Tuesday 11 September 2007

We have to help each other in order to keep comunity alive,

ဒီရက်ပိုင်းမှာ ကျွန်မသုံးတဲ့ အင်တာနက်လိုင်းက ပျက်တာနဲ့၊ ကျွန်မကွန်ပျူတာက ပျက်တာနဲ့
online ကိုမ၀င်နိုင်တာကြောင့် ဘလောဒ့်ကိုလည်းမ၀င်ဖြစ်ပါဘူး။ ရေးမယ်လို့ စဉ်းစားထား
တာတွေကတော့ အများကြီးပါဘဲ။ ဒီရက်ပိုင်းမှာတော့ ရုပ်မြင်သံကြားကလာတဲ့ အစီအစဉ်တွေ
ကိုသာ ကြည့်ဖြစ်ခဲ့တာကြောင့် အဲဒီ့ အစီအစဉ်တွေကိုဘဲ ကျွန်မအမြင်တွေနဲ ပြန်ရေးဖို့စိတ်ကူး
ထားပါတယ်။



ပထမဆုံးကြည့်ဖြစ်တာက အော်ပရာဝင်းဖရေးရှိုးမှာက တကယ်အဖြစ်အပျက်တွေ၊ တကယ်တန်း
လူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သူတို့ ဘယ်လိုဖြေရှင်းတယ်၊ဘယ်လောက်
ကြိုးစားခဲ့ကြတယ်ဆိုတာတွေကို မေးခွန်းလေးတွေမေးပြီး လူတွေကိုသိစေတာပါ။ နောက်ပြီး သူရဲ့ အော်ပရာ အိန်ဂျယ်အဖွဲ့အစည်းရဲ့ လူတွေကိုကူညီတာတွေနဲ့ တခြားစိတ်ဝင်စားစရာကောင်းတဲ့ အစီ
အစဉ်များစွာပါဝင်ပါတယ်။ ကျွန်မရဲ့ အင်္ဂလိပ်စာ ကောင်းကြီးမဟုတ်တော့ သူပြောတာတွေ အကုန်
နားမလည်ပေမယ့် နားလည်သလောက်ကို ကျွန်မခံစားမိသလောက်ပြန်ရေးပြဖို့ စိတ်ကူးရှိတာကြောင့်
ဒီပိုစ့်လေးကိုရေးဖြစ်သွားတာပါ။ မနှစ်က အမေရိကားမှာ ရေတွေကြီးတော့ လူတွေအိုးမဲ့အိမ်မဲ့ ဖြစ်
ကြပါတယ်။ ဒါတွေကို အော်ပရာကလိုက်ကြည့်ပြီး အကူအညီပေးနိုင်မဲ့သူတွေကို စည်းရုံးပြီး ဒုက္ခရောက်
တဲ့သူတွေကို ကူညီခဲ့တာတွေကို အော်ပရာကသူ့ရဲ့ ရှိုးမှာထုတ်လွှင့်တာဖြစ်ပါတယ်။ ဟောလိဝုဒ်က
ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ Matthew McConaughey ကသူပိုင်တဲ့ ရှေးဟောင်းကားတစ်စီကို
ရောင်းပြီး ဒုက္ခသည်တွေ နေဖို့စီစဉ်ထားတဲ့နေရာမှာ ကလေးကစားကွင်းကို နေ့ချင်းပြီးဆောက်ပေးတဲ့
အပြင် သူကိုယ်တိုင်ဆောက်လုပ်ရေးမှာ ပါဝင်လိုက်ပါသေးတယ်။ နာမည်ကြီးအဆိုတော် Bon Jovi က
ဒေါ်လာ(၁)သန်းကို ဒုက္ခသည်တွေနေဖို့ အိမ်တွေဆောက်ပေးတယ်။ အိမ်ဆောက်ပေးတယ်ဆိုတာက
အိမ်တွေထဲမှာ အိမ်ထောင်မှု ပစ္စည်းတွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ လူ့အသုံးဆောင်ပစ္စည်းတွေအားလုံး
ပါပြီးသာပါ။ အိမ်ဆောက်ပြီ အားလုံးအဆင်သင့်ဖြစ်မှ ပေးရမည့်သူကို အလှူရှင်ကအိမ်သော့အပ်လိုက်
တာပါ။ အိမ်အစားပြန်ရတဲ့သူတွေက တော့ငိုလိုက်ကြတာ၊ ကလေးတွေကလည်းပျော်နေလိုက်ကြတာ။
ကြည့်ရတဲ့ ကျွန်မတောင် မျက်ရည်လည်ပါတယ်။ နောက်ပြီး သူတို့ပြောသွားတဲ့ အထဲမှာကျွန်မအကြိုက်
ဆုံးကတော့"We have to help each other in order to keep community alive,"လို့ Bon Jovi
ပြောသွားတဲ့ စကားလေးကိုအကြိုက်ဆုံးပါဘဲ။ ကမ္ဘာပေါ်မှာ လူတိုင်းဟာ၊ နေ့တိုင်း ဒီလိုစီတ်ထားနိုင်ခဲ့ရင် ကျွန်မတို့ ကမ္ဘာကြီးဟာ ဒီထက်ပိုပြီးလှပနေမှာ သေချာပါတယ်။

Reference from:http://www.oprah.com/about/press/releases/200509/press_releases_20050920.jhtml
http://www.oprah.com/tows/slide/200609/20060920/slide_20060920_350_106.jhtml