Wednesday, 3 September 2008

My recent viewpoint

ပထမနှစ် စပြီးတက်ခါစက ဒါမျိုးလေးတွေရေးဖူးတယ်။ ဘုတ်အုပ်လေးနဲ့ပေါ့။ ကိုယ်လည်း သူများကို ရေးခိုင်းဖူးတယ်။ ရေးရတာလည်း ကြိုက်သလို သူများတွေရေးထားတာကို ဖတ်ရတာလည်း ကြိုက်တယ်။ တစ်ခါတလေ ပျင်းရင် အဲ့ဒါပဲ ထိုင်ဖတ် နေတက်တယ်။ ပျော်စရာသိပ်ကောင်းတယ်။ သူများဘလောဂ့်တွေထဲမှာ ရေးထားတာတွေ့ကတည်းက ရေးချင် နေတာ။ ကိုယ့်ကို တက်မယ့်သူလုံးဝမရှိတော့ရင့် ကိုယ့်ဘာသာကိုယ့်ဘဲ တက်ပြီးရေတော့မလို့။ ဟိဟိ။ အခုလိုတက်တဲ့ ဦးဇူလိုင်ကြီးကို ကျေးဇူး။

  • ကိုယ့်နာမည်- ဘလောဂ့်ထဲမယ်တော့ နှင်းဆီနီနီပေါ့။
  • ကိုယ်ကိုသူငယ်ချင်းတွေက ဒီလိုခေါ်တယ် - နီနီ။ အနီရောင်။
  • ကိုယ်ဒီမှာနေတယ် - ကမ္ဘာ့မြေပုံပေါ်က အနီရောင်အစက်လေးမှာ။
  • ကိုယ့်ဆီဖုန်းဆက်ချင်ရင် - ၆၅၆၅....(နောက်ဆုံးလေးလုံး မေ့နေလို့)။
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
  • အရောင်ဆိုရင် - အနီရောင်။ တစ်ခြားအရောင်တွေလည်း ကြိုက်ပါတယ်။
  • အ၀တ်အစားဆိုရင် - ကိုယ်နဲ့အဆင်ပြေတာလေးတွေရွေးတက်ပေမယ့် အစွန်ရောက် ကြိုက်တက်တယ်။
  • အစားအစာဆိုရင် - မစားကောင်းတဲ့အစားအစာကလွဲရင် အကုန်စားတယ်။
  • ပစ္စည်းဆိုရင် - တာရှည်အသုံးခံမယ့် ပစ္စည်းမျိုးရွေးတက်တယ်။

  • သီချင်းဆိုရင် - အဆိပ်ခွက် နဲ့ ရန်သူတစ်ထောင်(မျိုးကြီး)။ ကျေးဇူး(ဒိုးလုံး)။ မယ်တင်(ဟန်ထူးလွင်)။
  • စာရေးစာဆရာ - ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ နုနုရည်(အင်းဝ)၊ မိုးမိုး(အင်းလျား)၊ တာရာမင်းဝေ၊ နီကိုရဲ၊ အကြည်တော်၊ ဂျူး။
  • စာအုပ် - ကျောင်စာအုပ်မှလွဲပြီး အကုန်ကြိုက်တယ်။
  • Life style – အရိုးသားဆုံး နဲ့ အပျော်ရွှင်ဆုံး။

  • ကိုယ့်ရဲ့ဝါသနာ - သစ်ပင်စိုက်တာ။
  • အလိုချင်ဆုံးလက်ဆောင် - ဘ၀ကပေးမယ့် ပျော်ရွှင်ခြင်းလက်ဆောင်။
  • ကိုယ့်ရဲ့ အချစ်ဆုံးသူက -ဖေဖေ၊ မေမေ နဲ့ မောင်လေး။
  • ကိုယ့်ရဲ့ အလေးစားဆုံးသူက - မြတ်စွာဘုရား။
  • ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - အင်းးးး။
  • ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက- ဖေဖေနဲ့ မေမေ။
  • ကိုယ့်ရဲ့ အမုန်းဆုံးသူက - ကိုယ့်ကိုမုန်းတဲ့လူ ကို အမုန်းဆုံးဘဲ။
  • ရင်အခုန်ဆုံးအချိန် - အပါချီပေါ်တက်ခါနီးအချိန်နဲ့ အပါချီပေါ်မှာ ထိုင်နေတဲ့အချိန်။
  • အကြောက်ဆုံးအချိန် - ၁၆ သြဂုတ်မှစလို့ အခုထိ။
  • အပျော်ဆုံးအချိန် - ပထမဆုံးမွေးနေ့ကိတ် လက်ဆောင်ရပြီး လှီးတုန်းက။
  • အမှတ်တရနေ့ - ၁-၄-၂၀၀၆
  • ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမဲ့ဆု - တောင်းတဲ့ဆုတိုင်းပြည့်ရပါစေသား။

  • အချစ်ဆိုတာ - အချစ်လည်းမဟုတ် အမုန်းလည်းမဟုတ်တာ က သုံညဆို အချစ်က +၁။
  • အမုန်းဆိုတာ - သုံညရဲ့ အခြားတစ်ဘက်က -၁။
  • အလွမ်းဆိုတာ - ရင်ထဲမှာ နင့်နင့်သီးသီး၊ ဆို့ဆို့နင့်နင့် နဲ့ အသက်ရှူကျပ်သလိုမျိုးဖြစ်တာ ထင်တယ်။
  • သံယောဇဉ်ဆိုတာ - သေမလောက်မုန်းနေရင်တောင် ဖြတ်လို့မရဘူး။ ဒါပေမယ့် အဲ့ဒါ အချစ်မဟုတ်ဘူး။
  • ဘ၀ဆိုတာ - ဘ+၀။
  • သူငယ်ချင်းဆိုတာ - သူငယ်ချင်း+သူငယ်ချင်း=သူငယ်ချင်း
  • ချစ်သူဆိုတာ - ချစ်သူဆိုတာ...ကိုယ့်ကို နားလည်ပေးနိုင်ဆုံး ကိုယ့်ချစ်တဲ့သူ။
  • ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် - ချစ်ဖို့ကောင်းပေမယ့် သိပ်ပြီးရစ်တက်တယ်။ ဟိ။အခုထိတော့ အသုံးမကျ သေးဘူးပေါ့။
  • ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က - "ညီမျှခြင်း"
  • အပြောချင်ဆုံးစကားတစ်ခွန်း - ဘယ်တော့မှ မျှော်လင့်ချက်တွေ မစွန့်လွှတ်ချင်ဘူး...ရမလား။
ဒီပိုစ့်လေး ဖတ်ပြီးတော့ ရေးချင်စိတ်ရှိသူများကို တက်လိုက်တယ်လို့မှတ်လိုက်ပါ။
ပျော်ရွှင်ပါစေ။
နှင်းဆီနီနီ။။

Monday, 1 September 2008

RSAF Open House 2008(II)







ဘာရယ်မဟုတ်ပါဘူး။ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို တင်လိုက်ပါတယ်။ နေမပူလို့ ပုံတွေသိပ်မလှဘူး ဖြစ်နေတယ်။

Sunday, 31 August 2008

RSAF Open House 2008


ဒီနေ့ စင်္ကာပူလေကြောင်းရဲ့ နှစ် (၄၀)ပြည့်အထိမ်းအမှတ်ပြပွဲကိုသွားကြည့်ခဲ့ပါတယ်။ အမှန်တော့ ဒီလောက် အပင်ပန်းခံပြီးသွားဖို့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် Apache ဆိုတဲ့ ရဟတ်ယာဉ်ကို အရင်ကတည်းက အရမ်းသဘောကျပြီး အဲ့ဒီ ရဟတ်ယာဉ်ရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျခဲ့တာကြောင့် သွားဖို့ကို ဆုံးဖြတ်ခဲ့တာပါ။ ရဟတ်ယာဉ်တွေထဲမှာ အဲ့ဒီ Apache ရဟတ်ယာဉ်လောက်ကြည့်ကောင်းတာ မရှိဘူးလို့ အမြဲထင်ခဲ့တာပါ။အဲ့ဒီရဟတ်ယာဉ်ကို အပြင်မှာမြင်ဖူးချင်ပါတယ် ဒီတသက်မြင်ဖူးလိမ့်မယ်လို့လည်း တစ်ခါမှ မစဉ်းစားမိပါဘူး။ ဒီလို အခွင့်အရေးမျိုးရလိမ့်မယ်လို့လည်း မထင်မိပါဘူး။ ဒီတစ်ခါက လေယာဉ်တွေကို ပြထားရုံမက လေယာဉ် စီးခွင့်ကံစမ်းမဲကိုပါ ဖေါက်ပေးမယ်ဆိုလို့ ပိုပြီး စိတ်ဝင်စားပြီးသွားခဲ့တာပါ။ ပွဲမှာ လူတွေ သိပ်ပြီးမများပေမယ့် လာတဲ့လူတော်တော်များများက စင်္ကာပူနိုင်ငံသားတွေများပါတယ်။ ပြီးတော့ ကလေးတွေ။


မြေပုံလမ်းညွှန်နဲ့ ကံစမ်းမဲလက်မှတ်ပါသော စာအုပ်လေး။




Apache AH-64


Apache AH-64 ရဲ့ တပ်ဆင်နိုင်တဲ့ လက်နက်တွေ။

မြန်မာနိုင်ငံကနေ ရောင်းစားထားတဲ့ လေယာဉ်အဟောင်းတွေကို စင်္ကပူလေကြောင်းရဲ့ ပြတိုက်ထဲမှာ တွေ့ခဲ့ပါတယ်။ လေယာဉ်အဟောင်းကြီးတွေနဲ့လည်း ဓါတ်ပုံတွေရိုက်ခဲ့ပါတသေးတယ်။ ဓါတ်ပုံတော်တော် များများရိုက်ခဲ့ပေမယ့် တကယ်တော့ ပုံမယ်မယ်ရရ ကောင်းကောင်းတစ်ခုမှမထွက်ခဲ့ပါဘူး။ ရိုက်ခဲ့သအမျှထဲက ကောင်းမယ်လို့ထင်မယ့် ပုံလေးတွေပဲရွေးပြီး တင်လိုက်ပါတယ်။

Alouette (အရင်တုန်းက နာမည်ကြီး ရဟတ်ယာဉ်ပေမယ့် အခုတော့ ပြတိုက်ထဲမှာ)

ပွဲလာတဲ့လူတိုင်းကို ဒီလိုများစတစ်ကာလေးတွေလက်ဆောင်ပေးကြပါတယ်။

ပြီးတော့ ဒါမျိုးလေးတွေကပ်ထားကြတယ်။

ကျွန်မအရမ်းကြိုက်တဲ့ ရဟတ်ယာဉ်နဲ့ ဓါတ်ပုံရိုက်ဖို့ကို စင်္ကာပူ ထုံးစံအတိုင်း တန်းစီးရတာ တစ်နာရီခွဲကျော်ကျော်လောက်ကြာပါတယ်။ ဒီကြားထဲ မိုးကရွာသေးတယ်၊ တောပ်ါသေးရဲ့မိုးရွာတဲ့အချိန်က တန်းစီဖို့ အမိုးအောက်ရောက်နေလို့ ရေမစိုခဲ့တာ။ ဘာပဲဖြစ်ဖြစ် တစ်နာရီကျော်ကျော် အချိန်ယူရကျိုးနပ်ပါတယ်။ တကယ့်လေယာဉ်အစစ်ကို တကယ်ဝင်ထိုင်းခွင့်ရတာအရမ်းကို ပျော်စရာ ကောင်းပါတယ်။ လေယာဉ်စီးခွင့် ကံစမ်းမဲကတော့ မပေါက်ခဲ့လို့ လေယာဉ်တော့ မစီးခဲ့ရဘူး။ ဒါပေမယ့် ကျွန်မဖြစ်ချင်တဲ့ ဆန္ဒတစ်ခုတော့ ဒီနေ့ပြည့်ခဲ့ပါတယ်။ မမျှော်လင့်ပဲပေါ့။

နှင်းဆီနီနီ။

Monday, 18 August 2008

အမှတ်တရ သြဂုတ်လ

သြဂုတ်လ ဆိုတာ ကျွန်မအတွက် အမြဲအပြောင်းအလဲတွေ သယ်လာတဲ့လပေါ့။ ဒီလရောက်ရင် ကျွန်မအတွက်
အပြောင်းအလဲတစ်ခုတော့ မမြဲရှိတက်တယ်။ ဒါပေမယ့် အဲ့ဒီအပြောင်းအလဲဟာ ဘယ်တော့မှ ကျွန်မအတွက် ကောင်းသောပြောင်းလဲချင်းတွေ သယ်ဆောင်မလာတက်ဘူး။ ကြီးမားတဲ့ ပြောင်းလဲမှတွေဖြစ်ရင်တောင် ကျွန်မဖြစ်ချင်တာနဲ့ အမြဲဆန့်ကျင်တဲ့ ပြောင်းလဲမှုတွေသာ သယ်ဆောင်လာတက်တယ်။ ဒါပေမယ့် ဒီလကို ကျွန်မ မမုန်းမိပါဘူး။ ဒါပေမယ့် ချစ်တော့ မချစ်မိဘူး။

အခုလည်း သူ ယူလာပြန်ပြီ ပြောင်းလဲမှုပေါ့။ ဒီပြောင်းလဲမှုကတော့ နောက်နှစ် ဒီလမရောက်ခင်အထိ ဆက်လက်တည်ရှိနေမှာပါ။ နောက်နှစ် ဒီအချိန်မှာတော့ ပြောင်းလဲမှုတစ်ခုနောက်မှာ ကျွန်မ ရှိနေမှာပါ။ မွေးနေ့ပြီး ဒီလရောက်ရင် ရောက်တဲ့ အသက်ရဲ့ ကံကြမ္မာက ဒီလမှာ စဖြစ်တယ်လို့ ဗေဒင်တစ်ခုက ပြောဖူးတယ်။ ဒီလကတော့ ကျွန်မအတွက် ဘယ်လောက်ကောင်းတဲ့ပြောင်းလဲချင်းတွေ ယူဆောင်လာမလဲဆိုတာ မသိပေမယ့် သြဂုတ်လမှစလို့ ကျွန်မလိုချင်တဲ့ ကောင်းသော ပြောင်းလဲချင်တွေကို မျှော်လင့်နေမိတယ်။

တောင်းတဲ့ဆု အချိန်မှီပြည့်ရစေသား


အမှန်တော့ ဖုန်တက်နေတဲ့ ကျွန်မဘလောဂ့်လေးကိုဖုန်ခါလိုက်တာပါ။ ကျွန်မကဘဲဆိုးတာလား ကံကဘဲဆိုးတာ လားတော့မသိဘူး။ ထားပါတော့ ကံကဆိုးတာဘဲ။ ကျွန်မက အမြဲဆိုးတဲ့သူဆိုတော့ တစ်ခါတလေ ကံကိုဘဲ ပေးပြီးဆိုးလိုက်တော့မယ်။ ကျွန်မမှာရှိတဲ့ အကျင့်ဆိုးတွေထဲက တစ်ခုက ကျွန်မနဲ့ အဆင်မပြေမှန်းသိရက်နဲ့ ဆုတောင်းတက်တဲ့အကျင့်။ ကိုယ်နဲ့လည်း အဆင်မပြေ၊ ပြေရင်လည်း အဆင်မပြေဖြစ်မဲ့အရာတွေကို ဆုတောင်းတက်တယ်။ အမှန်တော့ အဲ့ဒီလို ဆုတောင်းတဲ့အချိန်တွေတုန်းကတော့ တကယ်ကို လိုချင်လို့တောင်းခဲ့တာပါ။ ဒါပေမယ့် ကျွန်မရဲ့ ဆုတောင်းတွေ အမြဲဘဲနောက်ကျတက်တယ်။ အချိန်မှီမပြည့်ဘူး ဆိုပါတော့။

အခုလည်း ကျွန်မအလွန့်အလွန်ကို လိုချင်လို့ လွန်းခဲ့တဲ့ ၄ နှစ်လောက်က တောင်းခဲ့တဲ့ဆု တစ်ခု လွန်ခဲ့တဲ့လက ပြည့်သွားတယ်။ ဒါပေမယ့် ပြည့်ရုံလေးပြည့်တယ်လို့ ခေါ်ချင်တယ်။ ကျွန်မဆုတောင်းပြည့်ပေမယ့် အချိန်ဆိုတာ က ရှိသေးတော့..။ ဆုတောင်းပြည့်ပေမယ့် နောက်ကျတယ်လို့ ပြောရမလိုဖြစ်နေတယ်။ ပြည့်တာကိုလည်း ကျေးဇူးတင်မိတယ်။ နောက်ကျမှပြည့်တဲ့အတွက် ကံကြမ္မာကို အပြစ်တင်မိတယ်။ ပြည့်တဲ့ဆုတောင်းကို ဒီအတိုင်း ကြည့်နေတဲ့ ကျွန်မကိုကျွန်မလည်း ဒေါသထွက်မိတယ်။

ကျွန်မဘလောဂ့်မှာတင်ဖူးတဲ့ ကျောင်းပုံပြင်ထဲက တစ်ယောက်သောသူပေါ့။ ကျောင်းပြီးလို့ တနေရာစီ ဝေးခဲ့ပေမယ့် ပြန်ဆုံဖို့ ဆုတောင်းမိတယ်။ ဆုတောင်းတယ်။ မှတ်မှတ်ရရ ၂၀၀၄ လောက်ပေါ့။ ဆုတောင်းဖူးတယ်။ ဒါပေမယ့် ဒီလောက်နှစ်တွေကြာတဲ့အထိ ကျွန်မရဲ့ ဆုတောင်းက နဲနဲလေးမှ အရိပ်အရောင်တောင်မမြင်ရတဲ့ အခြေအနေမှာ။ မထင်မှတ်ဘဲ ၀ုန်းကနဲ ကျွန်မဆုတောင်းထပြည့်တော့ ကျွန်မ ဘာမှမလုပ်ဖြစ်တာ ကျွန်မအပြစ်မဟုတ်လောက်ပါဘူးနော်။ ကံကိုဘဲ ပုံချရတော့မှပါဘဲ။ မထင်တဲ့နေရာမှာ၊ မထင်ထားတဲ့အချိန်မှာ။ မထင်မှတ်ဘဲ ပြန်ဆုံခဲ့ကြတယ်။

ကျွန်မအလွတ်ရအောင်ကျတ်ပြီး ကျွန်မမျက်စိရှေ့ရောက်လာခဲ့ရင်တောင်မှ ကျွန်မမှတ်မိလောက်တော့ဘူးလို့ ထင်ယုံကြည့်ပြီး မေ့ထားခဲ့တဲ့ အရိပ်တစ်ခု မမျှော်လင့်ဘဲ ကျွန်မရှေ့မှာ ပေါ်လာခဲ့တယ်။ အဲ့ဒီအရိပ်နဲ့ ပက်သက်ပြီး ကျွန်မမှတ်ဥာဏ်တွေ အတော်ဘဲကောင်းတုန်းဘဲ၊ အသိစိတ်တွေ တစက်လေးမှမလွတ်ဘဲ အဲ့ဒီအရိပ်တစ်ခုကို လိုက်ကြည့်မိတယ်။ အမြဲ ဦးထုပ်ဆောင်းတက်တဲ့သူ့အကျင့်ကို မေ့နေလောက်အောင်ကို မေ့ထားခဲ့ပေမယ့် ကျွန်မရဲ့ အသိစိတ်က ဒီအရိပ်ကို ကျွန်မရှေ့မှာ ပေါ်လာခဲ့ချိန်မှာ မချို့ယွင်းခဲ့ဘူး။ မှတ်မိနေတုန်းဘဲ။ ကိုယ့်ကိုကိုယ် အတော်အံ့သြယူ ရလောက်အောင်မှတ်မိနေတုန်းပါဘဲ။

ကျွန်မအကြိုက်ဆုံး လမ်းလျှောက်တဲ့ စတိုင်မျိုးနဲ့ လမ်းလောက်လာတဲ့လူတစ်ယောက်ကို ဘာရယ်မဟုတ်ဘူး လိုက်ကြည့်မိလိုက်တဲ့အချိန်မှာ။ သူဖြစ်နေတော့ ပိုအံ့သြမိတယ်။ ၀မ်းသာမိတယ်။ ခဏလောက်တော့ အေးစက်သွားတယ်။ ဦးထုပ်အနားသတ်ကနေ လုံးဝမမှတ်မိဘဲကြည့်သွားတဲ့အရိပ်တစ်က ကျွန်မရှိရာ ဒီကျွန်လေးမှာရှိနေခဲ့ပေမယ့် ကျွန်မတို့ ပြန်ဆုံဖို့ဝေးနေတုန်းပါဘဲ။ ပြန်ဆုံခဲ့ရင်တောင် ကျွန်မရဲ့ဆုတောင်း တွေ မပြည့်နိုင်တော့ပါဘူး။ ကံဆိုးတက်တဲ့ ကျွန်မအတွက်ကတော့ ဆုတောင်းတွေ အချိန်မှီမပြည့်တက်လွန်းလို့ နောက်ဆိုရင် ဆုတောင်းတွေအချိန်မှိပြည့်ဖို့ကိုပါ ထပ်ပြီးဆုတောင်းရမယ်ထင်ပါတယ်။ ကျွန်မဆုတောင်း ပါတယ။် ကျွန်မဆုတောင်းတွေ အချိန်မှီပြည့်ပါစေလို့။
နှင်းဆီနီနီ။