Saturday 1 September 2007

Spirit of the unity is our secret of success

မာဒေးကားတဲ့...ဒီနေ့က မလေးရှားနိုင်ငံရဲ့လွတ်လပ်ရေးနေ့ပါ။ သူများနိုင်ငံရဲ့လွတ်လပ်ရေးနေ့က ကိုယ်နဲ့ဘာဆိုင်ပါသလည်းလို့ မေးရင်တော့ မဆိုင်ဘူးလို့ဘဲ ဖြေရမှာပါ။ တကယ်တော့ မလေးရှားဟာ လွန်ခဲ့တဲ့ နှစ်(၅၀)ကမှ သူတို့ရဲ့လွတ်လပ်ရေးကို အင်္ဂလိပ်လက်က ရရှိခဲ့တာပါ။ လွတ်လပ်ရေးမပေးခင်(၁၀)နှစ်မှာ အင်္ဂလိပ်က မေးပါသတဲ့ မင်းတို့အခုလွတ်လပ်ရေးယူမလား၊ ဒါမှမဟုတ် ငါတို့လက်အောက်မှာ နောက်ထပ်(၁၀) နှစ်နေမလားတဲ့၊ တကယ်လို့ နောက်ထပ်(၁၀) နှစ်မှ ဆိုရင် ငါတို့မင်းတို့ကို ဘာလုပ်ပေးခဲ့ရမလဲတဲ့။ အဲဒီအချိန် က မလေးရှားခေါင်းဆောင်က ရပါတယ်ငါတို့ လွတ်လပ်ရေးကို အခုချက်ခြင်းမယူသေးပါဘူးတဲ့။နောက်(၁၀)နှစ်
မှယူလည်း ကိစ်စမရှိပါဘူးတဲ့၊ ငါတို့နိုင်ငံအတွက်၊ ငါတို့လူမျိုးအတွက် ကျန်းမာရေးနဲ့ ပညာရေးကိုသာ ဖွံ့ဖြိုး အောင်လုပ်ပေးခဲ့ပါလို့တောင်ဆိုပါသတဲ့။ အင်္ဂလိပ်ကလည်း သူတို့ကတိ အတိုင်း ပညာရေးနဲ့ ကျန်းမားရေး ဘက်မှာ ဖွံဖြိုးအောင်လုပ်ပေးခဲ့ပါသတဲ့။

အခုအချိန်မှာတော့ မလေးနိုင်ငံသား မလေးလူမျိုးတွေကိုအစိုးရက ကျန်းမာရေးနဲ့ ပက်သက်ပြီး အခမဲ့ စောင့်ရှောက်ပေးပါတယ်တဲ့၊ ဆေးရုံကုနေမကောင်းလို့သွားရင် စာရင်းသွင်းဖို့ ငွေ(၁၀) လောက်ပါရင်ရ ပါပြီတဲ့။ စာစရိတ်နေစရိတ်ကို အစိုးရကကျခံပါသတဲ့။ လူနာအတွက် လူနာစာ သီးသန့်ပေးသလို၊ လူနာစောင့်အတွက် လည်း စားဖို့တာဝန်ယူပါသတဲ့။

မလေးရှားနိုင်ငံမှာ ကျေးလက်နေလူထုအတွက် ကျန်းမာရေးစောင့်ရှောက်ဖို့ဆိုပြီး ရဟတ်ယာဉ်တစ်စီးနဲ့ နေ့တိုင်း ဆေးကုပေးပါသတဲ့။ ရွာတွေမှာ အရေးပေါ်လူနာရှိရင်လည်း အဲဒီရဟတ်ယာဉ်နဲ့ဘဲ သွားခေါ်ပြီးဆေးရုံကို အချိန်မှီပို့ပေးပါသတဲ့။ ပညာရေးနဲ့ ပက်သက်ပြီး ကတော့ဆင်းရဲချို့တဲ့သူတွေကို ကျောင်းနေခွင့် အလကားပေးတဲ့အပြင်၊ ကျောင်းဝတ်စုံ၊ ဖတ်စာအုပ် စတာတွေအပြင် ကျောင်းသွားဖို့ စက်ဘီးကိုပါ တစ်ခါတည်း ထုတ်ပေးပါသတဲ့။ ဒါကတော့ အခြေခံပညာရေးဘဲရှိပါသေးတယ်၊ အဆင့်မြင့် ပညာရေးမှာ ပံ့ပိုးပေးတာမပါသေး ပါဘူး။မလေးရှားနိုင်ငံသားတရုတ်လူမျိုးတွေကတော့ ပညာရေးရော စီပွားရေးကိုရော စိတ်ဝင်စားပြီး အောင်မြင်ကြတော့ အစိုးရက မလေးလူမျိုးတွေ အခွင့်အရေး မရမှာဆိုးတာကြောင့် မလေးလူမျိုးတွေကို အစိုးရရုံးတွေမှာ ပိုပြီရေးပေးပြီးခန့်ပါသတဲ့။ မလေးစာ တက်မှသာ အစိုးရရုံးတွေမှာခန့်ပါသတဲ့၊ company တွေမှာလည်း မလေးလူမျိုးတွေကိုသာ လေးပေးခန့်ထားပါသတဲ့။

လွတ်လပ်ရေးရပြီး နှစ်(၅၀)ကြာပြီးမှာ မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ စင်ကာပူပြီးရင်တော့ အချမ်း သားဆုံးနိုင်ငံပါဘဲ။ "The Spirit of the unity is our secret of success " ပါ တဲ့။ သူတို့ကဒီလို အောင်မြင်
တာဟာ စည်းလုံးညီညွတ်လို့ပါတဲ့။

မုဒိတာပွားနိုင်ကြပါစေ။
နှင်းဆီနီနီ။။