဲမှူးမသေသေးပါဘူး။ မှတ်မှတ်ရရ အဖွားနဲ့သွားကြည့်တာ။ ကျွန်မကြည့်ချင်တယ်ဆိုလို့ မိဘတွေလည်း မလိုက်နိုင်တာနဲ့ အဖွား နဲ့ သွားကြည့်ဖြစ်တာပါ။ စက်တင်ဘာထင်ပါတယ်။ မှတ်မှတ်ရရ အဆိုတော်တွေ အများကြီး ဆိုကြပေမယ့် တစ်ယောက်မှမမှတ်မိတော့ဘူး။ ဒါပေမယ့် ဂီတာကို ပလက်လန်ပြီး တီးပြသွားတဲ့ ဂီတာသမားယောက်ဘဲ မှတ်မိပါတယ်။ နောက်တော့မှ အဲ့ဒီဂီတာ သမားဟာ စောဘွဲမှူးမှန်းသိပါတယ်။ အရမ်းဘောကျသွားတာကို ဂီတာတီးတာ သိပ်မိုက်လို့။ ဒီလိုနဲ့ အသက်ကြီးတဲ့အထိ IC ပွဲတွေ ဆက်ပြီးမကြည့်ဖြစ်တော့ဘူး။
၂၀၀၀ လောက်မှ စပြီး အငဲကို ကြိုက်ပါတယ်။ ပြီးတော့ သူငယ်ချင်းက မျိုးကြီးမိုက်တယ် နားထောင်ဆိုတာနဲ့ မျိုးကြီးပါ ကြိုက်သွားတယ်။ နောက်ပိုင်း မျိုးကြီးရဲ့ ရန်သူတစ်ထောင် ကြည့်ပြီး လေးဖြူပါ ကြိုက်သွားတယ်။ ထူးထူးဆန်းဆန်းကြီး လေးဖြူကို နောက်မှကြိုက်မိ တယ်။ နောက်ပိုင်း လေးဖြူခွေတွေ ၀ယ်ဖြစ်ပါတယ်။ IC ရဲ့ Show ပထမဆုံး Strand Hotel မှာလုပ်တော့ ၂၀၀၃ စက်တင်ဘာ ပထမဆုံးShow နဲ့ ၁၀ အကွာမှာ သွားကြည့်မယ် လုပ်ပေမယ့် ညဘက်ဖြစ်နေတာရော အတူသွားဖို့ လူမရှိတာရော။ ပိုက်ဆံ ၃၀၀၀ မတက်နိုင် တာရော အကြောင်းမျိုးစုံကြောင့် မသွားဖြစ်ခဲ့ပါဘူး။ ခွေတော့ ၀ယ်ပြီး နားထောင်တယ်၊ လိုက်ဆိုဖြစ်ပါတယ်။

ဒီလိုနဲ့ မြန်မာပြည်မှာလည်း IC Show တိုင်း လွတ်တယ်။ သွားမယ်လူမရှိတာရော အကြောင်းမတိုက်ဆိုင်တာရောကြောင့်။ ကျွန်မ မြန်မာခွေတွေ အ၀ယ်နည်းပေမယ့်။ စိုင်းစိုင်း နဲ့ IC ကထွက်တဲ့အခွေတိုင်းနီးပါ မူရင်းခွေတွေ ၀ယ်ပြီး အားပေးပါတယ်။ ကြိုက်တာကို။ အရင်တစ်ခါ စလုံးမှာ လာပြီး IC Show လုပ်တုန်းကလည်း ပိုက်ဆံမရှိဘူး။ ပြီးတော့ လေးဖြူမပါဘူး။ ဖြူဖြူကျော်သိန်းပါတယ်ထင်တယ်။ အဲ့ဒါနဲ့ သွားပြီး မကြည့်ဖြစ် ပါဘူး။ ဒီတစ်ခါတော့ တိုက်တိုက်ဆိုင်ဆိုင် သွားမယ့်လူကလည်း စိတ်ချရတဲ့လူ၊ လက်ထဲမှာလဲ ပိုက်ဆံလေးက တိုက်တိုက်ဆိုင်ဆိုင်ရှိနေတော့ (ရှိနေတာတော့မဟုတ်ပါဘူး၊ ရှိလိုက်တာ)။ မျက်စိမှိတ်ပြီး သွားလိုက်တယ်။

အမှန်အတိုင်းပြောရရင် အတူသွားတဲ့လူတွေကို အရမ်းကိုအားနာပါတယ်။ အစ်မတွေဖြစ်နေ တော့ အေးအေးဆေးဆေးသမားတွေ၊ ကျွန်မက ပုံမှန်အချိန်ဆို ဘာမှမဖြစ်ပေမယ့် အဲ့ဒီ သီချင်းတွေ နားထောင်ရင်တော့ ပုံမှန်မဟုတ်တာသေချာတယ်။ အဆိုးဆုံးကတော့ မျိုးကြီး သီချင်းတွေဆို လိုက်မဆိုဘဲ မနေနိုင်ဘူး။ အဲ့ဒီအချိန်မှာတော့ ကျွန်မကိုယ်ကျွန်မ မိန်မအဖြစ် ကနေ စွန့်လွှတ်ထားတယ်။ ဟဲဟဲ ပွဲအဖွင့်မှာ Rဇာနည်နဲ့ စတော့ အေးအေးလေးပါဘဲ။ နောက်တော့ ၀ိုင်ဝိုင်း။ Rဇာနည်ရော ၀ိုင်ဝိုင်းသီချင်းတွေရော ကျွန်မရတဲ့ သီချင်းတွေချည်း ဖြစ်နေတော့ လိုက်ပြီး ညည်းမိပါတယ်။ နောက်တော့ မျိုးကြီး မရတော့ ရှိန်ကမထိန်း နိုင်တော့ဘူး။ ပြီးတော့ သူဆိုသွားတဲ့သီချင်းအားလုံး ကျွန်မအကြိုက်တွေချည်း ဖြစ်နေတယ်။ ပွဲမှာ အငဲက နဲနဲပိန်သွားပြီး မျိုးကြီးဗိုက်က ၀လာတယ်ခင်ဗျ။ လေးဖြူကြီးကတော့ ထုံးစံအတိုင်းပါပဲလေ။

စိတ်ထဲရှိတဲ့အတိုင်း ကျွန်မရတဲ့ သီချင်းအကုန်နီးပါးလိုက်ဆိုဖြစ်တယ်။ အစကတော့ အစ်မတွေ အားနာ နေသေးတယ်။ နောက်တော့ ပိုးဝင်သွားတော့ အားမနာတော့ဘူး။ အဆိုတော်တွေ အပြင် အတီးသမား တွေကလည်း ခင်မောင်သန့်ကလွဲရင် အကုန် လက်စွမ်းပြသွားကြတာမို့ အတော်လေး ကြည့်ကောင်းတဲ့ ပွဲပါလေ။ အပိတ်ကျတော့ အရင် ၂၀၀၃ Live Show တုန်းက သီချင်းတွေ ဆိုသွားတယ်။ ကျွန်မက IC Show ကြည့်တာ ဒါပထမဆုံးမို့လားမသိဘူး အရမ်းကို ပျော်နေမိတယ်။ ပိုက်ဆံကုန်တာတွေ တန်သွားတယ်လို့ ထင်လိုက်မိတယ်။ နောက် လာမယ့် ဖေဖေါ်ဝါရီ ၁၄ ပွဲအတွက်ကိုပါ သွားကြည့်ဖို့ စိတ်ကူး ယဉ်နေမိတယ်။

Thursday, 9 July 2009

MJ

Michael Jackson ရုတ်တရက်သေသွားတာ အနုပညာလောကကို တိုက်ရိုက် ရိုက်ခက်တာတင် မဟုတ်ဘဲ။ လူတွေရဲ့ စိတ်ဓါတ်တွေကိုပါ ရိုက်ခက်တယ်လို့ မြင်မိပါတယ်။ သူလုပ်ခဲ့တာတွေ တစ်ပုံတစ်ကြီးရှိပေမယ့် ကိုယ်တောင် သူ့လောက် အရာထင်အောင်မလုပ်နိုင်တဲ့လူတွေက ပစ်တင်ဝေဖန်ကြတယ်။ အပိုစာဒါးတွေ လို့ မြင်တဲ့လူက မြင်ကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူသေဆုံးသွားတာက အမှန်တကယ် လူအများကို ရိုက်ခက် လိုက်တယ်ဆိုတာကတော့ ဘယ်သူမှငြင်းလို့ မရပါဘူး။

ကျွန်မကိုယ်တိုင်က သူရဲ့ အမာခံပရိတ်ပတ်မဟုတ်ပေမယ့် သူ့အကတွေကို တော်တော်လေး ကြိုက်ခဲ့သူပါ။ ပြီးတော့ သူ့တရားရင်ဆိုင်ခဲ့တဲ့အမှုတွေအတွက်လည်း သူ့ကို တော်တော်လေး အထင်သေးခဲ့တယ်။ ဒီကောင် ဘာကောင်းလဲပေါ့လေ။ ကတာတော်တာကို သဘောကျပေမယ့် နဲနဲလေးမှ မလေးစားမိဘူး။ သူ လုပ်ခဲ့တဲ့ အလုပ် တွေအတွက် အပိုတွေလုပ်နေတယ်လို့ ဘာမှမသိဘဲ ထင်ထား၊ မြင်ထားခဲ့သူပါ။ ဒါပေမယ့် အခုနောက်ပိုင်း အသက်ရလာတော့ စဉ်းစားမိတာက လောကမှ အရာတစ်ခုထင်ဖို့ လူတွေ စိုက်ထုတ်ရတဲ့ အင်အားက မနည်းဘူးဆိုတာ သိလာခဲ့တယ်။ နောက်ပိုင်း အရာထင်အောင် လုပ်နိုင်တဲ့ လူတွေကို လေးစားမိတယ်။ ပိုက်ဆံအဓိကမဟုတ်ပေမယ့် လူကြားထဲ လူတွေ အသိအမှတ်ပြုခံရတယ်ဆိုတာ တော်တော့်ကို မလွယ်တဲ့ ကိစ်္စဆိုတာ လက်တွေ့ သိမြင်လက်ခံလာတဲ့ အချိန်မှာ MJ ကို တော်တောလေး လေးစားမိပါတယ်။

သူသေမှ သူ့အကြောင်းတွေပြန်ဖော်တော့ ငယ်ငယ်က ပိုက်ဆံအတွက် ငယ်ဘ၀ကိုစွန့်လွှတ်ခဲ့ရတဲ့ ကလေး တစ်ယောက်ရဲ့ ခံစားချက်ကို စာနာသနားမိပါတယ်။ ကျွန်မကိုယ်တိုင် ငယ်ဘ၀ကို လွတ်လွတ်လပ်လပ် အားပါးတရပျော်ခဲ့ရပေမယ့် အခုအချိန်ထိ ပြန်လိုချင်တုန်းပါဘဲ။ တန်ဖိုးထားတုန်းဘဲ။ သူလို အသက်ငါးနှစ် ကတည်းက ပိုက်ဆံရှာဖို့အတွက် လုံးပန်းနေရမယ့် ကလေးတစ်ယောက်ရဲ့ ဆုံးရှုံးမှုကို စာနာမိတယ်။

MJ ရဲ့ သေဆုံးမှုနဲ့ ပက်သက်ပြီး ကျွန်မအတွက် စဉ်းစားစရာတွေအများကြီး ရခဲ့ပါတယ်။ ငါ ဘာလုပ်ပြီးပြီလဲ၊ ဘာလုပ်ဖို့လိုသေးလဲ။ ပြီးတော့ အလုပ်တစ်ခုလုပ်ရင် ဘာလို စိတ်ထားနဲ့လုပ်ရမလဲ။ MJဟာ တကယ်တော့ ကျွန်မတို့အတွက် အတုယူစရာကောင်းတဲ့ လူတစ်ယောက်ပါ။ ကိုယ့်ဘဝကို အဖြစ်သင့်ဆုံးအခြေအနေကို ရောက်အောင် ဖန်တီးနိုင်တဲ့ လူတစ်ယောက်ပါ။ အဲ့ဒါကို အတော်လေး အားကျမိပါတယ်။ လေးစားမိပါတယ်။ အတုယူရမယ်လို့ ကိုယ့်ကိုကိုယ် ဆုံးမိပါတယ်။

ရင်သပ်ရှုမောစရာ မြင်ကွင်းတွေရဲ့နောက်မှာ အနိတ်ထာရုံတွေရှိနေတက်တာ ဓမ္မတာပဲမို့ သူ့ရဲ့ ကိုယ်ရေး ကိုယ်တာ နဲ့ ပက်သက်တဲ့ ကိစ္စလေးတွေရှိပေမယ့် သူလုပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး လို့ ခံစားပါတယ်။ နောက်တစ်ခုက တကယ်လို့များ ကျွန်မရဲ့ ဖေဖေ MJ လိုသာဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်လေး ၀င်လာပါတယ်။ ကျွန်မအသက်အရွယ်နဲ့ ကျွန်မဖေဖေကို အသက်ဆက်ပြီး ရှင်စေချင်ပါသေးမယ်။ ဒီ အတ္တလေး ပေါ်လာမိပါတယ်။ MJ သားသမီးတွေ ကြည့်ပြီး သနားမိတယ် ကိုယ်ချင်းစာမိပါတယ်။ မိဘသေလို့ ခံစားရတယ် ဆိုတာ ကိုယ်တိုင် မိဘသေဖူးမှသိတာပါ။ ကိုယ့်မိဘ မသေဖူးသေးဘဲနဲ့တော့ သူတို့နဲ့ထပ်တူ မခံစားရလောက်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် အသက်ရှင်နေတုန်းလေး ပိုပြီး တိုးချစ်မယ်လို့ ဆုံးဖြတ်မိပါတယ်။

Thursday, 25 June 2009

Endless Greedy

ဒီလ ၁၉ ရက်နေ့က မလေးကိုပြန်ဖြစ်ပါတယ်။ အမှန်က ပြန်ဖို့ကအစက အစီအစဉ်မရှိပေမယ့် မိဘတွေ နေမကောင်းဘူးဆိုတာရော(ဒါကတော့ အကြောင်းပြချက်ကောင်းပေါ့)၊ လေယာဉ်လက်မှတ်ဈေးတွေ အရမ်းချနေတာရော ပေါင်းပြီး ပြန်ဖြစ်ပါတယ်။ မြန်မာပြည်က ထွက်လာကတည်းက Budget Air Line ပဲ စီးတာများတော့ လေကြောင်းလိုင်းကောင်းကောင်းလေးနဲ့ တစ်ခါလောက်တော့ သွားဖူးချင်တာ။ Asia ထဲမှာ Singapore Air Line တို့၊ Silk Air တို့ပြီးရင် Malaysia Air Lineလည်း နာမည်ကြီးတာမို့။ ဒီတစ်ခါ ဈေးချတာမလေးရှားလိုင်းကဆိုတော့ စီးဖူးတယ်ရှိအောင် စီးချင်တာလဲ ပါပါတယ်။ သူမို့လည်း စီးနိုင်တာပါမယ်ထင်ပါတယ်။

ရုပ်ရှင်တွေထဲမယ် လေယာဉ်ပျံနဲ့ ခရီးသွားတဲ့လူတွေများ လှလှပပနဲ့ ကျော့လို့မော့လို့ ကျွန်မတို့များလေယာဉ်တစ်ခါစီးတာ ကုန်ထမ်းနေရသလိုပါဘဲ။ အဲအေးရှားက လူတစ်ယောက်ကို ၁၅ ကီလိုဘဲပေးတော့ ကျန်တဲ့ ကိုယ်သယ်ချင်တာတွေကိုယ်တိုင်သယ်ရတော့ လက်ထဲမှာ ၃ ထုပ်လောက်က အသာလေးပါတယ်။ တစ်ခါတလေတော့ ရုပ်ရှင်ဆိုတာ စိတ်ကူးယဉ်သက်သက်တစ်ခုဘဲဆိုတာ လက်ခံမိတယ်။

ဒီလိုနဲ့ ကျွန်မဆီမှာ အေးအေးသက်သာနဲ့ လေယာဉ်တစ်ခါလောက်တော့ စီးဖူးချင်သားလို့ စိတ်ကူးရှိမိပါတယ်။ အခုတစ်ခေါက်တော့ မလေးရှားအဲလိုင်းက လေယာဉ်လက်မှတ်တွေ ဈေးချတာ တစ်ကြောင်းကို ၄၉ ကျပ်၊ဈေးချတာကတော့ Economy တန်းကဆိုပေမယ့် ခါတိုင်းကို စလုံးငွေ ၁၀၀ ကျော်ပေးရတဲ့၊ မလေးငွေ သုံးရာလောက်ပေးရတဲ့ အတန်းတွေဆိုတော့ စီးဖူးတယ်ရှိအောင်ဆိုပြီး အိမ်ပြန်မယ် စိတ်ကူးပါတယ်။ အသွားအပြန် ၉၁ ကျပ်ဘဲကျပါတယ်။ အသွားအပြန်ဝယ်တော့ ဈေးပိုသက်သာသွားပါတယ်။ ဒါနဲ့ ပျော်ပျော်ကြီး
အိမ်ပြန်ခဲ့ပါတယ်။ ဒီတစ်ခါတော့ ကျွန်မဆုတောင်းအချိန်မှီပြည့်တယ် ပြောရပါ့မယ်။

အဲ့ဒီမှာ ပြဿနာက စတော့တာပါဘဲ။ မလေးနဲ့ စင်္ကာပူကူးတဲ့လေယာဉ်မို့လား၊ ဈေးချတဲ့အချိန်ဆွဲတဲ့ လေယာဉ်မို့လားမသိပါဘူး။ လေယာဉ်က Boring 737 ဖြစ်နေပါတယ်။ အဲ့ဒါတောင် လေယာဉ်ပေါ်ရောက်မှ သိတာပါ။ ခါတိုင်း Air Asia အမြဲစီးတာဆိုတော့ ဘာတွေကွာလည်း သေချာမသိပါဘူး။ နာမည်ကြီး လေကြောင်းလိုင်းဆိုတော့ ကောင်းမယ်ဘဲထင်တာပါဘဲ။ လေယဉ်လိုင်းက အကောင်းဆိုတော့ ဂိတ်တွေ ကလည်း စောတဲ့ ဂိတ်တွေ၊ လှလှပပ နေရာနားတွေက ဂိတ်ဆိုတော့အားလုံးလှနေတာပေါ့။ Checkin ကို Online ကနေလုပ်တာဆိုတော့ ထိုင်ခုံကတော့ ရှေ့နားရပါတယ်။ အစကတည်းက လေယာဉ်စီးရင် အလယ် နားလောက် စီးရတာကို ပိုကြိုက်လို့ အလယ်နားက ထိုင်ခုံကို သေချာရွေးခဲ့တာပါ။

ဒီလိုနဲ့ လေယာဉ်ပေါ်တက်ပြီးလို့ လေယာဉ်စထွက်ပြီး မိနစ်နှစ်ဆယ်လောက်ကြာတယ် Taxi လုပ်နေတာ။ ကွင်းကနေ အရှိန်နဲ့ စပြီး ပြေး၊ လေပေါ်စရောက်တာနဲ့ လေယာဉ်ကတုန်နေပါတယ်။ အသံတွေ ကြားနေရတယ်။ အခုတလောလဲ လေယာဉ်တွေ ပျက်ကျတာတွေ အမြဲကြားနေရတော့ စိတ်ထဲမယ်လည်း တစ်မျိုးတော့ ဖြစ်မိပါတယ်။ ဖြစ်လည်း အတွေ့အကြုံလို့ မှတ်လိုက်ပါတယ်။ အပေါ်မှာ လေးက တော်တော် လေးပြင်းနေတော့ အပေါ်နားရောက်ခါနီးလေ လေယာဉ်က ပိုပြီးတုန်လေဖြစ်နေပါတယ်။ အပေါ်တော်တော် မြင့်မြင့်ရောက်မှ တုန်တာတွေ ရပ်သွားမှဘဲ လူလည်း ဟင်းချနိုင်တော့တယ်။ ဟီးး မပြောကောင်းပြောကောင်း သွားပြီကို မှတ်တာ။

အမှန်က Air Bus တွေက သိပ်ပြီးမတုန်ဘဲ လူတွေ စီးရတာ သက်တောင့် သက်သာရှိတယ်လို့ ဖေဖေတစ်ခါပြောဖူးတာ အဲ့ဒီတော့မှ ပြန်ပြီး သတိရပါတယ်။ ခါတိုင်းက Air Asia စီးတော့ သူ့ဆီက လေယာဉ်တွေက Air Bus တွေချည်း ဆင်ထားတာဆိုတော့ အခုကိုယ်စီးတဲ့လေယာဉ်ကလည်း MH မှာအသေးဆုံးလေယာဉ်ဖြစ်နေတော့ အသားကုန်မြည်နေတာလည်း ပါမယ်ထင်ပါတယ်။ ဒီတော့မှ ထိုင်ခုံပြေးဦး၊ မုန့်မကျွေးတာမှတန်ဦးမယ်လို့ တွေးမိပါတယ်။ ပြီးတော့ Air Asia က Lather ထိုင်ခုံတွေကို ပိုကြိုက်ပါတယ်။။ ဘယ်လိုဘဲ ဖြစ်ဖြစ် စိတ်ထဲမှာ စီးနေကျဖြစ်လို့လား၊ တကယ်ဘဲ သက်တောင့်သက်သာရှိလို့လားတော့ မသိဘူး။ Air Asia ရဲ့ အနံနဲ့ ထိုင်ခံတွေကို ပိုပြီး နှစ်သက်မိပါတယ်။

ဒါပေမယ့် အခုလောလောဆယ်တော့ Air Asia ကလည်း One Way တောင် ၈၈ ကျပ်ကျတာဆိုတော့ ကိုယ့် Budget ပေါ်မူတည်ပြီး လက်ရှိလေးဘဲ ကောင်းပါတယ်ဖြစ်သွားပါတယ်။ ဒီတစ်ခါကျတော့ လောဘက ပိုပြီးတက်သွားတယ်။ တကယ်လို့များ ငါ့မှာ ပိုက်ဆံရှိခဲ့ရင် Business class ကိုစီးမယ်ဆိုပြီးဖြစ်သွားပြန်ရော။ ဟီးး ဒီလို၊ ဒီလို မဆုံးနိုင်တဲ့ လောဘပေါ့ ခင်ဗျာ။

Monday, 15 June 2009

Near or Far ?


ကျွန်မရဲ့ ရောဂါက ဓါတ်ပုံဆိုရင် မပြင်ဘဲ တင်ရတာကိုကြိုက်ပါတယ်။ ဒါလေးက ဖုန်းကင်မရာလေးနဲ့ ရိုက်ထားတဲ့ ပုံလေးပါ။ အမှတ်တရအနေနဲ့ တင်လိုက်တာပါ။ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဒါပေမယ့် ခေါင်းထဲမှာ ပေါ်လာတာလေး တစ်ခုက ကောင်ကင်ကြီးက မြက်ပင်တွေအတွက် တကယ့်ကိုဝေးပေမယ့် ဒီလို လေးကျတော့ နီးနီးလေးလိုပါဘဲ။ အမြင်လေးတစ်ခုကြောင့် အကွာအဝေးတွေကနေ နီးသွားသလို ဖြစ်သွား ပေမယ့် ကတယ်တော့လည်း ဝေးနေတုန်းပါဘဲလို့ ဆိုတဲ့ မတူတဲ့ အတွေးနှစ်ခု ခေါင်းထဲ ရောက်လာပါတယ်။


ကြာဇံချက်( Behon with Chicken soup)


ဒါလေးများ အရေးတယူလုပ်ပြီးတင်တယ်လို့ မထင်လိုက်ပါနဲ့။ ဒါက ကျွန်မရဲ့ ပထမဆုံးချက်ဖူးတဲ့ ကြာဆံချက်။ အိမ်မှာက မေမေဘဲချက်တာ။ ကိုယ်က ဘေးကနေ ကူယုံတင်ကူတာဆိုတော့ နည်းတော့ သိပါတယ်။ အစဆုံး ကိုယ်မလုပ်ဖူးတော့ ဒါက ပထမဆုံး ကြာဆံချက်ပေါ့။ မဆိုးဘူး စားလို့ ကောင်းတယ်။ ကိုယ့်ဘာသာချက်ပြီး ကျေနပ်နေတယ်။ စကားကောင်းလိမ့်မယ်လို့ မထင်ထားပေမယ့် စားကောင်းခဲ့တယ်။

ထူးခြားတာကတော့ ကြက်သားဆီသတ်တဲ့အချိန်မှာ ကြာဇံကို ထည့်ပြီး ဆီသတ်ခဲ့ပြီးတော့ ချက်တာ ကြာဇံသိပ်ပြီး မပွဘူး။ အဲ့ဒါလေး တစ်ခုပါဘဲ။ ပထမဆုံး ကြာဇံချက်ကတော့ အောင်မြင်သွားပါတယ်။ ကြာဇံချက်က ပစ္စည်းစုံပေမယ့် အဆာဗလာကတော့ မစုံဘူး။ ဒါပေမယ့် စားကောင်းတာဘဲ။ ကိုယ့်ဘာသာ ချက်ပြီး စားလို့ကောင်းပြီး ကျေနပ်တဲ့အထဲမှာလည်း ပါတာကြောင့် ဘလောဂ့်မှာတင်ဖြစ်ပါတယ်။

Sunday, 7 June 2009

Roger Federer Win Roland Garros


Finally, the day is come. I believe he will win this year. He try really hard to win in clay court. This is his first clay court title in his career. Now he got his 14 grand slam title in 2009. I still believe him to get more Grand slam title. When I saw he cry in Australian Open this year, I am really sorry for him. And I had cry for him. Thanks Roger for not give up his career. I believe you will win Wimbledon for this year. Go Go Roger.


Marina Barrage Trip

ကဲကဲ ကြည့်မနေနဲ့ အထဲဝင်ကြရအောင်


အ၀င်ဝက မြင်ကွင်းလေးက လှသားနော်..




ဘေးမှာကတော့ ဒီလို တံခါးပေါက်အမြင်ကြီးလိုမျိုးတွေကလည်း လှတာဘဲ..


ကဲကဲ အပေါ်စီးကနေ ကြည့်ရအောင် တက်လိုက်ဦး...

သူတို့လေးတွေလည်း ကြိုးစားပြီး တက်ကြရှာတယ်...


ကလေးတွေ ရေဘော့လုံးကစားနေကြတယ်ထင်ပါရဲ့...


ဟော့ဟိုဘက်မှာက ကလေးတွေ ရေဆော့နေကြတယ်...

ဟဟဟ ဒီဘက်ကကြည့်တာ တော်တော်လှတာဘဲဟေ့..

ဒီဦးလေးကြီး တစ်ယောက်တည်း ငေးနေတယ်..

အေးနော် ရှုခင်းကတော်တော်ကြီးလှတာကိုနော်...

ဟာ ဒီဘက်မှာလည်း မြက်ခင်းကြီးကလည်း လှတာဘဲ...

ကြည့်ရတာ စွန်လွှတ်ဖို့ ကြိုးစားနေတာဖြစ်မယ်နော်..

ဟာ စွန်တွေတက်သွားပြီ..

ပူပေါင်းတွေကိုင်ပြီး ဘာလုပ်နေတယ်မသိဘူး..

အားရပါးရရိုက်နေတဲ့လူတော့ ၀ဋ်လည်ပြီ...

ကဲကဲ ငေးမနေနဲ့တော့ ပြတိုက်ထဲဝင်ကြမယ်...

ကဲကဲ ဓါတ်ပုံရိုက်မယ်နော်..

ဒါက ရေသန့်ဗူးတွေဘဲ မြင်ရအောင် မီးစုန်းသုတ်ထားတယ်. အိုင်ဒီယာလေး မိုက်တယ်ဟ..



သြော် စလုံးမှာလည်း ရေကြီးဖူးတာဘဲနော်..


ဟဟ ထမီတွေနဲ့ တဲတွေနဲ့ဟ..သော်မဆင်လမ်းမှာတဲ့..

ဒါကြီးကဘာကြီးလဲ...
သြော် အသံအကြောင်း သရုပ်ပြထားတာ အထဲမှာ စပီကာလေး ပါတယ်ဟ...


လာကြည့်တဲ့လူတွေက အများသား...

သြော် ထူးခြားတဲ့အချက်တွေတဲ့..

မှန်တွေပေါ်နင်းရတာ ကြောက်စရာကြီးနော်...

ဟာ ဒီဘက်က ကြည့်တော့လည်း လှတာဘဲ

ဒီနေ့ သွားခဲ့တဲ့ Marina Barrage ကို စာတွေ ရေးရင် အများကြီး ရေးရမှာမို့ ဒီလိုလေး တင်လိုက်ပါတယ်။ စင်္ကာပူနိုင်ငံကြီး ရေချိုလှောင်နိုင်အောင် ဘယ်လို ကြိုစားထားသလဲ။ ရေးကြီးတာတွေကို ဘယ်လို လုပ်ခဲ့သလဲ ဆိုတာ သိခွင့်ရခဲ့တော့ ၀မ်းသာပါတယ်။ လုပ်ပေးတဲ့လူကိုလည်း ပိုပြီး လေးစားမိတယ်။ ဒီတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ ဒီလို တံငါရွာကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာကို လေးစားမိတာပါ။

Picture was take with Nokia 6500 classic.(ဖုန်းကြော်ငြာတာ ဟုတ်ဘူး။ ပုံတွေ သိပ်ပြီး မလှတာအားနာလို့ အကြောင်းပြတာ။)




Wednesday, 13 May 2009

Mr. Good-Bye


အခုလောလောဆယ် ကြည့်ဖြစ်နေတာကတော့ KBS World ကနေလာနေတဲ့ Mr. Goodbye ဆိုတဲ့ ဇာတ်လမ်း တွဲလေးပါဘဲ။ ဇာတ်လမ်းက အဟောင်းပေမယ့် ခေါင်းဆောင်မင်းသားကို အရမ်းကြိုက်တာမို့ ကြည့်ဖြစ်တာပါ။ ကိုရီးယားကားတွေ စကြည့်တော့ အဲ့ဒီမင်သားနဲ့ မြန်မာပြည်မှာ လီဟန်နီလို လူသိများတဲ့ မင်းသမီးနဲ့ကား စကြည့်ဖြစ်ပါတယ်။ အဲ့ဒီကနေစပြီး အဲ့ဒီ မင်းသားကို နှစ်သက်မိပါတယ်။ နာမည်အရင်ကတော့ Ahn Jae-wook ပါ။ 


အခုလည်း ဒီကားလေးစလာတော့ ဘယ်မင်းသားလဲ ခဏကြည့်ရာကနေ ဆက်ပြီး ကြည့်ဖြစ်သွားပါတယ်။ Mysoju ကနေသွားပြီး ကြည့်ရင် ရပေမယ့် တီဗွီကနေ စောင့်ကြည့်ရတဲ့ အရသာကို ပိုကြိုက်နှစ်သက်မိလို့ 
(အမှန်တိုင်းပြောရရင်တော့ မင်းသားက အချစ်ဟောင်းလည်းဖြစ်နေတာဆိုတော့က စိမ့်စိမ့်ကြည့်ရတာလေး သဘောကျတာလည်း ပါမယ်ထင်ပါတယ်။ :P) အဲ့ဒီကားကိုတော့ တီဗွီကနေဘဲ စောင့်ကြည့်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကိုရီးယားကားထုံးစံသမရိုးကျ ထဲကနေ သိပ်ပြီး ခွဲမထွက်နိုင်တဲ့ ဇာတ်လမ်းမျိုးလို့ အခုလောလောဆယ် ခန့်မှန်းထားပါတယ်။ 


သူရဲ့ ပထမဆုံးသိတဲ့ ဇာတ်ကားနာမည်ကတော့ Goodbye My Love ဆိုတဲ့ကားပါ။ အချစ်ကားလေးပေါ့။ ကြုံရင် အဲ့ဒီကားလေကို ဆက်ကြည့်လိုက်ကြပါဦး။ ဇာတ်ကားက ဟောင်းနေတော့ ရုပ်ရှင် ၀ါသနာအိုးတွေ ပျင်းစရာကောင်းတယ်လို့ မြင်နိုင်ပါတယ်။ ကျွန်မအတွက်ကတော့ အတော်ကြိုက်ခဲ့ဖူးတဲ့ ကားလေးပါ။ ဒီကားလေးတွေက ကိုရီးယားကားတွေကို စပြီး စွဲစေခဲ့တာပါ။


Walking In My Dream.

ဘလောဂ့်မရေးတာလည်း ကြာပါပြီ။ သင်္ကြန်လောက်ကတည်းက ရေးမယ်ဆိုပြီး မရေးဖြစ်တာပါ။ မရေးဆို အလုပ်တွေက များသားကလား။ လိုဘတွေအတွက် အချိန်တွေရင်းနှီးနေရလို့။ တစ်ခါတလေ ကိုယ်လုပ်နေတာတွေ သိပ်ပြီးမမှန်မှန်း သိပေမယ့်ရပ်တန့်လို့မရဘူးဖြစ်နေတယ်။ ရေးချင်တာတွေ စိတ်ထဲမှာ အမြဲရေးနေပေမယ့် တကယ့်လက်တွေ့ မရေးဖြစ်တာ တော်တော်ကြီးဆိုးပါတယ်။ အခုလောလောဆယ် လိုချင်တာတွေထဲကမှ အလိုချင်ဆုံးက အတည်တကျရှိတဲ့ အလုပ်အကိုင်တစ်ခု လိုချင်ပါတယ်။ အဲ့ဒါ အလိုချင်ဆုံး ပါဘဲ။ အဲ့ဒါရှိရင် အားလုံးပြည့်စုံသွားပြီလို့ စိတ်ထဲမှာခံစားရပါတယ်။ အဲ့ဒီအလုပ်အကိုင်လေး တည်တံ့ဖို့ကတော့ ကိုယ်တိုင်တာဝန်ပေါ့။

ဒီလတွေထဲမှာ အလုပ်ရှာတာနဲ့ အချိန်ကုန်တာများပါတယ်။ တစ်ခါတလေ ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ တိုးလာလိုက်၊ ကျသွားလိုက်နဲ့ စက္ကန့်နဲ့ အမျှကို ပြောင်းလဲနေလို့။ ကိုယ့်တိုင် ဘာဖြစ်နေမှန်းကို သေချာ မသိတော့ တဲ့အထိတိုင်အောင်ကိုဖြစ်နေမိတယ်။ ထင်ရာလုပ်။ ထင်ရာပြော။ ကိုယ်လုပ်တာအမှန်ဖြစ်နေတယ်။ ဒီလို စီးပွားပျက်ကပ်မှ အလုပ်ရှာရတဲ့ လူရဲ့အဖြစ်ကလည်း အတော့်ကိုဆိုးပါတယ်။ ဒါပေမယ့် ဟိုတနေ့ကတော့ နေးတစ်ဖိုရမ်မှာ မပန်ဒိုရာဆိုတဲ့ နစ်နဲ့ အစ်မတစ်ယောက်ရေးထားတာ ဖတ်ပြီး အတော်လေး အားတက်မိတယ်။ ပန်ဒိုရာဆိုတဲ့ နစ်လို့ ပြောရတာကတော့ အဲ့ဒီပန်ဒိုရာဆိုတာ ဘလောဂ့်ရေးတဲ့ ပန်ဒိုရာလား ဆိုတာ သေချာမသိတာကြောင့်ပါ။ အဲ့ဒီအစ်မရေးထားတာကတော့ အလုပ်ဆိုတာသူပေးမှ ရတာမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့အလုပ်ကို ကိုယ်က ရအောင်ယူရတာလို့ ပြောထားတာကို ဖတ်ပြီး သဘောပေါက်မိသွားတယ်။ အလင်းရသွားတယ်လို့ ပြောရပါမယ်။ အဲ့ဒီလို ရေးတဲ့အစ်မကိုလည်း ကျေးဇူးတင်သလို၊ အဲ့ဒီပိုစ့်ကို ဆွဲထုတ်လာတဲ့ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်။ အရင် ဖိုရမ်ဖတ်ပေမယ့် ကိုယ်မဖတ်ခင် ကရေးခဲ့တာတွေကျတော့ မပြော၊ မပြရင် မသိတဲ့အနေအထား။ ကိုယ်တိုင်ကလည်း ပြန်ပြီး ထဲထဲဝင်ဝင် မဖတ်တော့ အဲ့ဒီလို သတိတရနဲ့ ဆွဲထုတ်လာတဲ့လူရှိမှ ဖတ်ရတာပါ။

အဲ့ဒီစာမဖတ်ခင်အထိ ကျွန်မအမြင်ကတော့ အလုပ်ဆိုတာ ကံစပ်မှ၊ သူများပေးမှ ရတာလို့ မြင်ထားတာ။ကိုယ်လိုချင်တဲ့အလုပ်ဆိုတာ ကိုယ်နဲ့ တွေ့ဖို့ ဆုံဖို့ အတော်မလွယ်တဲ့ကိစ္စလို့ လက်ခံထားတာပါ။ မထင်မှတ်ဘဲ အဲ့ဒီစာလေးထဲက အသိလေးရလိုက်ပါတယ်။ တစ်ခါတလေ တွေးမိရင် ဆက်စပ်ပြီး လျှောက်တွေးတက်တဲ့ အကျင့်ကြောင့် တဆက်ထဲမှာတွေးမိလိုက်တာက ပညာရှာ ပမာသူဖုန်းစား ဆိုတဲ့ မြန်မာ စကားပုံလေးပါ။ စကားပုံလေးရဲ့ မူရင်းဆိုလိုရင်းက အမှန်လိုချင်ရင် ဘာကိုမှ မရှက်မကြောက်ဘဲ ရယူနိုင်ရတယ်ဆိုတာကို တကယ် စားစရာမရှိ၊ ဘာမှမလုပ်တတ်တဲ့ အတွက် တစ်နှပ်စာကို သိက္ခာမထောက် တောင်းစားရတဲ့ သူဖုန်းစားနဲ့ ခိုင်းနှိုင်းထားတာလေးကို တစိမ့်စိမ့် တွေးမိပါတယ်။ အမှန်တကယ်သာ လိုချင်ရင် ရအောင်ယူတက် ရတယ်ဆိုတာလည်း သိပေမယ့် မမြင်မိတဲ့ ကျွန်မ အခုမှ တစေ့စေ့တွေးပြီး တရေးရေးမြင်နေမိပါတယ်။ အလုပ်ဆိုတာ ပညာနဲ့တူပြီး လိုချင်ရင် ရအောင် ကိုယ်တိုင်စွမ်းဆောင် တောင်းယူရတယ်ဆိုတာကို သိလိုက်ရတယ်။ နောက်ပြီး ကျွန်မ အားတာနာလို့ ကိုယ့်ကိုကိုယ်လက်ခံထားတဲ့ အကျင့်တစ်ခု အတွက်လည်း ဖျောက်ပြစ်ဖို့ တွန်းအားတစ်ခုပါ ရရှိခဲ့ပါတယ်။

ဒီအတောအတွင်း ထပ်ပြီး သိလိုက်ရတာက။ အတုမရှိဆိုတဲ့ စကားလုံးပါ။ အဲ့ဒီစကားလုံး ကို တော်တော်လေးတွေးပြီး တော်တော်လေး သဘောကျမိပါတယ်။ အရင်တုန်းက ဘုရားစာတွေထဲမှာပါတဲ့ အမွှန်းတင်တဲ့ တချို့တချို့သော စကားလုံးများကို ကျွန်မစိတ်ဘ၀င်မကျဖြစ်ခဲ့ဖူးပါတယ်။ ကိုယ်တိုင်မသိ၊ နားမလည်သလို၊ သိအောင် နားလည် အောင်လည်း မကြိုးစားခဲ့တာကြောင့်လို့ ထင်မိပါတယ်။ လက်ရှိသင်ကြားခြင်း ခံနေရတဲ့ ဘ၀သင်ခန်းစာထဲက အတွေ့အကြုံတွေအရ မြတ်စွာဘုရားနဲ့ ပတ်သတ်ပြီး ရှေးကစာဆိုအကျော်အမော်တွေ သုံးနှုန်းခဲ့တဲ့ အတုမရှိဆိုတဲ့ စကားလုံးကို တော်တော်လေး နှစ်ခြိုက်မိပါတယ်။ စကားလုံးရဲ့ နက်ရှိုင်းမှုကိုလည်း ကိုယ်တိုင် လက်ခံမိတယ်။ ယုံကြည်မိပါတယ်။ ဒါကြောင့် အချိန်အားတိုင်း စိတ်ထဲမှာ ရေရွတ်မိတာက။ 

....သီလ၊ သမာဓိ၊ ဥာဏ်ပညာတို့ဖြင့် အတုမရှိပြည့်စုံတော်မူသော မြတ်စွာဘုရားကို နမော စိတ်ညွှတ်ရို့ကျိုး  ရှိခိုးပါ၏လို့....

အကြိမ်ကြိမ် အခါခါ ရေရွတ် မိပါတယ်။ ရေရွတ်ပြီးတိုင်း အတိုင်းမရှိ ၀မ်းသာခြင်းမျိုးကို ခံစားရပါတယ်။ ဘယ်လို ခံစားရသလဲဆိုတော့ ပြန်ပြီး ပြောမပြတက်အောင်ကို ကြည်နူးခြင်းမျိုး ခံစားရပါတယ်။

ကျွန်မရဲ့ ကောင်းတဲ့အကျင့်လို့ဘဲခေါ်ရမလား၊ ဆိုးတဲ့အကျင့်လိုပဲ ဆိုရမလား၊ ဘယ်လိုခေါ်ရမှန်းမသိတဲ့ တစ်ခါတလေ ကောင်းကျိုးပေးပြီး တစ်ခါတလေ အကျိုးပျက်စေတဲ့ အကျင့်တစ်ခုကတော့ ကိုယ်တိုင်မသိဘဲ၊ စိတ်ထဲကမပါဘဲ ဘာမှကို လက်ခံလို့မရတဲ့ အကျင့်ပါ။ စာတောင် နားမလည်ရင် ဘယ်လောက် ကျက်ကျက် လုံးဝမရဘူး၊ ဦးနှောက်ကလက်မခံတတ်တဲ့ အကျင့်တစ်ခုပါ။ ဘာသာရေးနဲ့ ပက်သက်တဲ့ ကျွန်မအခုအချိန်ထိ လက်မခံနိုင်သေးတဲ့၊ မကျင့်သုံးနိုင်သေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ သူများတွေလို စာပေတွေ မဖတ်ဘဲ ကိုယ့်ဘာသာ သဘောပေါက်ဖို့က ပါရမီ အတော်ထူးမှဆိုတာ သိပေမယ့် အခုထိ ကိုယ်တိုင် သဘော  မပေါက်ရင်၊ အထူးသဖြင့် ဘာသာရေးနဲ့ ပက်သက်တဲ့ အတွေးအခေါ်တွေကို လက်မခံနိုင်သေးပါဘူး။ 

အပေါ်က အတွေးတစ်ခုအတွက် ကိုယ့်ကိုယ်ကို အတော်လေး ကျေးဇူးတင်မိပါတယ်။ ဘာသာရေးနဲ့ ပက်သက်ပြီးလည်း အတော်လေး သက်ဝင်ယုံကြည့်သူလို့ ကိုယ့်ကိုယ်ကို လက်ခံမိလိုက်ပါတယ်။ တချို့ တချို့သော သဘောတရားတွေကို လက်ခံဖို့ တွန့်ဆုတ်နေသလို၊ လက်ခံပေမယ့် မကျင့်သုံးနိုင်သေတဲ့ သဘော ဘာသာရေးနဲ့ ပက်သက်တာတွေကိုတော့ အခွင့်ရှိရင် သိချင်ပါတယ်။ ပါရမီရှိရင် ကျင့်သုံးခွင့်ရချင်မိပါတယ်။

ဒါတွေကတော့ အခုလောလောဆယ် ကျွန်မအတွေး စိတ်ကူးတွေပါဘဲ။

Wednesday, 8 April 2009

အဖြူရောင်လေး




Monday, 6 April 2009

Sweet Proud

မာန။ လူတိုင်း မာနရှိကြတယ်ထင်တယ်။ မာနဆိုတာ ဘာကိုဆိုလိုမှန်း လူတွေ အဓိပ္ပါယ်ဘယ်လိုကောက်လည်း ကျွန်မ မသိပါဘူး။ ဒါပေမယ့် မာနဆိုလိုက်တာနဲ့ မကြည်ဖြူသံ၊ အကောင်းမမြင်သံတွေပါနေတာတော့ လူတိုင်း လက်ခံမယ်ထင်ပါတယ်။ မာနကြီးလိုက်တာလို့ ပြောလိုက်တာနဲ့ ပြောတဲ့ အကြောင်းအရာတစ်ခုကို မကြည်ဖြူ မနှစ် သက်ဘူးဆိုတာ လေသံကြားရုံနဲ့ သိနိုင်မယ်လို့ထင်ပါတယ်။ စကားလုံးတွေ အများကြီးထဲကမှ မာနကြီးတယ်ဆိုတာ ဘာလို့ ရွေးသုံးလဲ ဆိုတာကတော့ ပြောတဲ့လူကဘဲသိမှာမို့ ဘာမှပြောလိုပါဘူး။

ဒါပေမယ့် လူတိုင်းမှာ သူတို့ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်း၊ ကိုယ်နှစ်သက်တဲ့ လူမှု့နေထိုင်မှုဘ၀နဲ့၊ ကိုယ်ပိုင် ရွေးချယ်မှုတွေ ရှိတာကို လူတွေ မေ့များနေကြသလားလို့ တွေးမိပါတယ်။ တစ်မိတည်းပေါက်တဲ့ မွေးချင်းတွေ ချင်းတောင် ကြိုက်နှစ်သက်မှု၊ ရွေးချယ်မှုနဲ့ ဘ၀ကိုသိမှု၊ မြင်မှုတွေကွဲပြားတယ်လို့ ကျွန်မမြင်ပါတယ်။ ဥပမာ- ကျွန်မနဲ့ ကျွန်မမောင်လေးဆို အကုန်ဆန့်ကျင်ဖက်ပါ။ သူက မြန်မာစာတွေကြိုက်တယ်၊ ကျွန်မက အနောက်တိုင်း အစားသောက်တွေကြိုက်တယ်။ နောက်တိုင်းအစားသောက်တွေ ကြိုက်တယ်ဆိုပေမယ့် ကျွန်မ သရေစာတွေမကြိုက်ဘူး၊ သူက နေကြာစေ့ကအစ၊ အချဉ်ထုပ်ထိ ကြိုက်တယ်။ သူက အ၀တ်အစားကို ၀တ်လို့ ရရင်ပြီးတာမျိုးကြိုက်တယ်။ ကျွန်မ တာရှည်ခံတာမျိုးကို ရွေးပြီးကြိုက်တက်တယ်။ စသည် စသည်ဖြင့် လုံးဝမတူ တာတွေရှိပါတယ်။ လူတိုင်ကိုသူက တည့်အောင်ပေါင်းတယ်၊ ကျွန်မက ကျွန်မသဘောကျတဲ့လူမှ တည့်အောင် ပေါင်းတယ်။ ဒါမျိုးတွေပေါ့။ ဒါကတော့ အနီးစပ်ဆုံး ဥပမာပါ။

လူတိုင်းမှာ အမြွှာတောင်မှမတူတာတွေ အများကြီးရှိနိုင်ပါတယ်။ မတူတာတွေများကြီး ရှိနိုင်တယ်ဆိုတော့ တူတာတွေ မရှိဘူးလို့ မပြောပါဘူး။ တူတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ့်နဲ့ အယူအဆ၊ အတွေးအခေါ်၊ အမြင်စတာတွေ မတူတာနဲ့ ဒီလူတုံးလိုက်တာ၊ ဒီလူအသုံးမကျဘူး၊ ဒီလူညံ့လိုက်တာလို့ ဘာလို့လူတွေတွေးလဲ ကျွန်မလုံးဝမသိပါဘူး။ ငါနဲ့သူ အမြင်မတူပါလားဆိုတဲ့ စိတ်မျိုး တော်တော်များများမှာ ချို့ယွင်းနေတက်ပါတယ်။ ကျွန်မကိုယ်တိုင် တစ်ခါတစ်လေ ချို့ယွင်းတတ်ပါတယ်။ ဒါကအမှန်ပါ။ ပြီးပြည့်စုံတဲ့လူဆိုတာမရှိတော့ ကျွန်မကိုယ်တိုင်မှာလည်း တစ်ခါတလေရှိပါတယ်လို့ ၀န်ခံပါတယ်။ ဘာလို့ တခါတလေလို့ပြောလဲဆိုတော့ ကျွန်မ အပေါင်းအသင်းတွေကို အတက်နိုင်ဆုံး အကန့်တွေခွဲပြီး ပေါင်းတာမို့ပါ။

သာမာန်ကိစ္စလေးတွေမှာ သိပ်ပြီးမသိသာပေမယ့် လူတစ်ယောက်ရဲ့ ရွေးချယ်မှု့ကို နောက်လူတစ်ယောက်က လေးလေးစားစား တန်ဖိုးထားရင် လောကမှာ အေးချမ်းသွားမယ်လို့မြင်မိပါတယ်။ အခုဟာက ကိုယ်မဟုတ်တဲ့ တခြားလူတစ်ယောက်ရဲ့ ရွေးချယ်မှု့ကို ကိုယ်က ကိုယ့်စိတ်နဲ့ မှားတယ် မှန်တယ် ဝေဖန်နေတော့ ဘယ်ကောင်း ပါ့မလဲ။ သူကိုယ်တိုင် သူ့လိုအပ်ချက်အတွက်၊ သူ့စိတ်ကြိုက်ရွေးချယ်ထားတာလေ။ သူ့ဘ၀ကို သူကိုယ်တိုင် တည်ဆောက်ယူတာလေ။ သူလိုအပ်တာတွေဘဲ ထည့်ထားမပေါ့။ မတော်တရော်၊ အဆင်မပြေတာ၊ မနှစ်သက် တာတွေကို ထည့်ထားပါ့မလား။ စိန်တုံးကြီး တန်ဖိုးကြီးလှပါတယ်၊ စားစရာမရှိတဲ့ တောထဲမယ်ရှိတော့ နေ့လည်စာ တစ်ခွက်လောက် စိန်တုံးကြီး တန်ဖိုးရှိချင်မှ ရှိမှာပါ။ စားလို့မရတဲ့ စိန်တုံးကြီး ဖင်ခုထိုင်ပြီး ငတ်နေတဲ့ ဘ၀မျိုး နေနိုင်မလား စဉ်းစားကြည့်ကြပါ။

ဒီလိုပါဘဲ ကျွန်မလည်း ကျွန်မဘ၀အတွက် အတက်နိုင်ဆုံးကြိုးစားပါတယ်။ သူများတွေ ကြိုးစားတယ်လို့ မြင်ချင်မှ မြင်ပါမယ်။ ဒါပေမယ့် ကျွန်မ ကြိုးစားနိုင်တာ ဒါအကုန်ပါဘဲ။ အဲ့ဒီအတွက် ကျွန်မကျေနပ်ပါတယ်။ ကျွန်မ အခုဘ၀နဲ့ နောက်ဘ၀အတွက် ကုသိုလ်၊ အကုသိုလ် အတူပြုလိုပ်မယ့် ဘ၀ခရီးဖေါ်ရွေးချယ်တဲ့နေရာမှာ ကျွန်မအကုသိုလ်ကို ကုသိုလ်အဖြစ်ပြောင်းလဲနိုင်မယ့်၊ ယုံကြည်အားကိုးရတဲ့၊ စိတ်ချရမယ့်လူကိုဘဲ ကျွန်မအနားမှာ ထားချင်ပါတယ်။ စိတ်တူကိုယ်တူ၊ ကိုယ့်ကိုလည်း ကြည်ဖြူသလို သူ့ကိုလည်း ကိုယ်က ကြည်ဖြူနိုင်မယ့်လူကိုဘဲ ရွေးချယ်မှာပါ။

ငွေတွ၊ ဂုဏ်တွေကို မက်မော၊ တွက်ချက်ပြီး ဘ၀ခရီးအတွက် မရွေးချယ်ပါဘူး။ ကျွန်မဘ၀အတွက် ကျွန်မကိုယ်တိုင်ချထားတဲ့ ကျွန်မရဲ့ ရွှေရောင်စည်မျဉ်းပါ။ ကျွန်မအတွက် ရွှေရောင်စည်းမျဉ်းပါ။ တခြားသူ အတွက် ထူးခြားချင်မှ ထူးခြားမှာဖြစ်ပေမယ့် ကျွန်မအတွက် တော့ထူးခြားတဲ့ ရွှေရောင်စည်းမျဥ်းပါ။ လူ့ဘ၀ဆိုတာတိုတိုလေးပါ ခဏလေးအတွင်းမှာ စိန်ပုံပေါ်ထိုင်ပြီး စိတ်ဆင်းရဲတဲ့ ဘ၀မျိုး ကျွန်မ မဖန်တီးချင်ပါဘူး။ မနှစ်သက်ပါဘူး။ ဒါက ကျွန်မဘ၀အတွက် ကျွန်မရွေးချယ်တဲ့ ရွေးချယ်မှုကို ကျွန်မလေးစားပါတယ်၊ တန်ဖိုးထားပါတယ်။ ဒီလို ကိုယ့်ရွေးချယ်မှု့ကို ကိုယ်လေးစားတာ၊ တန်ဖိုးထားတာ မာနတဲ့လား။ တကယ်ကို မစဉ်းစားတက်တာပါ။

လူတွေ ကိုယ်ကြိုက်တာကိုယ်လုပ်နေကြတာပါဘဲ။ ကိုယ်လည်း ကိုယ်ကြိုက်တာကိုယ်လုပ်တယ် သူလည်း သူကြိုက်တာသူလုပ်နေတာဘဲ။ အားလုံးအတူတူဘဲကို သူများကျမှ ဘာလို့ မကောင်းဘူးဖြစ်နေရတာလဲ။ အမှန်တော့ ဒီလိုပြောလိုက်တာက ကျွန်မသူငယ်ချင်းပါ။ သူက အရမ်းအေးပါတယ်။ သူက အရိုးခံနဲ့ ပြောလိုက်တာလဲ ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် ခံစားလိုက်ရတာက ကျွန်မပါ။ ကိုယ်မမှန်ဘူး၊ မသင့်တော်ဘူးလို့ သတ်မှတ်ထားတဲ့ အရာတစ်ခု ကိုယ်လက်ထဲမှာ မရှိနေတာဟာ ကျွန်မအတွက် အလုံးခြုံဆုံးပါ။ ကျွန်မဒီလို ယူဆပေမယ့် သူတို့ကတော့ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ထင်တာလေးတွေ ဖြစ်စေချင်တယ် ထင်ပါရဲ့။ ပြောတဲ့ သူငယ်ချင်းကို ဘယ်လိုမှ မရည်ရွယ်ပါဘူး။ ဒါပေမယ့် သူပြောလိုက်တဲ့အချိန်မှာ ကျွန်မစိတ်ထဲ ပေါ်လာတာက လူတွေစိတ်မှာ ဒါမျိုးလေးတွေ ရှိတက်တယ်ဆိုတာ သိလိုက်ရတာ ကိုဘဲ စေတနာတွေလွန်ပြီး ပြောလိုက်သလား တော့ မသိပါဘူး။ အမှန်ကတော့ သူတစ်ယောက်တည်း မဖြစ်နိုင်တဲ့ စကားမို့လည်း ဒီစကားကို ကျွန်မ အလွန်ခံစား လိုက်ရတာပါ။

တွက်တတ်တဲ့လူကလည်း သူလည်း သူ့အတွက် အလုံခြုံဆုံး၊ အဆင်အပြေဆုံးကို ရွေးချယ်တာပါ။ ကျွန်မလည်း ကျွန်မအတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးကို ရွေးချယ်တာမို့ ရွေးချယ်ခွင့်ရှိတယ်လို့ မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မလူတိုင်းရဲ့ ရွေးချယ်မှု့တိုင်းကိုလေးစားပါတယ်။ ကျွန်မပြောချင်တာလဲ လူတိုင်ကလည်း သူတစ်ပါရဲ့ရွေးချယ်မှု့ကိုလေးစားပါ။ ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ၊ ဘယ်လောက် အေးချမ်း လိုက်မလဲ။ ကိုယ်အတွက် အကောင်းဆုံး၊ အသင့်တော်ဆုံးကို ရွေးချယ်တာ မာနတဲ့လား။ ကျွန်မတော့ မာနလို့ မထင်မိပါဘူး။

တကယ်လို့သာ အဲ့ဒါကို မာနလို့ လူတွေခေါ်ကြမယ်ဆိုရင်လည်း ခေါ်ကြပါစေ။ အဲ့ဒီမာနဟာ ကျွန်မတို့ ဘ၀ အတွက် အကောင်းဆုံး ရွေးချယ်မှုတွေ တစ်ခုပြီးတစ်ခု သယ်ဆောင်လာပေးမယ်လို့ ယုံကြည်ပါတယ်။ မကောင်းတဲ့ အမြင်နဲ့ ပြောလိုက်ပေမယ့် အဲ့ဒီမာနဟာ ကျွန်မကို အကောင်းဆုံးရွေးချယ်မှုတွေ ပေးလိမ့်မယ်လို့ ယုံကြည်နေတုန်းပါဘဲ။ မာနကြီးတယ်၊ မရှိမာန။ ဘာဖြစ်လဲ မာနရှိဖို့ လွယ်တာမှတ်လို့။ ကျွန်မအမြင်ကတော့ လူတိုင်းမှာတော့ မတူညီတဲ့ ရွေးချယ်မှုတွေ ရှိနေသလို မတူညီတဲ့ မာနတွေလည်းရှိနေမယ်လို့ ယုံကြည့်ပါတယ်။ မာနက စားသုံးတတ်ရင် ချိုမြိန်ပါတယ်။ ကျွန်မအတွက်တော့ မာနဟာ ချိုမြိန်ပါတယ်။

Tuesday, 17 March 2009

Thanks You

.


Love Love Love






Wednesday, 11 March 2009

Through The Rain





Gonna be OK like this one.
I make a wish to get back my strength again.
Wanna through the rain..........